Digital Repression in July

Digital Repression in July

2026 ခုနှစ် ဇူလိုင်လအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ


▪️ဇူလိုင်လ (၁) တောင်ကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းကို ဆောင်ရွက်နေသည့် “လင်းသီဟ” ကုမ္ပဏီက အွန်လိုင်းတွင် ကုမ္ပဏီအား ဝေဖန်သူများကို တရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း  

▪️ဇူလိုင်လ (၁) ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်များတွင် Mytel ဖုန်းလိုင်း ပြန်ရခဲ့ခြင်း  

▪️ဇူလိုင်လ (၂) ကရင်နီအပါအဝင် မြန်မာပြည်တွင်းရှိ စတားလင့်စက်အချို့ Location ပြဿနာများကြောင့် အသုံးပြုခွင့် ပိတ်သိမ်းခံရခဲ့ခြင်း  

▪️ဇူလိုင်လ (၃)  ရခိုင်ပြည်နယ်အတွင်း အသုံးပြုနေသည့် စတားလင့် စက်များလည်း အသုံးပြုခွင့် ကန့်သတ်ခံရခဲ့ခြင်း  ▪️ဇူလိုင်လ (၅)  ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် သံဃာများအား ဆွမ်းလောင်းကာ လူမူကွန်ရက်ပေါ်တွင် မွေးနေ့ဆုတောင်းပေးခဲ့သည့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာစောနိုင် ဖမ်းဆီးခံရခဲ့ခြင်း  

▪️ဇူလိုင်လ (၆)  ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးနေသည့် ခရစ်ယာန်ကက်သလစ်သီလရှင် ၁ ပါး၏ ဖုန်းတွင် အလှူငွေလက်ခံထားသည့် မှတ်တမ်းများ တွေ့သဖြင့် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခဲ့ခြင်း  

▪️ဇူလိုင်လ (၇)  ကျားဖြန့်နှင့် ငွေကြေးခဝါချမှု သံသယဖြင့် စီပွားရေးလုပ်ငန်ရှင်များ၏ ဘဏ်ငွေစာရင်းပေါင်း ရာနှင့်ချီကို စစ်အုပ်စု ပိတ်ပင်ခဲ့ခြင်း 

▪️ဇူလိုင်လ (၉) အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်တွင် KBZ Pay နှင့် KBZ Special Account ထပ်မံအပိတ်ခံနေရသဖြင့်  ငွေလွှဲခ နှုန်းထားများ တစ်သိန်းလျှင် (၈၀၀၀) အထိ မြင့်တက်လာခဲ့ခြင်း  

▪️ဇူလိုင်လ (၁၀) စစ်ကိုင်းတိုင်းဒေသကြီး ၊ ပုလဲမြို့နယ်တွင်လည်း စတားလင့်စက် အပိတ်ခံရမှုများ ကြုံတွေ့လာရခဲ့ခြင်း  

▪️ဇူလိုင်လ (၁၃)  လောင်းကစားဂိမ်း ကြော်ငြာ ပေးပို့သည့် ဖုန်းနံပါတ် (၃၉၀,၉၇၈) ကို အပြီး ပိတ်သိမ်းခဲ့ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ပြောခဲ့ခြင်း  

▪️ဇူလိုင်လ (၁၄)  လေဆိပ်များမှဝင်ရောက်လာသူ များပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် ရက်ပေါင်း(၃၀)အတွင်း မှတ်ပုံတင်ရမည်ဟု စစ်အုပ်စုထုတ်ပြန်ခဲ့ခြင်း 

▪️ဇူလိုင်လ (၁၆) ဝိုင်ဖိုင်ကြိုးအဟောင်းများ ရှင်းလင်းဖယ်ရှားရန် ရန်ကုန်တိုင်း အစိုးရက ညွှန်ကြားပြီးနောက် အင်တာနက်လိုင်း ပျက်တောက်မှုအချို့ ဖြစ်ပေါ်ခဲ့ခြင်း  

▪️ဇူလိုင်လ (၁၇) စတားလင့်ခ် (Starlink) မူဝါဒအပြောင်းအလဲကြောင့် မြန်မာနိုင်ငံအတွင်း သုံးစွဲနေသည့် ▪️စက်များကုန်ကျစရိတ် သိသာစွာ မြင့်တက်လာနိုင်ခဲ့ခြင်း  

ဇူလိုင်လ (၁၈) စတားလင့်ခ် (Starlink) ပိတ်ပင်မှုကြောင့် လူသားချင်းစာနာမှုအကူအညီ လုပ်ငန်းများ အပေါ်ထိခိုက်ခဲ့ဟု အရပ်ဘက်လူမှုအဖွဲ့အစည်း (၃၀၀) ကျော် ပူးတွဲ ထုတ်ပြန် ခဲ့ခြင်း 

▪️ဇူလိုင်လ (၁၉)  အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ မြို့နယ်အများအပြားတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ခဲ့ခြင်း  

ဇူလိုင်လ (၂၀) မန္တလေးတိုင်း၊ မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာ တွင် ဖုန်းလိုင်းများ ဖြတ်တောက်ပြီး ဗုံးကြဲ 

▪️ဇူလိုင်လ (၂၁) ကချင်ပြည်နယ်အား ဖုန်းလိုင်း နှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ (၂) နှစ်ရှိလာခဲ့ခြင်း  

▪️ဇူလိုင်လ (၂၁) ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) က ကချင်ပြည်နယ်အား ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့ခြင်း   

▪️ဇူလိုင်လ (၂၁) ရခိုင်တွင် စတားလင့် စက်များ ဆက်တိုက်ပိတ်သိမ်းခံနေရခဲ့ခြင်း  

▪️ဇူလိုင်လ (၂၂)  တနင်္သရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ စစ်တပ်စစ်ကြောင်းထိုးသည့် ကျေးရွာများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်း  

▪️ဇူလိုင်လ (၂၃) အမြန်ရထားဖြင့် ခရီးသွားသူများကိုပါ PSMS စနစ်နဲ့ စစ်ဆေးမှုများ စတင်လုပ်ဆောင်လာခဲ့ခြင်း  

▪️ဇူလိုင်လ (၂၃) စစ်မှုထမ်းရမည့်သူများစာရင်းကို မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များသို့ ပေးပို့စစ်ဆေးနေဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနပြောခဲ့ခြင်း  

▪️ဇူလိုင်လ (၂၅) ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအနေနဲ့ ဝန်ဆောင်မှုပျက်ကွက်ပါက အရေးယူမည်ဟု ဆက်သွယ်ရေး ဒုဝန်ကြီးပြောခဲ့ခြင်း  

▪️ဇူလိုင်လ (၂၆) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့မှာ သံဃာတော်တွေကို ဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကို ထောင် (၃) နှစ်ချခံခဲ့ရခြင်း 

▪️ဇူလိုင်လ (၂၇) စစ်ဆေးရေးဂိတ်ကြီးများတွင် PSMS စနစ်၊  AI မျက်နှာပြင်မှတ်သားခြင်း၊ ဇီဝမက်ထရစ်ဒေတာ (Biometric Data) နှင့် နိုင်ငံသားစိစစ်ရေးကတ် (NRC) ကို တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်နေဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောကြားခဲ့ခြင်း 

▪️ဇူလိုင်လ (၂၈) မြို့ပြဒေသတွေမှာလည်း ဒစ်ဂျစ်တယ်စောင့်ကြည့်မှုနဲ့ ပစ်မှတ်ထားဖမ်းဆီးမှုတွေ ပိုမိုတိုးလာ တယ်လို့ Armed Conflict Location & Event Data Project (ACLED) ၏ အစီအရင်ခံစာတွင် ဖော်ပြခဲ့ခြင်း  

▪️ဇူလိုင်လ (၂၈) ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၏ လာဘ်စားသည့်သတင်းအား ဖော်ပြခဲ့သည့် Paoh သတင်းစုံ-2 အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ရန် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ခ) ဖြင့်အမှုဖွင့်ခဲ့ခြင်း 

▪️ဇူလိုင်လ (၃၀) စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း  

▪️ဇူလိုင်လ (၃၁) ရခိုင်ပြည်နယ်၊ စစ်တွေတွင် ဖုန်းများကို စစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်နေခဲ့ခြင်း  

▪️ဇူလိုင်လ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၅) ဦးရှိ စတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်ရပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ပါတယ်။ 



Report Page