Digital Repression in January-2026

Digital Repression in January-2026

၂၀၂၆ ခုနှစ်  ဇန်နဝါရီလအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ


▪️ဇန်နဝါရီ (၁)  စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကသာမြို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် စစ်ရှောင်များနှင့် ဆက်သွယ်ရန်ခက်ခဲနေခဲ့ပြီး Atom ဖုန်းလိုင်းသာ မြို့တွင်းတွင် အသုံးပြုနိုင်ခဲ့ခြင်း  

▪️ဇန်နဝါရီ (၂)  ရွေးကောက်ပွဲ ပထမပိုင်း ပြီးပြီးနောက် မန္တလေးတွင် လမ်းသွားလမ်းလားများ၏ ဖုန်းများအား စစ်ဆေးမှုများ ပြန်လည် ပြုလုပ်လာခဲ့ခြင်း  

▪️ဇန်နဝါရီ (၄)  လူမှုကွန်ယက်မှတဆင့် စစ်အုပ်စုအား ဝေဖန်သဖြင့် ဖမ်းဆီးခံခဲ့ရသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ပြန်လည်လွတ်မြောက်ခဲ့ခြင်း  

▪️ဇန်နဝါရီ (၆)  ရွေးကောက်ပွဲ ပထမအဆင့် ပြီးသော်လည်း အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်လာခြင်း မရှိဘဲ ဆက်လက်နှေးကွေးနေဟု Ayeyarwaddy Times သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း  

▪️ဇန်နဝါရီ (၇)  ကချင်ပြည်နယ် မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို မြို့ရှိ ကျေးရွာ၊ ရပ်ကွက် အချို့တွင် Mytel ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း  

▪️ဇန်နဝါရီ (၈)  စစ်​ကော်မရှင်အား အွန်လိုင်းမှ တဆင့် ဝေဖန်သူများကို လော်ဘီများ အကူအညီဖြင့် စောင့်ကြည့် ဖမ်းဆီးနေခဲ့ခြင်း   

▪️ဇန်နဝါရီ (၈)  TikTok မှ မဲဆွယ်စည်းရုံးရာတွင် “၂၀၂၁ အရေးတော်ပုံလို့” ဟု သုံးနှုန်းမိသဖြင့် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးလွင်မြင့်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့ခြင်း  

▪️ဇန်နဝါရီ (၉)  Mytel နှင့်ဆက်စပ် စာမျက်နှာ၊ Group နှင့် အကောင့် ပေါင်း ၁၀၀၀ ကျော်ကို  Facebook ဖယ်ရှား ဟု Justice for Myanmar အဖွဲ့ ဖော်ပြခဲ့ခြင်း  

▪️ဇန်နဝါရီ (၁၀)  အချိန်ပိုင်း အင်တာနက် ဝန်ဆောင်မှု အစီစဉ်များ ပြုလုပ်ပေးရန် အာရက္ခတပ်တော် (AA) ကို ရမ်းဗြဲ ဒေသခံများ တောင်းဆိုခဲ့ခြင်း  

▪️ဇန်နဝါရီ (၁၀)  ငွေကြေးလွှဲပြောင်းမှုများကို e-ID စနစ်နှင့် SIM-Registration စနစ်တို့ဖြင့် ချိတ်ဆက် စောင့်ကြည့်နိုင်ရန် ဗဟိုဘဏ် လုပ်ဆောင်နေခဲ့ခြင်း 

▪️ဇန်နဝါရီ (၁၁)  ထားဝယ် ၊ ကျွန်းစုမြို့နယ်တွင် အင်တာနက် ပြတ်တောက်ခဲ့ခြင်း 

▪️ဇန်နဝါရီ (၁၂)  ရွေးကောက်ပွဲတွင် သတင်းရယူရန် ခက်ခဲပြီး လွတ်လပ်စွာ သတင်ရယူခွင့်မရဟု သတင်းသမားများ ထုတ်ဖော်ခဲ့ခြင်း  

▪️ဇန်နဝါရီ (၁၃)  ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၊ စံကားဒေသတွင် ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်နေခဲ့ခြင်း  

▪️ဇန်နဝါရီ (၁၃)   စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့တွင် ဖုန်လိုင်းများ လုံးဝ ပြတ်တောက်သွားခဲ့ခြင်း 

▪️ဇန်နဝါရီ (၁၄)  ရန်ကုန်-မန္တလေး လမ်းဟောင်းက စစ်ကောင်စီရဲ့ ရေနီမြို့ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာသူ တယောက်ချင်းစီကို ဓာတ်ပုံရိုက်ယူပြီး စစ်ဆေးခဲ့ခြင်း  

▪️ဇန်နဝါရီ (၁၅)  ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အာရက္ခတပ်တော် (AA) က ပုဂ္ဂလိကပိုင် စတားလင့်စက်များကို သိမ်းယူခဲ့ခြင်း 

▪️ဇန်နဝါရီ (၁၆)  လူမှုကွန်ယက်စာမျက်နှာတွင် တရားမဝင်နိုင်ငံခြားငွေကြေးများ ရောင်းချ လဲလှယ်သည်ဟုဆိုကာ ဘဏ်အကောင့် ၁၃၄၂ ခုကို ပိတ်ပင်ခဲ့ခြင်း  

▪️ဇန်နဝါရီ (၁၉)  မြန်မာနိုင်ငံ၏ အကျဉ်းထောင် အသီးသီးတွင် အမျိုးသမီး သတင်းသမား (၅) ဦးအပါအဝင် စုစုပေါင်း (၂၇) ဦး ဆက်လက် ထိမ်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ ( IPCM ) ထုတ်ပြန်ခဲ့ခြင်း  

▪️ဇန်နဝါရီ (၁၉)  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားကျေးရွာက စတားလင့်ဝိုင်ဖိုင်စက် (၁၅)လုံးကို စစ်ရေးအခြေအနေကြောင့်  ဆိုကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ သိမ်းဆည်းခဲ့ခြင်း 

▪️ဇန်နဝါရီ (၂၂)  မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာရှိ မင်္ဂလာဆောင် ပြင်ဆင်နေစဉ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အင်တာနက်လိုင်းများလဲ ဖြတ်တောက်ထားခဲ့ခြင်း 

▪️ဇန်နဝါရီ (၂၄)  ရွေးကောက်ပွဲ အပိုင်း(၃) ပြုလုပ်ရန် နီးကပ်လာချိန် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက်လိုင်းများ သုံးမရအောင် လိုင်းကျခဲ့ခြင်း   

▪️ဇန်နဝါရီ (၂၇)  ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အများပြည်သူ အင်တာနက် အသုံးပြုနေရာကို စစ်ကော်မရှင် ဗုံးကြဲ ခဲ့ခြင်း 

▪️ဇန်နဝါရီ (၂၇)  မြန်မာစစ်တပ်၏ စီးပွားရေးနှင့်ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Facebook က ဖယ်ရှားခဲ့ ဟု Justice for Myanmar အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း  

▪️ဇန်နဝါရီ (၂၈)  စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစား နေသည်ဟု Myanmar Fact Checking Network ပြောခဲ့ခြင်း  

▪️ဇန်နဝါရီ (၂၉)  ရခိုင်ပြည်နယ်၊ မာန်အောင်တွင် ရွေးကောက်ပွဲပြီးနောက် လျှပ်စစ်မီးများ ပြန်လည်ပျက်တောက်ခဲ့ခြင်း  

ဇန်နဝါရီ (၃၁)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၁၃) ဦးခန့်ရှိခဲ့ခြင်း စတဲ့ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်းဖြစ်ပေါ်ခဲ့ပါတယ်။ 


Report Page