Digital Repression in February

Digital Repression in February

 2025 ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုမျာ


▪️ဖေဖော်ဝါရီ (၁)  ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်၊ ရေကြည်၊ သာပေါင်း၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ကျုံပျော်၊ ပုသိမ်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း စတဲ့မြို့နယ်တွေမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ အင်တာနက်လိုင်းတွေ မကြာခဏ ပြတ်တောက်ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁)  ဆိုက်ဘာလုံခြုံရေးဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးနေကြောင်း IPCM ထုတ်ပြန် ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၄)  ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းပြဿနာကြောင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီနှင့် ဘုရားသုံးစူသို့ သွယ်တန်းထားသော လျှပ်စစ်မီး၊ အင်တာနက်လိုင်းများကို ဖေဖော်ဝါရီ (၅) ရက်နေ့မှ စတင် ဖြတ်တောက်ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၅)  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကမ်းခြေရွာများတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၅)  ဖုန်းအသုံးပြုသဖြင့်ဟု ဆိုကာ သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀) ကျော်အား TNLA မှ ဖမ်းဆီးဟု သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ ရေးသားဖော်ပြ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၆)  သီပေါ၌ ဖုန်း၊ အင်တာနက် အသုံးပြုသူများ ဖမ်းဆီးခံနေရသည်ဟူသော သတင်းအပေါ် TNLA  က ပြန်လည် ငြင်းဆန် ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၆)  ရခိုင်ဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ ၁ နှစ်ကျော်အထိ ကြာမြင့်လာပြီး ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက် ဟု Development Media Group မှ ရေးသားဖော်ပြ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၇)  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစ၍ စစ်ကိုင်းတိုင်း၊ အထက်ပိုင်းရှိမြို့နယ် အများစုနှင့် မြင်းမူ ၊ဆားလင်းကြီး၊ အရာတော်၊ ယင်းမာပင်၊ မင်းကင်း၊ ဒီပဲယင်း အစရှိသည့်မြို့နယ်များတွင် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့သည်မှာ (၃) နှစ်ခွဲကာလသို့ ရောက်ရှိလာခဲ့ပြီဟု “အသံ” အဖွဲ့မှ ဖော်ပြ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၈) ကချင်ပြည်နယ် ဗန်မော်မြို့တွင် တိုက်ပွဲများ ပြင်းထန်ချိန်တွင်  ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်တောက် ထားတဲ့အခြေအနေကြောင့် စစ်ရှောင်ချိန်တွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန်ခက်ခဲနေ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၁) မြန်မာနိုင်ငံမှ ကျားဖြန့်လုပ်ကိုင်သူတွေကို မောင်းထုတ်ပြီးပါက ဓာတ်အားနဲ့အင်တာနက် ပြန် ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၁) တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာနှင့် သဘောလိပ်ရွာတဝိုက်တွင် ဖုန်းလိုင်းများပြတ်တောက် ခဲ့ခြင်း

 ▪️ဖေဖော်ဝါရီ (၁၁) စစ်တပ်ကြောင့် သေဆုံးခဲ့သည့်အရပ်သားများကို တော်လှန်ရေးနှင့် ဆက်စပ်သူများဟု စစ်ကောင်စီ၏ မီဒီယာကောင်စီ ဒုဥက္ကဌ စွပ်စွဲ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၂) ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်အား လူမှုကွန်ယက်တွင် ဝေဖန်သူ ရခိုင်အမျိုးသမီးတစ်ဦးအား ရန်ကုန်တွင် ဖမ်းဆီး ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၅) ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတချို့ကို စစ်ကောင်စီမှ မသ င်္ကာ၍ ခေါ်ယူ စစ်ဆေးရာတွင် ဖုန်းဆက်သွယ်မှုများနှင့် ငွေလဲ ငွေထုတ် မှတ်တမ်းများကိုပါ စစ်ဆေး ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၅) မိုဘိုင်းဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ တာချီလိတ်မြို့တွေကို တင်ပို့ခွင့် ထိုင်းအစိုးရက ပိတ်ပင် ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၅) မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသည် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ (၁) နှစ်ခန့် ရှိနေပြီး ယင်းဒေသရှိ ကျောင်းသားများအနေဖြင့် အွန်လိုင်းမှ ပညာ သင်ကြားနိုင်ရေးအတွက် Starlink အသုံးပြုခမှာ တစ်လလျှင် (၁၅၀၀၀၀) ခန့် ကျသင့်ပြီး ပညာသင်ကြားနိုင်ရေး အခက်အခဲဖြစ် ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၈) အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ မြဝတီဘက်ကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီတွေ ဆက်လက်ဖြတ်တောက်ထားဖို့ တရုတ်ဆက်လက်တိုက်တွန်းခဲ့ခြင်း
▪️ဖေဖော်ဝါရီ (၂၀) ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ တိုက်ပွဲဖြစ်ရာနေရာတစ်ဝိုက်မှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး ပေါက်ခေါင်းမြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ် ကန့်သတ် ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၂၀) စစ်ကောင်စီက AI နည်းပညာကို အသုံးပြုရာတွင်လိုက်နာရမည့် ကျင့်ဝတ်၊ စံနှုန်းများနှင့် စည်းမျဉ်းစည်းကမ်းများ ပါဝင်သည့် ဉာဏ်ရည်တု မဟာဗျူဟာ မူကြမ်း ရေးဆွဲနေ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၂) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသုံးပြုနေသည့် ထိုင်းနိုင်ငံထုတ် Sim Card များထဲမှ တစ်ခုဖြစ်သည့် AIS ဆင်းကဒ်များ၏ ဖုန်း နှင့် အင်တာနက် အသုံးပြုနိုင်မှုများ အား ဖေဖော်ဝါရီ (၂၁) ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက် ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၃) ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အင်တာနက်ပိတ်ဆို့မှုပေါင်း ၈၅ ကြိမ်ဖြင့် ကမ္ဘာတွင် အင်တာနက်အကြိမ်အများဆုံး​ ပိတ်ဆို့ခံရသည့် နိုင်ငံဖြစ်လာသည် ဟု Access Now ဖော်ပြ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၅)  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောမြို့မှာ MPT ဖုန်းလိုင်းများထပ်မံပျက်တောက်ပြီး အွန်လိုင်းမှ ငွေထုတ်ယူရန် ပိုမိုခက်ခဲလာ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၅)  စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်း ဒေသတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုများ ရှိနေ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၈)  စစ်ကောင်စီ ဗဟိုဘဏ်မှ Myanmar QR (MMQR) စနစ်ကို တည်ထောင်ပြီး ငွေပေးချေမှုများကို ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ဖြင့် ထိန်းချုပ်ရန်ပြင်ဆင် ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၈)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၁) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖိနှိမှုဖြစ်စဉ်တွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ 


Report Page