Digital Repression in January

Digital Repression in January

 2025 ခုနှစ် ဇန်နဝါရီလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုမျာ


◾️ဇန်နဝါရီ (၁)  အင်တာနက်အသုံးပြုသူများကို ပိုမိုစောင့်ကြည့်ထိန်းချုပ်နိုင်သည့် ဥပဒေ ပြဋ္ဌာန်းချက်များ အပြင် ပြင်းထန်သည့် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည့် ဥပဒေများ ပါဝင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို စစ်ကောင်စီ ပြဋ္ဌာန်းခဲ့ခြင်း

◾️ဇန်နဝါရီ (၂)  ဖြူးမြို့နယ်၊ ဇေယျ၀တီမြို့၊ အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ် များအကြား တိုက်ပွဲများ ဖြစ်ပွားပြီး ဖုန်းလိုင်းပြတ်တောက်နေခဲ့ခြင်း

◾️ဇန်နဝါရီ (၃)  ဂွနှင့် ဧရာဝတီနယ်ချင်းစပ်၊ သာပေါင်းမြို့နယ်နှင့် ကမ်းရိုးတန်းတလျောက်ရှိ ကျေးရွာများတွင် ဖုန်းလိုင်းအားလုံးပြတ်တောက်သွားခဲ့ခြင်း

◾️ဇန်နဝါရီ (၃)  ရခိုင်ပြည်နယ်အတွင်းရှိ AA သိမ်းပိုက်ဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် AA က ဖုန်းနှင့် အင်တာနက်လိုင်းများ ပိတ်ထားဟု Western News ရေးသားခဲ့ခြင်း

◾️ဇန်နဝါရီ (၆) အင်တာနက် ပိတ်ပင်မှုကြောင့် ၂၀၂၄ မြန်မာ့စီးပွားရေး ဒေါ်လာဘီလျံနဲ့ချီ ထိခိုက်ဟု  UK အခြေစိုက် Top1 0VPN အဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြခဲ့ခြင်း

◾️ဇန်နဝါရီ (၆)  ပြည်နယ်တစ်ခုလုံးနီးပါး ဖုန်းလိုင်းနှင့် အင်တာနက်လိုင် ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားတွင် MPT ဖုန်းလိုင်းများ ရရှိနေသည့်အတွက် SIM Card တစ်ခုလျှင် ကျပ် ၃၅၀၀၀ ခွဲအထိ စျေးမြင့်တက်ခဲ့ခြင်း

◾️ဇန်နဝါရီ (၈)  မြန်မာစစ်အစိုးရ၏ စောင့်ကြည့်ထောက်လှမ်းမှုနှင့် နိုင်ငံသားများအား ဖိနှိပ်မှုများတွင် ပါဝင်နေသော Mytel အား အမေရိကန် End-User Review Committee (ERC) မှ ပို့ကုန် ထိန်းချုပ်ကန့်သတ်မှု စာရင်း (Entity List) တွင် ထည့်သွင်းခဲ့ခြင်း

◾️ဇန်နဝါရီ (၉)  တနိုင်းမြို့တွင် MPT နှင့် Atom ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း

◾️ဇန်နဝါရီ (၁၀)  ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအများစုတွင်  ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ခြင်း

◾️ဇန်နဝါရီ (၁၄)  ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ ဆမီးမြို့တွင် ဇန်နဝါရီ (၁၄) မနက်မှစပြီး ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း

◾️ဇန်နဝါရီ (၁၅)  DGM သတင်းထောက်နှစ်ဦးကို ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၉၆ ထောင်ဒဏ် (၅) နှစ်ထပ်တိုးခဲ့ခြင်း

◾️ဇန်နဝါရီ (၁၅)  ဒေါ်လာစျေးမြင့်တက်လာသဖြင့် စျေးတက်အောင်လုပ်သည်ဟုဆိုကာ Facebook Page ၊ Facebook Group ၁၇ ခုနှင့် လူပုဂ္ဂိုလ် အကောင့် ၁၀ ခုကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့ခြင်း

◾️ဇန်နဝါရီ (၁၅)  တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်တွင် ဖုန်းလိုင်းများ​ပြတ်တောက်နေခဲ့ခြင်း

◾️ဇန်နဝါရီ (၁၆) သတင်းသမားတွေကို ထောင်ချမှု အဆိုးရွားဆုံးနိုင်ငံထဲ မြန်မာ တတိယနေရာမှာရှိနေခဲ့ခြင်း

◾️ဇန်နဝါရီ (၁၆)  မင်္ဂလာဒုံလေတပ်စခန်းနဲ့ ထိစပ်မြို့နယ်တွေရှိ လူနေရပ်ကွက်တွေမှာ ဇန်နဝါရီလဆန်းကစလို့ စစ်ကောင်စီလေတပ်က တပ်ဆင်ထားတဲ့  Jammer တွေကြောင့် ဖုန်းလိုင်းပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေခဲ့ခြင်း

◾️ဇန်နဝါရီ (၁၇)  ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေး ပြတ်တောက်နေသော ရခိုင်ပြည်တွင် ရေဒီယိုတစ်လုံးကို ကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးမြှင့်တက်ခဲ့ခြင်း

◾️ဇန်နဝါရီ (၁၈)  စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ ဘောမိကျေးရွာတွင် ဖုန်းနှင့်လျှပ်စစ်မီး ပျက်တောက်နေခဲ့ခြင်း

◾️ဇန်နဝါရီ (၂၀)  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာ၍ ဖုန်း/အင်တာနက်များကို သတိထားသုံးစွဲကြရန် AA သတိပေးခဲ့ခြင်း

◾️ဇန်နဝါရီ (၂၀)  ဆိုက်ဘာရာဇဝတ်မှုများကိုပူးပေါင်း နှိမ်နင်းနိုင်ရန် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများမှ တရုတ်အပါအဝင် အိမ်းနီးချင်းနိုင်ငံ (၅) နိုင်ငံအား တောင်းဆိုခဲ့ခြင်း

◾️ဇန်နဝါရီ (၂၁)  ကချင်ပြည်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်း​ပြတ်တောက်နေသည်မှာ (၆) လပြည့်ပြီဖြစ် ။ နေရာအချို့တွင်သာ ဖုန်းလိုင်းအနည်းငယ်ရရှိခဲ့ခြင်း

◾️ဇန်နဝါရီ (၂၁) မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park ဒေသများ၌ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းအား တစ်ဖက်နိုင်ငံမှ ရရှိနေခြင်းဖြစ်ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း

◾️ဇန်နဝါရီ (၂၂) ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

◾️ဇန်နဝါရီ (၂၂)  စစ်ကောင်စီနှင့် အပစ်ခတ် ရပ်စဲပြီးနောက် MNDAA က လားရှိုးမြို့အား အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီဖွဲ့စည်း၍ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေခဲ့ခြင်း

◾️ဇန်နဝါရီ (၂၂)  စစ်ကောင်စီနှင့်စစ်တပ်အပေါ် ထိခိုက်စေသည့် ရေးသားမှုများ ရှောင်ကြရန်နှင့် စစ်တပ် ဆန့်ကျင်သူများကို အားပေး အားမြှောက်လုပ် ရေးသားလျှင် သတင်းမီဒီယာများကို အရေးယူမည်ဟု ပြန်/ဝန် မောင်မောင်အုန်း ခြိမ်းခြောက်ခဲ့ခြင်း

◾️ဇန်နဝါရီ (၂၄)  မန္တလေးမြို့မှာ ယခု ဇန်နဝါရီ လဆန်းမှ စတင်ပြီး ဆိုက်ဘာလုံခြုံရေး ဥပဒေအကြောင်းပြ၍ ခရီးသွားပြည်သူများ၏ ဖုန်းများကို စစ်ဆေးပြီး ငွေညှစ်မှုတွေ ပြုလုပ်လာဟု Mandalay Free Press သတင်းဋ္ဌာနက ဖော်ပြခဲ့ခြင်း

◾️ဇန်နဝါရီ (၂၆)  စစ်ကောင်စီကို လူမှုကွန်ရက်ကနေ  ဝေဖန်ရေးသားမှုတွေ ပြုလုပ်သဖြင့် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင်အား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်သုံးနှစ်ချခဲ့ခြင်း

◾️ဇန်နဝါရီ (၂၆)  အာဏာသိမ်းပြီးနောက် သတင်းထောက် နှစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရပြီး သတင်းသမား ၄၃ ဦးဟာ ဒီနေ့အထိ အကျဉ်းထောင်တွေထဲမှာ ဆက်လက် အကျဉ်းကျခံနေရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ထုတ်ပြန်ခဲ့ခြင်း

◾️ဇန်နဝါရီ (၂၈)  ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အင်တာနက်နဲ့  ဖုန်း အသုံးပြုမှုကို TNLA ကန့်သတ်ခဲ့ခြင်း

◾️ဇန်နဝါရီ (၂၉)  တမူးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ​ပြတ်တောက် ခဲ့ခြင်း

◾️ဇန်နဝါရီ (၃၀)  ဂန်ဂေါတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တာဝါတိုင် ထိမှန်ပြီး ဖုန်းလိုင်းပြတ်တောက်

◾️ဇန်နဝါရီ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (  5) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်ပျက်ခဲ့သည်များနှင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ 


Report Page