Digital Repression in February

Digital Repression in February

၂၀၂၆ ခုနှစ် ဒီဇင်ဘာလ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်မျာ

▪️ဖေဖော်ဝါရီ (၂)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပနယ်မြေ အနီးရှိ ဖုန်းလိုင်း ဖြတ်တောက်ခံထားရသည့် ကျေးရွာများအား စစ်ကောင်စီ ဗုံးကြဲခဲ့ခြင်း   

▪️ဖေဖော်ဝါရီ (၂)   မှတ်ပုံတင်မရှိခြင်းနှင့် ဖုန်းလိုင်းအခက်အခဲကြောင့် AA သူနာပြုသင်တန်း လျှောက်ထားရန် လူငယ်များ အခက်တွေ့ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၃)   စစ်ကော်မရှင်က နိုင်လွတ်လုံ ဥပဒေကို ထပ်မံပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၄)   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးနေပြီး ဖုန်းလိုင်းများပါ ပြတ်တောက်နေ ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၅)   အာရက္ခတပ်တော် AA က AA ပိုင် စတားလင့် အင်တာနက်စက်များကို ပြည်သူများမှ ငှားရမ်းအသုံးပြုနိုင်ကြောင်း ပြဌာန်းချက်ကို ဇန်နဝါရီ (၂) ရက်နေ့က ထပ်မံ ထုတ်ပြန်ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၉)   ဘဏ်အကောင့်ပိတ်ခံရသူတွေကို PSMS စနစ်နဲ့ စစ်ဆေးပြီး ဆက်တိုက်ဖမ်းဆီးမှုများလုပ်နေခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၁၀)  တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ် ပလောက်မြို့ကြားရှိ ကျေးရွာများတွင် ဖုန်းလိုင်းများ ပြတ်တောက်နေ။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂) လက်အောက်ခံတပ်ဖွဲ့က မင်းဒပ်ရွာရှိ ဖုန်းတာဝါတိုင်ကို ဖျက်ဆီးခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၁၀)  စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်ကောက်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၄)  သိမ်းယူထားသည့် ပုဂ္ဂလိကပိုင် စတားလင့်စက်များကို AA က ပြန်ပေးမည်ဟုဆိုခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၁၄)  စစ်ကောင်စီက နိုင်ငံကူးလက်မှတ်များကို E-Passport များအဖြစ် ပြောင်းလဲရန် စီစဉ်နေခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၁၇)  မိုးကုတ်တွင် Atom ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၇)  စစ်ကောင်စီ၏ လေယာဉ်ပျံသန်းမှုများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ကြိုတင် အချက်ပေးမှု ရရှိနိုင်မည့်  "ဝေဟင် ကင်းထောက်"စနစ်ကို စတင်အသုံးပြုနိုင်ပြီဟု ဝေဟင်ကင်းထောက် အဖွဲ့က ထုတ်ပြန်ခဲ့ခြင်း  

▪️ဖေဖော်ဝါရီ (၂၀)  ဖေ့စ်ဘွတ်ခ်၊ တစ်တော့ခ် တွင် ရဟန်းသာမဏေ၊ သီလရှင်များ အနေဖြင့် ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နှင့် မလျော်ညီသည့် ပြောဆို လွှင့်တင်မှုများကို ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းရမည်ဟု နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ပြောကြားခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၂၀)  စစ်တပ်လော်ဘီ ကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်သတ်မှတ်ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၂၁)  ပြင်ဦးလွင်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဖွင့်ပွဲ နှင့် Shopping Center စစ်ခေါင်ဆောင် လာရောက်ရန်ရှိချိန် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၄)  ပြည်တွင်း စီးပွားရေးလုပ်ငန်းများအား  ​ငွေသားသုံးစွဲမှု လျှော့ချပြီး ဒစ်ဂျစ်တယ် ငွေပေးခြေမှု သုံးစွဲကြရန် စစ်ကောင်စီ ဗဟိုဘဏ် ဖိအားပေးခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၄)  အာရက္ခတပ်တော် (AA) က ရခိုင်တွင် စတားလင့် ငှားရမ်းတပ်ဆင် အသုံးပြုလိုသူများ၏ လျှောက်လွှာများ လက်ခံနေခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၅)  တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် ရှမ်းပြည်နယ် ရွာငံမြောက်ပိုင်းရှိကျေးရွာများတွင် ည (၈) နာရီနောက်ပိုင်း အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၅)  ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသကျေးရွာအချို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) က အင်တာနက်လိုင်း ဖြတ်တောက်ပြီး အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၂၆)  ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဖုန်းလိုင်းနှင့် အင်တာနက်လှိုင်းများ လွှင့်ထုတ်ပေးနေသည့် ပုဂ္ဂလိက ဖုန်းလိုင်းအခြေစိုက်စခန်းတစ်ခုကို ထိုင်းအာဏာပိုင်များက သိမ်းဆည်း ဖြုတ်သိမ်းခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၇)  စစ်မှုထမ်းများ၏ ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Services Information Management System- NSIMS) ကို အကောင်အထည်ဖော် ဆောင်ရွက်နေဟု ဗိုလ်ချုပ် မောင်မောင်အေး ပြော ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၂၈)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၂) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်ရပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ပါတယ်။ 


Report Page