Digital Repression in December

Digital Repression in December

 2024 ခုနှစ် ဒီဇင်ဘာလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ


◾️ဒီဇင်ဘာ (၂) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တစ်ရက်လျှင် အင်တာနက် (၃) နာရီခန့်သာရရှိခဲ့ခြင်း 

◾️ဒီဇင်ဘာ (၃)  အွန်လိုင်း ငွေလိမ်ဂိုဏ်များ ခိုးသုံးနေသည့် အင်တာနက် ကေဗယ်ကြိုးများ မြန်မာနှင့် လာအိုနယ်စပ် များတွင် တွေ့ရှိခဲ့ဟု ထိုင်းနိုင်ငံမှ ပြောကြားခဲ့ခြင်း

◾️ဒီဇင်ဘာ (၃)  မြန်မာဘက်က စိတ်ကြွဆေးမှောင်ခိုသူတွေသုံးတဲ့ Starlink အချက်အလက်ရဖို့ Stralink Company ထံအိန္ဒိယတောင်းခံခဲ့ခြင်း

◾️ဒီဇင်ဘာ (၃)  ဗန်းမော်မြို့တွင် Mytel အင်တာနက်လိုင်းပြန်လည်ရရှိခဲ့ခြင်း

◾️ဒီဇင်ဘာ (၃)  ပြင်ဦးလွင်မြို့တွင် ရေဒီယိုလှိုင်းနှောက်စက် Jammer များတပ်ဆင် စမ်းသပ်နေမှုကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေခဲ့ခြင်း

◾️ဒီဇင်ဘာ (၄)  ပြည်ပထွက်ခွာသူတွေ ရန်ကုန်လေဆိပ်မှာ ကျပ်သိန်းဆယ်ချီ စစ်ကောင်စီလက်အောက်ခံတွေကို လာဘ်ထိုးနေရဟု CJ Platform media မှရေးသားခဲ့ခြင်း

◾️ဒီဇင်ဘာ (၄)  ရခိုင်မှာ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်မှစ၍ မြို့အားလုံးနီးပါး ဖုန်းလိုင်း ထပ်မံပြတ်တောက်ခဲ့ခြင်း

◾️ဒီဇင်ဘာ (၄)  ကချင်ပြည်နယ်တွင် ဆန်၊ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ၊ လျှပ်စစ်မီး၊ အင်တာနက်လိုင်းများကို တရုတ်ဘက်က ဖြတ်တောက်ထားခဲ့ခြင်း

◾️ဒီဇင်ဘာ (၅)  တနင်္သာရီတိုင်းတွင် အက်တမ်ဖုန်းလိုင်း ဖိုက်ဘာကြိုး ပြန်ဆက်ခွင့်ရရန် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို တင်ပြခဲ့ခြင်း

◾️ဒီဇင်ဘာ (၇)  မိုဘိုင်းဖုန်း အော်ပရေတာများမှ အင်တာနက် ဒေတာ အသုံးပြုခများ တိုးမြှင့် ကောက်ခံ။ အာဏာမသိမ်းခင် ကာလထက် (၃) ဆခန့် မြင့်တက်လာခဲ့ခြင်း

◾️ဒီဇင်ဘာ (၇)  ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီ (MPT) တယ်လီဖုန်းလိုင်းကလွဲပြီး ကျန်တဲ့ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၀)  KIA နှင့် စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ဗန်မော်တွင် ဖုန်းလိုင်းများလဲ ပြတ်တောက်နေ

◾️ဒီဇင်ဘာ (၁၀)  ဖုန်းအော်ပရေတာတွေဆီကနေ ဝယ်ယူသုံးစွဲရတဲ့ လစဉ် အင်တာနက်ပက်ကေ့ချ်တွေကို ဒေတာသုံးစွဲခွင့်ပမာဏ လျှော့ချလိုက်ပြီး အကန့်အသတ်မဲ့ ပက်ကေ့ချ်ရောင်းချမှုတွေရှိနေခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၁)  တောင်ကြီးမြို့နယ်တွင် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ ဖုန်းလိုင်း၊ အင်တာနက်လိုင်း နှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်း ပိုမိုဆိုးရွားလာခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၁)  ခန္တီးမြို့ရှိ  Starlink အင်တာနက်ဆိုင်တွင် လူငယ်များအား ဝင်ရောက်ဖမ်းဆီးပြီး စစ်ကောင်စီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် သိန်း (၅၀) ဖြင့် ပြန်ရွေးခိုင်းခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၁)  မိုးကုတ်မြို့ လုံခြုံရေးအတွက် ဟုဆိုကာ TNLA က အင်တာနက်ပိတ်ထားတာ တစ်လခန့်ရှိလာခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၂)  ရခိုင်တွင် ဖုန်းလိုင်းပြတ်တောက်နေ၍ NGO/INGO များမှာ ဒေသတွင်းလုပ်ငန်း လည်ပတ်နိုင်မှုခက်ခဲခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၂)  Facebook အစားထိုး စစ်ကောင်စီ၏ MySpace Social Media Platform အား အသုံးပြုရန် ပြန်လည် ဆွဲဆောင်မှုများ လုပ်ဆောင်လာခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၆)  တာချီလိတ်တွင် ဝါတော် (၂၇) ဝါရှိ ဘုန်းတော်ကြီးတစ်ပါးအား Facebook ပေါ်တွင် ရေးသားပြောဆိုမှုများကြောင်း ပုဒ်မ (၅၀၅) ဖြင့် ဖမ်းဆီးခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၆)  မိုးကုတ်မြို့တွင် အင်တာနက်၊ ဖုန်းလိုင်းတွေ ပြန်ဖွင့်ပေးမယ့် အချိန်ကို ပြောဖို့ခက်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောခဲ့ခြင်း

◾️ဒီဇင်ဘာ (၁၉)   ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း

◾️ဒီဇင်ဘာ (၂၀)   လိုင်စင်မရှိပဲ ရုပ်ရှင်ပြသပါက (၃) နှစ်မှ (၅) နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များပါဝင်သည့် မြန်မာနိုင်ငံ ရုပ်ရှင်ဥပဒေကို စစ်ကောင်စီ ပြင်ဆင်တည်ပြုခဲ့ခြင်း

◾️ဒီဇင်ဘာ (၂၂)   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တရားစွဲဆိုထားခြင်းခံရသူ လကျ်ာစွန်းဝါဒီ မိုက်ကယ်ကျော်မြင့်သည် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် ဒီဇင်ဘာလ ၆ရက်နေ့က ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရခြင်း

◾️ဒီဇင်ဘာ (၂၃)  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာချိန်များတွင် ဖုန်းလိုင်းများဖြတ်တောက်ခဲ့ခြင်း

◾️ဒီဇင်ဘာ (၂၄)   ရန်ကုန်အထွက် ဇီးရိုးမိုင်ဂိတ်တွင် ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို မှတ်ပုံတင်နှင့် ဖုန်းများ စစ်ဆေးခဲ့ခြင်း

◾️ဒီဇင်ဘာ (၂၄)  ရခိုင်တွင် တပြည်နယ်လုံးအတိုင်းအတာအနေဖြင့် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှုမှာ ၁ လကျော်အထိ ကြာမြင့်လာခဲ့ခြင်း

◾️ဒီဇင်ဘာ (၂၄)  တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဖုန်းလိုင်းဖြတ်တောက်ထားခဲ့ခြင်း

◾️ဒီဇင်ဘာ (၂၇)  ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှ စက်ရုံများတွင် ဝန်ထမ်းအလုပ်လျှောက်သူတွေဟာ အီလက်ထရောနစ် မှတ်ပုံတင် (eID ) စာရွက်ပါမှ အလုပ်ခန့်ခံရခြင်း

◾️ဒီဇင်ဘာ (၂၉)  Atom ဖုန်းလိုင်းများထားဝယ်တွင် ပြန်လည်ရရှိ ခဲ့ခြင်း

◾️ဒီဇင်ဘာ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၇) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ် ဖိနှိပ်မှု ဖြစ်စဉ်တွေရှိနေခဲ့ပါတယ်။ 


Report Page