Digital Repression in December
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ▪️ဒီဇင်ဘာ (၁) စစ်ကော်မရှင်အနေဖြင့် မဲရုံများတွင် အီလက်ထရောနစ်စနစ်ဖြင့် စောင့်ကြည့်မှုများ ပြုလုပ်နိုင်သည်ဟု ကုလသမဂ္ဂ သတိပေးခဲ့ခြင်း
▪️ဒီဇင်ဘာ (၂) သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ဘီဘီစီ မီဒီယာအက်ရှင်မှ မထက်ထက်ခိုင် နှင့် အဆိုတော် သံသားဝင်တို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း
▪️ဒီဇင်ဘာ (၅) ဒီဇင်ဘာ လကုန်မှ အင်တာနက်လိုင်းပြန်ကောင်းမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန ထုတ်ပြန်၊ ယင်းအချိန်သည် ရွေးကောက်ပွဲ ပထမပိုင်း ပြီးဆုံးမည့်အချိန်နှင့် တိုက်ဆိုင်နေခဲ့ခြင်း
▪️ဒီဇင်ဘာ (၈) ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် ပြည်တွင်းကို ဝင်ရောက်လာမဲ့ နိုင်ငံခြားသား များကို စောင့်ကြည့်ရန် လဝကဝန်ကြီး ဦးမြင့်ကြိုင် ပြောကြားခဲ့ခြင်း
▪️ဒီဇင်ဘာ (၈) NUG ၏ ပြန်လည်ဖွဲ့စည်းမှုတွင် ဆက်သွယ်ရေးသတင်းချက်လက်နှင့်နည်းပညာ ဝန်ကြီးဋ္ဌာန အပါအဝင် ဝန်ကြီးဋ္ဌာန (၅) ခု လျှော့ချခဲ့ခြင်း
▪️ဒီဇင်ဘာ (၉) စစ်ကော်မရှင် အနေဖြင့် စစ်ရေးအရ လက်လွှတ်ခဲ့ရသည့် ဒေသများတွင် ဝါဒဖြန့်ချန်နယ်များမှ တဆင့် သတင်းမှားများ ဖြန့်ချီနေဟု Myanmar Fact Checking Network ဖော်ပြခဲ့ခြင်း
▪️ဒီဇင်ဘာ (၉) ရွေးကောက်ပွဲ ကာကွယ်သည့် ဥပဒေက လူထုနဲ့ မီဒီယာကို ခြိမ်းခြောက်နေကြောင်း သတင်းသမားများပြောခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၀) စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းတွင် MPT ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၀) အင်တာနက် ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်လံ ဖမ်းဆီးနေခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၁) ပြည်ထဲရေးဝန်ကြီး ပြီးဆောင်ပြီး အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သည့် လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၄) ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများတွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီးဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၄) အွန်လိုင်းလိမ်လည်မှုနှင့်ဆက်စပ်နေသည့် Sim Card ပေါင်း ၂၃၀၀ ကျော်နှင့် ဘဏ်အကောင့် ၁၄၉ ခုကို ပိတ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ်ကျော်လင်း ပြောကြားခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၅) ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲ လာတက်ချိန် Anti Drone-Guard နှင့် Jammer အသုံမှုကြောင့် မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပ မြို့နယ် ရပ်ကွက်အချို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ယာယီပြတ်တောက်ခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၅) ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ က ဖမ်ဆီးထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ မဆွတ်ရိန်ပန် ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - (က) နဲ့ ထောင်ဒဏ် (၃)နှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ် (၁၀)နှစ် စုစုပေါင်း ထောင်ဒဏ် (၁၃) နှစ်ချမှတ်ခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၆) ရွေးကောက်ပွဲနီးလာချိန် မန္တလေးမြို့ပေါ်တွင် (ဖုန်း)စစ်ဆေးမှုများ ပိုမို ပြုလုပ်လာခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၆) ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စစ်ကော်မရှင် ဖမ်းဆီးထားသည့် Starlink Wifi စက်များ ရွေးကောက်ပွဲပြီးမှ ပြန်ပေးမည် ပြောဆိုခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၇) Telenor ကုမ္ပဏီ နှင့် နော်ဝေအစိုးရအနေဖြင့် မြန်မာနိုင်ငံမှလုပ်ငန်းများ ရုပ်သိမ်းစဉ် မည်သို့ ကိုင်တွယ်ခဲ့သည်ကို နော်ဝေပါလီမန်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၈) စစ်ကော်မရှင်၏ ဝါဒဖြန့်ချီရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖယ်ရှားဟု Justice For Myanmar အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း
▪️ဒီဇင်ဘာ (၁၉) ထိုင်းတွင် CDM ဝန်ထမ်းများကို CI စာအုပ်သက်တမ်း တိုးမပေးသဖြင့် အခက်ကြုံနေခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၀) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို UEC က ပြည်သူ့လွတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ) နှင့် အမှုဖွင့်။ ၎င်း၏ လက်ကိုင်ဖုန်းကို CID မှ သိမ်းဆည်းထားခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၂) ရန်ကုန်တွင် ဧည့်စာရင်းစစ်ချိန် လူပုဂ္ဂိုလ်တစ်ဦးချင်းကို စိစစ်ပြီး စောင့်ကြည့်တဲ့ PSMS စနစ်နဲ့ပါ စစ်ဆေးရန် ညွှန်ကြားဟု MPA သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၂) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ Starlink(စတားလင့်)အင်တာနက်အသုံးပြုမှုကို စစ်ရေးအရ ဒီနှစ်ကုန်အထိ ပိတ်သိမ်းထားဖို့ အင်းတော်ပအဖက ညွှန်ကြားခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၃) စစ်ကောင်စီက ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဘွဲ့ရရှိခဲ့သူများ စာရင်းကို လိုက်လံကောက်ခံနေခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၃) ဩစတြေးလျနည်းပညာကုမ္ပဏီ Kick သည် တရားမဝင်မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များမှ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့ပြီး နာရီပိုင်းအတွင်းတွင်ပင် အဆိုပါအကောင့်များကို ဖယ်ရှားပိတ်သိမ်းခဲ့ဟု Justice For Myanmar (JFM) အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၄) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်ခေါင်းဆောင် လာရောက်မည်ဟုဆိုကာ ဆက်သွယ်ရေး လိုင်းများဖြတ်တောက်ခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၅) သပိတ်ဦးဆောင်သူတွေကို ဖမ်းဆီးဖို့ ကြားဖြတ်နားထောင်တာ၊ ဖုန်းဆင်းကဒ်တွေကို ခြေရာခံ ထောက်လှမ်းတာ၊ စီစီတီဗွီ မှတ်တမ်းတွေက တဆင့် ခြေရာခံတာ စတဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေ တိုးမြှင့်အသုံးပြုနေတယ်လို့ သပိတ်အင်အာစုများပြောခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၆) ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ULA/AA က ဖုန်းဆက်ခွင့် ပိတ်ပင်ထားသည်မှာ (၃) လခန့်ရှိခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၆) မြန်မာစစ်တပ်ဝါဒဖြန့်ချယ်နယ် MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှား ခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၈) စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲနေ့တွင် ကြံခင်း၊ မြိတ်၊ စစ်တွေ၊ မိတ္ထီလာ နှင့် လွိုင်ကော်တွင် ပုံမှန်နေ့များထက်ပို၍ ဖုန်းလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၉) မွန်ပြည်နယ် ၊ သထုံ မြို့နယ်ရှိ မဲရုံတစ်ခုအတွင်းသို့ ဖုန်းယူခဲ့သဖြင့် အမျိုးသမီး နှစ်ဦးအား ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေပုဒ်မ၂၄(က) ဖြင့် ဖမ်းဆီးခဲ့ခြင်း
▪️ဒီဇင်ဘာ (၂၉) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒီဇင်ဘာ (၂၇)ရက်နှင့်(၂၈)ရက်နေ့တို့တွင် တယ်လီဖုန်းလိုင်းနှင့်ဝိုင်ဖိုင် အင်တာနက်လိုင်းများအားလုံး ပြတ်တောက်ခဲ့ခြင်း
▪️ဒီဇင်ဘာ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၂၇ ) ဦးခန့်ရှိခဲ့ခြင်းစတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် ဖြစ်ပွားခဲ့ပါတယ်။