Digital Repression in August

Digital Repression in August

၂၀၂၅ ခုနှစ် သြဂုတ်လ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ

▪️ဩဂုတ် (၁)  နိုင်လွတ်လုံ ဥပဒေ ပုဒ်မ (၅) ၊ (၇) ၊ (၈) ရပ်ဆိုင်းထားမှုကို မင်းအောင်လှိုင် ဆက်လက်ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ဆက်လက် ပြဋ္ဌာန်းခဲ့ခြင်း 

▪️ဩဂုတ် (၂)  ဖုန်းအတွင်း VPN တွေ့ရှိခြင်းကြောင့်ဆိုကာ ဧရာဝတီတိုင်း၊ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ခရီးသွား (၄) ဦး ဖမ်းဆီးခံရခြင်း 

▪️ဩဂုတ် (၄)  မြစ်သားမြို့နယ်တွင် PSMS စနစ် အသုံးပြုပြီး စစ်ဆေးမှုများ ​ပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ MOI ဝက်ဆိုက်တွင် ဖော်ပြခဲ့ခြင်း

▪️ဩဂုတ် (၄)  စစ်ကော်မရှင် လက်အောက်ခံ သတင်းမီဒီယာကောင်စီနှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာ ကောင်စီ (NPCT) တို့ကြား နားလည်မှုစာချွန်လွှာ(MoU) ကို ပြီးခဲ့သည် ဩဂုတ်လ (၁) ရက်နေ့က ဘန်ကောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း

▪️ဩဂုတ် (၄)  ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် စစ်ကော်မရှင် လက်အောက်ခံ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှု ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများကို နေပြည်တော်တွင် စစ်ဆေးနေခြင်း  

▪️ဩဂုတ် (၅)  ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက် မန္တလေးတွင် VPN သုံးစွဲမှုများ ရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ခြင်း 

▪️ဩဂုတ် (၅)  မန္တလေးတွင် ဧည့်စာရင်း စစ်ချိတ် PSMS စနစ်ဖြင့်ပါ အသုံးပြုစစ်ဆေး မှုပြုလုပ်ခဲ့ခြင်း 

▪️ဩဂုတ် (၆)  အာရက္ခတပ်တော် AA  ထိန်းချုပ်နယ်မြေများတွင် ကနဦး ပေးသွင်းငွေ (၁၀) သိန်းကျပ်ဖြင့် Starlink အင်တာနက် ငှားရမ်း အသုံးပြုနိုင်သော ဥပဒေ တစ်ခု ပြဋ္ဌာန်းခဲ့ခြင်း

▪️ဩဂုတ် (၆)  ရန်ကုန်တွင် VPN ဆော့ဖ်ဝဲ အသုံးပြုခြင်းရှိ၊မရှိ စစ်ဆေးကာ  ငွေညှစ်ခြင်းကို စစ်​ကောင်စီ တပ်ဖွဲ့ဝင်များ ပြန်လည် ပြုလုပ်လာခဲ့ခြင်း 

▪️ဩဂုတ် (၇)  စိစစ်ရေးအဖွဲ့သို့ တင်ပြခြင်းမရှိပဲ အင်တာနက် ကွန်ယက်ကို အသုံးပြု၍ ရုပ်ရှင် ပြသခြင်းကြောင့် ဟုဆိုကာ AWS+ နှင့် cmapp.tv ရုပ်ရှင်ပြသခြင်း လုပ်ငန်း (၂) ခုအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ) ဖြင့် အရေးယူခဲ့ခြင်း   

▪️ဩဂုတ် (၇)  သံတောင်ကြီးမြို့တွင် တောင်ကျရေးကြီး၍ မြေပြိုမှုများ ဖြစ်ပွားပြီးနောက် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း

▪️ဩဂုတ် (၇)  တောင်ကြီးမြို့နယ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စစ်ဆေးရေးဂိတ်များနှင့်ယာဉ်လိုင်းများတွင်  PSMS စနစ်ဖြင့် တော်လှန်ရေးဆက်နွယ်သူများကို စစ်ဆေးဖမ်းဆီးရန် ထွေ/အုပ်က ညွှန်ကြားခဲ့ခြင်း

▪️ဩဂုတ် (၉)  မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ​ဝေဖန်မိသဖြင့် စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းအား ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခဲ့ခြင်း

▪️ဩဂုတ် (၁၁) ပဲခူးတွင် ဗိုလ်ချုပ်ကြေးရုပ် ဖြိုချမှုအကြောင်း ‌ရေးသားထားတဲ့ သတင်းတွေအောက်မှာ ဝင်ရောက်မှတ်ချက်ရေးသားခဲ့သည့် မြို့ခံ ၁၁ ဦးထက်မနည်း ဖမ်းဆီးခံရခဲ့ခြင်း

▪️ဩဂုတ် (၁၁) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူပြီးဟု ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြခဲ့ခြင်း  

▪️ဩဂုတ် (၁၃)  အာဏာသိမ်း စစ်အုပ်စုက လူမှုကွန်ယက်များတွင် အကောင့်တုများဖွင့်၍ ဝါဒဖြန့် စစ်ဆင်ရေးကို စနစ်တကျ ဆောင်ရွက်နေသည်ဟူသော အထောက်အထားများ ရရှိထားကြောင်း ​Myanmar Now သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️ဩဂုတ် (၁၃)  ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆက်သွယ်ရေး ဖုန်းလိုင်းရရှိရေး ဆောင်ရွက်ပေးရန် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်တိုင်းရင်းသားများပါတီ (RNP) တောင်းဆို ခဲ့ခြင်း

▪️ဩဂုတ် (၁၈)  မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်တပ်လက်အောင်ခံ ပျူစောထီး တွေက VPN သုံးစွဲသူများကို ဖမ်းဆီးငွေညှစ်ခဲ့ခြင်း 

▪️ဩဂုတ် (၁၈)  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း

▪️ဩဂုတ် (၁၉)  ကရင်ပြည်နယ် ၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်း တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဖုန်းလိုင်းဖြတ်တောက်ခြင်း၊ အင်တာနက်လိုင်းဆွဲအားလျှော့ချခြင်းများ ပြလုပ်ခဲ့ခြင်း 

▪️ဩဂုတ် (၁၉)  ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည့် မကွေးတိုင်း ဆိပ်ဖြူမြို့ အနောက်ဘက် ကျေးရွာများ ဗုံးကြဲတိုက်ခိုက်ခံရခဲ့ခြင်း 

▪️ဩဂုတ် (၂၀)  ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Mytel ဖုန်းလိုင်းများ ပြန်ရခဲ့ခြင်း 

▪️ဩဂုတ် (၂၁)  ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းအတွင်း VPN တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၄ ယောက်ကို တယောက်ငွေ ၅ သိန်းအထိ တောင်း ယူပြီး ပြန်လွှတ်ခဲ့ခြင်း

▪️ဩဂုတ် (၂၂)  တယ်လီနော မြန်မာ အနေဖြင့် အာဏာသိမ်း စစ်အစိုးရသို့ သုံးစွဲသူများ၏ metadata များလွှဲပြောင်းပေးခဲ့ကြောင်း The Norwegian Burma Committee ဒါရိုက်တာဟောင်း အော်ဒွန်းအာဂါ (Audun Aagre) စွပ်စွဲခဲ့ခြင်း 

▪️ဩဂုတ် (၂၃)  စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် စီစဉ်နေသည်ဟု DMG သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️ဩဂုတ် (၂၆)  အင်တာနက်လိုင်းမကောင်းသဖြင့် အိန္ဒိဟု ယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို ကောက်ယူနေရာတွင် နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရဟု All India Radio ဖော်ပြခဲ့ခြင်း

▪️ဩဂုတ် (၂၆)  “ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လို အကျိုးပြုရမလဲ စဉ်းစား” ဟု လူမှုကွန်ယက်ပေါ် တင်ခဲ့သူ တောင်ကြီးမြို့မှ အမျိုးသားတစ်ဦးအား ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ဖြင့် ဖမ်းဆီးခဲ့ခြင်း 

▪️ဩဂုတ် (၂၇)  ရခိုင်ပြည်လွတ်မြောက်နယ်မြေများတွင် လေကြောင်းအန္တရာယ်ကြောင့် စတားလင့် အင်တာနက်ဝန်ဆောင်မှု အာရက္ခတပ်တော် (AA) က ယာယီပိတ်ပင်ခဲ့ခြင်း

▪️ဩဂုတ် (၂၈)  ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့သည့်အတွက် Telenor အား Justice for Myanmar နှင့် ICJ Norway တို့က နော်ဝေးရဲတပ်ဖွဲ့ထံ အမှုဖွင့်ခဲ့ခြင်း 

▪️ဩဂုတ် (၃၁)   ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (  13 ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် ဖြစ်ပွားခဲ့ပါတယ်။ 


Report Page