Digital Repression in August

Digital Repression in August

2024 ခုနှစ် ဩဂုတ်လအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ (2024 ခုနှစ် ဩဂုတ်လ)

◾️ဩဂုတ်လ (၁)  ကျောက်မဲတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းမျာ ပြတ်တောက်နေခဲ့ခြင်း

◾️ဩဂုတ်လ (၁)  စစ်ကောင်စီက ပြည်ပမှ ပြန်လာသူများကို ပြန်ထွက်ခွင့်ကန့်သတ်လာပြီး ပြည်ပသို့ ပြန်လည်ထွက်ခွာမည့် အလုပ်သများ (၄၀) ကျော်အား ထွက်ခွာခွင့်ပိတ်ခဲ့ခြင်း

◾️ဩဂုတ်လ (၁)  ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုပေါင်းစုံကို ရင်ဆိုင်နေရတယ်လို့ မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ပြောကြားခဲ့ခြင်း

◾️ဩဂုတ်လ (၂)  ပို့ကုန် ကုမ္ပဏီ (၁၂) ခုကို ပို့ကုန်ရငွေ  အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၂ သန်း အား နှစ်ပါတ်အတွင်း ပေးသွင်းရန် စာထုတ်ခဲ့ခြင်း

◾️ဩဂုတ်လ (၂) စစ်ကောင်စီ ဗဟိုဘဏ်က လိုင်စင်မရှိပဲ တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေ စကားခြင်း ဟွန်ဒီလုပ်ငန်းဆောင်ရွက်ခြင်းကြောင့်ဟုဆိုရာ လူပုဂ္ဂိုလ် (၉၃) ဦးအား အရေးယူခဲ့ခြင်း

◾️ဩဂုတ်လ (၂)  ရှမ်းမြောက်မြို့နယ်အများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တစ်ပါတ်ခန့် ရှိလာခဲ့ခြင်း

◾️ဩဂုတ်လ (၃)   စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မှာ အင်တာနက်အပြင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရခဲ့ခြင်း

◾️ဩဂုတ်လ (၄)  လားရှိုး အခြေစိုက် “၀” ဆက်ဆံရေးရုံးက ဒေသခံပြည်သူများအား င်္ဂြိုလ်တုဝိုင်ဖိုင် အခမဲ့ လာရောက် အသုံးပြုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ခြင်း

◾️ဩဂုတ်လ (၅) ရေးမြို့နယ်ရှိ ကျေးရွာများတွင် ဇူလိုင်လမှ စတင်ပြီး ဖုန်းလိုင်းမကြာခန ဖြတ်တောက်ခံနေရခဲ့ခြင်း

◾️ဩဂုတ်လ (၅) ကချင်ပြည်နယ် မိုးညှင်း၊ ဖားကန့် ဒေသများတွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် Ipstar (သို့) Starlink ရှိရာမြို့နယ်များသို့ သွားရောက်သုံးစွဲနေရ။ သုံးစွဲလိုသူများပြားသည့်အတွက် တစ်ရက်လျှင် လူတစ်ဦး (၁) နာရီသာ အသုံးပြုနိုင်ခြင်း

◾️​ဩဂုတ်လ (၆)  အင်တာနက်နှင့် ဖုန်းလိုင်း ပြတ်တောက်နေသော ဖားကန့်တွင် ဝိုင်ဖိုင် (Wifi) အသုံးပြုခမှာ တစ်နာရီလျှင် မြန်မာငွေ (၃၀၀၀၀) အထိ မြင့်တက်ခဲ့ခြင်း

◾️ဩဂုတ်လ (၇)  လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)နှင့် KNU- ကရင်အမျိုးသား အစည်းအရုံး တို့ တွေ့ဆုံဆွေးနွေးပြီး “KNU နယ်မြေ၌ သတင်းမီဒီယာ မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး” ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်း

◾️ဩဂုတ်လ (၈)  ရွေးကောက်ပွဲကျင်းပနိုင်ရေး ကူညီပေးရန်  ထိုင်းအစိုးရကို စစ်ကောင်စီတောင်းဆိုခဲ့ခြင်း

◾️ဩဂုတ်လ (၉)  အင်တာနက် ရာဇဝတ်မှုဆိုင်ရာမူကြမ်း ကုလမှာ သဘောတူညီမှုရခဲ့ခြင်း

◾️ဩဂုတ်လ (၉)  မှတ်ပုံတင်ခြင်းမပြုပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအား အရေးယူမည်ဟု စီးပွားကူးသန်းမှ ထုတ်ပြန်ခဲ့ခြင်း

◾️ဩဂုတ်လ (၁၀)  လားရှိုးမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံထားရမှုကြောင့် ဒေသခံများအနေဖြင့် ဖုန်းပြောဆိုရန် (၁၂) မိုင်ခန့်အထိ သွားနေရခဲ့ခြင်း

◾️ဩဂုတ်လ (၁၀) အူရီဒူးမြန်မာကို ဒေါ်လာ ၅၇၆ သန်းဖြင့်  Nine Communications သို့ရောင်းချခဲ့ခြင်း

◾️ဩဂုတ်လ (၁၁)  နမ့်ဆန် နှင့် နမ္မတူတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် KBZ Pay အကောင့်များပါ ကျနေသည့်အတွက် ငွေကြေးထုတ်ယူရန် အခက်အခဲဖြစ်ခဲ့ခြင်း

◾️ဩဂုတ်လ (၁၂)  လားရှိုးမြို့ခံများအတွက် Starlink အင်တာနက်ဖြင့် ချိတ်ဆက်၍ MNDAA က အင်တာနက်ဝန်ဆောင်မှု အခမဲ့ပေးခဲ့ခြင်း

◾️ဩဂုတ်လ (၁၂) ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် မြို့တွင်းတိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းများ ဆက်သွယ်ရန် ခက်ခဲနေခဲ့ခြင်း

◾️ဩဂုတ်လ (၁၃) အင်တာနက်ပြတ်တောက်နေသည့် ရှမ်းမြောက်မြို့နယ်များတွင် အင်တာနက်ကို တစ်နာရီ (၅၀၀၀) ကျပ်အထိ ပေးပြီး အသုံးပြုနေရခဲ့ခြင်း

◾️ဩဂုတ်လ (၁၅) အင်တာနက်ပြတ်တောက်နေသည့် ကရင်နီတွင် ငွေထုတ်ယူနှုန်းအနေနဲ့ လွိုင်ကော်မှာ ၄ ရာခိုင်နှုန်းဝန်းကျင်နဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲတို့မှာ ၂၀ ရာခိုင်နှုန်းအထိ ပေးနေရခဲ့ခြင်း

◾️ဩဂုတ်လ (၁၅) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင်  ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း

◾️ဩဂုတ်လ (၁၇)  စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲရင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း

◾️ဩဂုတ်လ (၁၈)  စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်တွင်ဝေဖန် ရေးသားသည်ဟုဆိုကာ မြန်အောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးဖမ်းဆီးခံရခဲ့ခြင်း

◾️ဩဂုတ်လ (၁၈)  လာရှိုးမြို့နေရာအချို့တွင် Mytel ဖုန်းလိုင်းပြန်လည်ရရှိခဲ့ခြင်း

◾️ဩဂုတ်လ (၂၀) VPN ထူထောင်ခွင့်ပေးရန် UMFCCI မှ တစ်ကိုယ်ကောင်းဆန်သော စီးပွားရေးသမားများ လူမှုကွန်ယက်အသုံးပြုခွင့်မရရန် ပိတ်ပင်ထားသော စစ်ကောင်စီထံ တောင်းဆိုခဲ့ခြင်း

◾️ဩဂုတ်လ (၂၀)  ကချင်ပြည်နယ် မြို့နယ်အချို့တွင် မိုဘိုင်းဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း

◾️ဩဂုတ်လ (၂၂)  ငွေသားအသုံးပြုမှုကို လျှော့ချရန် အတွက် စစ်ကောင်စီက နိုင်ငံဝန်ထမ်းလစာများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးရန် စီစဉ်ခဲ့ခြင်း

◾️ဩဂုတ်လ (၂၂)  ကျိုက်ထိုတွင် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်မှုကြောင့် DVB CJ သတင်းထောက် ကိုဝင်းထွဋ်ဦး(ခ)ဖိုင်ဇယ် နှင့် အလွတ်တန်း သတင်းထောက် ကိုထက်မြတ်သူတို့ သေဆုံးခဲ့ခြင်း

◾️ဩဂုတ်လ (၂၃) စက်တင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်းယံမှ စတင်ပြီး စာရင်းစစ်/စာရင်းကောက် (၄၂,၀၀၀)ခန့်ဖြင့် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း

◾️ဩဂုတ်လ (၂၄)  ဟုမ္မလင်းမြို့မှာ ဖုန်းလိုင်းနဲ့ ဝိုင်ဖိုင် အင်တာနက်လိုင်း ပိတ်ထားတာ ၁လနီးပါးရှိနေခဲ့ခြင်း

◾️ဩဂုတ်လ (၂၅)  တယ်လီဂရမ် အမှုဆောင်အရာရှိချုပ် ပါဗယ် ဒူရော့ဗ်ကို ပြင်သစ်ရဲတပ်ဖွဲ့က ပဲရစ်မြို့တောင်ပိုင်းက လေဆိပ်တစ်ခုမှာဖမ်းဆီးခဲ့ခြင်း

◾️ဩဂုတ်လ (၂၈)  Visit Passport အသစ်ဖြင့် နိုင်ငံခြားထွက်ခွာမည့်သူ အများစုလေဆိပ်မှ ထွက်ခွာခွင့်မရခဲ့ခြင်း

◾️ဩဂုတ်လ (၂၈) ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရပြီးနောက် ဖုန်းလိုင်းများ ပြန်လည် ပြတ်တာက်ခဲ့ခြင်း

◾️ဩဂုတ်လ (၂၈) စစ်မှုထမ်း ခေါ်ဆောင်ရေးအတွက် ဆက်သွယ်ရန် ထုတ်ပြန်ထားသော ဖုန်းနံပါတ်များသို့ ဆက်သွယ်နှောက်ယှက်သည့် ဖုန်းနံပါတ်များအား ပိတ်သိမ်းအရေးယူမည်ဟု ကြေငြာခဲ့ခြင်း

◾️ဩဂုတ်လ (၂၉) Dawei Watch သတင်းဌာနမှ သတင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် အနှစ် ၂၀ မြိတ်မြို့ စစ်ခုံရုံးက ချမှတ်ခဲ့ခဲ့ခြင်း

◾️ဩဂုတ်လ (၂၉) Tiktok လူမှုကွန်ရက် ပိုမို အသုံးပြုရန် စစ်ကောင်စီဝါဒဖြန့်သူများ လုပ်ဆောင်လာခဲ့ခြင်း

◾️ဩဂုတ်လ (၃၀)  လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ Dawei Watch သတင်းသမား ၂ ဦးအား ထောင်ဒဏ် တသက်တကျွန်းနှင့် နှစ် ၂၀ ချမှတ် ခံရခြင်းကိုကန့်ကွက် ရှုံ့ချခဲ့ခြင်း

◾️ဩဂုတ်လ (၃၀)  ကချင်ပြည်နယ်၊ ဖားကန့် ရပ်ကွက်အချို့မှာ ATOM(Telenor) ဖုန်းလိုင်း ပြန်လည်ရရှိခဲ့ခြင်း

◾️ဩဂုတ်လ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( 52 ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။



Report Page