Digital Repression in April 2025

Digital Repression in April 2025

ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ (2025 ခုနှစ်  ဧပြီလ)

▪️ဧပြီလ (၁) ငလျင်ကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်စဉ် ရေဒီယိုထုတ်လွှင့်မှုကို အားကိုးနေရသည့်အတွက် BBC မြန်မာပိုင်း၏ ညပိုင်းထုတ်လွှင့်မှုအစီအစဥ်ကို မိနစ် (၃၀) တိုးလွှင့်

▪️ဧပြီလ (၁) ငလျင်ဘေးသင့်ဒေသများသို့ လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုခဲ့ခြင်း 

▪️ဧပြီလ (၃) ငလျင်ဒဏ်ကြောင့် အင်းဝနှင့် တံတားဦးဘက်တွင် ဧပြီ (၃) ရက်နေ့အထိ ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း 

▪️ဧပြီလ (၃) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ပြတ်တောက်နေဆဲဟု BNI သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️ဧပြီလ (၄) ပဲခူးတိုင်း၊ ထန်းတပင်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲများကြောင့် ငလျင်အပြီး အရေးပေါ် ကယ်ဆယ်ရေးအတွက် အကူအညီတောင်းခံရန် ခက်ခဲခဲ့ခြင်း   

▪️ဧပြီလ (၅) ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးမြို့၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲ ဖြစ်ပြီး WIFI များသာ အသုံးပြုနိုင်သေးခြင်း

▪️ဧပြီလ (၆) ATOM ဆင်းကဒ်သုံးစွဲသူများထံ လောင်းကစားဂိမ်း မက်ဆေ့အဆက်မပြတ်ပို့ခံရခဲ့ခြင်း 

▪️ဧပြီလ (၇) ငလျင်ကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်း ပေါင်း ၆၇၃၀ ကျော် ပျက်စီးခဲ့ပြီး စခန်း (၈၀၀) ခန့် ပြုပြင်ရန် ကျန်ရှိဟု စစ်ကောင်စီဆိုခဲ့ခြင်း 

▪️ဧပြီလ (၇) ပခုက္ကူမြို့နယ်အတွင်း အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း 

▪️ဧပြီလ (၇) ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် စစ်ကိုင်းမြို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်သလောက် ခရီးမပေါက်ခဲ့ခြင်း 

▪️ဧပြီလ (၈) အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် ဘုရားသုံးဆူမြို့တွင် Starlink ကို ဆယ်သွယ်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ခြင်း 

▪️ဧပြီလ (၉) ငလျင်ဒဏ်ကြောင့်  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏  အော်တိုအိတ်ချိန်း  ၉၅ ခု ချွတ်ယွင်းပျက်စီးခဲ့ပြီ ဧပြီလ ၈ ရက်အထိ ၆၃ ခု ပြုပြင်ပေးနိုင်ခဲ့ ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း 

▪️ဧပြီလ (၁၀) နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်များ အပါအဝင် ငလျင်ဘေးသင့် ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်ကာ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ကောင်းစွာမရရှိသေးဟု ဧရာဝတီသတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း 

▪️ဧပြီလ (၁၂) ကလေးမြို့နယ် အပါဝင် ချင်းပြည်နယ်တစ်ခု‌လုံးနီးပါး ဖုန်းလိုင်းများ ဖြတ်တောက်ခံရခဲ့ခြင်း 

▪️ဧပြီလ (၁၂) ငလျင်လှုပ်ခတ်ပြီး (၂) ပတ် ကြာသည်အထိ စစ်ကိုင်းတွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ ကောင်းမွန်စွာ မရရှိခဲ့ခြင်း 

▪️ဧပြီလ (၁၄) ဆက်သွယ်ရေး စခန်းပေါင်း ၂၆၀၀၀ ကျော် ရှိသည့်အနက် ငလျင်ကြောင့်စစခန်းပေါင်း ၆၇၃၀ ကျော် ပြတ်တောက်ခဲ့ပြီး ၆၄၀၀ ကျော် ပြန်လည် ပြင်ဆင်ပြီးဟု စစ်ကောင်စီ ဆိုခဲ့ခြင်း 

▪️ဧပြီလ (၁၄) စစ်ကောင်စီက နေပြည်တော်တွင် မိုဘိုင်းဆက်သွယ်ရေး စခန်းများ ၉၈ ရာခိုင်နှုန်း ပြန်လည် ကောင်းမွန်ပြီဟု ထုတ်ပြန်ခဲ့သော်လည်း ငွေထုတ်ယူခ နှုန်းများ ပိုမိုပေးနေရခဲ့ခြင်း 

▪️ဧပြီလ (၁၄) စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဖုန်းလိုင်းများလဲ ပြတ်တောက်နေခဲ့ခြင်း 

▪️ဧပြီလ (၁၅) ထီလင်းမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဖုန်းလိုင်းများလဲ ဖြတ်တောက်ထားခဲ့ခြင်း 

▪️ဧပြီလ (၁၆) ကလေးမြို့တွင် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း 

▪️ဧပြီလ (၁၆) စောင့်ကြည့်ထောက်လှမ်းရေးအတွက် စစ်ကောင်စီအသုံးပြုတဲ့ MOBILedit Forensic Pro ဆော့ဖ်ဝဲလ်ရောင်းချခဲ့တဲ့ ချက် ကုမ္ပဏီကို စုံစမ်းစစ်ဆေးပေးဖို့ JFM တောင်းဆိုခဲ့ခြင်း 

▪️ဧပြီလ (၁၈) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း 

▪️ဧပြီလ (၁၈) သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အတွင်းရှိကျေးရွာများတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ခြင်း 

▪️ဧပြီလ (၁၈) ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့်အတွက် ရခိုင်ပြည်  လွတ်မြောက် နယ်မြေ အချို့တွင် အရပ်သားများအနေဖြင့် စကားပြောစက်များ အသုံးပြုလာခဲ့ခြင်း 

▪️ဧပြီလ (၁၉) AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီကို စစ်ကောင်စီက မတ်လ (၂၁) ရက်နေ့က ဖွဲ့စည့်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်း 

▪️ဧပြီလ (၁၉) (၇) လကျော်ကြာ ဖုန်းလိုင်းအပိတ်ခံထားရသည့် ကသာမြို့တွင် Atom ဖုန်းလိုင်းများပြန်လည်ရရှိခဲ့ခြင်း 

▪️ဧပြီလ (၂၁) စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း နဲ့တိုင်းရင်းသားပြည်နယ်တချို့ရှိ ဒေသများတွင် အင်တာနက် ပျက်တောက်မှု မရှိစေရေးအတွက် ဆက်သွယ်ရေးစက်အလုံးပေါင်း၂၀၀နီးပါး တပ်ဆင်ပေးထားဟု NUG ဆိုခဲ့ခြင်း 

▪️ဧပြီလ (၂၃) စစ်ကောင်စီ ပြန်လည်ဝင်ရောက်လာသည့် လာရှိုးမြို့တွင် ဖုန်းလိုင်းများ ဆက်သွယ်ရ ခက်ခဲနေဆဲ အနေအထားတွင်ရှိနေခြင်း 

▪️ဧပြီလ (၂၃) တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊မင်းသားကျေးရွာအုပ်စု တွင် တိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း 

▪️ဧပြီလ (၂၄) DVB က သဘာဝဘေး ရေဒီယို အထူးအစီးအစဉ်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ထုတ်လွင့်ခဲ့ခြင်း 

▪️ဧပြီလ (၂၅) မြစ်ကြီးနားတွင် အင်တာနက် ဆက်သွယ်ရေး အခက်အခဲကြောင့်ဧရာဝတီ မြစ်ရေ မြင့်တက်လာမှု အခြေအနေကို အချိန်နှင့်တပြေးညီ အသိမပေးနိုင်ခဲ့ခြင်း 

▪️ဧပြီလ (၂၈) ထိုင်း ဘဏ်ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားသည့် နိုင်ငံခြားသား အမည်ပေါက် Sim Card (၇၀၀၀၀၀) ကို ထိုင်းအစိုးရ စိစစ်မည်ဟုကြေငြာခဲ့ခြင်း

▪️ဧပြီလ (၂၉) မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့ခြင်း 

▪️ဧပြီလ (၃၀)   ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (8) ဦးခန့်ရှိခဲ့ခြင်း  စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါတယ်။ 




Report Page