Digital Repression in April

Digital Repression in April

ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ (2026 ခုနှစ်  ဧပြီလ)

▪️ဧပြီ (၁)   သရက်ချောင်းမြို့နယ်အောက်ပိုင်းတွင် ဖုန်းလိုင်းနှင့် ကားလမ်း ပိတ်ဆို့ဖြတ်တောက်ထားမှု ကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေခဲ့ခြင်း   

▪️ဧပြီ (၁)   SIM Card တစ်ခုထက်ပို၍ အသုံးပြုနိုင်သော ဖုန်းများတွင် IMEI တစ်ခု ထည့်သွင်းအသုံးပြု ထားပါက ယင်းဖုန်းအတွက် အခွန်ထပ်မံပေးဆောင်ရန် မလိုဟု CEIR ကြေငြာခဲ့ခြင်း 

▪️ဧပြီ (၂)  ခရီးသွားသူများ လေဆိပ်တွင် မှတ်ပုံတင် ပြရမည်ဟု စစ်ကော်မရှင် ထုတ်ပြန်ခဲ့ခြင်း 

▪️ဧပြီ (၃)   ရခိုင်တွင် အင်တာနက်အခက်ခဲကြောင့် အရေးပေါ်အကူအညီများ နှောင့်နှေးနေဟု အာရက္ခလေ့လာရေးစင်တာ (CAS) ပြောခဲ့ခြင်း 

▪️ဧပြီ (၄)   တစ်နိုင်ငံလုံးရှိ ဆီဆိုင် ၃၀၀၀ နီးပါးတွင် CCTV များ တပ်ဆင်ခိုင်း၊ CCTV မတပ်လျှင် ဆီခွဲတမ်းမပေးဟု စစ်တပ်က ခြိမ်းခြောက်ခဲ့ခြင်း 

▪️ဧပြီ (၆)  မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်စဉ် ဖုန်းတာဝါတိုင်များ ကိုပါ ပစ်ခတ်သဖြင့် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း 

▪️ဧပြီ (၆)  ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ATOM ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိလာခဲ့ခြင်း 

▪️ဧပြီ (၇)   တပ်ထောက်ခံသူ ငါးမင်းဆွေ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း 

▪️ဧပြီ (၇)   ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းရွာတွင် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း 

▪️ဧပြီ (၈)   ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၏ အချက်အလက်များကို မြန်မာစစ်ကော်မရှင်ထံ ပေးခဲ့သည့်အတွက် Telenor ကို အကျိုးအမြတ်မယူသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Justice and Accountability Initiative (JAI) အဖွဲ့က တရားစွဲခဲ့ခြင်း 

▪️ဧပြီ (၈)   သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ခြင်း

▪️ဧပြီ (၉)  ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးသည်များကို လေဆိပ်များတွင် အချက်အလက် စစ်ဆေးမှုများ   ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း

▪️ဧပြီ (၁၁)  မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း

▪️ဧပြီ (၁၂)  ဖမ်းဆီးထားသော သတင်းထောက်များအား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) တောင်းဆိုခဲ့ခြင်း

▪️ဧပြီ (၁၃)  ပေါက်တောမြို့နယ်တွင် စတားလင့် (Starlink) အင်တာနက် သုံးစွဲခ တစ်နာရီလျှင် (၁၀၀၀၀) ခန့်အထိ ပေးနေရခဲ့ခြင်း 

▪️ဧပြီ (၁၃)  ချင်းပြည်နယ်၊ Tuivial ကျေးရွာတွင် တပ်ဆင်ထားသော Starlink စက် ၃ ခုကို PDF-Zoland တပ်ဖွဲ့ဝင်များ သိမ်းဆည်းခဲ့ခြင်း 

▪️ဧပြီ (၁၅)  ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနှင့် မြဝတီမြို့နယ်များအတွင်းရှိ Starlink စက်အများအပြား အပိတ်ခံရခဲ့ခြင်း 

▪️ဧပြီ (၁၇)  ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာတွင် ဖုန်းလိုင်းဖြတ်တောက်ထားသောကြောင့် မီးလောင်မှု သတင်းကို အချိန်မီ မသိရဖြင့် နေအိမ် အများအပြားမီးလောင်ခဲ့ခြင်း  

▪️ဧပြီ (၁၇)  မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ ပြန်လည်လွတ်မြောက်ခဲ့ခြင်း 

▪️ဧပြီ (၂၁)  သမ္မတ ဦးဝင်းမြင့်ထံ သွားရောက်တွေ့ဆုံမည့်သူများကို စစ်အုပ်စုတပ်က PSMS နည်းပညာကိုပါ အသုံးပြု၍ စစ်ဆေးခဲ့ခြင်း

▪️ဧပြီ (၂၁)  Head Of State နာမည်ဖြင့် ဖွင့်လှစ်ခဲ့သည့် မင်းအောင်လှိုင်၏ Facebook Account ကို Meta ဖယ်ရှားခဲ့ခြင်း

▪️ဧပြီ (၂၁)  ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပျက်တောက်မှု ပိုမိုဆိုးရွားလာခဲ့ခြင်း 

▪️ဧပြီ (၂၂)  ပြည်တွင်း သတင်းအေဂျင်စီ သုံးခုဖြစ်တဲ့ Chin World ၊ မျက်မှောက်ခေတ် နဲ့ Khonuthung Media တို့ လိုင်စင်ပိတ်သိမ်းခံရခဲ့ခြင်း 

▪️ဧပြီ (၂၄)  မန္တလေးတိုင်း မြင်းခြံမြို့ အရှေ့မြောက်ဘက်ရှိ ကျေးရွားများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း 

▪️ဧပြီ (၂၅)  သင်္ကြန်ပြီး တောင်ကြီးတွင် လျှပ်စစ်မီးများ ပိုမိုပျက်တောက်လာပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပါ ပိုမို ဆိုးဝါးလာခဲ့ခြင်း 

▪️ဧပြီ (၂၅)  တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း 

▪️ဧပြီ (၂၇)  စစ်တပ်ကိုဝေဖန်သည့် စာအုပ်များ ရေးသားသဖြင့် စာရေးဆရာ ဦးတင်ညွှန့် အားဖမ်းဆီးခဲ့ခြင်း

▪️ဧပြီ (၂၉)  ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ မဏိရတနာဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းအား ဧည့်စားရင်းစစ်ချိန် တာဝန်ခံ အမျိုးသမီးတစ်ဦး၏ ဖုန်းအား စစ်ဆေးပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း 

▪️ဧပြီ (၃၀)  ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ အပါအဝင် ရွေးကောက်ပွဲ ကာကွယ်တားဆီးဥပဒေ ဖြင့်ဖမ်းဆီးခံရသူ အချို့ လွတ်ငြိမ်းချမ်သာခွင့်ဖြင့် လွတ်မြောက်ခဲ့ခြင်း 

▪️ဧပြီ (၃၀)  နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) ၏ အစီအရင်ခံစာအရ မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်အခြေအနေမှာ အဆင့် (၁၆၆) တွင် ရောက်နေ ခဲ့ခြင်း

▪️ဧပြီ (၃၀) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၄) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်စဉ်များ ဖြစ်ပွါးခဲ့ပါတယ်။ 


Report Page