Digital Repression

Digital Repression

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ

▪️နိုဝင်ဘာ (၂)  ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်ရေး ပြင်းထန်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်း

▪️နိုဝင်ဘာ (၃)  လောက်ကိုင်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်ခြင်း

▪️နိုဝင်ဘာ (၅)  ကောလင်းမြို့ကို လျှပ်စစ်မီး ဖြတ်တောက်ထားသလို ဖုန်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ခဲ့ခြင်း

▪️နိုဝင်ဘာ (၁၀)  မွန်ပြည်နယ်တွင် လူမှုကွန်ရက် အသုံးပြုသူမျာအား ဖမ်းဆီးမှု ပိုမိုများပြားလာခြင်း

▪️နိုဝင်ဘာ (၁၀)  မန္တလေးတွင် ပေါ်တာဆွဲနေသည်ဟု လူမှုကွန်ယက်တွင် ရေးသားသူ (၁၂) ဦး ဖမ်းဆီးခံရခြင်း

▪️နိုဝင်ဘာ (၁၁)  လူမူကွန်ယက်တွင်ရေးသားသူ (၄) ဦးအား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည်ဆိုကာ ဖမ်းဆီးအရေးယူခဲ့ကြောင့် MOI ကြေငြာခဲ့ခြင်း

▪️နိုဝင်ဘာ (၁၃)  ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် (၁၈) ခုလုံးတွင် ဖိုက်ဘာအင်တာနက်နှင့် မိုဘိုင်းအင်တာနက်လိုင်းများ ပြတ်တောက်ခြင်း

▪️နိုဝင်ဘာ (၁၃)  ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအားလုံးကို စစ်ကောင်စီဘက်မှ ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း

▪️နိုဝင်ဘာ (၁၅) လူမှုကွန်ယက် အကောင့်များမှ ပြောဆိုရေးသားမှုများနှင့် ပါသက်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တွင် နေထိုင်သူအမျိုးသမီးတစ်ဦးစီအား ဖမ်းဆီးထိန်းသိမ်းကြောင်း စစ်ကောင်စီထုတ်ပြန်ခဲ့ခြင်း

▪️နိုဝင်ဘာ (၁၆)   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုနယ်ရှိ  ရိုးမ (Yoma) ဘဏ်ခွဲအား  အင်တာနက်လိုင်း အခက်အခဲများကြောင့် ယာယီပိတ်ထားမည်ဟု ယင်းဘဏ်မှ ကြေငြာခဲ့ခြင်း

▪️နိုဝင်ဘာ (၁၉) စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသော မြို့နယ် ၅ ခုတွင် အမေရိကန်ဒေါ်လာ ၅ သိန်း အသုံးပြု၍ အင်တာနက် ကောင်းမွန်စွာ သုံးနိုင်ရေး ဆောင်ရွက်မည်ဟု NUG ဆက်သွယ်ရေး ဝန်ကြီးပြောဆိုခဲ့ခြင်း

▪️နိုဝင်ဘာ (၂၁)  တိုက်ပွဲတွေ ဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ကျေးရွာပေါင်း  ၂၀ လောက်တွင် ဖုန်းလိုင်းများ ပြတ်တောက်ခြင်း

▪️နိုဝင်ဘာ (၂၂) ကရင်နီ(ကယား)ပြည် လွိုင်ကော်တွင် ဖုန်းလိုင်းအားလုံး ဖြတ်တောက်ထားခြင်း

▪️နိုဝင်ဘာ (၂၂) နိုင်ငံအတွင်း ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများ တရားမဝင်သုံးစွဲနေသဖြင့် လိုင်စင်ရယူရန် လိုအပ်ဟု ပို့/ဆက်ဝန်ကြီးဌာန အသိပေးခဲ့ခြင်း

▪️နိုဝင်ဘာ (၂၂) ဖုန်းလိုင်းဖြတ်တောက်ခံနေရတဲ့ ကရင်နီပြည်မှာ ပထမဦးဆုံး တော်လှန်စီးပွားအဖြစ် Starlink အင်တာနက် ကဖေးဖွင့်လှစ်ခဲ့ခြင်း

▪️နိုဝင်ဘာ (၂၈) စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁) ရက်နေ့မှ (၂၈) ရက်နေ့အတွင်း အွန်လိုင်းပေါ်မှ ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ (၆၁) ဦးရှိခဲ့ခြင်း

▪️နိုဝင်ဘာ (၂၉)   ဦးသိန်းစိန် အစိုးရလက်ထက် ​ပြန်​ကြား​ရေးဝန်​​​ကြီး​ဟောင်း ဦးရဲထွဋ်အား ၎င်း၏လူမှုကွန်ယက်​ပေါ်တွင် ​​​ပြောဆို​ရေးသားမှုများ​ကြောင့် ​ထောင် (၁၀)နှစ်ချခဲ့ခြင်း တို့ပဲဖြစ်ပါတယ်...

Report Page