Digital Repression
၂၀၂၃ ခုနှစ် အောက်တိုဘာလ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
▪️အောက်တိုဘာ (၃) မော်လမြိုင်အပါအဝင် မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ခြင်း
▪️အောက်တိုဘာ (၄) Freedom House ၏ Freedom on the Net အစီအရင်ခံစာရအ မြန်မာနိုင်ငံသည် အင်တာနက်လွပ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်ဖော်ပြခံခဲ့ရခြင်း
▪️အောက်တိုဘာ (၄) သံလွင်တိုင်း သတင်းဋ္ဌာန၏ ဖော်ပြချက်အရ နှစ်လအတွင်း အွန်လိုင်းပေါ်ဝေဖန်တဲ့ အကောင့်ပိုင်ရှင် ၁၀၀ ကျော် ဖမ်းဆီးအမှုဖွင့်ခံရခြင်း
▪️အောက်တိုဘာ (၄) ဇန်လန်းသတင်းဋ္ဌာန၏ ဖော်ပြချက်အရ ချင်းပြည်နယ် တီးတိန်မြို့တွင် မိုဘိုင်းအင်တာနက်လိုင်းများ ပြန်လည်ဖွင့်ထားခဲ့ခြင်း
▪️အောက်တိုဘာ (၇) ရေကြည်မြို့တွင် မီတာပုံးဖြုတ်သိမ်းခံရမှုကို မကျေနပ်၍ လူမှုကွန်ယက်ပေါ် ရေးတင်သည့် ကျောင်းဆရာမ ၁၀ ဦး ဖမ်းဆီးခံခဲ့ရခြင်း
▪️အောက်တိုဘာ (၇) အင်တာနက် အွန်လိုင်းပေါ်မှတဆင့် တရားမဝင်စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံထဲမှ တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ရခြင်း
▪️အောက်တိုဘာ (၈) လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာခဲ့ခြင်း
▪️အောက်တိုဘာ (9) ဧရာ၀တီတိုင်း မြို့နယ်သုံးခုမှာ PDF စွပ်စွဲချက်နဲ့ အဖမ်းခံရသူတွေများလာ
အောက်တိုဘာ (၁၀) SIM Card များ စနစ်တကျ မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး အသိပေးကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ခြင်း
▪️အောက်တိုဘာ (၁၆) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းကစပြီး အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းအထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း
▪️အောက်တိုဘာ (၁၇) စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော် မြို့နယ်များတွင်အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ထားခဲ့ခြင်း
▪️အောက်တိုဘာ (၁၈) စစ်ကောင်စီကို ဆက်သွယ်ရေးပစ္စည်းများ ရောင်းချခဲ့သည့် ND SatCom GmbH အမည်ရှိ ဂျာမန်ကုမ္ပဏီအား ဂျာမနီနိုင်ငံ၊ ရေ့စ်ဘင်စဘာ့ဒ်မြို့ရှိ အစိုးရရှေ့နေရုံးမှ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ခြင်း
▪️အောက်တိုဘာ (၂၀) စစ်ကိုင်းဘက်နေရာအတော်များများတွင် Atom ဖုန်းများဖြင့် အင်တာနက် ပြန်လည်သုံးစွဲနိုင်။ တန့်ဆည်တွင် MPT ဖုန်းဖြင့် အင်တာနက် ပြန်လည်အသုံးပြုနိုင်ခဲ့ခြင်း
▪️အောက်တိုဘာ (၂၁) ဧရာ၀တီတိုင်း၊ ဘိုကလေးမြိုတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ယက်(facebook)တွင် ရေးသားသည်ဟုစွပ်စွဲကာ အမျိုးသား ၂ ဉီးအားဖမ်းဆီးခဲ့ခြင်း
▪️အောက်တိုဘာ (၂၁) နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များအား စစ်ကောင်စီ ဆက်တိုက်ကောက်ယူမှုများပြုလုပ်နေခြင်း
▪️အောက်တိုဘာ (၂၄) အောက်တိုဘာ (၂၀) မှ (၂၄) ရက်အတွင်း လူမှုကွန်ယက်မှတဆင့် စစ်ကောင်စီကို ဝေဖန်သူ (၉) ဦး ဖမ်းဆီးခံခဲ့ရခြင်း
▪️အောက်တိုဘာ (၂၇) မြင်းမူမြိုနယ် နေရာတော်တော်များတွင် ည (၁၁) နာရီ ဝန်းကျင်မှ စတင်ပြီး Ooredoo ဖုန်းလိုင်းများပြက်တောက်ခဲ့ခြင်း
▪️အောက်တိုဘာ (၂၉) ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်ခြင်း
▪️အောက်တိုဘာ (၂၉) ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူခဲ့သော ဦးရဲထွဋ်အား ၎င်း၏ ဆိုရှယ်မီဒီယာ ပိုစ့်များကြောင့် ဖမ်းဆီးခြင်း
▪️အောက်တိုဘာ (၂၉) စစ်တွေ အခြေစိုက် DMG သတင်းဌာနအား စစ်ကောင်စီက ဝင်ရောက်စီးနင်း၊ သတင်းထောက် တစ်ဦးနှင့် ညစောင့်တစ်ဦးအား ဖမ်းဆီးသွားခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။