Digital Repression

Digital Repression


၂၀၂၃ ခုနှစ် သြဂုတ်လ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ

============================

▪️ဩဂုတ် (၁)  ဗန်းမောက်မြို့နယ်အတွင်း ဝန်ဆောင်မှုပေးနေသော (MPT) အပါအဝင် ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခြင်းများ ထပ်မံပြုလုပ်ပါက ၎င်းတို့ပိုင် အခြေခံအဆောက်အုံများ အပေါ် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု Banmauk Revolution Facebook စာမျက်နှာမှ ထုတ်ပြန်ခဲ့ခြင်း

▪️ဩဂုတ် (၃)  ပေါင်မြို့နယ်တွင် (Biometric) ဒေတာ အချက်အလက်များ ဆက်လက်ကောက်ယူခြင်း

▪️ဩဂုတ် (၅) စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းနှင့် မိသားစုဝင်များကို ပန်းရောင် မှတ်ပုံတင်ကဒ်မှ စမတ်ကဒ် ပုံစံပြောင်း လုပ်ဆောင်ပေးရန် စစ်ကောင်စီ ကြိုးစားနေခြင်း

▪️ဩဂုတ် (၅)  တယ်လီကွန်များမှ ဝန်ဆောင်မှု ပေးသည့် SMS စာတိုပေးပို့မှုမှတဆင့် ငွေကြေးလိမ်လည်ရန် ရည်ရွယ်သည့် လင့် (Link) များပါဝင်သည့် စာတိုများပျံ့နှံ့ခဲ့ခြင်း

▪️ဩဂုတ် (၈)  ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းမ၊ လှည်းတန်းစိန်ဂေဟာရှေ့နှင့် ဆင်မလိုက်လမ်းဆုံ၊ လူကူးတံတားပေါ်တို့တွင် အကြမ်းဖက်စစ်တပ်နှင့် ရဲ၊ အရပ်ဝတ်များမှ ဖြတ်သွားဖြတ်လာ ပြည်သူများကို ဖုန်း၊ အိတ်၊ ထီးနီပါမပါ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း

▪️ဩဂုတ် (၈)  ပဲခူးတိုင်း၊ ဖြူးမြိုနယ် ၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းချိန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းအချိန်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်တပ်က ဖြတ်တောက်ထားခဲ့ခြင်း

▪️ဩဂုတ် (၁၄)  မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း၈၀နှင့် ၈၁ လမ်းကြား၊ လမ်း ၃၀ ပေါ်ရှိ အောင်မြန်မာ စာရေးကိရိယာဆိုင်ပိုင်ရှင် မဲခေါင်သတင်းဌာန၏ သတင်းတပုဒ်တွင် Comment ရေးခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ပို့စ်များ Share ခြင်း၊ ရေးသားခြင်းများ ပြုလုပ်နေသည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်တွင် သြဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေရေးသားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်အပါ အမျိုးသမီး ၄ ဦး ဖမ်းဆီးခံရခဲ့ခြင်း

▪️ဩဂုတ် (၁၅)  BBC သတင်းဋ္ဌာန၏ ဖော်ပြချက်အရ စစ်ကောင်စီကို ပုတ်ခတ်ရေးသားခြင်း၊ PDF များကို အားပေးစကားရေးသားခြင်း၊ PDF သင်းတန်းဆင်းဖြစ်ခြင်း၊ အာဏာသိမ်းမှု ဆန့်ကျင်ခြင်း စသည့် အကြောင်းအရာများဖြင့် ဖမ်းဆီခံရသူ ဩဂုတ်လအတွင်း (၂၉) ဦးထက်မနဲ ရှိနေပြီး အမျိုးသမီး (၇) ထက်မနည်းပါဝင်ခြင်း၊ အမျိုးသမီးအားလုံးမှာ လူမှုကွန်ရက်တွင် မှတ်ချက်ရေးသားမှုများကြောင့် ဖမ်းဆီးခံရခဲ့ခြင်း

▪️ဩဂုတ် (၁၆) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Biometric အချက်အလက်များကို ဦးတည်အုပ်စုများ အလိုက်ကောက်ယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၀ ရက်အထိ လူဦးရေ ခုနစ်သိန်းကျော် ကောက်ယူပြီးစီးထားခဲ့ခြင်း

▪️ဩဂုတ် (၁၆)  ကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော်ကို e-ID Server အတွင်း ဖြည့်သွင်းပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်း ရရှိမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်း

▪️ဩဂုတ် (၁၆)  စစ်တပ် အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ နေရပ်လိပ်စာ၊ ဓာတ်ပုံများနှင့်တကွတင်ကာ ဖမ်းဆီးရန် လှုံ့ဆော်မှုများကြောင့် မန္တလေးမြို့တွင် သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ ဖမ်းဆီးခံရသူ ၁၆ ဦးထိ ရှိလာခဲ့ခြင်း

▪️ဩဂုတ် (၁၉)  ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် ပြည်သူ လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူ ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော "ဘာမှမမျှော်လင့်နဲ့" (Don’t expect anything!) အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းအား Isi Dhamma YouTube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇာတ်လမ်းပါဝင်သူ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်း

▪️ဩဂုတ် (၁၉)  Business To Business(B2B) ပလန်လျှောက်ထားပေးမည်ဟု ကြော်ငြာထားသည့် ဆိုရှယ်မီဒီယာ စာများနှာများမှနေ၍ လာရောက်ဆက်သွယ်သူများအား Andy Desk၊ Team Viewer စသည့် Application များအား မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများထဲသို့ ထည့်သွင်းခိုင်းပြီး KBZ Pay၊ Wave Pay များမှ ငွေကြေးများ ခိုးယူ

▪️ဩဂုတ် (၂၃) စစ်တပ်မှ အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်သည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီကို ဝေဖန်ပြောဆိုခဲ့သော Hip Hop အဆိုတော် ဗျူဟာအား အင်းစိန် စစ်ခုံရုံးမှ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ခြင်း

▪️ဩဂုတ် (၂၄) စစ်ကောင်စီက မှတ်ပုံတင်ရှိသူတိုင်း စမတ်ကဒ်ပြုလုပ်ရန် ဖိအားပေးလျက်ရှိပြီး မပြုလုပ်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း

▪️ဩဂုတ် (၂၉) ရိုဟင်ဂျာတွေအပေါ် ဆန့်ကျင်တဲ့ အမုန်းတရားဖြန့်ဝေတာတွေ ဟန့်တားရာမှာ Facebook အနေဖြင့် အချိန်မီဟန့်တားနိုင်ခြင်းမရှိဟုဆိုကာ ရိုဟင်ဂျာများမှ အိုင်ယာလန်နိုင်ငံတွင် Meta Company အား တရားစွဲဆိုခဲ့ခြင်း တို့ပဲဖြစ်ပါတယ်။


Report Page