Digital Repression
မေလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ 
◾️မေလ (၁) အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီ ပိတ်ပင်ခဲ့ခြင်း
◾️မေလ (၃) NUG က “စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်” ထုတ်ပြန်ခဲ့ခြင်း
◾️မေလ (၃) လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ သတင်းမီဒီယာကျင့်ဝတ်ထုတ်ပြန်ခဲ့ခြင်း
◾️မေလ (၃) ၂၀၂၄ ခုနှစ် RFS မီဒီယာညွှန်းကိန်းအရ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်သည့် နိုင်ငံပေါင်း (၁၈၀) အနက် (၁၇၁) နိုင်ငံတွင် ရပ်တည်နေခဲ့ခြင်း
◾️မေလ (၄) ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာ သိမ်းခံရပြီးနောက်စစ်ကောင်စီက သတင်းသမားများစွာကို ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ သတင်းသမား (၅၂) ဦးမှာ အကျဉ်းထောင်များတွင် ရှိနေပြီး သတင်းမီဒီယာ (၁၉) ခု လိုင်စင်ရုပ်သိမ်းခံခဲ့ရကြောင်း လွတ်လပ်သော သတင်းမီဒီယာ ကောင်စီ (IPCM) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ခြင်း
◾️မေလ (၆) DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းအား ယခင်ဖွင့်ထားသည့် ဆက်သွယ်ရေးဥပေဒပုဒ်မကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့် ပြောင်းလဲ အမှုဖွင့်ခဲ့ခြင်း
◾️မေလ (၆) မကွေးတိုင်း ပေါက်မြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း
◾️မေလ (၈) ထားဝယ်ခရိုင်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများလည်း မကြာခဏ ပြတ်တောက်နေခဲ့ခြင်း
◾️မေလ (၉) မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ပြကွင်းပြကွက်ပါသည့် ထုတ်လုပ်ပြသမှုများအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ (၃၃) ဖြင့် အရေးယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြေငြာခဲ့ခြင်း
◾️မေလ (၁၀) ရွှေကုက္ကိုလ်ကို ပေးထားသော ဖုန်းနှင့် အင်တာနက်လိုင်းများကို ထိုင်းဘက်က ဖြတ်တောက်ခဲ့ခြင်း
◾️မေလ (၁၀) မိုဘိုင်းဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့မြို့နယ် ကိုးဆယ်နီးပါးရှိနေဟု အသံအဖွဲ့မှပြောခဲ့ခြင်း
◾️မေလ (၁၃) UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရ မည်ဟု လဝက အသိပေးကြေညာခဲ့ခြင်း
◾️မေလ (၁၄) ပြည်ပထွက်ခွာသူများအနေဖြင့် UID နံပါတ်များ ပြုလုပ်ထားကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက) မှ ကြေငြာခဲ့ခြင်း
◾️မေလ (၁၅) “အချစ်ခံကြည့်”သီချင်း သရုပ်ဆောင် သရုပ်ဆောင်ဗညားဘုန်းပြည့်နဲ့ရွှေဆုတို့ကိုတော့ ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း
◾️မေလ (၁၇) KeepItOn အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံ၏ အင်တာနက်ဖြတ်တောက်မှုသည့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ဒုတိယ အများဆုံးဖြစ်ခဲ့ခြင်း
◾️မေလ (၂၁) သံတွဲကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက် ဖြတ်ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်ခဲ့ခြင်း
◾️မေလ (၂၂) ပြည်တွင်းပြည်ပ ခရီးသွားလာမှုများတွင် EID ကဒ်များ ပြသရန် ဖိအားပေးလာမှုကြောင့် EID ကဒ်များ ပိုမို လုပ်ဆောင်လာကြခဲ့ခြင်း
◾️မေလ (၂၂) အရှေ့တောင်အာရှဒေသတွင်း အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေမှာ စောချစ်သူဦးဆောင်တဲ့ ကရင် BGF/KNA က တာ၀န်ရှိကြောင်း Justice for Myanmar (JFM) က ထုတ်ပြန် ခဲ့ခြင်း
◾️မေလ (၂၄) ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်အပါအဝင် ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတချို့ ပြတ်တောက်ခဲ့ခြင်း
◾️မေလ (၂၅) အမေရိကန် ဒေါ်လာအပါအဝင် Digital ငွေကြေးများအား တရားမဝင် ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများပြုလုပ်ပါက ငွေကြေးခဝါချမှုဥပဒေအပါအဝင် အခြားငွေကြေးဥပဒေများဖြင့်ပါ အရေးယူမည်ဟု ဗဟိုဘဏ် ကြေငြာခဲ့ခြင်း
◾️မေလ (၂၇) လူမှုကွန်ယက်စာမျက်နှာမှတဆင့် ငွေလွှဲလုပ်ငန်း လုပ်ဆောင်နေသည့် Page (16) ခုအား အရေးယူရန် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ထုတ်ပြန်ခဲ့ခြင်း
◾️မေလ (၂၉) မြန်မာနိုင်ငံ နယ်စပ်ဒေသ ငွေလိမ်လုပ်ငန်းတွေမှာ Starlink အသုံးပြုမှုတွေရှိခဲ့ခြင်း
◾️မေလ (၂၉) ဝိုင်းမော်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်း
◾️မေလ (၃၀) Online Social Media Platform များဖြစ်သည့် Facebook၊ Viber ၊ Telegram မှ ID အတုများဖြင့် ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေသောကြောင့် ငွေလဲနှုန်း မတည်ငြိမ်ဖြစ်ဟု ဗဟိုဘဏ်မှ စာထုတ်ခဲ့ခြင်း
◾️မေလ (၃၀) Online Social Media Platform များဖြစ်သည့် Facebook၊ Viber ၊ Telegram မှ ID အတုများဖြင့် ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေသောကြောင့် ငွေလဲနှုန်း မတည်ငြိမ်ဖြစ်ဟု ဗဟိုဘဏ်မှ စာထုတ်ခဲ့ခြင်း
◾️မေလ (၃၀) VPN များ သုံးစွဲမရစေရန် စစ်ကောင်စီ စတင်ပြုလုပ်ခဲ့ခြင်း
◾️မေလ (၃၁) ကချင်ပြည်နယ်မှာ Atom (Telenor) နဲ့ Ooredoo ဖုန်းလိုင်းပြတ်တောက်ခဲ့ခြင်း
◾️မေလ (၃၁) ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၆) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖိနှိပ်မှုဖြစ်စဉ်တွေပါဝင်ခဲ့ပါတယ်။