Digital Repression

Digital Repression

၂၀၂၄ ခုနှစ် ဧပြီလအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ


▪️ဧပြီ (၂)  ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ ဖုန်းအော်ပရေတာ လိုင်းတချို့ ပြန်လည်ပြတ်တောက်ခဲ့ခြင်း

▪️ဧပြီ (၄)  မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော တေးသီချင်းဗီဒီယိုများကို  လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိ MOI ကြေငြာခဲ့ခြင်း

▪️ဧပြီ (၅)  တယ်လီနောအနေဖြင့် ၎င်း၏ လက်လွှဲရောင်းချမှု အစီအစဉ်အား ကသုတ်ကယက်ဖြင့် လုပ်ဆောင်ခဲ့ရခြင်းကြောင့် အရှုံးပေါ်ဟုဆိုကာ တရားစွဲဆိုရန်ပြင်ဆင်ခဲ့ခြင်း

▪️ဧပြီ (၅)  ဘီယာဗိုက် တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေ နှင့် အခြားသက်ဆိုင်သူများအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က) ဖြင့် အမှုဖွင့်ခဲ့ခြင်း

▪️ဧပြီ (၅)  နယ်စပ်ဖြတ်သန်း သွားလာသူများ မှတ်ပုံတင်အပြင် UID လက်မှတ် ပါမှသာ နယ်စပ်ဖြတ်သန်း လက်မှတ်များ ပြုလုပ်ပေးတော့မည်ဟု စစ်ကောင်စီက အသိပေး ကြေညာခဲ့ခြင်း

▪️ဧပြီ (၅)   မလေးရှားအခြေစိုက် တာဝါတိုင် ဝန်ဆောင်မှု ကုမ္ပဏီ Axiata Group မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်ခြင်း

▪️ဧပြီ (၆)  မြ၀တီမြို့တွင် မြန်မာဖုန်းလိုင်းများအားလုံး ပြတ်တောက်ခဲ့ခြင်း

▪️ဧပြီ (၈)  စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို ဖုန်းနှင့်အင်တာနက်လိုင်း ပြတ်တောက်ထားခဲ့ခြင်း

▪️ဧပြီ (၉)  ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အင်တာနက်လိုင်း ပြတ်တောက်မှု ပိုမိုဆိုးရွားလာခဲ့ခြင်း

▪️ဧပြီ (၁၀) MPT နှင့်ဖက်ဆက်လုပ်ကိုင်နေသည့် ဂျပန်ဆက်သွယ်ရေး လုပ်ငန်းစု KDDI အရှုံးပေါ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း

▪️ဧပြီ (၁၅) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အသုံးပြုသည့် Website များ သက်တမ်းကုန်ဆုံးကာ ဝင်​ရောက်ကြည့်ရှုမရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့လာခြင်း

▪️ဧပြီ (၁၅)  စစ်ကောင်စီ စာသင်ကျောင်းများတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားများသည် ပြည်သူ့အခြေပြုကျောင်းတွင် ကျောင်းပြောင်းပညာသင်လိုပါက ဒဏ်ကြေးပေးဆောင်ရမည်ဟု ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့ ကြေညာခဲ့ခြင်း

▪️ဧပြီ (၁၆)  မီဒီယာ လွတ်လပ်ခွင့်အပေါ် ဝိရောဓိ ဖြစ်စေသည့် အချက်အလက်များပါဝင်သည့် မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်ကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့ခြင်း

▪️ဧပြီ (၁၇ ) ပေါက်မြို့ရှိ ပင်မ MPT ရုံးတွင် ဆီပြတ်လတ်ပြီး မင်းတပ်မြို့ပေါ်နှင့်  နယ်ဘက်များ၊ ကျောက်ထုနှင့် ယောနယ်များ  တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း

▪️ဧပြီလ (၂၀) CDM စာရင်းပါသူများအား တာချီလိတ်အမှတ်(၁) တံတားမှ ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ခြင်း

▪️ဧပြီလ (၂၁) ပြင်ပ သတင်းမီဒီယာများ သတင်းရယူခြင်း နှင့်ပါတ်သက်၍ အသိပေးကြေငြာချက် KNU ထုတ်ပြန်ခဲ့ခြင်း

▪️ဧပြီလ (၂၂) နိုင်ငံဒေသအချို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်ခံထားရချိန် MPT နှင့် တရုတ်ကုမ္ပဏီ(XH Smart Tech)တို့ ပေါင်း၍ eSIM ဝန်ဆောင်မှု ပေးမည်ဆိုခဲ့ခြင်း

▪️ဧပြီလ (၂၂) တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ ကရင် ပြည် နယ်သို့ ရွှေ့ပြောင်းနေကြောင်း USIP ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်း

▪️ဧပြီလ (၂၇) ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံများမှ MPT Roaming ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေပြီး ထိုသို့ ဖြစ်ရခြင်းမှာ SE-ME-WE5 ချို့ယွင်းချက်ကြောင့်ဟု MPT မှဆိုခဲ့ခြင်း

▪️ဧပြီလ (၂၇) လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီမှ စစ်ပွဲဖြစ်ပွားနေရာ တိုင်းရင်းသားနယ်မြေနှင့် ဒေသအသီးသီးတွင် သတင်းသမားများ၏ လုံခြုံရေး သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာသတင်းရယူခွင့်ကိုတိုက်တွန်းသည့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း

▪️ဧပြီလ (၂၈) "စောင့်ပတ်"သီချင်းနှင့်"စကားလေးတစ်ခွန်းပဲဖြေ ချစ်လား" သီချင်းနှင့်သက်ဆိုင်သူ အားလုံးကို အီလက်ထရောနစ် ဆက်သွယ်‌ဆောင်ရွက်ရေးဥပဒေဖြင့်အမှုဖွင့်အရေးယူ

ခဲ့ခြင်း

▪️ဧပြီလ (၃၀)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၀) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိ်ပ်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါတယ်။ 




Report Page