Digital Repression
၂၀၂၄ ခုနှစ် မတ်လအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
▪️မတ်လ (၁) မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်ရှိ မြို့အားလုံးနီးပါး တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း
▪️မတ်လ (၂) မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ထိုင်းနိုင်ငံ ရနောင်းဘက်မှ ဖြန့်ကျက် ရောင်းချထားသည့် တရားမဝင် အင်တာနက် Wifi များအား ထိုင်းစစ်တပ်နှင့်ရဲအပါအဝင် ပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီးခဲ့ခြင်း
▪️မတ်လ (၂) ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ပြီး Mobile Data နှင့် Wifi အင်တာနက်လမ်းကြောင်း လိုင်းကျမှုများဖြစ်ပေါ်ခဲ့ခြင်း
▪️မတ်လ (၂) မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ကျေးရွာပေါင်း ၂၀ ခန့်တွင် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ (၂) လခန့် ရှိလာခြင်း
▪️မတ်လ (၄) ကလေးတောင်ပိုင်းတွင် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း
▪️မတ်လ (၅) တကောင်းမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေခဲ့ခြင်း
▪️မတ်လ (၈) ရှမ်းပြည်နယ် တောင်ပိုင်း ၊ ပအိုဝ်း ဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းတွေကို ပိုပြီး ရင်ဆိုင်လာရဟု တောင်ကြီးနွေဦး တယ်လီဂရမ်ချန်နယ်မှ ဖော်ပြခဲ့ခြင်း
▪️မတ်လ (၉) ကျောက်မဲဧရိယာအတွင်း ဆက်သွယ်ရေးတာဝါတိုင်များ ဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းအချို့ သုံးမရဖြစ်နေခဲ့ခြင်း
▪️မတ်လ (၁၁) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့မှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း
▪️မတ်လ (၁၃) အသံအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြို့နယ်ပေါင်း (၈၀) နီးပါး ဖုန်းလိုင်းနှင့်အင်တာနက် ဖြတ်တောက်ခံထားရခဲ့ခြင်း
▪️မတ်လ (၁၃) ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် အသိပေးကြေညာခဲ့ခြင်း
▪️မတ်လ (၁၅) နိုင်ငံကူးလတ်မှတ်များ လျှောက်ထားရာတွင် UID နံပါတ်များပါ ယူဆောင်လာရန် နိုင်ငံကူးလက်မှတ်ရုံးမှ ထုတ်ပြန်ခဲ့ခြင်း
▪️မတ်လ (၁၅) ငွေလဲနှုန်း တည်ငြိမ်မှု မရှိရန် လှုံ့ဆော်နေသည်ဟုဆိုကာ လူမှု ကွန်ယက် စာမျက်နှာအချို့ကို တရားစွဲမည်ဟု စစ်ကောင်ဆီ ဗဟိုဘဏ်မှ ခြိမ်းခြောက်ခဲ့ခြင်း
▪️မတ်လ (၁၇) မြန်မာပြည်သူများနှင့် ဒီမိုကရေစီအရေးအအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့မျာအတွက် အခမဲ့အင်တာနက်ပံ့ပိုးပေးရန် အီလွန်မတ်စ်ကို ယန်ဟီးလီ တောင်းဆိုခဲ့ခြင်း
▪️မတ်လ (၁၈) အမ်းမြို့တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း
▪️မတ်လ (၂၀) တနင်္သာရီမြို့နယ် မောတောင်မြို့တွင် ယခုလကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်မှု ပိုများလာခဲ့ခြင်း
▪️မတ်လ (၂၀) တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် တယ်လီဖုန်းတွေ့ရှိဖြင့်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား စုစုပေါင်း ၂၀ ကျော် ရိုက်နှက် တိုက်ပိတ်ခံရခဲ့ခြင်း
▪️မတ်လ (၂၃) လိုင်စင်ပါစည်းကမ်းဖောက်ဖျက်သည်ဆိုကာ Fiber Link Myanmar၊ Kiss Telecom Group၊ FPT Myanmar နှင့် Myanmar Cyber ကုမ္ပဏီလေးခုအား လိုင်စင်များကို အပြီးရုပ်သိမ်းရန် စစ်ကောင်စီ စီစဉ်ခဲ့ခြင်း
▪️မတ်လ (၂၆) မင်းတပ်၊ ကျောက်ထု နှင့် ရောနယ်များတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေဟု Magway Region Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း
▪️မတ်လ (၂၈) အမုန်းစကားလှုံ့ဆော်မှု မြန်မာစစ်တပ်ပါဝင်တဲ့အထောက်အထား IIMM ထုတ်ပြန်ခဲ့ခြင်း
▪️မတ်လ (၃၁) MOI နှင့် မြန်မာ့အလင်း သတင်းစာ တယ်လီဂရမ်၏ ထုတ်ပြန်မှုများအရ မတ်လအတွင် လူမှုကွန်ယက်တွင် ပြောဆို ရေးသားမှုများကြောင်း ဖမ်းဆီးခံရသူ (၃၀) ခန့်ရှိခဲ့ခြင်း တို့ပဲဖြစ်ပါတယ်။