Digital Repression

Digital Repression

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ



▪️ဖေဖော်ဝါရီ (၁)  Telenor ကုမ္ပဏီအား ဝယ်ယူခဲ့သူ ဖြစ်သည့် ဦးသိန်းဝင်းဇော် (ရွှေဗျိုင်းဖြူ ကုမ္ပဏီ အုပ်စုအား တည်ထောင်သူ)  အမေရိကန်နိုင်ငံ၏ ဆန်ရှင် ချမှတ်ခြင်းခံရခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁)  ရန်ကုန်တွင် အသံတိတ်သပိတ်အား ဖုန်းနှင့် မှတ်တမ်းတင်သည့် လူငယ်အချို့ ဖမ်းဆီးခံရခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၃) Myanmar Tourism Bank (MTB) အနေဖြင့် Mytel Pay နှင့် ပူးပေါင်းက ဒီဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု ပေးရန် လုပ်ဆောင်နေခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၅)  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဘုရင့် နောင်လမ်း (ပင်လုံလမ်းနှင့် တပင်ရွှေထီးလမ်းကြား) ရှိ ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဖယ်ရှားခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၅)  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ကန်စွယ်ကျေးရွာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ကျေးရွာသူ ကျေးရွာသား (၅၀၀) ခန့် ၏ ဖုန်းများအား သိမ်းယူသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ မှ ပြောဆိုခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၆) ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ မြစ်ကျိုး၊ လက်ပံ၊ အညာစု၊ ဆင်ရွာ၊ အထက်ဝိုင်းပတ်ကျေးရွာ များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နေအိမ်များထဲအထိ ဝင်ရောက်ပြီး ဖုန်းများ စစ်ဆေးခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၈)  (၂) လကျော်ကြာ ဖြတ်တောက်ခံထားရသည့် ကွတ်ခိုင်တွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြန်ရခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၉)  မြောက်ခင်ရမ်းရွာမှ မီးရှို့သတ်ဖြတ်ခံရသူများအတွက် အွန်လိုင်းမှ ဆုတောင်ပေးသူ မန္တလေးမြို့မှ အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံရခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၉)  ကောလင်းတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ စစ်တပ်က ဖြတ်တောက်ထားခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၀)  ဦးသိန်းဝင်းဇော် (ရွှေဗျိုင်းဖြူ ကုမ္ပဏီ အုပ်စုအား တည်ထောင်သူ)  အမေရိကန်နိုင်ငံ၏ ဆန်ရှင် ချမှတ်ခြင်းခံရခြင်း မတိုင်မီတင် Atom ရှယ်ယာများကို လွှဲပြောင်းခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၃)  စစ်တွေ မင်းချောင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၆)  ရွေးကောက်ပွဲ ပြုလုပ်ရန် အကြောင်းပြချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊ အမှတ် (၅)ရပ်ကွက် တွင်  smart card များပြုလုပ်ရန်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်း ကောက်ယူခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၁၇)  စစ်တွေမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းအားလုံးဖြတ်တောက်ထားခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၂၀)   ခရီးသွားလာသူများ၏ မိုဘိုင်းဖုန်းများအား စစ်ဆေးရန် စစ်ကောင်စီ၏ “ကျော်စွာ လော်ဘီချန်နယ်မှ လှုံ့ဆော်ခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၁)  ကလေးတောင်ပိုင်းတွင် ဖုန်းလိုင်းများပြတ်တောက်ကြောင်း Sagaing Scout Telegram Channel မှတဆင့် သိရခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၂)  ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံကျွတ် သန်ခေါင်းစာရင်းကောက်ယူပြီး ၂၀၂၄ ဒီဇင်ဘာတွင် ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ရန် စစ်ကောင်စီ စီစဉ်နေခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၂)  ထားဝယ်တွင် နိုင်ငံကူးလတ်မှတ် လျှောက်ထားသူများအား စမတ်ကဒ် လုပ်ဆောင်ရန် စစ်ကောင်စီ ဖိအားပေးခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၂)  ပြီးခဲ့သည့် (၂) နှစ်အတွင်း Facebook ၊ TikTok နှင့် Telegram တို့တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ (၁၅၀၀) နီးပါးရှိကြောင်း Data for Myanmar မှ ဖော်ပြခဲ့ခြင်း 

▪️ဖေဖော်ဝါရီ (၂၇)  Mytel ဝန်ထမ်းမျာအား ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စစ်မှုထမ်းဥပဒေမှ ယာယီ ကင်းလွတ်ခွင့်ပေး ခဲ့ခြင်းတို့ပဲဖြစ်ပါတယ်။ 


Report Page