Digital Repression

Digital Repression

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ


▪️ဇန်နဝါရီ (၄)  စစ်ကောင်စီကိုဆန့်ကျင်သည့် စာသားများ လူမှုကွန်ရက်တွင် တင်သည်ဟုဆိုကာ ဟင်္သာတမြို့ခံ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရခြင်း 

▪️ဇန်နဝါရီ (၄)  အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် အရေးယူခံခဲ့ရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်(နှင့်) မော်ဒယ် နန်းမွေစံ လွတ်ငြိမ်းချမ်းသာဖြင့်ပြန်လည် လွတ်မြောက်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လွတ်မြောက်မှု မရှိခဲ့ခြင်း

▪️ဇန်နဝါရီ (၅) ပုသိပ်မြို့နေရာအချို့တွင် ဂျန်ဘာများ တပ်ဆင်မှုကြောင့် နေရာအချို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုများဖြစ်နေကြောင်း ဧရာဝတီတိုင်းမ် သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း

▪️ဇန်နဝါရီ (၆)  ကွတ်ခိုင်တွင် ဖုန်းလိုင်းမျာပြတ်တောက်နေခဲ့ခြင်း

▪️ဇန်နဝါရီ (၆)  ဂန့်ဂေါမြို့၊ စစ်ကောင်စီတပ်၏ Jumper များတပ်ဆင်ထားသည့် နေရာတွင် ဖုန်းလိုင်းများ မကြာခဏပြတ်တောက်ဟု ယောအလင်းတန်း မှ ဖော်ပြခဲ့ခြင်း

▪️ဇန်နဝါရီ (၉)  ပေါက်နှင့်ထီးလင်းကြားတွင် Fiber ကြိုးများ ပြတ်တောက်ခြင်းကြောင့် ဂန့်ဂေါတွင် MPT  ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ယောအလင်းတန်း ဖော်ပြခဲ့ခြင်း

▪️ဇန်နဝါရီ (၉)  ကလေးမြို့ အချို့နေရာများတွင် MPT နှင့် Atom ဖုန်းလိုင်းများပြန်လည် အသုံးပြု၍ရခဲ့ခြင်း

▪️ဇန်နဝါရီ (၁၀)  ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရာအား NUG နဲ့ KNU တိုက်တွန်းခဲ့ခြင်း

▪️ဇန်နဝါရီ (၁၀)  ဆုရမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ခုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခဲ့ခြင်း

▪️ဇန်နဝါရီ (၁၃)  ဟိုင်းကြီးကျွန်းတွင် မှတ်ပုံတင်စမတ်ကဒ်မပြုလုပ်သည့် ဒေသခံ၅၀ ဦးကျော်ကို စစ်ဆေးရိုက်နှက်ကာငွေတောင်းခဲ့ခြင်း

▪️ဇန်နဝါရီ (၁၄)  ပေါက်တောနဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ အင်တာနက် ပြတ်တောက်ခဲ့ခြင်း

▪️ဇန်နဝါရီ (၁၆)  ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်းနှင့် Mytel ဆက်သွယ်ရေးတစ်ခုသာ ဆက်သွယ်၍ရနေခဲ့ခြင်း

▪️ဇန်နဝါရီ (၁၆)  အင်တာနက်ပေါ်တွင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုများနှင့် လိင်အသားပေး ကိစ္စများတင်ခြင်းအပေါ် အရေးယူရန် စစ်ကောင်စီ ကော်မတီတစ်ရပ်ဖွဲ့စီး​ ၂၄ နာရီ စောင့်ကြည့်ရန် လုပ်ဆောင်နေ

▪️ဇန်နဝါရီ (၁၉)  မင်းအောင်လှိုင် ရာထူးမှ ဆင်းရန်တောင်းဆိုသည့် ပေါက်ကိုယ်တော်ကို စစ်ကောင်စီစစ်‌ဆေးပြီးပြန်လွှတ်ခဲ့ခြင်း  

▪️ဇန်နဝါရီ (၁၉)  ကောလင်းတွင် ဖုန်း Wifi များ ပြန်ရနေသဖြင့် ဝန်ဆောင်မှု ပေးသူများကို စိစစ်ဖော်ထုတ်ရန် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွင်ရေးသားခဲ့ခြင်း

▪️ဇန်နဝါရီ (၂၀)  ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ အင်တိုက်အားတိုက်ကျူးလွန်ရန် စစ်ကောင်စီ ပြင်ဆင်နေဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ခဲ့ခြင်း

▪️ဇန်နဝါရီ (၂၂)  မိုးမိတ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

▪️ဇန်နဝါရီ (၂၄)  ရန်ကုန်တွင် လျှပ်စစ်မီး ပျက်တောက်မှုကြောင့် အင်တာနက်လိုင်းများ ပိုမိုပြတ်တောက်လာခြင်း

▪️ဇန်နဝါရီ (၂၅)  ရခိုင်ပြည်နယ် အနှံ့တွင် အင်တာနက် ဖြတ်တောက်ခံရပြီး ဘဏ်လုပ်ငန်းများ ရပ်ဆိုင်း နေခဲ့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ 




Report Page