Digital Repression

Digital Repression

နွေဦးလုံခြုံရေး

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ

▪️ဒီဇင်ဘာ (၁) ပလက်ဝမြို့နယ်တစ်ခုလုံးတွင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရခြင်း

▪️ဒီဇင်ဘာ (၂)  မူဆယ်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း

▪️ဒီဇင်ဘာ (၃) မုန်းမြို့တွင် MPT အင်တာနက် ၊ ဖုန်းလိုင်း နှင့် လျှပ်စစ်မီးများ ပြတ်တောက်နေခဲ့ခြင်း

▪️ဒီဇင်ဘာ (၃) ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်ရှိ နည်းပညာအထောက်အကူပြုဌာန ဖြစ်သည့် Team ZNETကထန်တလန်မြို့တွင် အင်တာနက်ကွန်ရက်ကို ပြည်သူ့အုပ်ချုပ်ရေးဌာနအချို့သို့ စတင်ပံ့ပိုးခြင်း 

▪️ဒီဇင်ဘာ (၃) ဒီမောဆိုးမြို့နယ် အနောက်ဘက်ခြမ်းရှိတာဝါတိုင်များတွင် လည်ပါတ်ရန် ဆီမလုံလောက်သဖြင့် တစ်နေ့တွင် ပျမ်းမျှ အင်တာနက်နှင့် ဖုန်း (၆) နာရီသာ ရရှိခဲ့ခြင်း

▪️ဒီဇင်ဘာ (၅) ရခိုင်သတင်းဌာနများ၏ သတင်းများအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်း ပြုလုပ်ပါက အရေးယူမည်ဟုဆိုခဲ့ခြင်း

▪️ဒီဇင်ဘာ (၆) စစ်ကိုင်း၊ မကွေး၊ ကရင်နီနဲ့ ကရင်ပြည်အတွင်း မြို့နယ်(၄၀)ကျော်က (၆၁)နေရာမှာ ကိုယ်ပိုင် အင်တာနက် တပ်ဆင်ပြီးလို့ NUG နည်းပညာ ဝန်ကြီးပြောကြားခဲ့ခြင်း

▪️ဒီဇင်ဘာ (၆) တောင်ကြီးမြို့တွင် MPT ဖုန်းလိုင်များ ညပိုင်း ပြတ်တောက်ခဲ့ခြင်း

▪️ဒီဇင်ဘာ (၇) ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

▪️ဒီဇင်ဘာ (၉) စစ်တပ်ထောက်ခံ သတင်းဋ္ဌာန တစ်ခုဖြစ်သည့် Myanmar National Post မှ Facebook အား ပိတ်ပင်ရန် လှုံ့ဆော်ခဲ့ခြင်း

▪️ဒီဇင်ဘာ (၁၁) ဖုန်းတာဝါတိုင်များတွင် စက်သုံးဆီပြတ်လပ်ပြီး ကျောက်တော်မြို့နယ်တွင် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

▪️ဒီဇင်ဘာ (၁၇) ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း

▪️ဒီဇင်ဘာ (၁၉) တာဝါတိုင်များတွင် ဆီမဖြည့်နိုင်သည့်အတွက် ရခိုင် ကျေးလက်ဒေသများတွင် ဖုန်းလိုင်း ၉၀ ရာခိုင်နှုန်းကျော် အသုံးပြု၍ မရဖြစ်နေခြင်း

▪️ဒီဇင်ဘာ (၂၃) သံဖြူဇရပ်မြို့နယ်ရှိ အမျိုးသား လေးဦးအား လူမှုကွန်ယက်တွင် အကြမ်းဖက်မှု အားပေးလှုံဆော်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်သည်ဆိုကာ စစ်အုပ်စုမှ ဖမ်းဆီးခဲ့ခြင်း

▪️ဒီဇင်ဘာ (၂၅) NUG နွေဦးဘဏ်၏ မန္တလေးမြို့ ဆက်ဆံရေးမန်နေဂျာ “ပန်ထွာ” ဆိုသူ ဖမ်းဆီးခံရပြီး ၎င်းအမျိုးသမီးနဲ့ ချိတ်ဆက်ပြီး ဝယ်ယူထား သူတွေရဲ့ Kpay အကောင့်တွေနဲ့ AYA ဘဏ် အကောင့်များအား စစ်အုပ်စုမှ လိုက်လံ စုံစမ်းနေခဲ့ခြင်း

▪️ဒီဇင်ဘာ (၂၇) နမ္မတူတွင် အင်တာနက် နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း

▪️ဒီဇင်ဘာ (၂၉) ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်မှစတင်၍ “မဲခေါင်သတင်း(Mekong News)”သတင်းအေဂျင်စီ၏လုပ်ငန်းလိုင် စင်အား ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၂၉)ရက်တွင် ကြေညာ ခဲ့ခြင်း

▪️ ဒီဇင်ဘာ (၃၀)  ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ နမ့်တွေရွာ ဘက်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း

▪️ ဒီဇင်ဘာ (၃၁)  နတ်သံကွင်း၊ ပဲနွယ်ကုန်းနဲ့ မုန်းဒေသတဝိုက်အပါအဝင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသ နေရာအများအပြားမှာ အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း တို့ဖြစ်ပါတယ်။



Report Page