Digital Repression - July

Digital Repression - July

ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ (2024 ခုနှစ် ဇူလိုင်လ)

◾️ဇူလိုင်(၁)  မိုးကုတ်တွင် စစ်ပွဲကြောင့် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း

◾️ဇူလိုင်(၁)  မြစ်ကြီးနားမြို့တွင်ရေကြီးပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း

◾️ဇူလိုင်(၁)  ပြည်ပ အခြေစိုက် မီဒီယာများဖြစ်သည့် Mizzima၊ The Irrawaddy ၊ Khit Thit နှင့် Myanmar Now တို့ကို အရေးယူဆောင် ရွက်နိုင်ရေး စစ်ကောင်စီ၏ ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်း

◾️ဇူလိုင်လ (၂)  ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်နဲ့ လူမိုက်တွေ ပူးပေါင်းပြီး ဖုန်းထဲ VPN ရှိမရှိ စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်း

◾️ဇူလိုင်လ (၃) စဉ့်ကူးမြို့နယ်ထဲတွင် ဖုန်း၊ အင်တာနက်နဲ့ လျှပ်စစ်မီး လိုင်းများ စစ်အုပ်စုက ဖြတ်တောက်ထားခဲ့ခြင်း

◾️ဇူလိုင်လ (၅) လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း

◾️ဇူလိုင်လ (၆)  သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း

◾️ဇူလိုင်လ (၈)  ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ပြောကြားခဲ့ခြင်း 

◾️ဇူလိုင်လ (၉)  ဗဟိုဘဏ်က ငွေသားထုတ်ယူခွင့် ကန့်သတ်ဖြင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်ခဲ့ခြင်း

◾️ဇူလိုင်လ (၁၀)  လောက်ကိုင်မြို့မှာ တရုတ်ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း

◾️ဇူလိုင်လ (၁၀)  မိုးမိတ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်း

◾️ဇူလိုင်လ (၁၁)  ပြီးခဲ့သည့်လ (၂၄) ရက်နေ့က မိုဘိုင်းအင်တာနက်ပြန်လည်ရရှိခဲ့သော  ပူတာအို မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်ခဲ့ခြင်း

◾️ဇူလိုင်လ (၁၂)   ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ခြင်း

◾️ဇူလိုင်လ(၁၅)   မြန်မာနိုင်ငံတွင် Signal Communication App အသုံးပြုမှုအား ပိတ်ပင်ခဲ့ခြင်း

◾️ဇူလိုင်လ(၁၅) သံတွဲတွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဗုံးကြဲခြင်းကြောင့် တာဝါတိုင်ကျိုးကာ ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း

◾️ဇူလိုင်လ (၁၆)  စစ်ကောင်စီက မိုးမိတ်မြို့ကို  ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအချို့ ဖြတ်တောက် ထားခဲ့ခြင်း

◾️ဇူလိုင်လ(၁၇) ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ အောက်ရုံ/စက်ဆန်း ရပ်ကွက်တွင် နေအိမ်များထဲထိဝင်ရောက်ပြီး ဖုန်းထဲတွင် VPN ရှိမရှိ စစ်ဆေးခဲ့ခြင်း

◾️ဇူလိုင်လ (၁၈)  ကလေးတောင်ပိုင်းတွင် Ooredoo ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း

◾️ဇူလိုင်လ (၁၉)  အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရသော ရခိုင်တွင် ငွေသားရှားပါလာပြီး kpay မှ ငွေထုတ်ယူလျှင် (၁၈) ရာခိုင်နှုန်းအထိ လဲလှယ်ခပေးနေရခဲ့ခြင်း

◾️ဇူလိုင်လ (၁၉)  တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းများ လုံးဝ ပြတ်တောက်ခဲ့ခြင်း

◾️ဇူလိုင်လ (၂၀) Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာခဲ့ခြင်း

◾️ဇူလိုင်လ (၂၀) TNLA ထိန်းချုပ်နယ်မြေများဖြစ်သည့် နမ္မတူ၊နမ့်ဆန်၊ နမ့်ခမ်း စသည့်ဒေသများတွင်  ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

◾️ဇူလိုင်လ (၂၂)  အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ်  သတ်မှတ်ပြီး ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်း

◾️ဇူလိုင်လ (၂၂)  ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက် မနေ့မနက် ဆယ်နာရီခန့်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေခဲ့ခြင်း

◾️ဇူလိုင်လ (၂၂)  မိုးကုတ်က တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ဖုန်းလိုင်း ဖွင့်ပေးပြီး ကြားဖြတ် နားထောင်မှုတွေ ရှိနေခဲ့ခြင်း

◾️ဇူလိုင်လ (၂၄)  ငွေလိမ်လုပ်ငန်းများကို ဖြိုဖျက်နိုင်ရေး နှိမ်နင်းနိုင်ရေးအတွက် ထိုင်းက ရွှေတြိဂံနယ်မြေကို ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခဲ့ခြင်း

◾️ဇူလိုင်လ (၂၆)  မြန်မာနိုင်ငံ ဒေသအများအပြားတွင် အင်တာနက်ဖြတ်တောက်ထားသော စစ်ကောင်စီက E-government အကောင်အထည်ဖော်ဆောင်ရေးအစည်းအဝေးလုပ်ခဲ့ခြင်း

◾️ဇူလိုင်လ (၂၆)  ချင်းပြည်နယ် ၊ တီးတိန်တွင် အင်တာနက်နှင့် လျှပ်စစ်မီးပြန်လည်ရရှိခဲ့ခြင်း

◾️ဇူလိုင်လ (၂၉)   မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေး ထောက်ခံသူ အယောက် ၄၀၀ ကို စစ်ကောင်စီတပ်က ကိုယ်ရေးမှတ်တမ်းပြုစုထားပြီး စတင်ဖမ်းဆီးနေပြီလို့ စစ်တပ်ထောက်ခံသူတွေက ရေးသားဖြန့်ဝေခဲ့ခြင်း

◾️ဇူလိုင်လ (၃၁)  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၃ ) ဦးခန့်ရှိခဲ့ခြင်း အစရှိသဖြင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။  






Report Page