Digital Mishaps

Digital Mishaps

ဒစ်ဂျစ်တယ်အလွဲများ


ပျိုကြီးစိန် …. သို့မဟုတ် …… မမစိန် ……ပါတော်မူခန်း (အချစ် အကြမ်း အလွမ်းအမော) (ဆက်သွယ်ရေးဆိုင်ရာ သတိပြုဖွယ်ရာ)

ပျိုကြီးစိန် ပျိုကြီးစိန် နာမည်စီးတာလား နာမည်နဲ့လိုက်တာလား 

“စိန်” ဆိုရင် အသဲစွဲ …. တွဲစရာကလဲ (၃၈) အထိလက်ဗလာ … 

အို (၃၈) ဆိုတာ ဒီခေတ်ထဲမှာတော့ လှတုန်း နုတုန်းလေး ဟုတ်တယ်မလား ။ ကိုယ့်အလှကိုယ် မှန်သားပြင်ပေါ်မှာ ခံစားရင်တောင် ကြွကြွရွရွ လှလှပပ လေးပါဆို ....

မိဘ ထားခဲ့တဲ့ စိန်တွေနဲ့ ကိုယ်ရှာထားတဲ့ စိန်တွေနဲ့တင် တစ်ကိုယ်လုံးတင်ဘယ်ကမလဲ တစ်ဘဝလုံးတောင် စိန်စီပစ်လိုက်လို့ရတယ်ဆိုတဲ့ မမစိန် သို့မဟုတ် ပျိုကြီးစိန်ပဲလေနော် …. တူလေး တူမလေးတွေက သူ့ဘဝရဲ့ တွယ်တာရာလေးတွေတော့ဆို သူတို့လေးတွေအတွက်ဆို “စိန်” တို့က ကုန်ချင်တာ ကုန်ပလိုက်စမ်း ဆိုတာမျိုး .....


ဒီတော့ တူလေးတွေ တူမလေးတွေကလဲ အန်တီ ပျိုကြီးစိန်ဆို ချစ်ရှာကြ …. အဲဒီမှာ ခေတ်ကာလထဲကို ဆွဲသွင်းမှာက တူမတော် …. အန်တီလေးစိန်ရေ Facebook လေးသုံးကြည့်နော် ဒီမှာတွေ့လား မီးပုံလေးဆို Like က 500 ကျော်နေပြီ ….. ဟိုဘက်လမ်းက “အောင်မောင်း” ဆို အသည်းတောင် ပေးသွားသေး ….

...ဟယ် မသုံးချင်ပါဘူးအေ ရှုပ်ရှုပ်ရှက်ရှက် …. (တကယ်က မူတာ) တူမတော်မဆွယ်ခင်ကထဲက အကောင့်မဖွင့်တက်လို့သာ …. 

“သုံးပါ တီလေးရဲ့ “

“ပေး တီလေးဖုန်း Account လေးလုပ်ပေးမယ်”

ဒါတောင် ဟန်ကိုယ့်ဖို့လေး ဖုန်းကို မရဲတရဲလေး ပြန်ဆွဲလိုက်သေးတာ 

“အာ ပေးပါဆိုတီစိန်ရယ်” 

ဒီလိုနဲ့ အပျိုကြီးစိန်တစ်ယောက် ဖေ့ဘုတ်ပေါ်ရောက်လာလိုက်တာ Share လိုက်တဲ့ Post ရပ်ကွက်ထဲက Update မှန်သမျှ အပျိုကြီး ဖေ့ဘွတ် မှာရှိပြီးသား 

ကိုယ့်ဘဝ ကိုယ်အလှကို သိကျစမ်း …. ဆိုပြီး တင်လိုက်တဲ့ (ရူပဒါန) 

စိန်စိန်ရဲ့ ဝါဒကိုက “အပျိုကြီး Dictionary မှာ အစိမ်းသေဆိုတာမရှိရပေါ့” 

တူမကတောင် ပြန်မေးယူရတယ် ဘာလဲ တီစိန်ရဲ့ အစိမ်းသေဆိုတာ 

ဟဲ့ မီးစိမ်းပြီး ဘာမှ မတင်တဲ့သူတွေလေဟယ် နင်ကလဲလူငယ်ဖြစ်ပြီး ဒါလေးတောင်မှာ ဟွန့် ဆိုပြီး ဆယ်ဖီဆွဲပြီး ပုံတင်လိုက်သေးတာ ….. လူမှုပေါင်းသင်းဆက်ဆံရေးကောင်းချက်ကလဲ မက်ဆက်ဂျာမှာ ဘာပြောသမျှ သူ Hi ကိုယ် Hi ပဲ …..


အဲဒီမှာ “William” ဆိုတဲ့ကောင်နဲ့ စတွေ့တော့တာပဲ ….. ဘယ်နိုင်ငံကဆိုလား … ( သူနဲ့ မတွေ့ခင်အထိတော့ စိန်စိန်ဟာ ငြိမ်ငြိမ်ပါပဲ) ..William က ဖိလစ်ပိုင်ကတဲ့ …. Company သေးသေးလေးတစ်ခုနဲ့ စီးပွားရှာနေတာပေါ့ … နိုင်ငံခြားသား လာ Hi တော့ Profile တွေ ဘာတွေ ပြေး Show လိုက်သေးတာ 

ဒီလိုနဲ့ အင်းကလိတ်လို ကြိုးစားပြီး ပြောရှာတဲ့ ပျိုကြီးစိန်ရဲ့ ကြိုးစားအားထုတ်မှုကို သူကလည်း အရမ်း လေးစားပြီး အသိအမှတ်ပြုတယ်ပေါ့... အဲ့လိုနဲ့ လိုရင်းတိုရှင်း အင်းကလိတ် ကွန်ပဇေးရှင်း (English Conversation ) လုပ်လာတာ ဘာလိုလိုနဲ့  (၆) လကျော်ပြီဖြစ်ရာ...ပျိုကြီးရဲ့ ရင်ခုန်မှုရော...ချစ်ခင်မှုရော..ယုံကြည်မှုပါ ရသွားပြီး အနေအထားလေးလည်း တော်တော်ရောက်နေရောပေါ့...


တစ်နေ့ “William" က ပျိုကြီးကို ချစ်တာကတစ်ကြောင်း "၆"လပြည့် အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ဝယ်ပေးမယ်ဆိုလာတော့ ပျိုကြီးကလည်း ငြင်းတာပေါ့,..ငြင်းဆို..ပျိုကြီးဘဝက ပြည့်စုံပြီးသားကိုး…သို့ပေမယ့် " William “ ကချစ်သက်လက်ဆောင်ကို ငြင်းရင် စိတ်ဆိုးမည်ဖြစ်ကြောင်း ပြောလာတော့ အပျိုကြီးမယ် “ဝီဝီ" ရဲ့ အငြိုအငြင်ကို မလိုချင်တော့ကား...မတတ်သာ တဲ့အဆုံး လက်ခံမယ်ပေါ့…ပြီးတော့ လက်ဆောင်တွေနဲ့အတူ သူပါ မြန်မာနိုင်ငံကို လာလည်ရင်း ပျိုကြီးနဲ့တွေ့မှာဖြစ်ကြောင်းပြောတဲ့ညက "ဝီဝီ" ပျော်သွားတဲ့ အပြုံးပုံလေးနဲ့ လက်ဆောင်ပုံလေး ပို့လိုက်တော့ ပျိုကြီးစိန်မယ် ပီတိလေးတွေနဲ့ပေါ့…


အဲ့လိုနဲ့ တစ်နေ့တော့ ဝီဝီ" ကတစ်ရက်ပို့လာတဲ့ မက်စိ (Message) ကြောင့် ပျိုကြီးထိတ်လန့်သွားပြီး ....ဝီဝီက လက်ဆောင်တွေကို ပေးဖို့ လက်ဆောင်တွေကို ဝယ်ပို့ပေးလိုက်ပြီး လက်ဆောင်တွေရောက်နှင့်နေပြီဖြစ်ပြီး...လေဆိပ်မှာသွားယူရမည်ဖြစ်ကြောင်း...သို့သော် ငွေရှင်းရန်ကိစ္စ အလွှဲချော်လေးဖြစ်သွားတော့...ပျိုကြီးအနေနဲ့ မြန်မာငွေနဲ့ အရင်းရှင်းပေးထားရမှာဖြစ်ကြောင်းပြောလာတယ်..တန်ဖိုးက သိပ်များပါဘူး..(၃၅)သိန်းတဲ့…


ဝီဝီ ကတော့ပြောပါတယ်...စိန်..ကိုယ်က နောက်(၂)ရက်မှာ လိုက်လာမှာမို့ ကိုယ်ပြန်ပေးမှာနော်တဲ့..ချစ်သက်လက်ဆောင်ဆိုတော့ ပျိုကြီးလည်း မငြင်းနိုင်တော့ဘူး..ယုံပြီးမွှန်နေတာကလည်း တစ်ကြောင်း.. ခဏနေတော့ လေဆိပ်ကဆိုသူ အမျိုးသမီးတစ်ယောက်ဖုန်းဆက်လာတယ်...ပြီးတော့ ထုံးစံအတိုင်းငွေလွှဲပေါ့ မနက်ဖြန် မနက် (၉) နာရီမှာ လေဆိပ်လာထုတ််ဆိုတော့....ပျိုကြီးလည်း တူမကို လွှဲခိုင်းပြီး နောက်နေ့တော့ရင်ခုန်စွာ သွားစောင့်တော့...ဖုန်းလည်းဆက်မရ..လူလည်းမရ..ပစ္စည်းလည်း ဘယ်ဆီနေမှန်းမသိ....ဖုန်းကလည်းစက်ပိတ်တော့ ဘယ်လိုက်ရမှန်းမသိ..

ပါတော်မှုဇာတ်လမ်းပေါ့...ဝီဝီအကောင့်ကိုလည်းရှာမတွေ့တော့..ပျိုကြီးစိန်မယ်..ပိုက်ဆံကိုမမက်မောသူပီပီမလွမ်းလောက်ပေမယ့်...ပါတော်မှုသွားတဲ့ အချစ်ဇာတ်လမ်းတစ်ခန်းရပ်ကို ဘယ်လိုမှ လက်မခံနိုင်ပဲ ရင်ကွဲနာကျပြီး အိပ်ယာထဲလဲ ဖြစ်သွားလေရော..


အသိလေးကပ်ပြီး ပြန်စဉ်စားကြည့်တော့ ဝီဝီကတော့ ထားပါတော့..ဒါနဲ့ လေဆိပ်ကတစ်ယောက်က ငါ့ဖုန်းကို ဘယ်လိုရတာလဲ...မေးခွန်းများစွာနဲ့ပေါ့....နောက်ဆုံးတွေ့ရှိသွားမှုက တူမတော်က ဖေ့ဘုတ်အကောင့်မှာ ဖုန်းနံပါတ် အစစ်အမှန်ကိုထည့်ပြီး ထိုနှစ်ယောက်ရဲ့ ပေါင်းရိုက်ဇာတ်လမ်းပေါ့....မတတ်နိုင်တော့ပြီ..ပါတော်မှုဇာတ်လမ်း ဒီတွင်တစ်ခန်းရပ်သည်......


ဒါကြောင့် …..မိမိရဲ့ မွေးရပ်မြေ/မွေးနေ့/ဖုန်းနံပါတ် (မှတ်ပုံတင်ထားသော) များကို လူအများအလွယ်တကူ မြင်တွေ့နိုင်သော ဆိုရှယ်မီဒီယာတွင် တင်ပါက မိမိအတွက် များစွာ သက်ရောက်မှုရှိနိုင်ပြီး ဒီထပ်ဆိုးရွားသော ဖြစ်ရပ်များ ဖြစ်နိုင်ကြောင်း အသိပေးရင်း..နောက်အပတ်မှာ ပြန်ဆုံကြမယ်ဗျို့.....


ကိုယ်တွေ့ကြုံဖူးတဲ့ ဒစ်ဂျစ်တယ်အလွှဲလေးများရှိိရင် Comment မှာဝေမျှပေးခဲ့ပါဦးဗျို့....


Report Page