Digital Mishaps

Digital Mishaps

ဒစ်ဂျစ်တယ်အလွဲများ

သုံးမယ့်သုံးတော့ လုံအောင်သုံး..ခြုံအောင်ဖုံးဟေ့!!


ကဲ..တစ်ရက်ပြီးတစ်ရက်

တစ်ပတ်ပြီးတစ်ပတ် ကုန်ဆုံးလာလိုက်တာဆိုရင်ဖြင့်

စစ်ခွေးတွေ အာဏသိမ်းခဲ့တာဆိုရင်ဖြင့် (၈)လ ဝန်းကျင်ကိုရောက်ခဲ့ပါပြီ..

တော်လှန်ရေးအဟုန်က အလျင်းသလိုလေး ရွှေ့နေခဲ့ပြီး..လာမယ့် ရက်ပိုင်း လပိုင်းအတွင်းမှာတော့ အရှိန်မြင့်လို့ တစ်ဟုန်တိုးမြင့်လာတော့မှာကိုတော့ အားလုံးက ရိပ်စားမိပြီး တစ်ချို့မှာလည်း ပီတိခွေ့နေကြောင်းလည်း ကြားလေရဲ့...


အဲ့လို သဘောခွေ့ပြီး ပီတိဖြာနေတဲ့အထဲမှာ ဂျမ်(ဇီ) မဟုတ်တဲ့ မောင်ဆင့်လည်းပါလေရဲ့..မောင့်ဆင့်မှာ ဂျမ်(ဇီ) ထဲမပါပဲ နည်းနည်းလေး တစ်နှစ်လောက်အသက်ကြီးတာကို ကြိတ်ပြီး ဒေါသပုန်ထပေမယ့် တော်လှန်ရေးမယ်...အသက်အရွယ် မပိုင်းခြားပဲ စွမ်းစွမ်းတမံ လုပ်ဆောင်နေလေရဲ့.. အတတ်ပညာလေးကို ပဒါနပြုပြီး IT နဲ့အသက်မွေးနေလေတော့ တော်လှန်ရေးမယ် လုံခြုံကြဖို့  ဆော်အော် ဖို့က မောင့်ဆင့်တာဝန်မလား....


တစ်နေ့ တော့ မောင့်ဆင့်ခမျာ တပည့်ကျော် ပြောပြလာတဲ့ အဖြစ်အပျက်ကို နားထောင်းရင်း ရှော့(ခ်)ရသွားပါတယ်။ ပြောပြတဲ့ သကောင့်သားကတော့ သူ့ကိုယ်သူ အဟုတ်ထင်ပြီး ဆရာကြီးလေသံနဲ့ပေါ့ဗျာ…


ဖြစ်ပုံကဒီလိုဗျို့….အောင်မြင်ပြီးနောက်ပိုင်း တစ်ယောက်နဲ့ ဆက်သွယ်ဖို့ ဖုန်းခေါ်တာတွေ..မက်ဆီ့ ပို့တာတွေက အဆင်မပြေတော့ ...တယ်လီဂရမ် (Telegram) တို့..စစ်ကနယ်တို့ (Signal) တို့ကို သုံးကြဖို့ မောင်ဆင့်က..လုံခြုံစွာဆက်သွယ်ဖို့ telegram သုံးကြစို့ ဆောင်ပုဒ်ကို ...ဒို့အရေးရယ်လို့သတ်မှတ်ပြီး သုံးည မအိပ်မနေ ဒင်းတို့ သင်ကြားခဲ့သကိုး..လုံခြုံရေးက အာလုံးသိတဲ့အတိုင်းအရေးကြီးသမို့လေ...


မောင်ဆင့်တို့ သင်ကြားရေးအောင်မြင်တယ်ဆိုရမယ်.. ဆက်စပ်တဲ့လူငယ်အသိုင်းအဝန်းမယ်… တယ်လီဂရမ်ကို ရင်းနှီးလာကြတယ်ပေါ့...တစ်နေ့တော့ တပည့်ကျော်တို့အိမ်ကို မီတာလာဖျက်ဖို့ အဓမ္မဝိုင်းတော်သားတွေ လာကြသတဲ့...တပည့်ကျော်မယ်.. လာတာတစ်မှု..တွေ့သွားတာ တစ်မှုဖြစ်မှာစိုးလို့.. Device တွေရှင်းသင့်တာတွေရှင်းတာပေါ့....


သို့ပေမယ့် မောင်မင်းက အကြောင်းမလှပါဘူး..ရုပ်ကနုနေတော့ အဲ့လယ်...ဂျမ်ဇီထင်ပြီး ဖုန်းတောင်းစစ်တာခံလိုက်ရသတဲ့...မောင်းမင်းကလည်း တစ်ကွက်ကြိုမြင်ပြီး ကြိုပြင်ခဲ့တော့ Telegram app ကို မသုံးတော့တဲ့အထာနဲ့ အကောင့်ကို Log out ထွက်ထားပြီး App ကိုပါ uninstall လုပ်ထားတာမို့.ခေါင်းမော့..ရင်ကော့ပြီး ဖုန်းကို ပေးလိုက်သတဲ့..

အဓမ္မဝိုင်းတော်သားတွေကလည်း ဘယ်နေမလဲ  တစ်ကွက်ပြန်ပြတာပေါ့ …

Telegram မသုံးလည်း install  လုပ်ပြီး Log in ဝင်ခိုင်းပါလေရော…ဂျမ်(ဇီ)တွေ telegram မသုံးတာ မယုံတဲ့သဘောပေါ့....

 တပည့်ကျော်ကလည်း အေးဆေးပေါ့…ဘာလို့လဲဆိုတော့ မောင်းမင်းက Telegram ကိုတကယ်ကိုင်တဲ့ Sim နဲ့မှဖွင့်မ ထားတာကိုး အဲ့တော့ သူ့အကောင့်ဖွင့်ဖို့ ဘာ Code မှဝင်မလာဘူးလေ...အေးဆေးကလေးမွေးပေါ့..


သို့ပေမယ့် ကျွန်တော်မျိုး မောင်ဆင့်ကို မျက်လုံးပြူးထွက်စေတဲ့အချက်ကတော့ အဓမ္မဝိုင်းတော်သားတွေက  Android ဖုန်းတွေဆို My file ထဲထိဝင်စစ်တာတဲ့...အဲ့ဒါနဲ့ ကျွန်တော်မျိုးမှာ တံတွေးတောင် မျိုမချရဲပဲ တပည့်ကျော်ကို မေးလိုက်တယ်.... မင်းလုပ်နေတာတွေ့သွားလားပေါ့…


တပည့်ကျော်က မျက်လုံလေးကလယ်ကလယ်နဲ့ ဘာတွေ့စရာရှိလို့လဲ အာစရိရဲ့တဲ့…

မင်း  My file ထဲက Telegram audio တွေ Folder တွေကိုဖျက်ခဲ့လားလို့ ပြန်မေးရော…

သကောင့်သားက လိုလို့လားဗျာ...telegram သုံးရင်လုံခြုံပြီမို့လား..

အဲ့တော့မှ....‌ဟျောင့်ရေ...telegram  မှာ auto download လုပ်ထားရင် မင်းရဲ့ local storage လို့ခေါ်တဲ့ဖုန်းထဲမှာ Save တာကွ...အများအားဖြင့် Telegram ရဲ့ My file ထဲက telegram folder ထဲမှာရှိတတ်တယ်..အဲ့ဒါပါဖျက်ဖို့လို့တယ်ကွ....ဟျောင့်ရ


ဒီတစ်ခါမျက်လုံးပြူးသွားသူက ကျွန်တော့် တပည့်ကျော်ဗျ. သူရဲ့ My file ထဲဝင်ကြည့်ပြီး..ပြူးသွားတယ်..ဘာလို့လဲဆိုတော့  သကောင့်သား သယ်ရင်းတွေပို့ထားတဲ့ တော်လှန်ရေး လုပ်နေတဲ့ Graphic ပုံတွေ video file တွေကို အဖွေးသား တွေ့သွားတာကိုး.....


ဘုရား...တရား,..မလို့သာပဲ..အာစရိရေ..

သူတို့က Image Folder ပဲဝင်စစ်သွားလို့..

မဟုတ်ရင်တော့ ကျွန်တော် လစ်ပြီတဲ့......


မောင်ဆင့်မယ် တပည့်ကျော်ရေ..သုံးမယ့်သုံးတော့..လုံအောင်သုံး..ခြုံအောင်ဖုံးဟေ့ ဆိုပြီးတရားဟော လွှတ်လိုက်ရတယ်။ 

ရောင်းရင်းတို့ရေသတိဆိုတာပိုတယ်မရှိဘူးနော်..

သံတိုင်တွေကြားမှာ ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူး..

မီးလေးနဲ့ အင်တာနက်ရနေရင်...ဂျမ်နရေးရှင်းတွေအကုန်ပေါင်းပြီး နည်းပညာကနေတစ်ဆင့် ကျွန်တော်တို့ လုပ်နိင်တာတွေ ဆက်လုပ်နိုင်ဖို့  သတိကိုကပ်ထားပါဗျို့..........


Report Page