Digital Mishaps

Digital Mishaps

နွေဦးလုံခြုံရေး

"နှစ်ဆင့်ခံရင် Backup Code ကိုသေမတတ် မှတ်."


မိဆင့်တစ်ယောက်မယ်..

မြို့ပေါ်ရောက်ကာစ ရိုးလိုက်တာမှ ပြောမနေနဲ့..ရွာသူပေမယ့် အင်တာနက်လေး သုံးတတ်မှ လူရာဝင်သကိုး 

သူငယ်ချင်းဖြစ်သူ တင်ကြီးလုံး က သူထက် တစ်နှစ်လောက် ရန်ကုန်ကို စောရောက်တော့ နေရာတကာဆရာမကြီးဒီဇိုင်း လုပ်နေတာလည်း မျက်စိစပါးမွှေးစူးပါရဲ့တော်  စကားမစပ် တင်ကြီးလုံးမှာ တခြားဟာသာ မဖြောင့်ဖြူးကောင်း ရှိရင်ရှိမယ်။  ကောင်လေးတွေဘာတွေနဲ့ အံမယ် အထင်တော့ သွားသေးလို့မရဘူးတော့ 

.

ဒါနဲ့ မိဆင့်တစ်ယောက် ရွာကသာအေး ရှိနေပေမယ့် သာအေးကိုအသာခေါက်ထားပြီး ဖွဘုတ်ပေါ်သို့ ရောက်လာပါတော့တယ်...ဖွဘုတ်ကြီး သုံးတတ်မယ် ကြံတုန်းရှိသေး မြန်မာနိုင်ငံကြီးဟာ နေဝင်ချိန်ရောက်သွားတော့


သူ့ခမျာ လိုင်းပေါ်က တွေ့တွေ့နေရတာက ဘာတဲ့ အကောင့်တွေရဲ့ စခရူစီဆိုလား..စကျူရတီ(Security)ဆိုလား မြှင့်ရမယ်ဆိုတာပါပဲ…အို လိုလို့လား မမေးနဲ့ ကျုပ်က ရွာသူဆိုပေမယ့် မတရားတာတော့ သည်းခံမနေနိုင်ပါဘူး ။  အကောင့်ထဲမယ် ရှဲယား လုပ်ထားတာလဲ  မနည်းဘူးမလား..နောက်တရားခံက ရွာကသာအေးပေါ့..လူကိုမယုံတာဖြင့် အကောင့် ပပ်စဝေါ့ (password) ကိုမေးလားမြန်းလား..တောင်းလားစစ်လားနဲ့…သူနဲ့ဆိုင်တာမှတ်လို့ 


လိုင်းပေါ်မှာ ဖွဘုတ်ကိုလုံခြုံအောင်လုပ်နည်းတစ်ခုတွေ့တယ်... ဘာတဲ့ (Two Factor Authentication ဆိုလား နှစ်ဆင့်ခံလုံခြုံရေးဆိုလား) လုပ်လိုက်ရင် ဖွဘုတ်အကောင့်ကြီးက လုံခြုံသတဲ့…


အဲ့ဒါနဲ့ မိအေးတို့များလက်သွက်ချက်ပဲ..အကောင့်ကိသော့(၂)ထပ်ခတ်လိုက်တာပေါ့..... ဘာတွေဘယ်လိုဖြစ်သွားတယ် မသိပါဘူး.....ပြသနာက အခုမှစတာ အရပ်ကတို့ရေ…

မိဆင့်တို့များ ရှပ်ပြာရှပ်ပြာ နိုင်တာမပြောနဲ့  တစ်နေ့အလုပ်ပိတ်တော့ ဈေးဝယ်ထွက်ပြီး  ဂျေဒိုးနပ် ဝယ်စားရင်း ငါ့ယောက်မတွေကိုလည်းပြရအောင်ဆိုပြီး ဖုန်းထုတ် ဓါတ်ပုံရိုက်ပြီး ဖေ့ဘုတ်မှာ ပို့စ် တစ်ခုတောင်တင်ခဲ့သေးတယ်…သာအေးတောင် ကွန်းမန့် ဝင်ပေးသေးတယ်..အဲ့ဒါတောင်မှတ်မိသေးတယ်

အိမ်ရောက်မှ ဖုန်းမပါလာမှန်းသိလိုက်တာ


သိတဲ့အတိုင်းပဲ ဖွဘုတ်ရောဂါကလည်းကြီးတယ်လေ မသုံးမနေနိုင်ပေါင်… သတင်းဖတ်ချင်တာကတစ်ကြောင်း...ရွာကသာအေးကိုလွမ်းတာကတစ်ကြောင်း ဆိုတော့ တင်ကြီးလုံး ကို ရှေ့မျက်နှာ နောက်ထားပြီ အောက်ကျခံပြောရတော့တာပေါ့…


စောင့်ကြီးအောင့်ကြီးနဲ့..တင်ကြီးလုံးက  "ပြောပြော.ညည်းအကောင့် နဲ့ ပပ်စဝေါ့ပြော " ဆိုတော့ ပြောလိုက်တော့..

အဲ့လယ်..ညည်းတောင် သော့တွေဘာတွေ (၂) ဆင့်ခတ်ထားတယ်ပေါ့…


ကဲ...နောက်ထပ်တောင်းတဲ့ ကုတ် (၆)လုံးပြောဦးဆိုတော့..အယ် မိဆင့်ဆီမှာဖုန်းမရှိတော့ ဘယ်လိုလုပ်ရမလဲ..အဲ့ဒီကုတ်က မရနိုင်ဘူးလေဆိုတော့…


အဲ့ဒါဆို .ညည်း ဘက်ကပ်ကုတ် ( Backup Code) မှတ်မိလားတဲ့..မိဆင့်ကလည်း အဲ့လောက်တော့ မသိဘူးပြောတော့..

တင်ကြီးလုံးက ကောင်မရေ...နှစ်ဆင့်ခံရင် Backup Code ကိုသေမတတ် မှတ်တဲ့..အခုညဉ်းအကောင့်က အဲ့ ကုတ်မသိရင် မရတော့ဘူးတဲ့…


ပြီးတော့ အဲ့ကုတ်ဆိုလားဘာဆိုလားကို သေချာ လုံခြုံတဲ့နေရာမှာမှတ်ပြီး သိမ်းထားရမယ်တဲ့…

မိဆင့်ကလည်း ဘူ..ဘူ..နဲ့ " ညဉ်းရောဘယ်မှာမှတ်လဲမေးတော့.."


" ငါကသေချာစာရွက်နဲ့ရေးပြီး အတွင်းခံထားတဲ့ သေတ္တာထဲမှာထည့်သိမ်းထားတာတဲ့...."


မိဆင့်တစ်ယောက် သာအေးကိုလည်းလွမ်းရင်း ...လိုင်းပေါ်က သူငယ်ချင်းတွေကိုလည်း အဆက်အသွယ်ပြတ်သွားပါတော့တယ်....


အဲ့ဒါကြောင့် နွေဦးလုံခြုံရေးပရိတ်သတ်ကြီးလည်း မိဆင့်ဆီကနေ သင်ယူရင်း Two-Factor Authentication ထားပြီးရင်းလည်း Backup Code လေးမှတ်ထားမှ အဆင်ပြေမှာဖြစ်ကြောင်း ထပ်ဆင့်အသိပေးရင် နွေဦးမှာ အကောင့်များလုံခြုံစေကြောင်းပါဗျာ......

နွေဦးလုံခြုံရေး

နွေဦးတာဝန်အရ တခြားသူတွေလည်း သိရအောင် မျှဝေကြပါဦး

Join ရန် Link များ :

https://www.facebook.com/springrevsec

https://t.me/SpringSecClinic

https://t.me/SpringRevSecurity

Report Page