Digital Addiction
ကြည့်..ကြည့်...ကြည့်
ဒီနေ့ခေတ်ကို “Digital Age” လို့ခေါ်ကြပါတယ်။ Digital Age လို့ပြောလိုက်ရင် Digital Device တွေဖြစ်တဲ့ ဖုန်းတွေ၊ Tablet တွေ၊ ကွန်ပျူတာတွေနဲ့ ကင်းကွာလို့မရသလိုပဲ Screen Time တွေကိုလည်း လျော့ချလို့ မဖြစ်နိုင်တဲ့ အခြေအနေတွေပါ။ ကျောင်းသာတွေလည်း ကျောင်းသား အလျောက် Screen Time ရှိသလို၊ အလုပ်လုပ်တဲ့သူတွေလည်း အလုပ်လုပ်တဲ့ အလျောက် Screen Time တွေရှိကြပြန်ပါတယ်။
ဒီ Series လေးမှာတော့ " Digital Dependency” လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ပေါ်မှီခိုမှုတွေများလာတဲ့ အခါမှာ အဲ့ဒီ Digital သက်ရောက်မှုတွေက တကယ့်လက်တွေဘဝတွေဖြစ်တဲ့ မိမိရဲ့ personal ဘဝတွေ နဲ့ မိသားစုအပေါ်မှာ သက်ရောက်မှုတွေရှိလာတာကို သတိထားမိကြမှာပါ။ ဒီနေ့ ဂိမ်းတွေကို အသည်းအသန် ဆော့နေကြသလို Social Media အပေါ်အလွန်အမင်း စွဲလမ်းမှုတွေက အင်မတန်များလာကြပြီး သတင်းစားသုံးမှု အလွန်အကျွန် ဖြစ်နေမှုတွေက မိမိတို့ရဲ့ စွဲလမ်းခြင်းအပေါ် မှုတည်ပြီး ကွဲပြားမှုတွေ ရှိနိုင်တာကိုလည်း ပြန်ပြီးသုံးသပ်မှုပေးနိုင်မဲ့ Series လေးပါ။ ဒစ်ဂျစ်တယ် အပေါ် အလွန်အမင်းစွဲလန်းသွားရာကနေပြီးတော့မှ သူတို့ဘဝမှာ အင်မတန် အန္တရာယ်များတဲ့ သက်ရောက်မှုတွေ ရှိနေသူ နှစ်ယောက်အကြောင်းကို အဓိက အခြေခံထားသော Series ဖြစ်ပါတယ်။ အဲ့တော့ လူတွေက ဒစ်ဂျစ်တယ် အလွန်အမင်း စွဲလမ်းမှုကနေ မှီခိုမှုများလာပြီး လူတိုင်းက Emotion Ride လို့ခေါ်တဲ့ စိတ်ခံစားမှု အနှိမ့်အမြင့်နဲ့ ရိုလာကိုစတာ စီးနေရတဲ့ ခံစားချက်တွေကို သိမြင်ရမှာပါ။ အဲ့လိုဖြစ်နေတာတွေကို ဘယ်လိုကုသရမလဲ?
ကုသစရာရော လိုရဲ့လား?
ရောင်းရင်းတို့ ဘယ်လောက် Digital Dependency များနေလဲဆိုတဲ့ အခြေအနေကိုလည်း ပြန်ပြီး သုံးသပ်နိုင်မယ့် Series ဖြစ်လို့ ကြည့်ရှုကြပါဦးဗျို့....
ကြည့်ရှုရန် Link: https://varurgotdyr.com/series/digital-addiction-qz2ow/1-1