Description

Description

Imperial Meow



Title- Futuristic Gourmet's Spoiled Marriage


Description



ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် “ဒဏ္ဍာရီထဲမှ အရှင်သခင်” ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇာတ်ကောင်အဖြစ် ကူးပြောင်းသွားခဲ့သည်။ ထို့နောက် သူမသည် ထုံးစံအတိုင်း ဇာတ်ဆောင်မင်းသမီး၏ ချစ်သူလုဘက် ဖြစ်လာခဲ့၏။ ဇာတ်လမ်းအဆုံးမှာ သူမသည် အမျိုးသားဇာတ်ဆောင်၏ အောင်မြင်မှုလမ်းကြောင်းက ဆူးညောင့်ခလုတ်လေးတစ်ခု ဖြစ်သွားခဲ့ပြီး အဆုံးသတ်က ဆိုးရွားခဲ့လေသည်။


ဆိုးရွားလွန်းလှသော ဘဝကံကြမ္မာကို ပြောင်းပြန်လှန်ရန်အတွက် လင်းယောင်ယောင် သည် ဆေးဝါးကုထုံးစနစ်မှ ပင်မကောလိပ်ဘွဲ့ကို စွန့်လွှတ်ကာ အလွန်ရေပန်းစားသော အစားအစာကုထုံးစနစ်ကို ရွေးချယ်ခဲ့သည်။ထို့နောက် ၊ သူမသည် အစ်ကိုဖြစ်သူ စစ်နတ်ဘုရားကို သွားရောက်အပူကပ်ခဲ့ရ၏။ ထို့ကြောင့် ရလဒ်အနေဖြင့် သူမသည် ဂလက်ဆီအင်ပါယာတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့သော ရှေးခေတ်တရုတ် အစားအသောက်များ၏ လက်ထောက် ကုထုံးပညာရှင်ဖြစ်လာခဲ့သည်။


ထိုအခါ၊ သူမကို ဂရုမစိုက်ခဲ့သည့် မူလအမျိုးသား ဇာတ်ဆောင်ကလည်း မပြီးနိုင်မစီးနိုင် အတင်းပတ်သတ်ချင်လာ၏။ထို့အပြင်၊အချစ်ရေးမှာ သူမနှင့် ပြိုင်ဘက်ဖြစ်ခဲ့သည့် မူလ ဇာတ်ဆောင်မင်းသမီးသည် သူမကို စွဲလမ်းနေကာ စကားနားထောင်သည့် မိန်းကလေး သူငယ်ချင်း ဖြစ်လာခဲ့သည်။ ပိုထူးဆန်းသည်မှာ၊ သူမ၏ အစ်ကိုဖြစ်သူ စစ်နတ်ဘုရားက သူမအပေါ်မှာ သာမာန် ကောင်လေးနှင့်ကောင်မလေး ကြားမှ ဖြစ်လာတတ်သော မရိုးမသားအတွေးများ ဖြစ်လာခဲ့ခြင်းပင်။


ထိုအချိန်မှစ၍ သူမသည် လူတိုင်း၏ အတွေးများကို စိုးမိုးထားသူ ဖြစ်လာတော့သည်။



Report Page