Derailed (2016)

Derailed (2016)

By Ariel

IMDb – 6.1/10, MyDramaList - 7.4


ဒီနေ့မှာတော့ ကိုရီးယားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးကရစေဇာတ်လမ်းလေးကတော့……..ဂျင်အီ၊ဂါယောင်း၊ဘွန်ဂီနဲ့ မင်ယောင်းတို၄ယောက်ကသူငယ်ချင်းစုံတွဲတွေဖြစ်သလို အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလေးတွေလဲဖြစ်ပါတယ်။ဖုန်းတွေအလစ်သုတ်လိုက်ကားတွေခိုးလိုက် ဆိုင်ကယ်တွေခိုးလိုက်ပြီးရင်ပြန်ရောင်းပြီး တစ်နေ့စာ အခက်အခဲတွေကိုဖြေရှင်းနေတဲ့ လူငယ်တွေပါ လူငယ်ထိန်းသိမ်းရေးစခန်းတွေကိုလဲ ခဏခဏရောက်ဖူးပြီး သူငယ်ချင်း၄ယောက်စုပေါင်းလေလွင့်နေတဲ့သူတွေပါ 


 တစ်ခါတစ်လေများဆို ဂါယောင်းနဲ့ မင်ယောင်းတို့၂ယောက်ကပြည့်တန်ဆာဟန်ဆောင်ပြီး လာခေါ်တဲ့ဘဲနဲ့မိုတယ်လိုက်သွားပြီးမှရေချိုးခန်းထဲဝင်ပြီး အခန်းနံပါတ်ပြောအဲ့အခါ ဘွန်ဂီနဲ့ ဂျင်အီက ဝုန်းဒိုင်းကြဲဝင်လာပြီး ငွေညှစ်တဲ့အထိပါလုပ်ကြပါတယ်။ပြောရရင် ပိုက်ဆံရဖို့ အကုန်လုပ်တဲ့ခပ်ဆိုးဆိုး ကလေးတွေပါ ဒါပေမယ့်လဲဂျင်အီက ဂါယောင်းကိုသိပ်ချစ်ပါတယ်။


တစ်နေ့မှာ ဂါယောင်းတစ်ယောက် မတ်တပ်ရပ်နေတုန်းပြည့်တန်ဆာအထင်နဲ့ လူတစ်ယောက်က လာခေါ်ပါတယ်။အစကငြင်းပေမယ့် ငွေလိုနေတဲ့ ဂါယောင်းက ထုံးစံအတိုင်းရွှေ့နေကျအကွက်အတိုင်းလုပ်ဖို့ မိုတယ်လိုက်သွားပါတယ်


။တကယ်က သူ့ကိုလာခေါ်တဲ့သူက ကာရာအိုကေ ဘားပိုင်ရှင်ဖြစ်ပြီး သူ့ဆီမှာလာလုပ်ဖို့စကားပြောချင်ရုံသက်သက်ပါပဲဒါကို ဂျင်အီတို့ကမသိဘဲ ဝုန်းဒိုင်းကြဲဝင်လာ အဲ့လူကြီးကိုသမပြီး အဲ့လူကြီး ကားနဲ့ ပိုက်ဆံအိတ်ပါ ယူပြေးပါတော့တယ် နောက်တော့ ဖမ်းမိသွားပြီး ခိုးသွားတဲ့ကားတန်ကြေးပြန်ဆပ်ဖို့ ဂါယောင်းကို သူ့ရဲ့ ကာရာအိုကေဘားမှာ အလုပ်လုပ်စေပါတော့တယ်။


ချစ်သူဂါယောင်းကို ကာရာအိုကေဘားကနေပြန်ရွေးဖို့ဂျင်အီတစ်ယောက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားလာရတဲ့အပြင်ဂါယောင်းနဲ့ ဂျင်အီတို့ရဲ့ ရန်သူတော် တစ်ယောက်ပါထောင်ကထွက်လာပြီး သူတို့ကို လိုက်ရှာနေတဲ့အခါ….ဂျင်အီအဖြစ် Shineeက Min Hoကသရုပ်ဆောင်ထားပြီးမိသားစုကိုချစ်တတ် ဂါယောင်းကိုသမီးလေးလိုသဘောထားပြီးစောက်ပေးတဲ့ဘားပိုင်ရှင်အဖြစ်ကျွန်တော်တို့အချစ်တော်ကြီး Ma Dong Seokကသရုပ်ဆောင်ထားပါတယ်။



Report Page