DND Fansub: Our Journey and Vision

DND Fansub: Our Journey and Vision

တရုတ်ကြီး

ဖန်ဆပ်အမည် - DND Fansub

ဖန်ဆပ်အမည်အပြည့်အစုံ - Do Not Disturb Fansub

စတင်ထူထောင်ခဲ့သည့် ကာလ - ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့


ပါဝင်အားဖြည့်ခဲ့ကြသူများ

ယခုဖန်ဆပ်အား တရုတ်ကြီးတစ်ယောက်တည်းဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြီးကောင် (Van), အငယ်ကောင် (Zhan), နိုရာမ (Noragami), ဇော်မာတင် (Kei), အပျိုကြီး (Mei), Yui နှင့် Zain တို့မှစ၍ များစွာသော စေတနာ့ဝါသနာရှင်ဘာသာပြန်များနှင့်တကွ အလွတ်တန်းဘာသာပြန်များစွာ ယနေ့ထိတိုင်ပါဝင်အားဖြည့်ခဲ့ကြပါသည်။


ဖန်ဆပ်တစ်ခုအဖြစ် စတင်ခဲ့ရသည့်အကြောင်းအရင်း

မိမိ(တရုတ်ကြီး) ကြည့်ချင်သော မြန်မာစာတန်းထိုးမရှိသေးသည့် ဇာတ်ကားများ ရှာမတွေ့ခြင်း၊ အခ‌ကြေးငွေဖြင့် ဝင်ရောက်ရသော်လည်း ဇာတ်လမ်းဖြင့်အချိတ်အဆက်မမိသော မြန်မာစာတန်းထိုးတင်ဆက်ပုံများနှင့်တကွ Audience များအား အဆိပ်အတောက်ဖြစ်စေသည့် Post များစွာဖြင့် တင်ဆက်နေခြင်းကိုသဘောမကျ၍ မိမိကိုယ်တိုင်ကြည့်ရှုရန်အတွက်သာ ဘာသာပြန်စာတန်းထိုးစေခဲ့သော်လည်း နောက်ပိုင်းတွင်တပါးသူများနှင့်အတူမျှဝေခံစားရန်ဆုံးဖြတ်ခဲ့ပြီး ဘာသာပြန်စာတန်းထိုး‌လောကသို့ ပြန်လည်ခြေချဝင်ရောက်လာခြင်းသာဖြစ်သည်။


ပြောင်းလဲလာသည့်ရည်မှန်းချက်နှင့် ချန်နယ်၏အနာဂတ်

ယခုဖန်ဆပ်အား မိမိအတ္တဖြင့်စတင်ခဲ့သော်ငြား ယခုမှစ၍ အနာဂတ်တွင် ပိုမိုတိကျကောင်းမွန်သော မြန်မာစာတန်းထိုးဂျပန်ကာတွန်းများအားရေရှည်တင်ဆက်နိုင်ရေးအပြင် ဂျပန်ကာတွန်းကြိုက်နှစ်သက်သူများကြား ခွဲခြားမှုမရှိသော၊ ပိုမိုကောင်းမွန်သော၊ မိမိတို့၏အမြင်များအား ရှက်ရွံ့မှုမရှိ ပြောဆိုဆွေးနွေးမှုများလုပ်ဆောင်နိုင်စေမည့် လွတ်လပ်ပြီးစည်ကမ်းရှိသောရပ်ဝန်းတခုအား တည်ဆောက်ပေးနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းပေးသွားမည်ဖြစ်သည်။


Report Page