DMDP (2023) by Nani MMSUB

DMDP (2023) by Nani MMSUB

Nani Darkside

Review (Rasa)

ဟိုဟိုးရှေးရှေးထက် ပိုရှေးတဲ့ခေတ်။ "မိစ္ဆာမျက်စိ"။ ထိုအရာက ပရလောကသားတွေကို မြင်စေနိုင်တဲ့ လူအနည်းငယ်မှာသာ ရှိတဲ့အရာပေါ့။ မမြင်ချင်တောင် မြင်နေရတော့ ဘဝကြီးက ဘယ်အေးချမ်းပါတော့မလဲ။ အဲ့ဒါကြောင့် ဒီမျက်စိကို ပိုင်ဆိုင်တဲ့သူတွေက ဘုရားကျောင်းမှာပဲ တစ်သက်လုံးကုန်ဆုံးကြတဲ့သူများတယ်။ ဒါကတော့ လူကောင်းတွေပေါ့။ မကောင်းတဲ့ကောင်တွေကတော့ မြင်ရတဲ့ပရလောကဝိညာဉ်တွေကို ထိန်းချုပ်ပြီးတော့ အောက်လမ်းဆရာတွေ ဖြစ်လာကြတယ်။ တစ်ယောက်သောသူကတော့ ကံကြမ္မာတရားရဲ့ လက်ထဲကနေ ​ပြေးမလွတ်ခဲ့ရှာပါဘူး။

လူရယ်လို့ဖြစ်လာကတည်းက ထိုမျက်စိပါနေတာကြောင့် မိဘတွေက ရောင်းစားပြီးတော့ တိုက်ပွဲတစ်ခုပြီးတစ်ခုမှာ အောက်လမ်းဆရာအဖြစ်နဲ့ ပါဝင်ခဲ့ရရှာတယ်။ ဒီလိုနဲ့ မသိလိုက်ခင်မှာပဲ သူကိုယ်တိုင်ဟာ သေလည်းမသေ အသွေးအသားလည်း မရှိတော့တဲ့ အရိုးစုအလောင်းကောင်ကြီး ဖြစ်လာခဲ့တယ်။ အနီးစပ်ဆုံးဥပမာဆို Op ထဲက Brook လိုပါ။ သူ့ဘဝမှာ လိုချင် တောင့်တနေခဲ့ရတဲ့ အရာဟာ ငြိမ်းချမ်းတဲ့ဘဝတစ်ခုပါပဲ။ လူ့နာမ်ဝိညာဉ်ရဲ့ အလေးချိန်က ၂၁ ဂရမ်ရှိသတဲ့။ အဲ့ဒီ ၂၁ ဂရမ်ရှိတဲ့ နာမ်ကို တခြားရုပ်ခန္ဓာထဲ ကူးပြောင်းတာကို ပြန်လည်ဝင်စားခြင်းမှော်လို့ ခေါ်တယ်။ ဒါကြောင့် သူဟာ သူ့ကိုသတ်မဲ့သူကို စောင့်နေခဲ့တယ်။ သူကျင့်ထားတဲ့ လျှို့ဝှက်ပြန်လည်ဝင်စားခြင်းမှော်ကို သုံးနိုင်ဖို့အတွက်ပေါ့။

မသေကောင်ကြီးမို့ သူ့ဘာသာသေမဲ့အချိန်ကို ထိုင်စောင့်နေလို့မရပါ။ တစ်ရက်မှာတော့ သူ့ဆန္ဒပြည့်ဝသွားပြီး သူရဲကောင်းက သူ့ကိုသတ်လိုက်တယ်။ သူ့မှော်လည်း အသက်ဝင်သွားတယ်ပေါ့။ ဒီတော့ ယနေ့ခေတ်မှာ ပြန်ဝင်စားလာပါတယ်။ typical isekai တွေလို မွေးကင်းစအနေနဲ့တော့ မဟုတ်ပါဘူး။ လည်လှီးပြီး အသတ်ခံထားရတဲ့ လူငယ်ကောင်လေးရဲ့ ကိုယ်ထဲကိုပါ။

သူ့အရင်ဘဝရဲ့ မှတ်ဉာဏ်ရယ် ပရလောကသားတွေကို မြင်နိုင် အသုံးချနိုင်တဲ့ အောက်လမ်းအတတ်တွေရယ် ပြန်ပါလာတယ်။ သေရာကပြန်ရှင်လာလို့ ကောင်လေးကိုသတ်သွားတဲ့ မိန်းကလေးက ပြန်လာသတ်ပါလေရော။ အေးချမ်းတဲ့ဘဝလိုချင်လို့ လူပြန်ဝင်စားပါတယ်ဆို ပြန်ပြန်ရှင်လာချင်းမှာတင် အသတ်ခံနေရတယ်ဆိုတော့ စဥ်းသာစားကြည့်တော့။

အောက်လမ်းမှော်ဆရာကြီး ဘယ်လိုတွေ ပြန်ကြမ်းပြမလဲ။ ဒီကိုယ်ထည်ကောင်လေးကရော ဘာမို့လို့ လိုက်အသတ်ခံနေရတာလဲ။ အေးချမ်းတဲ့ဘဝကို ရဖို့အတွက် ဘာတွေလုပ်မှာလဲ။ စတာတွေကို ဇာတ်လမ်းအကောင်းစားကြီးနဲ့ ရှယ်ကြည့်ရမှာပါ။ isekai ဇာတ်လမ်းအဆန်းအလန်းမို့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားပါ။


https://nanidarksideproject.blogspot.com/

Report Page