Cynicism
မြန်မာ့အသံ ဇာတ်လမ်းတွဲတွေထဲက ကျိကုန်းကိုယ်တော်ကိုမှတ်မိကြလားဗျ။ပြုံးပြုံးလေး နဲ့လူတန်းစားမခွဲဘဲ လူတွေသူ့ကိုဘယ်လို ဆက်ဆံ ဆက်ဆံ သူ့စာဘူးတောင်းအရက်ဘူးလေးနဲ့ယပ်တောင်အစုတ်လေးနဲ့လိုက်ကူညီတဲ့ ကိုယ်တော်ပေါ့။ငယ်တုန်းကတော့ ဒီကိုယ်တော်ရဲ့ ကျင့်စဉ်က ဘာလဲပေါ့။သေချာတာတစ်ခုက ကိုယ်တော်က လူတွေရဲ့ ရှေ့တစ်မျိုး နောက်တစ်မျိုး ပြောဆိုမှုတွေ ပကာသနမက်တာတွေ စည်းကမ်းဘောင်တွေ Prejudice ဖြစ်ခြင်းတွေကို စက်ဆုပ်တာတစ်ခုကိုတော့ လေ့လာမိတယ်။(Stephan chow ရဲ့ the mad monk ကလည်းအဲဒီကိုယ်တော်အကြောင်းပါပဲ)။ကျွန်တော်တို့ ဒီအကြောင်းကို ဂရိဖက်လှည့်သွားပြီး ချည်းကပ်ကြည့်ရအောင်။
Cynicism ရဲ့ဖခင် ဒိုင်အိုဂျနိစ်(Diogenes) က ဘဝမှာ အတက်အကျတွေ အများကြီးကျော်ဖြတ်ခဲ့တယ် လို့ပြောလို့ရတယ်။ Sinope ဆိုတဲ့ ဂရိအင်ပါယာထဲက ကိုလိုနီတစ်ခုမှာ ကြီးပြင်းခဲ့တယ်။အရွယ်ရောက်လာတော့ င်္ဒဂါးအတုလုပ်မှုနဲ့သူ့ပိုင်ဆိုင်မှုတွေအကုန် သိမ်းခံရပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲဖြစ်သွားတယ်။ချက်ချင်း ရွှေပေါ်မြတင် ရွှေခွက််နဲ့အချင်းဆေးခဲ့ရာက လမ်းပေါ်ရောက်သွားတယ်။လမ်းပေါ်မှာအိပ် လမ်းပေါ်မှာပဲတောင်းစားရတယ်။လမ်းပေါ်မှာပဲ အညစ်အကျေးစွန့်တယ်။ဒီလိုနဲ့အေသင်ကို ထွက်လာတယ်။ ဘဝကြီးက ဆန်းတယ်ဗျ။အေသင်ကိုရောက်လာတာက သူ့စန်းစပွင့်လာတယ် ပြောလို့ရတယ်ဗျ။သူ့ရဲ့စည်းစိမ်ဥစ္စာနဲ့အနေအထား တစ်ခုကိုဆုံးရှုံးရခြင်းဟာ ရုပ်ဝတ္တု ပိုင်ဆိုင်မှုတွေ အပေါ်တပ်မက်နေခြင်းကို လျော့ကြသွားစေတယ်။ရာဝင်အိုးထဲမှာနေရတယ်။လှည့်ကြည့်ရင် ကျောပဲရှိတယ်။ဒီလိုလူကို အဲလက်ဇန္ဒြားလို လူကဘာလို့လာတွေ့ရတာလဲ။
Cynics (Cynicism ကိုကျင့်သုံးသူများ) ဆိုတဲ့နာမည်က သူတို့ကို အဲဒီခေတ်ကလူတွေက ခွေးတွေလိုနှိမ်ရာက စတယ်။ခွေးတွေလ်ို အရှက်မဲ့ပြီး စျေးရှေ့မှာ လှဲအိပ်ရင်အိပ်နေမယ်။ခြေဗလာနဲ့လျှောက်သွားတယ်။လှေကားထစ်တွေမှာ ဝင်အိပ်ရင်အိပ်မယ်။လူမြင်ကွင်းမှာ တစ်ကိုယ်ရည်ကိစ္စတွေလုပ်မယ်။ဒါက ပထမအချက်ပေါ့။ဒုတိယကကျွန်တော်တို့သာမာန်နေ့စဉ် စားဝတ်နေရေး လုံးပမ်းနေရတဲ့သူတွေအတွက် သူတို့ရဲ့ဖြစ်တည်မှု က ရုပ်ဝတ္တုတွေအပေါ် သိပ်မစွဲလန်းဖို့နဲ့ကျွန်တော်တို့ရဲ့လောဘ နဲ့တပ်မက်မှု တွေ ကို ခြံခတ်ထားဖို့အမြဲအသိပေးနေတယ်။သူတို့က ကျွန်တော်တို့နေ့စဉ်ဘဝ မြင်နိုင်တဲ့ မြင်ကွင်းမှာတမင်ကိုနေပြီး ကျွန်တော်တို့ရဲ့ လောဘနဲ့မက်မောမှုတွေ ကို ခြံထဲမှာပဲရှိနေအောင်စောင့်တဲ့ခြံစောင့်ခွေး တွေ အဖြစ်သူတို့ကို ခံယူထားရာက စတယ်လို့လည်းပြောကြတယ်။
Cynicism အပေါ်ကျွန်တော့် နားလည်မှုကဘယ်လိုဖြစ်မလဲ။Cynics တွေဟာ ကျွန်တော်တို့လူ့ဘောင်စည်းမျဉ်းတွေနဲ့ကြည့်ရင် မသင့်တော်ဘူး လို့သတ်မှတ်ကြသူတွေရှိတယ်။သို့ပေမဲ့ သူတို့က ကျွန်တော်တို့ထပ် ရုပ်ဝတ္တု ပိုင်ဆိုင်မှု ဂုဏ်ပကာသနမရှိ လူတန်းစားမရှိပေမဲ့ သူတို့က ဘာလို့ကျွန်တော်တို့ထပ် ပိုပြီး ရဲရဲတင်းတင်းနေနိုင်ရတာလဲ။Cynics တစ်ယောက်ရဲ့ Perspective ကဝင်ပြောရမယ်ဆို ကျွန်တော်တို့က လက်ဝတ်ရတနာတွေ စျေးကြီးတာတွေ ဝတ်ထားပေမဲ့ သင်ငယ်ပိုင်းနဲ့မြေမှာရပ်သူတွေထပ် ဘာလို့လုံပေမဲ့ မလုံဘူး ဆိုသလို ဖြစ်နေတာလဲ။Cynics တွေဟာ သာမာန်လူတွေကို သာမာန်လူတွေက Cynics တွေကို မြင်သလို မြင်ပါတယ်။ကျွန်တော်တို့တွေဟာ သူတို့တွေအတွက် အဝတ်တွေဝတ်ထားပေမဲ့ မလုံပါဘူး။အရှက်တွေကင်းနေကြပါတယ်။ဘယ်လောက်ပဲ ကောင်းပေညွန့်ပေတွေ ဝတ်ထားပေမဲ့ အတ္တ မာန လောဘနဲ့ကျွန်တော်တို့တွေက မိမွေးတိုင်း ဖမွေးတိုင်း အရှက်ကင်းနေလျှက်သာ ဖြစ်နေတိုင်းသာ ရှိနေပါမယ်။ကျွန်တော်တို့ရဲ့ မူလအရိုင်းဇစ်မြစ် ကို အတင်းဖျောက်နေပေမဲ့ ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေလိုမျိုး အရှက်မလုံသေးဘူးလို့ပြောလို့ရပါတယ်။ဒါက ပထမအချက်ပါ။ဒုတိယအချက်က ကျွန်တော်တို့ရှင်သန်ဖို့အများကြီး ပိုင်ဆိုင်ဖို့မလိုပါဘူး။ဒါကိုလည်းသက်သေပြပါတယ်။တတိယအချက်က လူသားတွေရဲ့စည်းဘောင်တွေက မျက်နှာသာလိုက်ပြီး လိုတိုးပိုလျော့ လုပ်လို့ရနေတဲ့အချက်ကိုလည်း သက်သေပြပါတယ်။
Diogenes ကို Cynicism ရဲ့ဖခင်ဆိုပြီး သုံးနှုံးတာအကြောင်းရှိပါတယ်။ပထမကသူရဲ့Crates ရဲ့ဆရာပါ။Crates က သူ့ချမ်းသာတဲ့စည်းစိမ်ကိုစွန့်ပြီး Cynicism ကိုဆည်းပူးပါတယ်။Stoicism မှာ သူရဲ့အငွေ့အသက်တွေပါပါတယ်။ဒုတိယကသူနဲ့အဲလက်ဇန္ဒြားရဲ့ စကားပြောခန်းပါ။အဲလက်ဇန္ဒြားကဘာလိုချင်လဲလို့မေးတာကို သူ့အရှေ့ကနေ နည်းနည်းဖယ်စမ်းပါလို့ပြောခဲ့တဲ့ပုဂ္ဂိုလ်ပါ။တတိယက အေသင်ရဲ့လမ်းကြိုလမ်းကြားထဲ နေ့ခင်းဖက်ကြီး မီးအိမ်တစ်လုံးနဲ့ရိုးသားတဲ့သူကိုရှာတယ်။ဘာပဲဖြစ်ဖြစ်ပါ အဲလက်ဇန္ဒြားသာဖြစ်မလာခဲ့ရင် Diogenes ဖြစ်ချင်တယ်လို့တောင် ပြောခံရတဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။
#ရေးသားထားသောအကြောင်းအရာသည် ကျွန်တော်၏တစ်ဦီးတည်း၏ထင်မြင်ချက်သာ ဖြစ်ပါသည်။
#Björn
