Cyber Hell

Cyber Hell

ကြည့် ကြည့် ကြည့်

CYBER HELL: EXPOSING AN INTERNET HORROR ကတော့ လက်ရှိမှာ Netflix မှာပြနေတဲ့ တောင်ကိုးရီးယားဖြစ်ရပ်မှန် Documentary ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားကိုတော့ ဒါရိုက်တာ Choi Jin-seong ကရိုက်ကူးထားတာဖြစ်ပြီးတော့ 18th May,2022 Netflix မှာထုတ်လွှင့်ခဲ့တာပါ။ အခြေခံထားတဲ့ ဖြစ်ရပ်မှန်ကတော့ အမျိုးသမီးငယ်များကို အွန်းလိုင်း Chat တွေထဲကနေတစ်ဆင့် အတင်းအကျပ် အဖော်အချွတ် ဓါတ်ပုံတွေ၊ ဗီဒီယ်ိုတွေ ပို့ပေးခိုင်းပြီး ကျူးလွန်ခဲ့တဲ့ ဆိုက်ဘာမှုခင်းများ (Digital Crime/ Cyber Crime) ကို အခြေခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဖြစ်ရပ်တွေက အွန်လိုင်းကနေ ဖြစ်ပျက်သွားတယ်ဆိုပေမယ့် အပြင်ကမ္ဘာထိအောင် ထိခိုက်နစ်နာမှုတွေရှိနေခဲ့တာပါ။ အခြေခံထားတာတော့ ၂၀၁၈ နှစ်လောက်မှာ အမျိုးသမီးငယ်များ နဲ့ အရွယ်ရောက် အမျိုးသမီးအချို့ကို Telegram Platform ကနေ အလုပ်အကိုင်ရမယ် စတဲ့ Phishing Link တွေပေးပို့ပြီး..အဲ့ကနေမှတစ်ဆင့် Blackmail တွေပေးပို့ပြီး ညစ်ညမ်းဓါတ်ပုံတွေ..ဗီဒီယိုတွေကို ခြိမ်းခြောက်တောင်းဆိုခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့တာပါ...


ဒီဇာတ်ကားက အစပိုင်းမှာတော့ လူစိတ်ဝင်စားမှုသိပ်မရပေမယ့် ဒီ အမှုတွေကို တကယ်စုံစမ်းစစ်ဆေးနေတဲ့ စုံထောက်တွေပါဝင်ပြီး အင်တာဗျူးပုံစံနဲ့ တင်ဆက်ထားတာမို့...ပြီးတော့ တစ်ချို့သော စုံထောက်များစွာလည်း ဇာတ်ကားမှာ မပါဝင်ပေမယ့်  လက်ရှိအမှုကို ဆက်ပြီးစုံစမ်းနေကြတာမျိုးရှိတာက  လူတွေရဲ့စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါတယ်။ ဒါက ဒစ်ဂျစ်တယ်ခေတ်ကြီးတစ်ခုလုံး ရဲ့ အိမ်မက်ဆိုး လို့တောင်ပြောလို့ရပါတယ် ။

ဒီတစ်ခါမှာတော့ ဒစ်ဂျစ်တယ်ခေတ်ကြီးရဲ့ ထင်ရှားတဲ့  cryptocurrency လိမ်လည်မှု (ဒါမှမဟုတ်) အွန်လိုင်းပေါ်က ချိန်းတွေ့ လှည့်ဖြားခြင်းတွေ မဟုတ်တော့ပဲ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုပုံရိပ်များ ရောင်းဝယ်ဖောက်ကားခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာရာဇ၀တ်မှု တွေကို ဒစ်ဂျစ်လောကမှာ ပုံစံမျိုးစုံနဲ့ ကျူးလွန်နေသူများ ရှိနေပါတယ်။ တစ်ယောက်တည်းမဟုတ် မမြင်ရတဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ဆိုတာလည်း လွယ်ကူတာတော့ မဟုတ်ပါဘူး။ အဲ့တော့ ရင်တထိတ်ထိတ်နဲ့ ဖြစ်ရပ်မှန် Documentary ကြည့်ရှုချင်တယ်ဆိုရင်တော့

ကြည့်ရှုရန် Link: https://moviesjoy.to/movie/cyber-hell-exposing-an-internet-horror-80641


ကြည့်ပြီးရင်လည်း ခံစားချက်တွေကို Comment မှာဝေမျှပေးခဲ့ပါဦးဗျို့...






Report Page