Colossus: The Forbin Project

Colossus: The Forbin Project

MOVIE RECOMMENDATION by နွေဦးလုံခြုံရေး

Eric Braeden သည် Colossus ဟု အမည်ပေးထားသည့် Super Computer ( စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ) တစ်လုံးကို ဖန်တီးခဲ့သည့် ဒေါက်တာ Charles Forbin အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့ အဓိက ဇာတ်အိမ်ကတော့ လူမှု အဖွဲ့အစည်းပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ Dr. Forbin ဟာ စစ်ဘက်ဆိုင်ရာ ထိန်းချုပ်မှုတွေကို ဆောင်ရွက်နိုင်တဲ့ AI စနစ်တွေပါဝင်တဲ့ အံ့ဩ လောက်ဖွယ်စွမ်းဆောင်မှုပြည့်ဝတဲ့ ကွန်ပျူတာ တစ်လုံးကိုတီထွင်ခဲ့ပါတယ် ။


US အစိုးရက ဒီကွန်ပျူတာကို Nuclear လက်နက်ထိန်းချုပ်မှုတွေအတွက် အသုံးပြုခဲ့ပြီး ကွန်ပျူတာရဲ့နာမည်ကတော့ Colossus ပဲဖြစ်ပါတယ် ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ၊ ရုရှားလူမျိုးတွေကလည်း သူတို့ဘက်က တူညီတဲ့ရည်ရွယ်ချက်တွေအတွက် အလားတူကွန်ပြူတာတစ်လုံးကို Guardian မှာ ဆောက်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီစက်နှစ်လုံးသည် မည်သူမျှ မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် သတင်းအချက်အလက်များ မျှဝေခြင်းနှင့် ဇီဝလက်နက် များ ပစ်လွှတ်ခြင်းတွေကို လုပ်ဆောင်လာကြတဲ့ အခါ ......



ဘာတွေဖြစ်ပေါ်လာမလဲ ?

 နိုင်ငံနှစ်နိုင်ငံကြားက တင်းမာမှတွေနဲ့ စစ်ပွဲတွေဖြစ်ပေါ်လာမလား ?

ဒီကွန်ပျူတာနှစ်လုံးဟာ အချင်းချင်း ဘယ်လိုဆက်သွယ်မှုတွေရှိလာမှာလဲ ?

ဒီကွန်ပျူတာနှစ်လုံးကို ပြန်လည်ထိန်းချူပ်မှုတွေပြုလုပ်နိုင်မှာလား? ....ဆိုတာက်ိုတော့ .....


သောကြာနေ့ညမှာ စိတ်အပန်းဖြေရင်း အဖြေရှာနိုင်ဖို့ နွေဦးလုံခြုံရေးကနေ ဒီဇာတ်ကားလေးကို ညွှန်းလိုက်ရပါတယ်......

 

ကြည့်ရှုရန် Link: https://moviesjoy.to/movie/colossus-the-forbin-project-8906

Report Page