Cigarette thoughts

Cigarette thoughts

ဒစ်ဂျစ်တယ် နဂ္ဂတစ်များ


အော်..ဘဝ..ဘဝ..ဒုက္ခ....ဒုက္ခ..အနတ္တ..အနတ္တ ပါကောလား…

လူဆိုတာ အမှားနဲ့ မကင်းဘူးမလား…

ခဲတံမှာတောင် ခဲဖျက်ပါသေးတာပဲလေ…

မှားတာကိုသိရင်...အမှန်ပြင်တဲ့....

ပျက်အစဉ်...ပြင်ခဏ ဆိုတာတောင်ရှိပါသေးရော.....


ကမ္ဘာပေါ်မှာ မာသာထီရီဇာထပ် မေတ္တာကြီးမားတဲ့သူတွေပြပါဆိုရင်....

Mahatma Gandhi လို ခတ္တီပါရမီနဲ့ ပြည့်စုံတဲ့သူပြပါဆိုရင်....

ဒို့တွေ နိုင်ငံကလူတွေ ပထမရလောက်တယ်....


သူများ ဘာသာစကားတွေမှာတော့ “အားနာလိုက်တာ” ဆိုတာမရှိဘူးရော…

ဒို့တွေမှာတော့ အားနာလိုက်တာ...အားနာလိုက်တာနဲ့...နောက်ဆုံးတော့ ခါးပါပါရောလား....


မာသာထရီဇာလို မေတ္တာကြီးမားတာဆိုလို့လေ..ဒို့တွေက ....ခွင့်လွှတ်မှုမှာ အင်မတန်မှ အားကြီးလွန်းတာပေါ့…

သာသာနဲ့...နာနာပြောရရင်တော့ ဆောင်မှတ်မရှိဘူးလို့ပဲပြောရတော့မယ်…

Boycott လုပ်ထားတဲ့ Cele တွေအောက်မှာဆိုရင်လည်း...အိုချစ်လိုက်တာ...လှလိုက်တာနဲ့....

နည်းနည်းလေး အလှူပြန်လုပ်ပြလိုက်ရင်....အို...ကျေးဇူးပါတို့...ပြည့်သူ့ဘက်တော်သားတွေဖြစ်သွားကြပြန်ရော....

Boycott ဆိုင်တွေဖြစ်တဲ့ MGOU  မှာလည်းတစ်သီကြီး...Hotpot ဆိုင်မှာဆို ဘိုကင်တောင်ကြိုချိတ်ရသေးတယ်....



အဲ့လိုဖြစ်တာလည်း မပြောနဲ့လေ....

ဒါမျိုးဖြစ်အောင် Brainwash လုပ်ထားတာလည်း နှစ် (၆၀) မလား?

သတင်းထဲမှာ သူတို့ပြတာကြည့်ရတဲ့ ရုပ်သံနှစ်လိုင်းမှာ တစ်နေ့တစ်နေ့ မအားနိုင်အောင် ဘုရားတွေတည်...ပွဲတွေတက်တဲ့သတင်းတွေနဲ့ အမှောင်ချခဲ့တော့...နိုင်ငံကြီးမယ်...စေတီတွေနဲ့ သူတို့အိပ်ကပ်ပဲ ဖိတ်ဖိတ်တောက်ပြီး ပြည့်သူဘဝတွေ မွဲပြာနေခဲ့တာဆိုကလည်းကြာခဲ့သကိုး.....


ပြီးတော့ လူတွေက Adaptation သိပ်ကောင်းတာဗျ...ရတဲ့အခြေအနေမှာ ရအောင်ရှင်သန်ရုန်းကန်နိုင်မှုမှာတော့ ဒို့တွေကို တုပမရဘူးပေါ့....


မီးမလာရင်...အဆင်ပြေသလို..Wifi တွေကို အားသွင်းပြီးအလုပ်လုပ်မယ်..ပြောနေရင်း စောက်ခြင်ကကိုက်သေးတယ်....ဗြန်း...သေစမ်း...စောက်ခြင်....ကိုယ့်ဟာနဲ့ကိုယ်လှောင်နေပါတယ်ဆို...သူကတစ်မျိုး...

မီးပျက်တော့လည်း...ထင်းခွေပြီးချက်တဲ့ခေတ်ကိုပြန်သွားမယ်....ရေဒီယိုပြန်နားထောင်...အဲ့မှာ

DVB: လိမ်နေသည်…

VOA: ညှာနေသည်…

RFA: သွေးထိုး လှုပ်ဆော်နေသည်...အဲ့ဒါတွေနဲ့ ဓါတ်ပြားဟောင်းခေတ်ပြန်သွားရကြဦးမယ်...


အချိန်ကြာလာတော့လည်း...သားသမီးလေးကို သင်ယူမှုတွေရပ်တန့်မှာစိုးလို့....ကာယအချိန်မှာ စာပဲကူးနေရတဲ့ပညာရေး....သက်မွေး အချိန်မှာ..ဆရာမကို လက်ဖက်သုတ် သုတ်ကျွေးရတဲ့ ပညာရေးဆီပြန်သွားကြဦးမယ်.....


တစ်ခါတစ်လေ ကျတော့လည်း Chemistry ဆရာမ သူ့ကိုယ်ပို်င် အသံထွက်နဲ့ ပြောပြောနေတဲ့ Bromine (ဘရိုမိုင်း) ကိုသောက်ချလိုက်ပြီး သေပစ်ချင်တယ်ဗျို့.....အဲ့မှာ Maths ဆရာက Pythagorean theorem ( ပိုက်သာဂိုးရပ်(စ်) သီအိုရမ်)  a2 + b2= c2 ကို စားမေးပွဲမှာ နံပါတ် မပြောင်းပဲလာရင်တော့ Math ကို အလွတ်ကျက်ပြီး ဖြေကြဦးမှာဗျို့....

English ဆရာမက Myself ရေးခိုင်းရင်တော့ဖြင့် တစ်ခန်းလုံးရဲ့ ဖေဖေကြီးက ဦးမြ အင်ဂျင်နီယာကြီး နဲ့ ဒေါ်မြကတော့ တစ်ခန်းလုံးရဲ့ မေမေ ဆရာမ ဖြစ်ကြရပေဦးမည်.....ကြက်တူရွှေးလို ကြက်...နှုတ်တိုက်မေး..တစ်ရေးနိုးထဖြေရင်တောင် မမှားနိုင်ရင်တော့...ဒီကောင် ကျိန်းသေပြီး...( 6D) နှင့် ဆေးကျောင်း တက်ချင်ချင်...မတက်ချင်ချင်  မိဘဂုဏ်မြှင့်တင်ဖို့ သွားရပေဦးမည်....အင်ဂျင်နီယာ အိမ်မက်နဲ့ ကလေးတစ်ယောက် ဖားကိုခွဲစိတ်ပြီး...ဆရာဝန် အိမ်မက်နဲ့ ကလေးတစ်ယောက် လွှကိုင်ပြီး သစ်သားဖြတ်ရပေဦးမည်....


ကဲ...လက်ပူတိုက် ကြက်မရတဲ့ ကောင်တွေတော့ သာမန်မေဂျာသွားပြီး...PhD…Thesis လုပ်ဖို့ Supervisor ကိုလက်ထိုးရကြပေးဦးမည်...ဘွဲ့ရအများဆုံးနဲ့ ဒေါက်တာ အများဆုံး အပေါဆုံးက ငါတို့ နိုင်ငံပါလား...အဲ့နောက်ကွယ်က Human Resource ( လူ့အရင်းအမြစ် )ဆုံးရုံးကြရပေဦးမည်....


အဲ့တော့ စီးပွားရေးနယ်ပယ်..မှာရော…

လက်တစုပ်စာရှိတဲ့ ခရိုနီများ မအားနိုင်လောက်အောင်...Project တွေနဲ့အလုပ်တွေရုပ်ကြရဦးမည်…

လက်ရိုက်စီးပွားရေးတို့....ခြင်းပို့စီးပွားရေးတို့...ဆွေးမျိုးစီးပွားရေးများများလာကြပြီး....

စျေးကွက်ကြီးမယ်......

ယှဉ်ပြိုင်သံတွေရပ်စဲပြီး....အောက်ခြေလူတန်းကျုပ်တို့မှာ...ဟိုအိမ်လည်းရွှေဝါ...ဒီအိမ်လည်းရွှေဝါ....

ဟိုအိမ်လည်း..ဖယောင်တိုင်...ဒီအိမ်လည်း...ဖယောင်းတိုင်...နဲ့ အံတုနေကြရပေဦးမည်.....


လုပ်ငန်းခွင်ကြီးမယ်…

အပေါ်က ဘာပြောပြော...ဟုတ်..ဟုတ်…

ဟုတ်.ဟုတ်...အလုပ်မပြုတ်…

မဟုတ်...မဟုတ်...အလုပ်ပြုတ်....

နောက်ဆုံးတော့..အားလုံး...ဝုတ်..ဝုတ်..ဝုတ်..ဇာတိနဲ့...ဟုတ်..ဟုတ်..ဟုတ် ..စည်းကြပ် ညီသွားကြရဦးမည်…


အဲ့တော့..လှုမှုရေးကြီးကို ပြောရမယ်ဆိုရင်တော့ဖြင့်....

ငါသား အလုပ်ရသွားပြီ မိအေးရေ....လစာက ပုံမှန်ဆိုပေမယ့်… အောက်ဆိုက်က တစ်ရက်ရက်မနည်း...ဒီကောင်ကြီး ငွေသီးဉီးမှာ...ဆိုပြီး ဂုဏ်ယူပြီး ပြောဦးမယ့် အမေ့ရဲ့ ကြွားလုံးကို ကြားရင်း မျက်ခုံးတွေ လှုပ်လာတဲ့ ကျွန်တော်....

ပါသွားတာ...ပါသွားတာ..စာရိတ္တတွေဗျ...အဲ့ခေတ်ကို သွားကြရပေဦးမည်....

စာရေးဆရာ အော်ပီကျယ် ပြောသလို...ပါတော်မှုဖြစ်ကုန်ကြရပြန်တော့မှာ...


အဲ့ဒါတွေကိုတွေးရင်း သေချာတာက


  • ကိုယ်လက်လှမ်းမှီတဲ့ ဘတ်(စ်)ကားတွေမှာ Aircon မပါတော့ပြီ…
  • လူတွေနေရာတိုင်းမှာ တန်းမစီပဲ ကြားဖြတ်လိုက်ကြတော့မည်
  • လာ(ဘ်)မထိုးရ ဆိုင်းပုဒ်ကြီးအောက်က လူကြီးဆီမှာ မှတ်ပုံတင်ရဖို့ (ပိုက်ဆံလေးကို CCTV မှာ အသေးဆုံးကျစ်၍ လဖ္ဘက်ရည်ဖိုး ပေးရပေတော့မည်...ဆေးရုံစောင့်ကိုလည်း ပိုက်ဆံထိုး...ဗဟိုဘဏ်ဝန်ထမ်းလည်း ပိုက်ဆံထိုးရင်း သွားကြရပေးဦးမည်....


ဒါတွေကို ရောင်းရင်းတို့ရော..ကျွန်တော်တို့ရော မဖြစ်ချင်ကြပါဘူး....ပြန်မသွားချင်ပါဘူး....ဒါပေမယ့်..အားနာရမယ့်ထဲမှာ အဲ့ကောင်တွေမပါသလို...ပျက်အစဉ် ပြင်ခဏဆိုတာ စာလုံးတောင် မပေါင်းတတ်တဲ့ သူတွေကို ကျွန်တောတို့ ရရာကနေ..စိတ်ဓါတ်နဲ့ တော်လှန်ဖို့လိုပါတယ်....များများစားစား မလုပ်ခိုင်းပါဘူး..တတ်နို်င်သလောက်လေးပါ...ရေဗူးဝယ်မယ်ဆိုရင်တောင် Designer တော့ မဖြစ်စေနဲ့ပေါ့ဗျာ....


 ..အိမ်မှာနေရင်း Live Sale ကြည့်ရင်တောင် Bill ကုန်တာပဲဗျ...C2D လေးကိုတော့ မှန်မှန်လေးတော့  Click လေဗျာ......အားနာတတ်ကြရင်ပေါ့....


တကယ်အားနာရမှာက...အဲ့ခေတ်ကို ပြန်မသွားချင်လို့...တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ သူရဲကောင်းတွေ...CDM ဝန်ထမ်းတွေ..စစ်ဒဏ်ကို အလူးအလဲခံနေတဲ့ ပြည်သူတွေဗျ....


မြည်းစမ်းခဲ့ရတဲ့ ဒီမိုကရေစီ အနှစ်ကို ကျုပ်တို့ သင်ယူခဲ့ရတဲ့ တာဝန်ယူမှု..တာဝန်ခံမှုလေးတွေကိုတော့ မပျက်စေချင်ဘူးရောင်းတို့ရေ....


အခွင့်အရေးဆိုတာ တောင်းယူရတာမျိုးမဟုတ်ဘူး...တိုက်ယူရတာ…


အဲလိုနဲ့ ဆေးပေါလိပ်တစ်ဖွာ ကုန်ပြီး..ခေါင်းကြီးလေးတာတဲ့ ကျော်ကြီးတစ်ယောက်...နောင်အနာဂါတ်က ခပ်ပေါ့ပေါ့မဟုတ်ဘူးရယ်ဆိုပြီး...ကောက်ချက်နှင့် အဆုံးသတ်၏....




     


Report Page