Chicken Run: Dawn Of The Nugget (2023)
By ArielIMDb – 6.3/10, Rotten 🍅 – 83%
ကမ္ဘာကျော်ကာတွန်းကားတွေထဲက တစ်ကားဖြစ်တဲ့ Chicken Run 2000 ရဲ့ အဆက်ဖြစ်တဲ့Chicken Run: Dawn of the Nugget လာပါပြီ။ နာမည်ကြီးဇာတ်ကားတွေကို မရှည်ရှည်အောင် ဆွဲဆန့်ပြီးရိုက်ကြတဲ့ခေတ်ထဲမှာ ကောင်းပါ့မလားလို့ ထင်ရပေမဲ့ဒီတစ်ကားကတော့ ကောင်းသွားပါတယ်။
Rating လည်း Imdb 7.1 အထိ ရထားပါပြီ။ သရုပ်ဆောင်တွေကတော့ Westworld ဖန်တွေကြိုက်မဲ့Thandiwe Newton က အဓိက မင်းသမီး ဂျင်ဂျာ၊ ရော့ကီနေရာမှာShazam မင်းသား Zachary Levi၊ သူတို့ရဲ့ သမီး မော်လီနေရာမှာတော့Game of thrones ထဲက အချစ်တော်လေးBella Ramsey က ပါဝင်ထားပါတယ်။
အရွယ်ရောက်လာတဲ့မော်လီဟာ လောကကြီးကိုစူးစမ်းရင်းနဲ့ ရန်သူဟောင်း ကြက်ခြံပိုင်ရှင်ကြီး တွီဒီရဲ့ ခြံထဲမှာပိတ်မိသွားပါတော့တယ်။ ဒီတော့ မော်လီတို့တသိုက်ဟာ ခြံထဲကထွက်ပြေးဖို့မဟုတ်ဘဲခြံထဲကိုဖောက်ဝင်ပြီး မော်လီ့ကို ကယ်ဖို့ စွန့်စားခန်းတွေ ဖွင့်ကြပါတော့တယ်။