Chapter 7

Chapter 7


🚩Ch -7 

Arc 1.7 မင်းသမီးအစားထိုး ထိမ်းမြားလက်ထပ်ခြင်း


ကျယ်ဝန်းသောကျောက်သားနံရံအခန်းက မှောင်မည်းနေသော်လည်း စိုထိုင်းထိုင်းဖြစ်နေခြင်းတော့မရှိ ။ အထဲတွင် ဆီမီးအိမ်များကို ထွန်းညှိထား၏ ။ ယဲ့ကျီးကျင် နှင့် ရွှမ်းယွမ်ချင်းက အခန်း၏ အလယ်တည့်တည့် ၊ ကျောက်သားစားပွဲဘေး၌ ထိုင်နေကြသည် ။ နှစ်ယောက်စလုံးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး သူတို့၏ အမူအရာကတော့ သိပ်မကောင်းကြပေ ။ 


" ချွင် "


တစ်စုံတစ်ယောက်က ကျောက်နံရံအခန်း၏ ဝင်ပေါက်တံခါးကို တွန်းဖွင့်လိုက်ပြီး ချိန်းကြိုးများမြေပြင်ပေါ်သို့ပြုတ်ကျသွားသည့်အသံက တစ်ခန်းလုံးကို ပဲ့တင်ထပ်သွား၏ ။ နှစ်ယောက်စလုံး မသိစိတ်ဖြင့် တံခါးကိုကြည့်လိုက်မိပြီး သူတို့ပထမဆုံးမြင်လိုက်ရသောအရာမှာ မီးလိုရဲရဲတောက်နေသော အနီရောင်ဖြစ်သည် ။ 


စူးရှတောက်ပသည့် အနီရောင် ၊ မျက်စိကျိန်းစေလောက်သည့် အနီရောင် ။ 


စုဝမ်က နီလာရောင်နန်းတွင်းဝတ်စုံကို ဝတ်ထားပြီး စုရွေ့၏ အကူအညီဖြင့် ကျောက်သားနံရံအခန်းထဲသို့ တရွေ့ရွေ့ ဝင်လာ၏ ။ 


ရွှမ်းယွမ်ချင်းက သူ့မျက်လုံးကို ကျဥ်းမြောင်းလိုက်သည် ။ 


" ရှောင်ဝမ်လား " 


ရွှမ်းယွမ်ချင်း၏ ကွဲအက်သော အသံတိုးတိုးကို ကြားရသောအခါ စုဝမ်မျက်ခုံးပင့်ကာ မူလဇာတ်လိုက်ထံမှ အနည်းငယ်ထွက်ပေါ်နေသော ဒဏ္ဍာရီလာပိုင်စိုးပိုင်နင်းအမူအကျင့်တို့ကို ကြည့်လိုက်မိသည်။ 


ထိူသူမှာ မကြာသေးခင်က ဆက်တိုက် တိုက်ခိုက်ခံထားရပြီး အသက်ဘေးမှ ကပ်သီးလေးလွတ်မြောက်ခဲ့သော်လည်း ရွှမ်းယွမ်ချင်းက တည်ငြိမ်နေဆဲဖြစ်ပြီး တုန်လှုပ်နေပုံမရပေ ။


" ပြောင်ကော ၅ "


စုဝမ်က ရွှမ်းယွမ်ချင်းကို ခေါင်းညိတ်ပြပြီး ယဲ့ကျီးကျင်ကို အကဲခတ်လိုက်သည် ။ ဤအချိန်တွင် ထိုအမျိုးသမီး၏ အကြည့်တို့က တောက်ပသွားပြီး သူမမျက်နှာပေါ်ရှိ အပြုံးကို မဖုံးဖိထားနိုင်တော့ပေ ။


စုဝမ် ၊ ဗိုလ်ချုပ်ကြီး စု၏ သမီး ၊ ရွှမ်းယွမ်ရွေ့၏ ဝမ်ဖေး ။ 


ယဲ့ကျီးကျင်က စုဝမ်ကို သိထားပြီးသားဖြစ်သည် ။ ဝမ်အိမ်တော်နှင့် ယဲ့ကျီးဟွာလက်ထပ်သွားကတည်းက စုဝမ် နှင့် ရွှမ်းယွမ်ရွေ့ကြား ဆက်ဆံရေးအက်ကြောင်းများရှိလာတာကိုလည်း သူမ သိထားသည် ။ ယခုတွင်တော့ သူမ နှင့် ရွှမ်းယွမ်ချင်းက ယဲ့ကျီးဟွာ နှင့် ရွှမ်းယွမ်ရွေ့ဆီတွင် အသတ်ခံနေရသင့်သော်လည်း မမျှော်လင့်ထားစွာဖြင့် စုကျား၏ သားနှင့်သမီးထံတွင် ကယ်တင်ခံလိုက်ရ၏ ။


သူတို့ကို ဤနေရာတွင် တွေ့လိုက်ရခြင်းက အခြေအနေကို နားလည်နိုင်ဖို့ရန်အတွက် ယဲ့ကျီးကျင် အနည်းငယ်သာ စဥ်းစားကြည့်လိုက်ဖို့လိုသည်။ 


ဤအခိုက်အတန့်တွင် ယဲ့ကျီးကျင်၏ နှလုံးသားက အလွန်ကို စိတ်လှုပ်ရှားနေမိ၏ ။ 


သူမ သိနေသားပဲ ။ သူမ သိနေပြီးသားပဲ ။ သူမလို ကူးပြောင်းလာတဲ့အမျိုးသမီးက အဲ့ဒီ ပြန်လည်မွေးဖွားလာတဲ့ အရူးမ ၊ ဦးနှောက်မကောင်းတဲ့ ယဲ့ကျီးဟွာဆီမှာ ဘယ်လိုလုပ် အနိုင်ယူခံရနိုင်မှာလဲ ။ 


ဒီကမ္ဘာပေါ်မှာ ဇာတ်လိုက်မက တစ်ယောက်ပဲရှိနိုင်ပြီး အဲ့ဒါကလည်း သူမကိုယ်တိုင်ပဲ ။ 


" ကူးပြောင်းလာခြင်း " ဖြစ်ဖြစ် ၊ " ပြန်လည်မွေးဖွားလာခြင်း " ဖြစ်ဖြစ် ၎င်းကိုအကောင်းဆုံးအသုံးချနိုင်သောသူက ဘဝတွင် အနိုင်ရသူဖြစ်လိမ့်မည် ။ သို့သော် တစ်စုံတစ်ခုက အကန့်အသတ်နှင့် ထိန်းချုပ်နိုင်မှုမရှိလျှင် ၎င်းက မိမိကိုယ်တိုင်ရော ၊ အခြားသူများကိုပါ ထိခိုက်စေနိုင်သည် ။ 


အတိတ်ဘဝ၏ ယဲ့ကျီးကျင်က မူလကိုယ်နေထိုင်သည့်ကမ္ဘာကို အရမ်းလျော့တွက်လွန်းသည် ။ သူမက မနေနိုင်မထိုင်နိုင်ဘဲ သေတော့မည့် ယဲ့ကျီးဟွာကို သူမ၏ ကူးပြောင်းလာသောဇစ်မြစ်ကို ဖော်ထုတ်ပြခဲ့သည် ။ ရလဒ်အနေနှင့်ကတော့ ယဲ့ကျီးဟွာမှာ မထင်ထားစွာ ပြန်လည်မွေးဖွားလာခြင်းပင် ။ 


ဒါကို ဝဋ်လည်တယ်လို့ ခေါ်တာမဟုတ်ဘူးလား ။ 


ယခုဘဝတွင် အနိုင်ရမည်ဟု သေချာနေသော ယဲ့ကျီးဟွာကလည်း သေရတော့မည်ဖြစ်သည့် ယဲ့ကျီးကျင်ဆီသို့ အလည်လာခဲ့သည် ။ သူမက ဖြည်းဖြည်းချင်း အရင်ဘဝမှ အကြောင်းအရာများကို စိမ်ပြေနပြေပြန်ပြောလိုက်သည် ။ ထိုအချိန်တွင် ယဲ့ကျီးကျင်လည်း မျှော်လင့်ချက်အားလုံးကို လွှတ်ချလိုက်၏ ။ ကူးပြောင်းလာခြင်း၊ ပြန်လည်မွေးဖွားခြင်းမျိုးရှိသည့်သူက သူမအပြင်အခြားထပ်ပြီးရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ ။ ထို့အပြင် သူမက သူမ၏အတိတ်ဘဝကအတိုင်း ပြန်လည်မွေးဖွားလာသောအမျိုးသမီးထံတွင် လက်စားချေခံရတော့မည် ။ 


မူလတွင် သူမက ဝှက်ဖဲကို ကိုင်ထားသော ဇာတ်လိုက်မဖြစ်မည်ဟု တွေးခဲ့သည် ။ သို့သော် ယဲ့ကျီးဟွာနှင့် ဆုံတွေ့လိုက်ချိန်၌ သူမက တန်ပြန်တိုက်ခိုက်ခံရမည့် ဇာတ်လိုက်မအဟောင်းသာဖြစ်လာ၏ ။ 


သေဒဏ်စီရင်ခံရမည့်နေ့၌ ယဲ့ကျီးကျင်တွင် အထူးမျှော်လင့်ထားတာမျိုးမရှိတော့ပေ ။ သို့သော် ထို့နေ့၌ ဆန်းကြယ်သောကံကြမ္မာက ဖြစ်ပေါ်လာ၏ ။


ခေါင်းဖြတ်ခံရမည့်ဆဲဆဲ ကွပ်မျက်စင်ပေါ်၌ အဖြူရောင်အဝတ် ဖုံးအုပ်ခံလိုက်ရပြီးချိန်တွင် သူမနှင့် ရွှမ်းယွမ်ချင်းက အိတ်တစ်အိတ်ထဲသို့ လိမ့်ကျသွားခဲ့သည် ။ 


တစ်ချိန်လုံး သူတို့နှစ်ယောက်က ဤကျောက်သားနံရံခန်းထဲ၌ ပိတ်ထားခံခဲ့ရတာဖြစ်၏ ။ သူတို့ကို အစားအစာနှင့် သောက်စရာလာပို့သည့်သူများရှိသော်လည်း ဤကျောက်သားနံရံခန်း၏ ပိုင်ရှင်ကတော့ ပေါ်မလာခဲ့ပေ ။ 


ဖြစ်နိုင်ချေရှိမည့်အရာတို့ကို ယဲ့ကျီးကျင်တွေးကြည့်ဖူးပြီး စုဝမ် နှင့် စုရွေ့ကိုတွေ့လိုက်ရချိန်တွင်တော့ သူမ ချက်ချင်းပဲ ခွေးသွေးများအပြည့်နှင့် ဇာတ်လမ်းပေါင်းစုံကို  စဥ်းစားမိသွားသည် ။


" ဘာလို့ ငါတို့ကို ကယ်ခဲ့တာလဲ ။ "


ယဲ့ကျီးကျင်၏ စိတ်လှုပ်ရှားနေမှုနှင့် ယှဥ်လျှင် ရွှမ်းယွမ်ချင်းက သိပ်ပြီးဂရုစိုက်နေပုံမရပေ ။ သူက တံခါးတွင်ရပ်နေသော သူနှစ်ယောက်ကို တိတ်တဆိတ်ကြည့်နေပြီး နောက်ဆုံး၌ သူအကြည့်က စုဝမ်ပေါ်သို့ ရောက်သွား၏ ။


" ကျွန်မက ယဲ့ကျီးဟွာနဲ့ ရွှမ်းယွမ်ရွေ့တို့ ကျေနပ်နေတာမျိုး မလိုချင်ရုံပါပဲ ။ " 


စုဝမ်၏ ရယ်မောခြင်း၌ အမုန်းတရားများပါဝင်နေ၏။ 


" ရွှမ်းယွမ်ရွေ့ရဲ့ ဆုတောင်းကဘာပဲဖြစ်ဖြစ် ၊ ကျွန်မ အဲ့ဒါကို ဖျက်ဆီးပစ်မယ် ။ ပြောင်ကော ၅ ၊ မြို့တော်အပြင်ဘက်မှာ ကိုယ်ပိုင်လူတွေရှိထားတယ်ဆိုတာ ကျွန်မသိတယ် ။ ရှင်ပြန်လာတဲ့ပွဲမျိုးလိုချင်လား ။ " 


ပြန်လာတဲ့ပွဲ ။


ရွှမ်းယွမ်ချင်း၏ အကြည့်တို့က အရောင်တောက်သွားပြီး 


" တန်ဖိုး ၊ ငါပြန်ပေးရမယ့် တန်ဖိုးကဘာလဲ ။ "


ယခုတွင် သူက သူ၏မင်းသားရာထူးကို စွန့်လွှတ်လိုက်ရသည် ။ မြို့တော်အပြင်ဘက်ရှိ တပ်များမှလွဲ၍ သူ့တွင် ဘာမှအသုံးချစရာမရှိတော့ပေ ။ ထို့ကြောင့် ဤပူးပေါင်းမှု၌ သူ့အနေအထားက သိသိသာသာကို အားနည်းနေ၏ ။ 


တန်ဖိုးက...


စုဝမ် သူမနှလုံးသားထဲမှ လှောင်ရယ်လိုက်မိသည်။ 


တန်ဖိုးကတော့ ရှင့်ရဲ့ အသက်ပဲ ။ သေချာပေါက် ၊ ဒါကိုတော့ သူမ ဘယ်ထုတ်ပြောပါ့မလဲ ။ ဒါက သူ့လက်တွဲဖော်လေးရဲ့ နှလုံးသားကို နာကျင်သွားစေမှာလေ ။ 


" ရွှမ်းယွမ်ရွေ့ နဲ့ ယဲ့ကျီးဟွာကို မလွှတ်ပေးဖို့က ကျွန်မရဲ့ တစ်ခုတည်းသော ဆန္ဒပဲ ။ "


စုဝမ်၏ အကြည့်တို့က အမုန်းဖြင့်ပြည့်နှက်လို့နေ၏။


" ကျွန်မလိုချင်တာ သူတို့ မပျော်ရွှင်ရဖို့ပဲ ။ ဒါဆိုရင် ကျွန်မ ပျော်ရလိမ့်မယ် ။ ပြောင်ကော ဘာတန်ဖိုးကိုမှ ပြန်ပေးစရာမလိုပါဘူး ။ သေချာတာပေါ့ ၊ တကယ်လို့ ရှင်က ကျွန်မတို့ကိုမယုံဘူးဆိုရင် အခုထွက်သွားလို့ရတယ် ။ ရှင်တို့ မြို့တော်ကနေ လုံလုံခြုံခြုံနဲ့ ထွက်သွားလို့ရစေရမယ်လို့ ကျွန်မအာမခံတယ် ။ " 


မိန်းမတစ်ယောက်က အချစ်ကြောင့် တစ်ကြိမ်တစ်ခါရူးသွပ်သွားတာနဲ့ သူမက ဘာမဆိုလုပ်မှာပဲ ။ 


အားလုံး၏ အမြင်၌ ယခုစုဝမ်က ထိုကဲ့သို့ မိန်းမမျိုး ဖြစ်သည် ။ 


ရွှမ်းယွမ်ချင်းက ခဏလောက်တိတ်ဆိတ်သွားပြီး ဘေးတွင် ရှိနေသော ယဲ့ကျီးကျင်ပါ ငြိမ်ကျသွား၏။ သူမက စုဝမ်၏ တောင်းဆိုမှုကို ချက်ချင်းလက်ခံလိုက်ချင်သော်လည်း သူမအပေါ်၌ ရွှမ်းယွမ်ချင်း၏ စိတ်မကျေမနပ်ရှိနေခြင်းကိုလည်း သတိထားမိနေသည် ။ ဤအခြေအနေမျိုး၌ သူမဘာကိုမှ ဝင်မပြောရဲပေ ။ 


ခေတ်သစ်မှ လာသောအမျိုးသမီးအနေနှင့် သူမက ဘယ်လောက်ပဲ အမှီခိုကင်းပြီး သန်မာနေပါစေ ၊ သူမဖြတ်ကျော်လာရသည့် ကမ္ဘာ၏ ပုံစံမျိုးကို တဖြည်းဖြည်းချင်း သူမလည်း ကျင့်သားရသွားလိမ့်မည် ။ ဤခေတ်နှင့် ကျင့်သားရသွားတာနှင့် တစ်ပြိုင်နက် သူမက တဖြည်းဖြည်းချင်း သူမ၏ မူလဂုဏ်ပုဒ်နှင့် မူလအတွေးတို့ကို ဆုံးရှုံးရလိမ့်မည်။ 


" ပျော်ရွှင်စရာ ပူးပေါင်းမှုပါ ။ "


အတော်အတန်ကြာပြီးနောက်တွင် ရွမ်းယွမ်ရွေ့က ခေါင်းတစ်ဖန်ပြန်မော့ကာ စုဝမ် နှင့် စုရွေ့ကို ပြုံးပြလိုက်သည် ။ 


စုရွေ့က အစ မှ အဆုံးထိ စုဝမ်နောက်တွင် ဘာတစ်ခွန်းမှ မပြောဘဲရပ်နေသော်လည်း ရွှမ်းယွမ်ချင်းကမူ အတော်ကြာကတည်းက သူ့ကို ကြည့်နေမိ၏။ 


စုမိသားစုက အသွားနှစ်ဖက်ဓါးသွားဖြင့် ရန်သူများကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်နိုင်ပြီး တစ်စုံတစ်ယောက်ကို သတ်ပစ်လျှင် ထိုသူ၏ သွေးကို ​သုံးပေ​လောက်အထိ စင်သွားစေနိုင်သည် ။ 


ထိုမိသားစုတွင် စုဝမ်၏ စိတ်နေစိတ်ထားက အသိမ်မွေ့ဆုံးဆိုတာ ရွှမ်းယွမ်ချင်းသိသည် ။ သို့သော် ရွှမ်းယွမ်ရွေ့က သူမ၏ အသည်းကိုခွဲလိုက်ခြင်းကြောင့် ယခုလို ပြောင်းလဲသွား၏ ။ ထို့နောက် စုရွေ့...


စုရွေ့မှာ အဓိက သတိထားစောင့်ကြည့်သင့်သည့်သူ ဖြစ်သည် ။ 


ဤအချိန်တွင်တော့ သူ့ကို အနာဂတ်၌ အန္တရာယ်ပေးနိုင်ဆုံးသောသူမှာ စုဝမ် နှင့် စုရွေ့ဖြစ်နေလိမ့်မည်ဟု ရွှမ်းယွမ်ချင်းမတွေးထားမိပေ


🚩

Report Page