Chapter 55

Chapter 55

匡子文

 

ဖန်းချောင်ကျိုး ".........."

 

လီကျူး၏ဦးနှောက်မကောင်းမှန်းသူသိသော်လည်း တဖက်လူ၏ဦးနှောက်ကထိုမျှဆိုးဝါးနေမယ်လို့ မထင်ထားခဲ့ပေ။

 

လီကျူးအသံကြောင့် နေရာ‌ပေါင်းစုံမှမျက်လုံးများက သူ့ထံကျရောက်လာသည်။ ဖန်းချောင်ကျိုးသည် ဖုံးကွယ်ရန်အလို့ငှာနောက်ပြန်ဆုတ်ပြီး သူ့ခေါင်းကိုခြုံထည်အောက်သို့ဝှက်လိုက်သည်။ ဆံခြည်တမျှင်မျှပင် မပေါ်စေဘဲ လုံးဝသေချင်ယောင်ဆောင်လိုက်သည်။ သို့သော်သူနောက်ပြန်ဆုတ်ပြီးမကြာခင်မှာပဲ လီကျူးအသံကိုထပ်ကြားလိုက်ရပြန်သည်။

 

"ကျွန်တော့ညီက ဘာလို့ပုန်းနေတာလဲအဖေ... သူကျွန်တော်တို့ကိုအသိမှတ်မပြုဘူးလား"


ထိုစကားထွက်လာပြီးနောက် သူ့နောက်ကျောရှိလက်က တင်းကြပ်သွားကြောင်းခံစားလိုက်ရသည်။

 

"ညီအကို..?"

 

ကျုံးလီယွဲ့ရွှေအသံက အမြဲ‌လိုအေးစက်ပြီး လေသံကခက်ထန်နေတတ်သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူ့အသံကပုံမှန်ထက်ပိုအေးစက်နေခဲ့သည်။ ဖန်းချောင်ကျိုးအေးခဲသွားပြီး ငိုညည်းသံဖြင့် ပြောသည်။

 

"သူကရူးနေတာလေ ဆရာရဲ့ သူ့ခေါင်းထဲကပြသနာကိုမြင်နေရတာပဲ ‌အဲ့လိုသာမဟုတ်ရင် ဆရာ့ကို ရုပ်ဆိုးတဲ့မကောင်းဆိုးဝါးလို့ သူဘယ်လိုပြောနိုင်ပါ့မလဲ"

 

ဖန်းချောင်ကျိုးမှ ကျုံးလီယွဲ့ရွှေကိုရှင်းပြနေစဉ် လီယိရယ် သူ့သားကိုအကြိမ်အနည်းငယ် မကြည့်ဘဲမနေနိုင်ခဲ့။ သူ့သားက သူ့အကြည့်များကိုခံစားမိပြီး နှုတ်ခမ်းကိုတွန့်ချိုးလိုက်သည်။


"ကျွန်တော့်ကို ဘယ်လိုထင်လဲ အဖေ..?"

 

လီယိရယ်အမူယာက အနည်းငယ်ရှုပ်ထွေးနေပြီး အလေးနက်ထားအော်လိုက်သည်။

 

"သား..."

 

သားလို့ခေါ်ခံရပြီးနောက် လီကျူးအနည်းငယ်ထိတ်လန့်သွားသည်။ ပုံမှန်အားဖြင့် လီယိရယ်သည် သူ့နာမည်ကိုသာခေါ်လေ့ရှိသည်။

 

"အဖေ ဘာလုပ်နေတာလဲ ဖြစ်နိုင်ရင် ကျွန်တော့နာမည်ကိုပဲခေါ်စမ်းပါ သားလို့ခေါ်ခံရတာက အန်ချင်သလိုခံစားရတယ်"

 

လီယိရယ်သည် ဖန်းချောင်ကျိုး၏ အထိတ်တလန့်ဖြစ်နေမှုကိုလျစ်လျူရှုပြီး အလေးနက်ထားပြောလိုက်သည်။

 

"ယောကျာ်းတွေက ကလေးရနိုင်တယ်လို့ တကယ်ထင်နေတာလား"

 

ဒါကိုကြားပြီး လီကျူးမျက်လုံးများက ချက်ချင်းဆိုသလိုပြောင်းလဲသွားသည်။ သူ့အဖေကို မထီမဲ့မြင်မျက်လုံးများနှင့်ကြည့်ပြီး

 

"လူတိုင်းသိနေတာကို ဒါ‌လေးတောင်မသိဘူးလား။ ယောက်ျားလေးတွေလည်း ကလေးရနိုင်တယ်။ လူကိုမယုံရင်တောင် စကား‌တွေကိုငှားယူလို့ရတယ်၊ ကြည့်..' အင်အားကြီးတဲ့လင်ပါသားကငါ့ကိုပျက်စီးစေတယ်' ဒါပေမယ့် ဖတ်လို့မပြီးသေးလို့ငါငှားလို့မရဘူး"

 

လီယိရယ်သည် သူ့မျက်နှာကို တဖက်လှည့်လိုက်ကာ အချိန်အတော်ကြာပြီးမှ စကားပြောနိုင်သည်။


"မဟုတ်ဘူး၊ မင်းအတွက်မင်း သိမ်းထားလိုက်ပါ"

 သူ့မျက်လုံးများက သူအရင်ကြည့်နေခဲ့သောနေရာသို့ပြန်ရောက်သွားသည်။ အချီခံထားရတဲ့ကလေးကို အရင်ကြည့်ပြီးမှ ချီထားတဲ့လူငယ်ကိုကြည့်လိုက်သည်။

 

အချိန်အတော်ကြာစိုက်ကြည့်ပြီးနောက်လူငယ်လေးကသူ့အကြည့်တွေကို သတိထားမိကာ ပြန်ကြည့်လိုက်တော့ လူနှစ်ယောက်က မျက်လုံးချင်းဆုံသွားခဲ့သည်။

 

လီယိရယ်က သူ့နှုတ်ခမ်းတွေကိုဆွဲတန်းပြီး ပြုံးလိုက်သည်။ သူ့မျက်နှာပေါ်ကဆိုးယုတ်မှုတွေက ပိုမိုကြီးမားလာသည်။ သူကလေသံကိုမြှင့်ပြီး

 

"ဂိုဏ်းသခင်ကျုံးလီက ဒီမှာရှိနေမှတော့ ဘာလို့လူကြားထဲပုန်းနေရတာလဲ"

 

သူ့စကားကိုကြားပြီးနောက် လူအုပ်ကြီးကရုတ်ရုတ်သဲသဲဆူညံသွားသည်။

 

ဒီကမ္ဘာထဲကျူံးလီယွဲ့ရွှေနာမည်ကိုမသိသောသူ တစ်ယောက်မျှမရှိပါ။ ဘုန်းကြီးတွေရဲ့အမြင်မှာတော့ ကျုံးလီယွဲ့ရွှေသည် အကြွင်းမဲ့စွမ်းအားရှင်တစ်ဦးဖြစ်ပြီး သူတို့ရဲ့ ကြည်ညိုလေးစားရာဖြစ်သည်။ လူတိုင်းက ကျုံးလီယွဲ့ရွှေနောက်တစ်ယောက်ဖြစ်ချင်ကြပေမယ့် ကျုံးလီယွဲ့ရွှေသည် တကယ့်ကိုဆန်းကြယ်ပြီး ရိုးရှင်းသည်။ ဒီဂိုဏ်းရဲ့တပည့်တွေက ကျုံးလီယွဲ့ရွှေကိုမြင်လိုသော်လည်း ဤသည်က ပိုတောင်ခက်သေးသည်။

 

ကျုံးလီယွဲ့ရွှေက တကယ်ပဲဒီမှာရှိနေတာလား?

 

ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများသာမက ထျန်းရွှေ ဂိုဏ်း၏တပည့်များပင်

 

"ဂိုဏ်းသခင်လား? ဂိုဏ်းသခင်က ဘယ်မှာလဲ" ဟု တီးတိုးပြောနေကြသည်။

 

ဖန်းချောင်ကျိုးသည် လီယိရယ်၏စကားကိုကြားသည့်နောက် ကျုံးလီယွဲ့ရွှေ၏ရင်ခွင်ထဲမှ ချက်ခြင်းထွက်ချင်လာသည်။ လက်ရှိပစ်မှတ်က ကျုံးလီယွဲ့ရွှေဖြစ်နေပြီး သူ့ဘဝသူကယ်တင်ရန် ထိုပစ်မှတ်၏အဝေးတွင်နေလိုသည်။

 

သို့သော်သူ၏အကောင်အထည်ဖော်လိုမှုသည် တိုက်ရိုက်ဖိနှိပ်ခံရပြီး သူ့ကိုယ်ထဲမှာပင်သေဆုံးသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျုံးလီယွဲ့ရွှေ သည် လူအုပ်ထဲသို့ တိုက်ရိုက်လမ်းလျှောက်သွားကာ ဖုံးကွယ်ထားသောဖိအားများထုတ်လွှတ်လိုက်သည်ကို ဖန်းချောင်ကျိုးခံစားမိပြီး မူးဝေအားနည်းလာကြောင့်ဖြစ်သည်။

 

ဖန်းချောင်ကျိုးသာမက သူ့ဝန်းကျင်ရှိ လူများပါသက်ရောက်ခံစားရသည်။ တဖက်ရှိ နတ်ဆိုးကျင့်ကြံသူများပင် သက်ရောက်ခံရပြီး လီကျူးအပါအဝင် ကျင့်ကြံအခြေခံအားနည်းသည့် ကျင့်ကြံသူများ၏ ခြေထောက်များ ပျော့ခွေသွားရသည်။

 

ကျုံးလီယွဲ့ရွှေသည် လမ်းလျှောက်နေရင်း လီကျူးကို စိုက်ကြည့်နေဆဲဖြစ်သည်။ သူကြည့်နေသည်ကိုမသိပါဘဲ လဲကျသွားလုဖြစ်သွားရသည်။ လီယိရယ်သာသူ့လက်ကိုမကိုင်ထားခဲ့လျှင် မြေပြင်ပေါ်သို့ သူလဲကျသွားလိမ့်မည်ဖြစ်သည်။

 

လီယိရယ်က လီကျူးကို အနောက်ဘက်ရှိအကြီးကဲများထံတွန်းလွှတ်လိုက်သည်။ သူ့လက်ဝါးများကို လှည့်ကာ ကြီးမားသော အရံအတားတစ်ခုကိုပြုလုပ်လိုက်သည်။ ညို့ယူဖမ်းစားနိုင်စွာပြင်ဆင်ပြီးနောက်သူ့နောက်ကျောကို သူ့လက်တစ်ဖက်ဖြင့်ထိန်းထားပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။

 

"ဂိုဏ်းသခင် ကျုံးလီယွဲ့‌ရွှေက တကယ့်ကို ကြီးကျယ်မြင့်မြတ်တာပဲ" 


 

လီယိရယ်၏ ချီးမွမ်းဟန်နှင့်ရှု့ချခြင်းကို ကျုံးလီယွဲ့ရွှေကတည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

 

"ဂိုဏ်းသခင်လီ ဒီလက်ထပ်ပွဲကို ကျုပ်သဘောမတူဘူး"

 

ထိုဖြစ်ရပ်အပေါ်စကားတစ်ခွန်းမျှ မဆိုဘဲ ငြင်းဆန်လိုက်သည်။ လီယိရယ်၏ မျက်လုံးများနက်မှောင်သွားကာ

 

"အိုး၊ ဘာဖြစ်လို့များလဲ"

 

"မင်းကအရမ်းအားနည်းလို့ပဲ"

 

စကားဆုံးသွားပြီးနောက် ကျုံးလီယွဲ့ရွှေသည် ဖန်းချောင်ကျိုးကို ကိုင်ထားသည့် လက်ကို ဖယ်ထုတ်လိုက်သည်။ ဖြူစွတ်သွယ်လျပြီး ကောင်းမွန်စွာဖွဲ့စည်းထားသောလက်ကိုမြှောက်ကာ သူ့လက်ဖျားက အဝေးမှကောင်းကင်ကို မျက်နှာမူလိုက်သည်။ ထိုအခိုက်အတန့်တွင် အဝေးမှ နဂါး‌အော်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကိုထိတ်လန့်စေခဲ့သည်။ မတည်မငြိမ်ဖြစ်နေခဲ့သော ခန္ဓာကိုယ်သည် မြေပေါ်တွင် ဒူးထောက်လုနီးနီး ဖြစ်သွားတော့သည်။

သူ့တပည့်များအားလုံး မြေပေါ်ပြုတ်ကျမည်ကိုစိုးသောကြောင့် လီယိရယ်သည် ချက်ချင်းဆိုသလိုပင် သူ့နောက်ရှိလက်ဖြင့် အရံအတားဆီသို့ ဝိညာဉ်စွမ်းအားထုတ်လွှတ်လိုက်သည်။

 

ကောင်းကင်ထက်တွင် တိမ်မည်းများ တလိမ့်လိမ့်ဖြင့်တက်လာသည်။ အဖြူရောင်နဂါးကြီးက တိမ်များကို ဖြတ်ကျော်ပြီး ကောင်းကင်မှာပျံသန်းလာခဲ့သည်။ ထျန်းရွှေဂိုဏ်းအပေါ်တွင် ကူးခတ်လူးလွန့်ပြီးနောက် နဂါးဟိန်းသံနောက်တစ်ခုထွက်လာခဲ့သည်။ နဂါးဟိန်းသံက မြေကြီးကိုလှုပ်ခတ် တုန်ခါသွားစေသည်။

 

နတ်ဆိုးဝိဉာဉ်ဂိတ်မှ ယူဆောင်လာသော သားရဲများသည်လည်း ခေါင်းငုံ့ထားကြသည်။

 

နဂါးဖြူသည် နဂါးဦးခေါင်းကိုနှိမ့်ချကာ အောက်သို့တရှိန်ထိုးပျံဝဲမလာခင် လေထုအလယ်တွင် အကြိမ်အနည်းငယ် ပျံဝဲနေခဲ့သည်။ ၎င်းကအောက်ရောက်လေလေ ပို သေးငယ်လာလေဖြစ်ပြီး နောက်ဆုံးတွင် လူ့လက်ဖဝါးပေါ်တွင်လဲလျောင်းနေသော နဂါးပုံသဏ္ဍာန်ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျုံးလီယွဲ့‌ရွှေက မထူးခြားနေသောဟန်ဖြင့် ဓားရိုးကိုကိုင်ထားသောလက်ကို အနည်းငယ်လှည့်လိုက်သည်။ ထို့နောက်သူသည်မြေပြင်ကိုဓားဖြင့်ရိုက်ခတ်လိုက်သည့်နောက် သန်မာသောဓားစွမ်းအင်သည် ဓားဖျားထိပ်မှပေါက်ကွဲထွက်လာကာ မြေပြင်သည် လှုတ်ခတ်သွားပုံရသည်။ နဂါးသဏ္ဍာန်ဓား ဦးတည်ထားရာမြေပြင်မှစ၍ မြေကြီးသည်အက်ကွဲသွားပြီး ထိုအက်ရာသည် လီယိရယ်ဆီနီးကပ်လာသည်။ ၎င်းသည် မရေမတွက်နိုင်သော အက်ကွဲကြောင်းများအဖြစ်သို့ ပြောင်းလဲသွားကာ လီယိရယ်အနောက်တွင် မှော်စွမ်းအင်ထိခိုက်မှုများဖြစ်စေသည်။

 

ထိုအက်ကွဲကြောင်းသွားရာလမ်းကြောင်းတလျှောက် အရာအားလုံးမြေပြင်သို့ပြုတ်ကျကုန်သည်။

 

လီယိရယ်သည် သူ့ရှေ့တွင် ရပ်တန့်သွားသောအက်ကွဲကြောင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများ ထပ်မံမြင့်တက်သွားကာ မျက်ဝန်းများ အလွန်အေးစက်သွားသည်။ သို့သော် သူကြည့်နေလိုက်သည့်လူမှာတော့ တည်ငြိမ်သောမျက်နှာထားရှိနေဆဲပင်ဖြစ်ပြီး သူပြောခဲ့သည့်စကားကိုထပ်ပြောလိုက်သေးသည်။

 

"မင်းက အရမ်းအားနည်းတယ်။"

 

အပြန်လမ်းတွင် ဖန်ချောင်ကျိုးသည် ကျုံးလီယွဲ့ရွှေ၏လက်ထဲမှ ဓားကို မစိုက်ကြည့်ဘဲမနေနိုင်ခဲ့ချေ။ အချိန်အတော်ကြာအောင်ကြည့်နေခဲ့ပြီးနောက် ထိုသူက သူ့ကိုလှမ်းကြည့်ကာ

 

"ဘာကိုကြည့်နေတာလဲ"

 

"ဆရာ ဒီဓားကဘာလို့ နဂါးနဲ့တူနေတာလဲ နဂါးကနေပြောင်းသွားတာကြောင့်လား" 


ဖန်းချောင်ကျိုးသည် ကျုံးလီယွဲ့ရွှေလက်ထဲက နှင်းဖြူရောင်နဂါးသဏ္ဍာန် ဓားဖြူကြီးကို ကြည့်လိုက်သည်။ နဂါးသဏ္ဍာန်ဓား၏ဓားရိုးသည် နဂါးဦးခေါင်းဖြစ်ပြီး အမှန်တကယ်အသက်ဝင်‌နေသည်။ ဖန်းချောင်ကျိုးသည် ပိုမိုရှင်းလင်းစွာမြင်လိုသောကြောင့် ပိုမိုနီးကပ်စေလိုက်သည်။ သူကြည့်‌နေဆဲမှာပင် နဂါးခေါင်းပေါ်ရှိ မျက်လုံးများ လှည့်လာသည်ကို တွေ့လိုက်ရသည်။

 

ဖန်းချောင်ကျိုး "!!!"

 

"ကောင်းပြီ ဘာဖြစ်လို့လဲ"

 

ကျုံးလီယွဲ့ရွှေ၏ လေသံသည် ကြီးကြီးမားမားမဟုတ်သကဲ့သို့ တည်ငြိမ်နေသည်။

 

ဖန်းချောင်ကျိုးရဲ့ မျက်လုံးထဲမှာတော့ ဒါက နဂါး, နဂါးလေ!!! ဒဏ္ဍာရီထဲတွင် နဂါးတစ်ကောင်သာရှိသည်။ သူသည် ယခင်က စာအုပ်ထဲတွင်သာ နဂါးများကို မြင်ဖူးသော်လည်း ၎င်းတို့ကို အခြားသူများမှရေးထားသည်။ ယခုအခါတွင်တော့ နဂါးတစ်ကောင်ကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရသည်။


သူ့မျက်နှာကို မော့ပြီး ကျုံးလီယွဲ့ရွှေကို ကြည့်လိုက်သည်။ သူ့အမူအရာနှင့် လေသံနှစ်ခုစလုံးသည် ခါတိုင်းထက်ပိုကောင်းနေခဲ့ပြီး

 

"ဆရာ ကျွန်တော်ထိကြည့်လို့ရလား"

 

“မရဘူး”

 

ဖန်းချောင်ကျိူး “...”

 

ရေအေးသောက်ထားတဲ့ တွန့်တိုတဲ့တစ္ဆေကြီး။

 

ဖန်းချောင်ကျိုးသည် သူ့ရဲ့နတ်ဆိုးဆန်တဲ့လက်သည်းတွေကိုပြန်ရုပ်သိမ်းလိုက်သည်။ ကြောင်နဲ့ဆော့ဖို့ပြန်သွားသင့်ပြီ။ သို့သော်လည်း တောင်အောက်မှာတုန်းက လီယိရယ်နဲ့နတ်ဆိုးအဖွဲ့ နာနာခံခံပြန်သွားအောင် ကျုံးလီယွဲ့ရွှေဘာလုပ်ခဲ့တယ်ဆိုတာကို နည်းနည်းတော့စပ်စုချင်ဆဲဖြစ်သည်။


လူအုပ်ထဲမှ ကျုံးလီယွဲ့ရွှေထွက်လာပြီးနောက် သူအားနည်းမူးဝေလာခဲ့သည်။ သူမမူးဝင်ခင်ထဲက ရွှေတောင်ပံငှက်ပေါ်ရောက်ရှိနေခဲ့ပြီး အခုဘာတွေဖြစ်နေလဲ သူမသိတော့ပါ။

 

သို့သော် ဖန်းချောင်ကျုံးမမေးရဲပါ၊ ကျုံးလီယွဲ့ရွှေက အချစ်သ‌င်္ကေတနှင့်ညီငယ်လေးကဲ့သို့သော တခြားမေးခွန်းများမေးလာမှာစိုးတာကြောင့် မေးဖို့ကြောက်နေခဲ့သည်။

 

ဟွားလီတောင်သို့ပြန်ရောက်သောအခါ ကျုံးလီယွဲ့ရွှေက အခန်းတွင်းသို့ဝင်သွားပြီး အရံအတားတစ်ခုလုပ်လိုက်သည်။ ဒီဟာက ဖန်းချောင်ကျိုးကိုမဝင်လာစေချင်မှန်း သိသာနေခဲ့သည်။ ဖန်းချောင်ကျိုးကအတွင်းခန်းထဲကမုန့်များအကြောင်း စဉ်းစားနေဆဲဖြစ်ပြီး သူ့အနားရောက်လာကာ ကလေးကဲ့သို့ပြုမူနေသော ထူပိုင်ကို ‌အကြိမ်အနည်းငယ်ထိလိုက်သည်။ ထို့နောက်လက်ဆေးပြီး မုန့်ဆက်စားတော့သည်။

 

နတ်ဆိုးဂိတ်မှလူနှင့် လက်ထပ်ပွဲကပြီးပျက်သွားပုံရပြီး ရွှယ်သမ်းရုန်ကတော့ ဟွားလီတောင်ကို နေ့လည်ခင်းတိုင်းလာနေဆဲဖြစ်သည်။ အချိန်တစ်ခုကြာပြီးနောက် ရွှယ်သမ်းရုန်ကသူ့ကို မကြာမကြာကြည့်နေကြောင်း သိလိုက်ရသည်။ ယခုကဲ့သို့ပင်...။

 

ဖန်းချောင်ကျိုးသူ့ကိုယ်သူကြည့်ပြီးနောက် ရွှယ်သမ်းရုန်ကိုကြည့်ကာမေးလိုက်သည်။

 

“မင်း ဘာတွေကြည့်နေတာလဲ”

 

ရွှယ်သမ်းရုန်က ယနေ့မှာနည်းနည်းစောရောက်နေခဲ့ပြီး ကျုံးလီယွဲ့ရွှေကအခန်းတွင်းမှာမို့ ကျုံးလီယွဲ့ရွှေကိုစောင့်နေရသည်။

 

အောက်ဘက်သို့‌ကြည့်နေကြောင်းတွေ့ပြီးနောက် သူ့ကိုယ်သူပြန်ကြည့်လိုက်မိသည်။ ဘာမှားနေလဲမတွေ့ခင်မှာပင် ရွှယ်သမ်းရုန်အသံကိုကြားလိုက်ရသည်။


“မင်း ထပ်ဝလာပြန်ပြီ”

 

“…..”

 

ငါ့နှလုံးသားကိုသတ်လိုက်တာကွ! ဝတယ်ဆိုတဲ့အပြင် ဘာလို့’ထပ်ပြီး’လဲ.?

 

ဖန်းချောင်ကျိုးသည် သူ့လက်ထဲမှအသီးကိုကြည့်လိုက်ပြီး ခေါင်းကိုမော့ကာ တဖက်လူကိုပြန်မဖြေခင် အနည်းငယ်ရုန်းကန်နေခဲ့ရသည်။

 

“ငါမဝပါဘူး”

 

“ဝလာတယ်၊ မင်းဗိုက်က ပို‌တောင်သိသာလာသေးတယ်” 


ရွှယ်သမ်းရုန်က တဖက်လူ၏ကိုယ်ကိုကြည့်နေဆဲဖြစ်ပြီး သူကြည့်နေသည်မှာသိသိသာသာ ဖောင်းကားနေသော ဝမ်းဗိုက်ကိုဖြစ်သည်။

 

ဖန်းချောင်ကျိုးသည် သူ့နှလုံးသားထဲမှနာကျင်မှုကို ထပ်မံခံစားလိုက်ရသည်။ သို့သော်သူ့လက်ထဲမှသစ်သီးကိုပြန်မထားဘဲ ကိုင်ထားဆဲဖြစ်သည်။

 

“ငါကငယ်သေးတယ် ဝနေရင်တောင်ကိစ္စမရှိဘူး”

 

ထိုစကားများကိုကြားသောအခါ ရွှယ်သမ်းရုန်ကပြုံးလိုက်သည်။ အပြုံးကခဏသာကြာသော်လည်း ထိုအခိုက်တန့်တွင် မ‌ရေတွက်နိုင်သောကြယ်စင်များက သူ့မျက်ဝန်းထဲဖြတ်ဆင်းသွားသလိုပင်။

 

“ဟုတ်တယ်”

 

 

ဖန်းချောင်ကျိုးကို သူပြန်‌ဖြေလိုက်သည်။ ဤသည်ကသဘောတူပုံရသော်လည်း ဝတ်ကျေတန်းကျေနိုင်လွန်းသည်။ ဖန်းချောင်ကျိုးသည် ရွှယ်သန်းရုန်၏သေးသွယ်သောပုံသဏ္ဍန်ကိုကြည့်ပြီး သူ့ကိုယ်သူပြန်ကြည့်မိသည်။ သူတကယ်ဝနေတာလား? အခုသာသူဝနေတယ်ဆို ရုပ်သေးရုပ်ထဲက ထွက်ပြီးရင် ပိုဝနေတော့မှာပေါ့?

 

ဖြစ်နိုင်ချေကိုတွေးမိပြီးနောက် ဖန်းချောင်ကျိုးလက်ထဲရှိအသီးသည် မမွှေးပျံ့တော့သလိုခံစားလိုက်ရသည်။ မူလသစ်သီးကို နေရာပြန်ထားလိုက်သည်။ သူ့ပါးစပ်နှင့်လက်ကို လက်ကိုင်ပုဝါဖြင့်သုတ်ပြီးနောက် သူ့ဗိုက်သူထပ်ထိလိုက်မိသည်။ ဗိုက်က နည်းနည်တော့လုံးဝိုင်းနေသလိုပဲ။ ညစာလျော့စားပြီး သင့်တင့်တဲ့လေ့ကျင့်ခန်းလုပ်ရမယ်မလား?

 

စားပြီးလှဲနေခြင်းသည် ပိုဝစေတယ်လို့ သူကြားခဲ့ဖူးသည်။

 

ဖန်းချောင်ကျိုးဖြေးညှင်းစွာထရပ်လိုက်ပြီး အရှေ့‌အနောက် လမ်းလျှောက်တော့သည်။ သူ့ခြေထောက်ပေါ်အိပ်နေခဲ့သော ထူပိုင်သည် ပျင်းရိစွာမျက်လုံးတစ်ဖက်ဖွင့်ကြည့်ကာ ရွှယ်သမ်းရုန်နှင့် ဖန်းချောင်ကျိုးကြား အကွာအဝေးတစ်ခုခြားနေမှန်းသိပြီးနောက် မျက်စိများပြန်ပိတ်သွားသည်။ လေးပတ်မျှလျှောက်ပြီးနောက် ခြေသံများကြားလိုက်ရသည်။ ထိုင်နေခဲ့သော ရွှယ်သမ်းရုန်သည် ချက်ချင်းထရပ်ပြီး အသံလာရာဆီဦးညွှတ်လိုက်သည်။

 

“ဆရာ”

 

ကျုံးလီယွဲ့ရွှေသည် ဟင်ခနဲထူးရင်း သူ့မျက်လုံးအကြည့်များက အရိုသေပေးသောလူငယ်လေးကိုကျော်ကာ ဖန်းချောင်ကျိုးဆီသက်ဆင်းသွားခဲ့သည်။ ဖန်းချောင်ကျိုးက စက်ဝိုင်းဝိုင်းကာ‌လမ်းလျှောက်နေဆဲဖြစ်သည်။ တဖြည်းဖြည်းမျက်ခုံးကြုံ့လာရင်း

 

“မင်းဘာလုပ်နေတာလဲ” 

 

ဖန်းချောင်ကျိုး ရပ်သွားပြီးလှည့်ကြည့်လိုက်သည့်အခါ သူ့ကိုစိုက်ကြည့်နေသော ကျုံးလီယွဲ့ရွှေကိုတွေ့လိုက်ရသည်။

 

“ဝိတ်ချနေတာ ဆရာ” 

 

“မင်းဘာလို့ ဝိတ်ချချင်ရတာတုန်း” 


ကျုံးလီယွဲ့ရွှေ မျက်မှောင်ပိုကြုတ်လိုက်သည်။ သူ့အကြည့်များက စားပွဲငယ်ပေါ်တင်ထားသော မုန့်များဆီရောက်သွားသည်။

 

“ဒါတွေကိုမစားချင်တာလား”

 

“မဟုတ်ဘူးဆရာ.. ကျွန်တော်ကရှစ်ရှုန်းကို ဝနေတယ်ပြောလိုက်တာ”

 

ရွှယ်သမ်းရုန်ကရုတ်တရက်ပြောလိုက်ပြီး ဖန်းချောင်ကျိုးက ထိုစကားများကြောင့်ထိတ်လန့်သွားရသည်။

ရွှယ်သမ်းရုန်က သူဘယ်သူလဲသိတယ်?

ရွှယ်သန်းရုန်ကမမျှော်လင့်ဘဲ သူ့ရှုစ်ရှုံးလို့ခေါ်လိုက်တယ်။ သို့သော် သူကသာ အံ့ဩနေတဲ့တစ်ဦးထဲသောသူဖြစ်ကြောင်း ဖန်းချောင်ကျိုးသိလိုက်ရသည်။ ကျုံးလီယွဲ့ရွှေက ရွှယ်သမ်းရုန်စကားကိုကြားပြီး‌ သူ့မျက်လုံးထဲအံ့ဩမှုများရှိမနေပါ။ သူ့ကိုအကြိမ်တချို့သာပိုကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

 

“ဝနေတာမျိုးမရှိပါဘူး”

 

ရွှယ်သမ်းရုန်ကြားသည့်အခါ သူ့မျက်တောင်ရှည်များကိုချလိုက်သည်။ သူ့မျက်လုံးများကခံစားမှုအပြည့်ဖြင့်တီးတိုးပြောလိုက်သည်။


“ဒီတပည့်က ပြောတာများသွားပါတယ်”

 

ဖန်းချောင်ကျိုး၏အထောက်ထားကို သူသိနေခဲ့သည်။ သူနှင့်ကျုံးလီယွဲ့ရွှေသည် အခန်းထဲသို့ဝင်ပြီး နတ်ဆိုးဝိဉာဉ်ကိုထုတ်ပယ်နေခဲ့တာတောင် ဖန်းချောင်ကျိုးကထိုအကြောင်းကို နေရာမှာစဉ်းစားနေဆဲဖြစ်ပြီး မကြာခင်မှာပင်သိလိုက်ရသည်။ အစပိုင်းတွင်ကျုံးလီယွဲ့ရွှေပြောခဲ့သည်က လွန်ခဲ့တဲ့နှစ်နှစ်က သူနဲ့ပတ်သတ်သည့်ရွှယ်သမ်းရုန်၏မှတ်ဉာဏ်များကိုဖယ်ရှားပစ်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ လွန်ခဲ့တဲ့နှစ်နှစ်ထဲက ရွှယ်သမ်းရုန်သိနေခဲ့သည်။

 

လူတစ်ယောက်ကငယ်သွားသော်လည်း သူ့မျက်နှာသွင်ပြင်ကမပြောင်းလဲသွားတာကြောင့် သူ့ကိုမှတ်မိတာက ပုံမှန်ပင်။ အကြည့်တစ်ချက်ထဲနှင့် သူ့ကိုမှတ်မိသွားသော သူ့ဆရာကဲ့သို့ပင်။ သို့သော် ညဘက်အိပ်ယာပေါ်လှဲလိုက်တာတောင်မှ သူဝတယ်ဆိုသော ရွှယ်သမ်းရုန်၏စကားကြောင့် သူ့ကိုစိတ်ဆိုးနေဆဲပင်။ မနက်ဖြန်ကစပြီး ဝိတ်ချတော့မယ်လို့ သူလျို့ဝှက်စွာသန္နိဌာန်ချလိုက်သည်။  ပါးစပ်ကိုပိတ် ခြေထောက်များကိုဖွင့်ကာ အပေါ်သို့

ထောင်ကြည့်လိုက်သည်။

 

မနက်ဖြန်ရောက်သောအခါ သူကြီးပြင်းလာကြောင်းဖန်းချောင်ကျိုးတွေ့လိုက်ရသည်။

 


Report Page