Chapter 29

Chapter 29


🚩Ch 29

Arc -2.13 နဝမမြောက်အိပ်မက်ဆိုး


"ရိကျစ်ရွှမ်၊ မင်းဘယ်လို သဘောရလဲ"


ချီမူ၏ ငြီးငွေ့သောအသံကိုကြားရရုံဖြင့် ရိကျစ်ရွှမ် ခေါင်းကိုမလှည့်ကြည့်သော်လည်း၊ချီမူ မျက်နှာထက်မှာ မော်ကြွားလိုသော အပြုံးတစ်ခုရှိနေမှန်း သိလိုက်သည်။ 


 "စိတ်မဝင်စားဘူး"


ရိကျစ်ရွှမ်သည်  တံခါးလက်ကိုင်ကို ကိုင်ထားပြီး လော့ဖြည်ကာ တံခါးဖွင့်၍ ချက်ချင်းထွက်သွားမည်ပြုသည်။


 "မင်းရဲ့ နံပါတ်အစစ်က ဘာလဲဆိုတာ မသိချင်ဘူးလား"


လုံးဝသေချာသောလေသံမျိုး ချီမူထံမှ နောက်တစ်ကြိမ်ထပ်ထွက်လာသည်။ ရိကျစ်ရွှမ် ခေတ္တရပ်လိုက်ပြီး "ဘာလို့ မင်းကို ယုံရမှာလဲ"


သူ အဖြေကို နက်နက်နဲနဲသိချင်ပေမယ့် ချီမူက သူ့ယုံကြည်မှုနဲ့ တကယ်ထိုက်တန်ရဲ့လား။  သူပြောခဲ့တာတွေက အတုအယောင်တွေဆိုရင်လည်း ချီမူ တစ်ယောက်ပဲ အတုမှန်း သိနိုင်တာလေ....


 "မင်း ငါ့ကို မယုံဖို့လည်း ရွေးချယ်လို့ ရတယ်၊ဘယ်သူမှ မင်းကို အတင်းအကြပ် မခိုင်းပါဘူးလေ......"


 ဆိုဖာပေါ်တွင်ထိုင်နေသော ချီမူသည် ဘေးသို့ လှည့်လိုက်ပြီး "ငါတို့ အတူတူနေမယ်ဆိုရင် အန္တရာယ်အကင်းဆုံးပါပဲ၊မဟာမိတ်ဖွဲ့ထားမလား  ဒါမှမဟုတ် တစ်ယောက်တည်း ရပ်တည်မလားဆိုတာ ငါတို့ရဲ့ ရွေးချယ်မှုပဲ၊ အရာအားလုံးက မင်းကိုယ်တိုင်ပဲ မူတည်တယ်၊သေချာပါတယ်၊ မင်း သည်းမခံနိုင်ရင် ငါနဲ့ ရှောင်ဝမ်တို့ ချစ်နေတာကို မင်းက ကြည့်မနေနိုင်ဘူးဆိုလည်း ငါ ဘာမှလုပ်လို့မရတော့ဘူး၊ သူမကို အရမ်းချစ်ဖို့ကောင်းအောင် ဘယ်သူကများ ဖန်ဆင်းထားပါလိမ့်၊သူမသာသေသွားရင် ငါ တကယ် အသက်ရှင်နိုင်မှာမဟုတ်ဘူး"


 "ရှင် သေလိုက်လေ"


စုဝမ်သည် မည်သည့်အချိန်က ဧည့်ခန်းသို့ ပြန်ရောက်ခဲ့သည် မသိ၊ ချီမူ၏ နောက်ဆုံးစကားများကို ကြားလိုက်ရလျှင် ဒေါသသံဖြင့်အော်ဟစ်လိုက်လေသည်။ထို့နောက် သူမကိုင်ထားသည့် ဝတ်စုံဖြင့် ချီမူ့ မျက်နှာကို အတင်း ပစ်ပေါက်ပြီး ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းသည်။


 "အာယို့၊ ရိုက်တယ်ဆိုတာ တကယ်တော့ နမ်းတာပဲ၊ကြိမ်းမောင်းတာကို နမ်းတာ၊ ကြိမ်းမောင်းတာကို အချစ်လို့ ယူဆတယ်၊မင်းက ကိုယ့်ကို ချစ်တယ်ဆိုတာ ကိုယ်သိပါတယ်"


ချီမူသည် သူ့မျက်နှာပေါ်ရှိ အဝတ်အစားများကို ဆွဲခွာလိုက်ပြီး စုဝမ်ကို ပြုံးပြလိုက်သည်။


 အရှက်မဲ့လိုက်တာ...


စုဝမ် သူ့ကို စိုက်ကြည့်ရင်း တံခါးနားမှာ ရှိနေသည့် ရိကျစ်ရွှမ်ကို လှည့်ကြည့်လိုက်ပြီး အေးစက်စက်မေးလိုက်သည်။


"နင်ကရော ဘာလို့ မထွက်သေးတာလဲ"


မကြာသေးမီက သူမသည် ရိကျစ်ရွှမ်အတွက် သူမ၏မာနကို စွန့်လွှတ်ရန် စဉ်းစားနေသေးသော်လည်း၊ ယခု  ထိုအတွေးကို လုံးဝဖြတ်တောက်ခဲ့ပြီဖြစ်သည်။ ရိကျစ်ရွှမ်၏ နှလုံးသားထဲတွင် သူမသည် ဤမျှ အရှက်ကင်းမဲ့သော မိန်းမမျိုးဟု သူမ မတွေးခဲ့ဖူးပေ။


ယခုတော့ ရိကျစ်ရွှမ်သည် သူ့ကိုယ်သူသာ ဂရုစိုက်သော တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်မှန်း သိလိုက်ရ၏။


 တကယ်ကို အကျင့်စာရိတ္တ ဖောက်ပြားနေတဲ့ကောင်...


ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ရိုးရိုးသားသားချစ်ခဲ့မည်ဆိုလျှင် နောက်ဆုံးမှာ လမ်းခွဲလိုက်ကြလျှင်တောင်၊သို့မဟုတ် မိန်းကလေးက ယောက်ျားလေးအား အရင်စဖြတ်လိုက်မည်ဆိုလျှင်တောင် ယောက်ျားလေးဘက်က နည်းနည်းလေးဖြစ်ဖြစ် နောင်တရနေသင့်သည်။ ရိကျစ်ရွှမ် လိုမျိုး ကလေးဆန်စွာ တစ်ဖက်မိန်းကလေးအား ထိခိုက်အောင် ရိုင်းစိုင်းသည့် စကားမျိုး ဗြောင်ကျကျမပြောသင့်ပေ။


 အားလုံးပြီးသွားတဲ့အခါကျမှ အတိတ်က ရိုးသားတဲ့အချစ်ကို မေ့ပစ်ပြီး လာပြီး စော်ကားနေတာ၊ သူတကယ်ယောက်ျားစစ်ရဲ့လား......


စုဝမ် လုံးဝ စိတ်ပျက်သွားရသည် ။  သူမသည် မြို့ထဲရှိ ဆင်းရဲသော မိသားစုမှ သမီးတစ်ဦးဖြစ်သည်။သူမကိုယ်သူမ မာနလည်းမကြီးသလို၊ မြင့်မြတ်သည်ဟု ဘယ်တုန်းကမှ မခံစားခဲ့ရသလို၊ ဤနည်းဖြင့် နှိမ့်ချခြင်းလည်း မခံရဖူးပေ။


စုဝမ်၏ ရွဲ့စောင်းသော မှတ်ချက်ကို ကြားသော် ရိကျစ်ရွှမ်သည် နာကျင်သော မျက်နှာအမူအရာဖြင့် သူမကို လှည့်ကြည့်လိုက်သည်ကို မြင်လိုက်ရသည်။ထို့နောက် သူ့နှလုံးသားထဲတွင် လှောင်ရယ်နေရုံမှတပါး မကူညီနိုင်ပေ။  


သူမက ချီမူ ရှေ့မှာမို့ သရုပ်ဆောင်နေတာလား။သူမပုံစံက သူ နာကျင်စေဖို့ နှလုံးသားမဲ့သူတစ်ယောက်လိုပဲ....


 ဤအခိုက်အတန့်တွင် ရိကျစ်ရွှမ် အပြင်သို့သွားလိုစိတ်မရှိတော့။သူ့အကြည့်က ချီမူဆီကို ရောက်သွားသည်။ယခုဆို ချီမူက ဆိုဖာပေါ်မှာ ထိုင်ရင်း သူ့အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်နေပြီး တခြားဘယ်သူမှ မရှိသလို အေးအေးလူလူပင်။ထို့‌ေနာက် သူသည် သွေးစွန်းနေသည့် အင်္ကျီရှည်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။


"ချီမူ ၊ ငါ မင်းနဲ့ မပူးပေါင်းနိုင်ဘူး၊  မင်းရဲ့ကမ်းလှမ်းချက်က ငါ့အတွက် မလုံလောက်ဘူး"


ရိကျစ်ရွှမ်၏ လေသံနှင့် အမူအရာမှာ ယုံကြည်မှုအပြည့်ရှိသည်။သူ့အသက်ကို ကယ်တင်နိုင်သည့် စွမ်းရည်လည်း ရှိနေတာကြောင့် သူ့တစ်ကိုယ်လုံး ယုံကြည်မှုအပြည့်ရှိလာရသည်။


ရိကျစ်ရွှမ် .......


ချီမူက ရိကျစ်ရွှမ်ကို စိုက်ကြည့်နေသည်။


 တစ်ချိန်က ရိကျစ်ရွှမ်ကိုကြည့်လိုက်လျှင် အမြဲလိုလို ရွှင်လန်းတက်ကြွနေတတ်သည်ဟု ချမ်ယွီဖုန်းက ပြောခဲ့ဖူးသည်ကို သတိရမိသော်လည်း လက်တွေ့တွင်မူ သူသည် နုနယ်သော နှလုံးသားနှင့် သိမ်ငယ်စိတ်ရှိသော တောင်တန်းဒေသမှ ကလေးတစ်ဦးသာဖြစ်သည်။ အိပ်ဆောင်ရှိ အခြားသော ညီငယ်များသည် သူ့ခံစားချက်များကို အမြဲ ထည့်သွင်းစဉ်းစားပြီး သူနှင့် မည်သည့်အခါမျှ ဆန့်ကျင်ဘက် မပြုခဲ့ပေ။


ရုတ်တရက် ရိကျစ်ရွှမ်သည် မောက်မာမှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိလာသည်။ သူ့ကို ဒီလို ယုံကြည်မှုမျိုး ပေးခဲ့တာက ဘယ်သူလဲ။


ချီမူ သူ့ကို စိတ်ဝင်တစားကြည့်ကာ "အခုမှပဲ သရဲတစ္ဆေသတ်တဲ့သူတိုင်းက တစ္ဆေဖြစ်သွားလိမ့်မယ်လို့ စုဝမ်ကိုပြောဖို့မေ့သွားတယ်၊တစ်နည်းဆိုရရင် ငါတို့ရဲ့ရန်သူတွေက အမြဲတမ်း တိုးများလာတယ် ဆိုတာရောပဲ"


 "အင်..."


ချီမူ၏စကားကိုကြားသောအခါ ရိကျစ်ရွှမ် မျက်ခုံးပင့်လိုက်ရင်း မှန်းလို့မရသည့် ခံစားချက်များ ဖြစ်လာသည်။


ရိကျစ်ရွှမ်သည် သူ့စွမ်းရည်ကို အများကြီး ယုံကြည်မှုရှိသော်လည်း သူ့အရည်အချင်းက အချိန်နှင့် အကြိမ်ရေ ကန့်သတ်ချက်ရှိသည်။တစ်နေ့ကို 10 ကြိမ်ထက် ပိုမသုံးနိုင်ချေ။ ဆယ်ကြိမ်ဆိုသည်က သာမာန်ဆို များသည်ဟုဆိုနိုင်၏။သို့သော် ယခုလို အကျပ်အတည်းများ ကြုံနေရသည့် ကမ္ဘာကြီးထဲမှာ နည်းနည်း အန္တရာယ်များလှပေသည်။ ထို့အပြင်.....


ရိကျစ်ရွှမ်က ချီမူကို တစ်ချက်ကြည့်ပြီး စုဝမ်ကိုလည်း ပြန်ကြည့်လိုက်သည်။လောလောဆယ် သူတို့နှစ်ယောက်က သူ့အတွက် ပိုယုံကြည်ရလာသလိုပင်။   အနည်းဆုံး ချီမူ မပေါ်လာခင်မှာ စုဝမ်နှင့်သူ အနီးကပ် အခွင့်အရေးအနည်းငယ်ပေးခဲ့သည်။သူ့ပုံစံက အကာအကွယ်မဲ့ပုံပေါက်သည့်အချိန်တွင်ပင် စုဝမ်သည် မည်သည့်လှုပ်ရှားမှုမျိုးမှ မလုပ်ခဲ့ပေ။ထို့ကြောင့်၊ သူမသည် အသက်ရှင်နေနိုင်သေးသည်။


ချီမူကျတော့......သူသည် အနည်းငယ် လျှို့ဝှက်ဆန်းကြယ်သည်။ဘယ်သူ့ကိုမှ မသိစေချင်သည့် လျှို့ဝှက်ချက်တစ်ခု လည်း ရှိနေပုံပင်။ထို့ကြောင့် သူနှင့် အတူရှိနေရခြင်းက ခွဲခွာသွားခြင်းထက် ပိုကောင်းသည်။သူ့နောက်ကွယ်မှာ တိတ်တဆိတ် အကြံကြံနေခြင်းက ပိုကောင်းသည်။သူ့စိတ်ထဲမှာ ခဏလောက် စဉ်းစားနေမိကာ သူက ချီမူကို ခေါင်းညိတ်လိုက်ပြီး "ဒီသဘောတူညီချက်ကို ငါလက်ခံမယ်၊ မင်းမှာ နောက်ထပ်အခြေအနေတွေရှိသေးလားမသိဘူး" 


သဘောတူညီချက်တစ်ခုဖြစ်သောကြောင့်၊ချီမူကလည်း သူ့ထံမှ တစ်စုံတစ်ရာကို လိုချင်ကြောင်း ယုံကြည်ထားသည်။သို့မဟုတ်လျှင် သူ့ဘက်ကစ၍ မဟာမိတ်ဖွဲ့မှာ မဟုတ်ပေ။ 


"ငါ့မှာ အခြေအနေတစ်ခုရှိတယ်" 


ချီမူက သရော်တော်တော်အပြုံးကို ရပ်တန့်ပြီး ရိကျစ်ရွှမ်ကို လေးလေးနက်နက် လေးလေးနက်နက် ကြည့်လိုက်သည်။


 "ငါ မင်းကို သိပ်ရိုးရှင်းတဲ့အရာ တစ်ခုပဲ လုပ်စေချင်တယ်၊ငါတို့ အတူတူ အန္တရာယ် တစ်ခုခု ကြုံရင် စုဝမ်ကို ကာကွယ်ဖို့ မင်းရဲ့ အစွမ်းအစကို အကောင်းဆုံး အသုံးချမယ်လို့ ငါ မျှော်လင့်ပါတယ်၊ မင်းဆီက ဘာမှ ငါ မမျှော်လင့်ပါဘူး၊သူမကို ကာကွယ်စောင့်ရှောက်ဖို့ တစ်ကြိမ်တစ်ခါလောက်ပဲ မင်းကို လိုအပ်တယ်၊ သူမကို တစ်ခါတည်းပဲ ကာကွယ်လိုက်ပါ၊ဒါကို သတိရပါ ရိကျစ်ရွှမ်…ဒါက ယောက်ျားတွေကြားက ကတိတစ်ခုပါ၊ မင်းသဘောမတူနိုင်ဘူးဆိုရင် ငါတို့ရဲ့သဘောတူညီချက်ကို ပယ်ဖျက်လိုက်မယ်၊စည်းကမ်းတွေကို လိုက်နာရမယ်၊ ငါ့ကိုလှည့်စားဖို့ မစဉ်းစားနဲ့!"


ချီမူ၏ အသံ ဆုံးသွားသည့်အခါ ရိကျစ်ရွှမ်နှင့် စုဝမ်တို့ သူ့ကို အံ့အားသင့်စွာ ကြည့်နေလေသည်။ ချီမူကို သူတို့ ပထမဆုံး သိလိုက်ရသလိုပင်။


"ရှောင်ဝမ် မင်း ကိုယ့်စကားကြောင့် ကြွေသွားပြီမလား......ဒါဆို မင်းရဲ့ နှလုံးသားကို ပေးလိုက်တာ ဘယ်လိုလဲ"


ချီမူသည် စုဝမ်၏အကြည့်ကို မြင်လိုက်သည်နှင့် သူ ချက်ချင်းပင် လက်လွှတ်မခံဘဲ အမိအရပင် ပြောပစ်လိုက်၏။သူ အခွင့်ရတိုင်း သူမကို ပိုးပမ်းနေမိမှာပင်။


စုဝမ်ခမျာ တုန်လှုပ်သွားပြီး ချီမူ၏ အပြုံးကို မြင်လိုက်ရသောအခါ ဒေါသတကြီး မျက်နှာကို တစ်ဖက်သို့ ချက်ချင်း လှည့်လိုက်သည်။


တစ်ဖက်က ရိကျစ်ရွှမ်သည် ချီမူကိုကြည့်ရင်း အတွေးပေါင်းစုံဖြစ်တည်နေရတော့၏။


ဒီ ချီမူဆိုတဲ့ကောင်က တကယ် မျိုးမစစ်ကောင်ပဲ...


🚩

Report Page