Chapter 27

Chapter 27


🚩Ch 27

Arc 2.11 နဝမမြောက်အိပ်မက်ဆိုး


ကျဉ်းမြောင်းသော ဧည့်ခန်းထဲတွင်  စိတ်ဝင်စားစရာကောင်းသော တီဗီရှိုးတစ်ခု တီဗီထက်တွင် ပြသထားသည်။အသံက အကျယ်ကြီးမဟုတ်သော်လည်း တိတ်ဆိတ်သည့်ညချိန်ခါ ဖြစ်၍ ကြည်လင်ပြတ်သားစွာ ကြားနိုင်ပေသည်။


စုဝမ်သည် ညဝတ်အင်္ကျီကိုလဲ၍ သက်တောင့်သက်သာရှိသော အားကစားဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားပြီဖြစ်သည်။သူမသည် ဆိုဖာ၏ တစ်ဖက်စွန်းတွင် ထိုင်နေပြီး ကျန်တစ်ဖက်တွင် ရိကျစ်ရွှမ် ထိုင်နေသည်။ သူသည် သာမာန်နေ့များကဲ့သို့ပင် ရိုးရိုးရှပ်အင်္ကျီနှင့် အပြာရောင် ဂျင်းဘောင်းဘီကို ၀တ်ထား၏။


ယခင်က ရိကျစ်ရွှမ်သည် အလွန်ချောမောပြီး ချစ်စရာ အတော်ကောင်းသည်ဟု စုဝမ် မထင်ခဲ့ပေ။ သူမတို့ လမ်းခွဲပြီးနောက် ခဏအကြာတွင် သူ့ပုံစံက ထူးထူးခြားခြားဖြစ်လာပြီး ရေပန်းစားလာသော်လည်း၊ဤကဲ့သို့ တည်ငြိမ်အေးဆေးသော ရိကျစ်ရွှမ်ကိုသာ သူမ သဘောကျ နှစ်သက်ဆဲဖြစ်သည်။ပြောင်းလဲသွားသော သူ့ပုံစံကိုမကြိုက်ပေ။ထိုသူက သူမ၏ မှတ်ဉာဏ်ထဲမှ လူမျိုးမဟုတ်ချေ။


 "မင်း ဘာလို့ပြန်မအိပ်တာလဲ၊ကိုယ် မင်းကိုစောင့်ပေးမယ်"


ဤကမ္ဘာကြီးသည် အိပ်မက်များနှင့် ရှုပ်ထွေးနေသောကမ္ဘာဖြစ်၍ စုဝမ်၏မိဘများ နောက်တစ်ကြိမ်ပြန်ပေါ်လာတော့မည်မဟုတ်ကြောင်း ရိကျစ်ရွှမ် အသေအချာ သိထားသည်။ယခုလို  ညဥ့်နက်လာလျှင်လည်း အလွန်အန္တရာယ်များသဖြင့် သူမအား ယခုလိုပြောရခြင်းဖြစ်သည်။


ထို့ကြောင့် သူ မအိပ်ဘဲနေဖို့ ဆုံးဖြတ်လိုက်သည်။စုဝမ်သည် ပင်ပန်းနွမ်းနယ်နေဟန် ပေါက်နေ၍ သူ ခဏလောက်စဉ်းစားပြီး အနားယူခိုင်းလိုက်ခြင်းဖြစ်သည်။ထို့အပြင် သူမသည် လူကောင်းလည်းသေးသလို၊ကိုယ်ခံပညာတစ်ခုခုလည်း မတတ်ကျွမ်းထားပေ။ သူမသည် သူ့အတွက် ယုံကြည်ရသော အသင်းဖော်ဖြစ်ကြောင်း ပြသရုံမှလွဲ၍ သူမ သူ့အနားတွင် ရှိနေခြင်းသည် အသုံးမဝင်ပေ။


ရိကျစ်ရွှမ် စကားကိုကြားသော် ဆိုဖာပေါ်မှာထိုင်နေသည့် စုဝမ်က မျက်လုံးကို အသာအယာပွတ်လိုက်ပြီး "ရပါတယ်၊ ငါ သည်းခံနိုင်သေးတယ်၊ ငါ့ကိုစိတ်ထဲမထားပါနဲ့"


 "မင်း...."


ရိကျစ်ရွှမ် တစ်ခုခုပြောချင်နေသေးသော်လည်း သူ့အသံက ရုတ်တရက် ရပ်သွားသည်။ အကြောင်းမှာ တချွတ်ချွတ် ခြေသံများကို သူကြားလိုက်ရတာကြောင့်ပင်။


 ဤအခိုက်အတန့်တွင် စုဝမ်လည်း စိတ်ဝင်တစားဖြစ်သွား၏။တစ်စတစ်စ နီးကပ်လာသော ခြေသံများကို သူမလည်း ကြားရသည်။နောက်ဆုံးတွင် ထိုခြေသံများသည် ရပ်တန့်သွား၏။ 


 "ဒေါက် ဒေါက်"


 "ဒေါက် ဒေါက်"


တံခါးခေါက်သံများ ထွက်ပေါ်လာသဖြင့် စုဝမ် ဆိုဖာပေါ်မှ ရုတ်တရက်ထကာ ရိကျစ်ရွှမ်ကို ကြည့်လိုက်သည်။ ရိကျစ်ရွှမ်လည်း ထရပ်ကာ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်၍ အသံမထွက်စေရန် အချက်ပြလိုက်၏။


 ဒီအချိန်မှာ ဘယ်သူလာတာလဲ။


ရိကျစ်ရွှမ်သည် တံခါးနားဆီသို့ သွားကာ ချောင်းကြည့်ပေါက်မှတဆင့်  အပြင်သို့ကြည့်လိုက်သည်။တံခါးအပြင်ဘက်မှလူက တံခါးကို လက်တစ်ဖက်နှင့် ကိုင်ထားသည်။သူ့ဦးခေါင်းကို ငုံ့ထားသောကြောင့် မျက်နှာကိုမမြင်ရဘဲ၊ ခေါင်းထိပ်ကိုသာ မြင်နေရသည်။ မည်သို့ပင်ဆိုစေ၊ ယောကျာ်း တစ်ယောက်ဖြစ်သည်ကို သူ မြင်နိုင်သေးသည်။ သူ့ပုံစံက ခန္ဓာကိုယ်သေးသွယ်ပြီး အဝါရောင်ရှပ်အင်္ကျီနှင့် မီးခိုးရောင် ဘောင်းဘီရှည်ကို ၀တ်ထားသည်။သူ့လက်ကောက်ဝတ်တွင် မီးခိုးရောင်ဝတ်စုံကို တင်ထား၏။ထိုဝတ်စုံတွင် မခြောက်သေးသော နီရဲရဲသွေးများ ရှိနေသေးသည်။


 မစောင့်နိုင်တော့သည့် အပြင်မှလူက တံခါးကို အလျင်အမြန် ခေါက်တော့သည်။ စက္ကန့်ပိုင်းခန့်အကြာတွင် ထိုသူက ခေါင်းကိုမော့လိုက်တော့၏။ရိကျစ်ရွှမ် တံခါးအပြင်ဘက်ရှိ လူ၏ မျက်နှာသွင်ပြင်ကို နောက်ဆုံးမြင်လိုက်ရသည်။


ချီမူ ဖြစ်ပေ၏။


သူ မျက်မှောင်ကြုတ်နေမိပြီး အနောက်မှ စုဝမ်ကို ခါးကိုင်း၍ တီးတိုးပြောလိုက်သည်။


 "ချီမူက မင်းအိမ်လိပ်စာကို ဘယ်လိုသိတာလဲ "


ချီမူ...


စုဝမ်၏ မျက်နှာသည် ရှုပ်ထွေးမှုများ ပြည့်နှက်သွားရသည်။သူမ ပြန်စဉ်းစားကြည့်လိုက်မှ၊ကားပေါ်မှာရှိစဉ် ချီမူက သူမကို ဘယ်ရပ်ကွက်မှာနေသလဲဟု မေးသလိုရှိသည်။သို့သော် မူလစုဝမ်သည် ရပ်ကွက်အမည်ကိုသာပြောခဲ့ပြီး သူမနေထိုင်သည့်အဆောက်အဦးကို မပြောခဲ့ပေ။


 "စုဝမ်၊ တံခါးမြန်မြန်ဖွင့်၊ ဒီမှာ နာလိုက်တာကွာ"


 တံခါးအပြင်ဘက်ရှိ ချီမူသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ  ကျယ်ကျယ်လောင်လောင် အော်နေတော့သည်။


 "မင်း တံခါးနားရောက်နေမှန်း ကိုယ် သိတယ်၊ တံခါးကို မြန်မြန်ဖွင့်လိုက်ပါ၊ ကိုယ် ကားတိုက်မှုဖြစ်ခဲ့တာ"


စကားပြောနေရင်း ချီမူသည် သူ၏လက်မောင်းနှင့် မျက်နှာတစ်ဖက်ကို ချောင်းကြည့်ပေါက်ဆီသို့ ပြသလိုက်သည်။ ဟုတ်သည်၊ သူ့မျက်နှာနှင့် လက်မောင်းများမှာ ဒဏ်ရာများ ရထားပြီး သွေးများ အဆက်မပြတ် စီးကျနေခြင်းပင်။


သူမ တံခါးဖွင့်သင့်သလား။


စုဝမ်သည် ရိကျစ်ရွှမ်ကို အားကိုးတကြီး ကြည့်လိုက်သည်။


ရိကျစ်ရွှမ်သည် သူမ နားရွက်နားကိုကပ်ကာ စကားအနည်းငယ် တိုးတိုးပြောပြီး ချက်ချင်းပင် တိတ်တဆိတ် လှည့်ထွက်သွားကာ သူမ၏ မိဘများ အိပ်သောအခန်းတွင် ပုန်းနေလိုက်သည်။


ဟူး....


စုဝမ် အသက်ပြင်းပြင်းရှူရင်း တံခါးသော့ပေါ် လက်တင်လိုက်သောအခါ သူမ၏လက်ချောင်းများ တုန်လှုပ်သွားသည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မျက်လုံးကိုစုံမှိတ်ပြီး တံခါးကို အတင်းတွန်းဖွင့်လိုက်သည်။


ချီမူသည် အခန်းထဲသို့ ဝင်လာကာ သူ့ဒဏ်ရာကို ဖိထားပြီး "တံခါးကို မြန်မြန်ပိတ်"


ထို့နောက် စုဝမ် တုံ့ပြန်မှုကို မစောင့်ဘဲ၊ သူက တံခါးကိုအမြန်ပင် လော့ချထားလိုက်လေသည်။ 


 "ရှင်ဘာလုပ်တာလဲ"


စုဝမ်သည် သူမရှေ့မှလူကို စူးစိုက်ကြည့်နေသည်။ သူမနှင့် ချီမူသည် လုံးဝမရင်းနှီးပေ။သူသည် ရိကျစ်ရွှမ်၏ ငယ်သူငယ်ချင်းဖြစ်ပြီး ချမ်းသာသော ကောင်လေးတစ်ယောက်ပင်။ 


 "ရှင် ဒါဘာလုပ်တာလဲလို့"


ချီမူ မော့ကြည့်လိုက်ပြီး အပြုံးမမည်သော အပြုံးမျိုးဖြင့် စုဝမ်ကို ပြုံးပြလိုက်သည်။


 "ဒီညကတော့ အဆုံးမဲ့ညပဲ၊ ကိုယ် ဘာလုပ်မယ်လို့ မင်း ထင်သလဲ"


 "ရှင် ရှေ့တိုးမလာနဲ့"


စုဝမ် အထိတ်တလန့်ဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ကော်ဖီစားပွဲပေါ်မှ ပြာခွက်ကို လှမ်းယူ၍ ချီမူကို စူးရဲစွာ ကြည့်လိုက်သည်။


 "ဟာ ကိုယ်က နောက်တာပါ၊ ဒီဒဏ်ရာကို ကုသဖို့ ကိုယ့်အတွက် တစ်ခုခု ရှာပေး၊ မဟုတ်ရင် ကိုယ့်ကိုသတ်ဖို့ တစ္ဆေကို စောင့်စရာ မလိုတော့ဘဲ ကိုယ်သာအရင်သေသွားနိုင်တယ်" 


စကားပြောနေစဉ် ချီမူသည် သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို မဟုတ်ဘဲ စုဝမ်၏ ဆိုဖာပေါ်တွင် အေးအေးလူလူ လှဲလျောင်းနေလေသည်။


 "အာ မင်းအိမ်က ဆိုဖာက အခုထိ သက်တောင့်သက်သာရှိနေတုန်းပဲ၊ တကယ်ကို လွမ်းတယ်"


လွမ်းတယ်....


စုဝမ် ချီမူ၏ စကားကို လုံးဝနားမလည်နိုင်သော်လည်း၊ သူ့လက်မောင်းများမှာ ဆက်တိုက် သွေးတွေ ယိုစီးနေတာကြောင့် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဧည့်ခန်းထဲက ဆေးသေတ္တာလေးကို ထုတ်ယူလိုက်သည်။


 "ဒါတွေပဲ ရှိတယ်၊ ရှင် သုံးလို့ရတဲ့ အရာတွေကို ရှာကြည့်လိုက်"


စုဝမ်သည် ဆေးသေတ္တာကို ချီမူ ဆီသို့ တွန်းလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။


ချီမူသည် မျက်မှောင်ကုတ်ထားပြီး  ဒဏ်ရာအား သူ့ကိုယ်သူ ကျွမ်းကျင်စွာ ပတ်တီးပတ်ထားကာ မျက်နှာပေါ်ရှိ ဒဏ်ရာအသေးစားများကို ဆေးထည့်ရန် မှန်တစ်ချပ်ကို သေတ္တာနှင့်မှီ၍ထောင်ထားလိုက်သည်။ အရာအားလုံးပြီးသွားသော် သွေးစွန်းနေသည့် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်ပြီး  "ရှောင်ဝမ်ရေ၊ ကိုယ့်အဝတ်တွေက ညစ်ပတ်နေတာပဲ၊ မင်း ကိုယ့်အတွက် အဝတ်အစားတစ်စုံ ယူလာပေးနိုင်မလား၊ မင်းအဖေရဲ့ ဆိုဒ်နဲ့ ကိုယ့်ဆိုဒ်က ဆင်တူတာကို မှတ်မိတယ်၊ အနက်ရောင် လိုချင်တယ်၊အံဆွဲရဲ့ ဘယ်ဘက်ခြမ်းက ဝတ်စုံကိုပြောတာ"


စကားပြောနေစဉ်၊ချီမူသည် ဆိုဖာပေါ်တွင် လှဲချလိုက်ပြီး သူ့အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်သည်။


 "ရှင်က ဒါတွေကို ဘယ်လိုသိတာလဲ"


စုဝမ်သည် ချီမူကို ပို၍သတိထားပြီး ကြည့်နေလိုက်သည်။ သူမ၏ဖခင်နှင့် ချီမူတို့သည် အရပ်အမောင်းရော၊ကိုယ်လုံးကိုယ်ပေါက်ပါ မတိမ်းမယိမ်းတူညီကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အဖွားဖြစ်သူ၏မွေးနေ့ပွဲ၌ ဝတ်ဆင်ရန် ဖခင်ဖြစ်သူအတွက် အသစ်စက်စက် အနက်ရောင်ဝတ်စုံကို ဝယ်ပြီး အံဆွဲဘယ်ဘက်ခြမ်းတွင် သူမ အသေအချာထည့်ထားခြင်းပင်။


 "ကိုယ်သိတယ်"


ချီမူက မေးစေ့ကိုပွတ်ရင်း မျက်လုံမှိတ်ထားပြီး စုဝမ်ကို ပြုံးပြုံးလေးကြည့်နေ၏။


"ဒါ့အပြင် ကိုယ်သိတာက ဒါတွေတင် မဟုတ်သေးဘူး၊ ဘာပဲဖြစ်ဖြစ် မင်းကောင်းကောင်းနေပြီး ကိုယ်နောက်ကို လိုက်လိုက်ပါ၊ မင်းက ကိုယ့်မိန်းကလေးပဲ  ကိုယ် မင်းကို ကာကွယ်ပေးမယ်"


 "ရှင် အဓိပ္ပါယ်မရှိတာ မပြောနဲ့"


ချီမူ၏နောက်ဆုံးစကားကို ကြားသော် စုဝမ် မျက်နှာမှာ မည်းမှောင်သွားရသည်။သူမ ရိကျစ်ရွှမ် ပုန်းနေသည့် အိပ်ခန်းကို မသိစိတ်က လှမ်းကြည့်လိုက်ရင်း "ကျွန်မက....ရှင်နဲ့ လုံးဝ မရင်းနှီးဘူးလေ... ရှင်က ကျွန်မကို စုံစမ်းနေတာလာ၊ ဘာလဲ၊ ဘာလဲ...ရှင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ"


စုဝမ် စကားကိုကြားသော် ချီမူ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးများသည် နားလည်ရခက်သောအကြည့်မှ ပိုမိုရှုပ်ထွေးပြီး ဖော်ပြရခက်သည့်အကြည့်သို့ ပြောင်းလဲသွားတော့သည်။


"စုဝမ်၊ အရာအားလုံးက ဒီကို ဖြစ်လာနေပြီ၊ အခု ကိုယ်က သရုပ်ဆောင်စရာ အကြောင်းရှိလို့လား"


စကားပြောနေစဉ် ချီမူသည် သူ့လက်ကို ညင်သာစွာ မြှောက်လိုက်သည်။ထိုအခါ သူ့လက်ဖဝါးတွင် မြူမှုန်မည်းများ ပေါ်လာပြီး အာရပ်နံပါတ် 6 ပုံပေါ်လာလေသည်။ 


"မင်းက နံပါတ်5၊ ကိုယ်က 6၊ အိပ်မက်ကမ္ဘာရဲ့ ဒီအလွှာမှာ ဂိမ်းရဲ့ စည်းမျဉ်းက လူတွေကို သတ်ပစ်ဖို့ပဲ၊ ကိုယ်တို့ရဲ့ အမှတ်စဉ်နံပါတ်ကို လေ့လာထားတယ်၊1 ကနေ 9 အထိ...ကြည့်ရတာ လွယ်ပုံပါ်ပေမယ့် တကယ်တမ်းကျတော့ ဒီဟာက အပေါ်ယံပဲ၊ တစ္ဆေတိုင်းရဲ့အမြင်မှာလည်း တခြားလူတွေကို သတ်ပစ်ဖို့အစီအစဥ်ရှိသေးတယ်၊သူတို့ကလည်း အစီအစဥ်အတိုင်း မသတ်ပစ်ရင် သူတို့အတွက် အကျိုးမရှိဘူး၊ ဒါကြောင့် ကိုယ်တို့ကြားမှာ ပုန်းအောင်းနေတဲ့ သရဲတစ္ဆေကို ရှာဖွေနေရမှာ၊ စုဝမ် မင်းရဲ့ နံပါတ်အစစ်က 4 ၊ကိုယ်ကတော့ 5 လို့ ပြောလို့ရတယ်၊မင်းရှေ့မှာ လူ 3 ယောက်သေရမယ်၊ တတိယလူ နံပါတ်3 မသေခင်ချိန်အထိ မင်း လုံးဝ လုံခြုံနေသေးတယ်၊ ခုကစပြီး ကိုယ်တို့နဲ့တွေ့တဲ့ သရဲတစ္ဆေတွေ‌ဆိုရင် အခွင့်ကြုံတာနဲ့   သတ်ပစ်လိုက်ရမယ်၊နားလည်လား"


 "ဟင့်အင်း နားမလည်ဘူး"


စုဝမ်က ချီမူကိုကြည့်ပြီး မသိမသာနောက်ကို လှမ်းဆုတ်လိုက်သည်။


 "ရှင်က ဘာလို့ အရမ်းသိထားတာလဲ... စည်းကမ်းနဲ့ ကိန်းဂဏန်းအမှန်ကိုလည်း သိနေတယ်၊ဒါ‌‌ဆို သရဲတစ္ဆေတွေက ဘယ်သူလဲဆိုတာ သိလား"


 သရဲကဘယ်သူလဲ....


 "ဒါကို ကိုယ်တကယ်မသိဘူး၊မဟုတ်ဘူး၊မဟုတ်သေးဘူး တကယ်တော့ ကိုယ် သိသင့်တာပါလေ" 


 ဤနေရာအထိ ပြောနေသော ချီမူ၏ အကြည့်များက အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေသည်။


 "ရှောင်ဝမ်၊ မင်း ကိုယ့်ကို အခုထိ မယုံချင်သေးဘူး ဆိုတာ သိပါတယ်၊ ဒါပေမယ့် မင်းကို ကိုယ်ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး ဆိုတာ မင်းယုံရမယ်၊ ကိုယ်တို့မှာ အခု အချိန်က သိပ်မကျန်တော့ဘူး၊ တကယ် သိပ်မကျန်တော့ဘူး"


ထို့နောက် သူက အကြည့်ကိုလွှဲဖယ်ပြီး အဆက်မပြတ်ရေတွက်နေသော တစ်ဖက် လက်ဖဝါးပေါ်ရှိ နံပါတ်ကို မသိမသာ တစ်ချက်ကြည့်လိုက်သည်။ဤအိပ်မက်ကမ္ဘာ၏အလွှာသို့ တစ်ဖန်ပြန်လည်ရောက်ရှိမည့် အခွင့်အရေးအတွက် သူ အတတ်နိုင်ဆုံး ရသမျှအခွင့်အရေးကို အပြည့်အ၀အသုံးပြုခဲ့သည်။ ဤအိပ်မက်ကမ္ဘာ၏အလွှာရှိ မှတ်ဥာဏ်အများစုကို ပိတ်ဆို့ထားသော်လည်း စုဝမ်ကို နောက်သုံးရက်အတွင်း အိပ်မက်ကမ္ဘာ၏ နောက်ထပ်အလွှာတစ်ခုသို့ အသက်ရှင်လျက် ခေါ်သွားနိုင်မည်ဟု သူယုံကြည်သည်။


 ဒီတစ်ခါတော့ စုဝမ် သူ့ရှေ့မှာ သေသွားတာကို ကူကယ်ရာမဲ့ မကြည့်ချင်တော့ဘူး...


🚩

Report Page