Chapter 25

Chapter 25


🚩Ch 25

Arc 2.9 နဝမမြောက်အိပ်မက်ဆိုး


စုဝမ်သည် ဆေးရုံတွင် ၃ ရက်သာ နေခဲ့ရပြီး သူမ၏ မိဘများက လာခေါ်ခဲ့သည်။


 မူလက စီစဉ်ထားသော မေလ ၁ ရက် အားလပ်ရက်သည် ထိုကဲ့သို့ပင် နားမလည်နိုင်လောက်အောင် အလဟဿ ဖြစ်ခဲ့ရသည်။ကံကောင်းစွာနှင့်  သူမ အိမ်မှာ ကောင်းကောင်း အနားယူဖို့ ၃ ရက်ကျန်ရှိပါသေးသည်။


 "ရှောင်ဝမ်၊ အဖေနဲ့အမေ အခုသွားမယ် တံခါးကို သေချာသော့ခတ်ပြီး ဒီည စောစောအိပ်နော်"


ဧည့်ခန်းထဲက အမေဖြစ်သူ၏ အဆက်မပြတ်သတိပေးသံများ ထွက်ပေါ်လာပြီးနောက် တံခါးပိတ်သံကို စုဝမ် ကြားလိုက်ရသည်။


တခြားလူများအတွက်၊ မေလ ၁ ရက်သည် အားလပ်ရက်ဖြစ်သော်လည်း စုဝမ်၏မိဘများအဆိုအရ၊ ၎င်းသည် အလွန်ပင်ပန်းသောနေ့ဖြစ်သည်။သူတို့နှစ်ယောက်လုံး စက်ရုံတွင် ကုန်ပစ္စည်းများ ပို့ဆောင်ရန် အိုဗာတိုင်ညဂျူတီဆင်း၍ အလုပ်ရှုပ်နေကြရသည်။


 ဒီတော့ တကယ့် အလုပ်သမားတွေအနေနဲ့ အလုပ်သမားနေ့ မှာ အားလပ်ချိန် ဘယ်အချိန် သွားရမှာလဲ။


စုဝမ်သည် တံခါးကို သော့ခတ်ထားပြီးနောက် အိပ်ယာခင်းများလဲကာ တီဗီမှ ဖျော်ဖြေရေးအစီအစဉ်ကို ခဏတာကြည့်ရှုခဲ့သည်။ ည၉ နာရီလောက်မှာ အခန်းထဲပြန်ဝင်အိပ်သည်။


စုမိသားစု၏တိုက်ခန်းသည် ပုံမှန်အိမ်တစ်လုံး၏ ထက်ဝက်ခန့်သာကျယ်ဝန်းသည်။အဖေစုနှင့် အမေစုသည် အကြီးဆုံးအခန်းတွင် နေထိုင်ကြပြီး စုဝမ်၏ အခန်းက အတော်ကျဉ်းသည်။ကုတင်တစ်လုံး၊ 1.2 မီတာရှည်သော ဗီရိုတစ်ခုနှင့် ဘက်စုံသုံး 2ထပ်စားပွဲတစ်လုံးသာ ရှိသည်။


ယခုဆို စုဝမ်သည် သာမန်နေ့များကဲ့သို့ အိပ်ယာပေါ်တွင် လှဲလျောင်းနေသည်။ အိပ်ခန်းက မှောင်မည်းနေ၍ တိတ်ဆိတ်နေသည့် အမှောင်ထဲမှာ သူမ တဖြည်းဖြည်း အိပ်ပျော်သွားလေသည်။


****


 မိုးသည်းထန်စွာရွာသွန်း နေချိန်‌၌ Audi တစ်စီးသည် အရှိန်အဟုန်ဖြင့် တောင်တက်လမ်းအတိုင်း ရှေ့သို့ ရွေ့လျားနေသည်။


 "ချီမူ၊ မင်း ကားမောင်းတာ နည်းနည်း သတိထားဦး"


 "မိုးက အရမ်းသည်းတယ်၊ ခဏလောက်ရပ်ပြီး အနားယူဖို့နေရာရှာကြမလား"


ကားထဲမှာ ဘယ်သူတွေ စကားပြောနေတာလဲ။  ဆူညံလိုက်တာ...


 "ကားရပ်ရမယိ ဟုတ်လား!ငါတို့အားလုံး သေချင်နေကြတာလား"


ချီမူ၏အသံဖြစ်သည်။ စုဝမ် ဘာကြောင့်မှန်းမသိ၊ဤအသံကို သူမ ထူးထူးခြားခြား ရင်းနှီးနေသလို ခံစားရသည်။


 “ဒီတောင်တက်လမ်းမှာ ၁၈ ကွေ့ရှိတယ်၊မိုးက အရမ်းသည်းနေလို့ ရှေ့မြင်ကွင်းက ကြည့်လို့သိပ်မကောင်းဘူး၊ကားရပ်ပြီး စောင့်တာမကောင်းဘူးလား၊ တောင်ပြိုကျပြီး ရွှံ့မြေတွေပါ ပြိုကျလာရင် ဘာလုပ်မလဲ"


ချီမူ အနည်းငယ် စိတ်ရှုပ်သွားပြီး စိတ်တိုနေပုံရသည်။ချမ်ယွီဖုန်းနှင့်အတူ အိမ်မှထွက်လာတိုင်း သူတို့အတွက် ကောင်းတာတစ်ခုမှ မဖြစ်နိုင်မှန်း သူသိနေသည်။  သူကိုယ်တိုင်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ယာဉ်မောင်းလုပ်ပေးမည်ဟု အစကတည်းက ကတိမပေးသင့်ပေ။


 "ချီမူ၊ချီမူ မင်းနည်းနည်း လေးလေးနက်နက် ထားစမ်းပါကွာ၊ပလမ်းကိုကြည့်၊ လမ်းကိုကြည့်မောင်း"


ရှေ့ခရီးသည် ထိုင်ခုံမှာ ထိုင်နေသည့် ဖန်းရှုကျွင်း၏အသံက တုန်ခါနေပြီး ကြောက်ရွံ့ဟန်အပြည့်ရှိနေသည်။


ဖန်းရှုကျွင်း၏အသံနှင့်အတူ Audi ကားသည် လမ်းချော်နေသောနေရာအချို့ကို နင်းမိပြီး  ဘယ်ညာ ယိမ်းယိုင်သွားရ၏။စုဝမ်သည်လည်း သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ယိမ်းယိုင်သွားသလို ခံစားလိုက်ရပြီး မကြာမီ သူမ၏ နဖူးသည် ရှေ့ထိုင်ခုံနှင့် ဆောင့်မိသွားရသည်။


နာလိုက်တာ....


သူမ နာကျင်နေသော နဖူးကို ပွတ်သပ်ကာ အရှေ့ခန်းက ညာဘက်ထိုင်ခုံကို ကြည့်လိုက်သည်။ဖန်းရှုကျွင်း၏ မျက်နှာသည် အလွန်စိတ်လှုပ်ရှားနေသကဲ့သို့ အနည်းငယ် ဖြူဖျော့နေ၏။  ကားပြတင်းပေါက်အပြင်ဘက်တွင် မိုးသည်းထန်စွာရွာ နေတာကြောင့် အလင်းရောင်ကောင်းကောင်းမရ၍ ကားထဲမှာလည်း ကြည့်လို့သိပ်မကောင်းပေ။


ဒါက.....


သူမ အနည်းငယ် အံ့အားသင့်သွားရ၏။ယခုက ဘယ်နေရာကိုရောက်နေမှန်းပင် မသိတော့။ဤမှန်းဆရသည့် ခံစားချက်က သူမ  ခေါင်းကို နာကျင်စေပြန်လေသည်။


"ငါ့ကိုမထိနဲ့၊နင့်ကို ပြောစရာမရှိဘူး"


ထိုအချိန်တွင် ပိုင်ရှောင်ယွဲ့၏ စူးရှသောအသံသည် ကားနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။


"ဟေး ဟေး၊ ပေါ့ပေါ့ဆဆ မပြောနဲ့နော်၊ငါ မင်းကို ဘယ်အချိန်က ထိလိုက်လို့လဲ၊ မင်း ငါ့ကို ကူညီခိုင်းတာ မဟုတ်ဘူးလား၊ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ကျောင်းသားချင်း....အာ့!"


 ဤသည်မှာ ချမ်ယွီဖုန်း၏ အသံဖြစ်သည်။


စုဝမ် ခေါင်းကို လှည့်ကြည့်လိုက်တော့ ချမ်ယွီဖုန်းနှင့် ပိုင်ရှောင်ယွဲ့က အားလုံးနောက်မှာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ပိုင်ရှောင်ယွဲ့၏ မျက်နှာအမူအရာက ပျက်ယွင်းနေပြီး ချမ်ယွီဖုန်းက ပိုင်ရှောင်ယွဲ့အား တစ်ခုခုပြောချင်နေသေးသလိုမျိုး စိတ်ရှည်သည်းခံမှုအပြည့်နှင့်ပင်။


 "​ကျောင်းသား​ချင်း...ဟုတ်လား"


ချမ်ယွီဖုန်း စကားကိုကြားသော် ပိုင်ရှောင်ယွဲ့က အလိုမကျဟန်ဖြင့် မျက်စောင်းထိုးလိုက်၏။သူမ တစ်ခုခုပြောဖို့ ပါးစပ်ကိုဟ,လိုက်စဉ်မှာပင် ရှေ့တွင်ထိုင်နေသော ရိကျစ်ရွှမ်၏ အော်သံကိုကြားရလေတော့၏။


 "ချီမူ! ကားရပ်လိုက်၊ ကားရပ်လိုက်!"


ရိကျစ်ရွှမ်၏ အသံသည် ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။စုဝမ်သည် ရိကျစ်ရွှမ်ကို ကောင်းကောင်းနားလည်တာကြောင့် သူ အလွန်ထိတ်လန့်တုန်လှုပ်နေသည်ကို သူမ ခံစားလိုက်ရသည်။


 မှန်တယ်၊ သူအရမ်းကြောက်နေတယ်။ သူ ဘာကိုကြောက်နေတာလဲ။


ထိုစဉ် ဘရိတ်အုပ်သံများ ထွက်ပေါ်လာပြီး ကားနောက်ခန်းသည် အနည်းငယ် ယိမ်းယိုင်သွားရသော်လည်း လမ်းဘေးတွင် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။


 "ငါပြောချင်တာက မင်းတို့ တစ်ယောက်ချင်းစီ အခု ဘာလုပ်နေကြတာလဲ"


ချီမူသည် သူ့ခန္ဓာကိုယ်ကို လှည့်၍ ကားပေါ်ရှိလူများကို မကျေမနပ် ကြည့်နေသည်။


 ဤအခိုက်အတန့်မှာ ကောင်းကင်ကို လျှပ်စီးတစ်ချက် ဖြန်းကနဲ လက်လိုက်သဖြင့် စုဝမ် အမြင်အာရုံများ ဖြူဖွေးသွားသလိုမျိုး ခံစားလိုက်ရသည်။


 "အား"


 အိပ်ရာမှ မျက်လုံးဖွင့်လိုက်သည်။စုဝမ်၏ ရှုပ်ယှက်ခတ်နေသော အကြည့်များက ကြည်လင်လာပြီး မကြာခင်၌ မယုံနိုင်လောက်အောင် ထိတ်လန့်သွားပြန်သည်။


"ပေါက် ပေါက်"


စုဝမ်သည် သူမ၏ အခန်းမျက်နှာကျက်ကို မလှုပ်မယှက် မျက်လုံးပြူး၍ စိုက်ကြည့်နေမိသည်။မျက်နှာကျက်မှ တစက်စက် ယိုကျလာသော ထူးဆန်းဖွယ် အရာတစ်ခုရှိနေပေသည်။သူမ ရင်ထဲမှာ တင်းကျပ်လာပြီး ခန္ဓာကိုယ်ကလည်း တောင့်တင်းလာကာ ထိတ်လန့်စိတ်များ သူမ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။


 အဲဒါဘာလဲ....


အမှောင်ထဲရှိ မျက်နှာကျက်ပေါ်တွင် တစ်စုံတစ်ရာ ရွေ့လျားနေပုံရသည်။  တစ်စုံတစ်ခုသည် တဖြည်းဖြည်း ပေါင်းစပ်လာပြီး နံပါတ်တစ်ခု ဖြစ်လာခဲ့သည်။


 5....


 "ငါး..."


သူမ အသံထွက်၍ဖတ်လိုက်သည်။ သူမ၏ အသံကြောင့် မျက်နှာကျက်ပေါ်ရှိ နံပါတ်သည် ရုတ်တရက် ဆယ်ဆ ကျယ်လာပြီး အမိုးတစ်ခုလုံးကို သိမ်းပိုက်ထားလိုက်သည်။ မကြာမီ သာမာန်ကျောက်တုံးကြီး တစ်ခုလို ဖြစ်ပေါ်လာကာ ရုတ်တရက် သူမဆီကို ဗိုင်းကနဲ ပြုတ်ကျလာလေသည်။


 "အား...."


စုဝမ် စိတ်ထဲဗလာဖြစ်သွားသည်မှာ စက္ကန့်ပိုင်းမျှသာကြာသည်။သူမ သတိပြန်ရလာသောအခါတွင် ပြန့်ကျဲနေသော အပျက်အစီးများနှင့် သွေးများလည်း ကြမ်းပြင်ပေါ်တွင် အိုင်နေသည်ကို တွေ့လိုက်ရသည်။


 မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်သည်။ အနက်ရောင် Audi ကားသည် မရေမတွက်နိုင်သော ကျောက်တုံးများဒဏ်ကြောင့် ကြေမွသွားကာ ပြင်းထန်စွာ ပုံပျက်သွားခဲ့သည်။ကြေမွနေသော ကျောက်တုံးများကြားရှိ နေရာလွတ်များအတွင်းမှ နောက်ဆုံး ကောက်ရိုးတစ်မျှင်အား ရှာဖွေနေသကဲ့သို့ စွမ်းအားမဲ့စွာ အင်အားပျော့ညံ့စွာ လှုပ်နေသော လက်အနည်းငယ်ကို မြင်တွေ့နိုင်သည်။သွေးများသည် မိုးရေများနှင့်ရောပြီး လမ်းတစ်ခုလုံး ရဲရဲနီနေလေတော့သည်။ 


စုဝမ် တစ်ကိုယ်လုံး အေးစက် တောင့်တင်းနေတော့၏။


ကားမတော်တဆမှု..… ဇိမ်ခံကား။


 သူနာပြုဆရာမ ပြောသောကားမှာ လူပေါင်းများစွာ သေဆုံးသွားသောကားဖြစ်သည်။


 ဟုတ်တယ်၊ စောစာက အဲဒီတောင်ပေါ်လမ်းမှာ ကားမတော်တဆမှုဖြစ်တဲ့နေရာကို သူမတို့ မရောက်ဖူးသလို ရှောင်လည်းမရှောင်ဖြစ်ခဲ့ကြဘူး။


ဇိမ်ခံကားကို ကျောက်တုံးများ ပိသွားသည်ဆိုသော မတော်တဆမှုမှာ သူမတို့ သွားလာခဲ့သော ချမ်ယွီဖုန်း၏ ဇိမ်ခံကားဖြစ်သည်။


ဒါဆို သူမတို့လည်း ယာဉ်မတော်တဆမှုတွင် ပါဝင်ခဲ့ကြတာပေါ့... သေတဲ့သူတွေ သေတယ်... ကိုမာရတဲ့သူတွေ ရကြတယ်...


သူမ တစ်စုံတစ်ခုကို ရုတ်​တရက်​ သဘောပေါက်သွားသည်​။ သူမတို့သည် ယခုထိ အိပ်မက်ကမ္ဘာထဲမှာ သောင်တင်နေခြင်းပင်ဖြစ်ပေသည်။


ဤနေရာတွင် အသက်ရှင်နေသူများသည် ထိုမတော်တဆမှုတွင် အမှန်တကယ်သေဆုံးသွားသူများကို ရှာဖွေကာ အိပ်မက်ကိုအဆုံးသတ်ရန် ထိုသူတို့အား ထပ်မံသတ်ပစ်ရမည်ဖြစ်သည်။  ပြီးလျှင် လူသေများသည် အသက်ရှင်ဖို့ အခွင့်အလမ်းများအား ဆုပ်ကိုင်နိုင်ဖို့ အသက်ရှင်နေသည့်လူများကို သတ်ဖို့ တတ်နိုင်သမျှ လုပ်ကြရပေမည်။


 ဤသည်မှာ လူ့ကျင့်ဝတ်နှင့်ပတ်သက်သော ဟောပြောပို့ချမည့်သူမရှိသော အိပ်မက်ဆိုးကမ္ဘာကြီးတစ်ခုဖြစ်သည်။  မင်း အသက်ရှင်ချင်ရင် စိတ်ပျော့လို့မရဘူး။ စိတ်​​ပျော့ညံ့သွား​ရင်​ မင်း​ရဲ့ အသက်​လည်း ဆုံး​ရှုံး​သွား​လိမ့်​မယ်​လို့ အဓိပ္ပာယ်​ရှိ​တယ်။


 "ဖျောက်"


အိပ်ခန်းရှိ စားပွဲမှ မီးချောင်းကို ဖွင့်လိုက်ကာ စုဝမ်သည် ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ကုတင်ဘေးတွင် ထိုင်နေသည်။သူမ ကုတင်ဘေးက နှိုးစက်နာရီကို ကြည့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ထားမိ၏။


 အာရပ်ဂဏန်း 5 က ဘာကိုဆိုလိုတာလဲ... လူ5 ယောက်လား.... ဒါမှမဟုတ် သရဲ 5ကောင်လား...


 အခု သူမကရော လူလား...တစ္ဆေဖြစ်သွားပြီလား...


တစ်ခါမှ မခံစားဖူးသော စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်မှုတို့က သူမကို ဝန်းရံထားသည်။သူမ ဆုပ်ထားသော လက်သီးများကို ဖြေလျော့လိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် ဒူးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။


 "ဒေါက် ဒေါက်... ဒေါက် ဒေါက်"


ထိုအချိန်တွင် အိမ်အပြင်ဘက် တံခါးကို ရုတ်တရက် ကျယ်လောင်စွာ ခေါက်သံများ ထွက်ပေါ်လာ၏။


စုဝမ် ထိတ်လန့်သွားသဖြင့် စောင်ခြုံပြီးကွေးနေလိုက်ချင်သော်လည်း တံခါးခေါက်သံက ပိုမြန်လာပြီး ပိုပိုပြင်းထန်လာသည်။


 အဲဒါဘယ်သူလဲ...


 နာရီပေါ်ရှိ လက်တံများက သန်းခေါင်ယံအချိန် ၁၂ နာရီ ၃၀ ရှိနေပြီဟု ဖော်ပြထားသည်။ ညဉ့်နက်သန်းခေါင်ယံ တံခါးလာခေါက်နေတာကြောင့် အတော်ထူးဆန်းပြီး မူမမှန်ချေ။


 "စုဝမ်၊ တံခါးဖွင့်ပါ"


 မစောင့်နိုင်တော့သည့် တံခါးလာခေါက်သူက နောက်ဆုံးမှာ တံခါးကိုထုကာ လှမ်းအော်လိုက်သည်။


 ဒီအသံက.....


သူ ဘယ်လိုဖြစ်နိုင်မှာလဲ။


🚩

Report Page