Chapter 2

Chapter 2


🚩Chapter 2

Arc1.2(မင်းသမီးအစားထိုးထိမ်းမြားလက်ထပ်ခြင်း)


လွိကျူးက စုဝမ်ကို ဆန်ပြုတ်နှင့် အရံဟင်းအနည်းငယ်ကျွေးပြီး သူမ အနားယူနေချိန် စောင့်ပေးဖို့ တွေးနေသည် ။  သူမခန္ဓာကိုယ်က အနားယူဖို့လိုအပ်နေတာကို စုဝမ်လည်း သိ၏ ။ သို့သော် ဤအချိန်တွင် ရွှမ်းယွမ်ရွေ့ နှင့် ယဲ့ကျီးဟွာက ကွပ်မျက်ကွင်းပြင်သို့သွားပြီး တစ်နာရီကြာပြီးလျှင် ရွှမ်းယွမ်ချင်း နှင့် ယဲ့ကျီးကျင်တို့ပို့ဆောင်ခံရမည်ကို သူမ သတိရမိသွားသည် ။ ဤအခိုက်အတန့်တွင် ယဲ့ကျီးဟွာက အလွန်ခံစားချက် ကောင်းနေလောက်သည် ။


ဟီး..ဟီး ၊ တကယ်လို့ သူမသာ ယဲ့ကျီးဟွာကို တစ်ခုခု မသက်မသာဖြစ်အောင် မလုပ်လိုက်ရရင် စုဝမ် နေမထိထိုင်မသာဖြစ်နေမှာပဲ ...


ထို့ကြောင့် စုဝမ်က လွိကျူးကို စုတ်တံ ၊ စာရွက်နှင့် မှင်တုံးတို့ယူခိုင်းလိုက်ပြီး မူလကိုယ်၏ လက်ရေးကို အတုခိုးကာ  အိမ်တော်သို့ စာတစ်စောင်ပို့ဆောင်လိုက်သည် ။ 


" ကျွင်းကျူ ၊ ဒါက..."


သူမက အိမ်တော်သို့ စာရေးနေတာကို တွေ့ရသောအခါ လွိကျုး ရပ်တန့်ပြီး အံ့အားသင့်သွားရ၏ ။ အဘယ်ကြောင့်ဆိုလျှင် သူမက ဝမ်အိမ်တော်နှင့် လက်ထပ်ပြီးကတည်းက ဗိုလ်ချုပ်ကြီးစု နှင့် သံယောဇဥ်ဖြတ်လိုက်တာကြောင့် ဖြစ်သည် ။ သို့သော် သူတို့ ဘာများ တတ်နိုင်ပါ့မလဲ ။ အရင်တုန်းက သူမ၏အမေ မင်းသမီးရူယိက စောစောစီးစီးကွယ်လွန်သွားပြီး ကျန်းမာရေးချို့တဲ့သော ကျွင်းကျူလေးကိုသာ ဗိုလ်ချုပ်ကြီးနှင့် ချန်ထားခဲ့သည် ။ တစ်ဖက်တွင် ဗိုလ်ချုပ်ကြီး စုကလည်း စစ်မြေပြင်သို့သွားနိုင်မည့် သားယောက်ျားလေးကိုသာ လိုချင်သည် ။ 


ရလဒ်အနေဖြင့် သူက စုဝမ်နှင့် အဆက်ဆံမရှိသလို ၊ စုဝမ် လဝက်သမီးအရွယ်တွင် ဧကရာဇ်က မမျှော်လင့်ထားစွာဖြင့် စုယွိဖုန်းကို လက်ထပ်ဖို့ချီးမြှင့်လိုက်သည် ။ ဤအချိန်တွင် ဗိုလ်ချုပ်ကြီး စုယ်ွိဖုန်း နှင့်လက်ထပ်ဖို့ချီးမြှင့်ခံရသောသူမှာ တော်ဝင်မိသားစုမှ မင်းသမီး ချင်းယွီပင် ။ ကိုးလကြာပြီးနောက် သူမက သားအကြီးဆုံး စုရွေ့ကိုမွေးပေးလိုက်သည် ။ စုရွေ့က စုဝမ်ထက် တစ်နှစ်ပိုငယ်၏ ။သို့သော် သူ့ခန္ဓာကိုယ်က ငယ်ရွယ်စဥ်ကပင် အလွန်ကျန်းမာဖြတ်လတ်သောကြောင့် သုံးနှစ်အရွယ်မှစကာ သိုင်းပညာကို လေ့ကျင်ခဲ့သည် ။ သူ၏ အသက် ခုနှစ် နှစ် ၊ ရှစ်နှစ်ခန့်ရောက်သောအခါ သူက စုဝမ်ထက်အများကြီး ပိုအရပ်ရှည်သွား၏ ။ 


ကလေးဘဝတည်းမှ အစ်မဖြစ်သူ နှင့် မောင်လေး၏ ဆက်ဆံရေးက အလွန်ကောင်းသည် ။ ငယ်ရွယ်စဥ်ကတည်းပင် စုရွေ့က သူ့အစ်မကို ကာကွယ်ပေးရမည်ဆိုတာကို သိသည် ။ ၎င်းက ဗိုလ်ချုပ်ကြီး စုကို အလွန်ကျေနပ်စေ၏ ။ အချိန်ကြာလာသောအခါ နှစ်ယောက်ကြားရှိ ဆက်ဆံရေးက ကျဆင်းသွားပြီး ရုတ်ချည်း ပြောင်းလဲသွားသည် ။ 


မူလကမ္ဘာတွင် ဗိုလ်ချုပ်စု၏ ဇာတ်ကြောင်းများကို ကျော်ထားသည် ။ ကြည့်ရတာ BUG ရှိနေပုံရသည်။ 


ဘာလို့များ ကျွင်းကျူစုဝမ်က အထက်တန်းကျကျမွေးဖွားလာပေမဲ့ စိတ်ဓါတ်ကျဖို့ကောင်းတဲ့ ဇာတ်သိမ်းနဲ့ မှီခိုစရာဘယ်သူမှ မရှိ၊ အထီးကျန်နေရတာလဲ ...


သူမ၏ အဖေက လက်ရှိခေတ်ကာလတွင် အရေးကြီးသောဗိုလ်ချုပ်ဖြစ်ပြီး သူမ၏ အမေကမူ သေသွားသော်လည်း အရေးပေးခံရဆုံး ကုန်းကျူဖြစ်သည် ။  ဤအခြေအနေတွင် မေးခွန်းတစ်ခုပေါ်လာ၏ ။ စုမိသားစုတွင် တစ်ခြားသူများမသိသေးသည့်အကြောင်းအရာ ဘာဖြစ်သွားသည်လဲ။


( ကုန်းကျူ - တော်ဝင်မင်းသမီး)


စုဝမ်က ဝမ်ဖေးရာထူးကို ဆုံးရှုံးလိုက်ရပြီး အအေးနန်းဆောင်သို့ပင် နှင်ထုတ်ခံရသည် ။ 


ဘာကြောင့် စုမိသားစုက စိတ်ဝင်စားဟန်ပင် မပြရတာလဲ ...


အတွင်းဇာတ်လမ်းနှင့်ပတ်သက်၍ စုဝမ်က အခြားသူများထက် ရှင်းရှင်းလင်းလင်းသိနေ၏ ။ မူလကိုယ်၏ ငယ်ရွယ်စဥ်မှတ်ဉာဏ်များကို ရရှိပြီးသောအခါ စုဝမ်၏ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည် ။ 


စုဝမ်က မူလကိုယ်မဟုတ်ပေ ။ မည်သို့ပင်ဖြစ်စေ သူမက သူမလိုချင်သော ပန်းတိုင်ကို ကလိမ်ကကျစ်နည်းလမ်းဖြင့် ဖြစ်စေ ၊ သွေဖယ်သောနည်းလမ်းဖြင့် ဖြစ်စေ အရယူမည့်သူဖြစ်နေဆဲပင် ။ မူလကိုယ်ပြောဖူးတာက ဗိုလ်ချုပ်စု၏ အိမ်တော်မှာ ကျား၏သားရဲတွင်း လိုပဲဟုဆိုသည် ။ သို့သော် စုဝမ်ကတော့ " သွားသေလိုက်တော့ " ဟုပဲ ပြောချင်၏။ ဤအချင်းအရာက ရွှေလက်ချောင်းကို သူမအိမ်ရှေ့ ကိုယ်တိုင်လာပို့သွားသလိုပင် ။ 


" လွိကျုး ၊ စုရွေ့ဆီ ဒီစာကို အန်းဝူနဲ့ ပို့ခိုင်းလိုက် ။ကြန့်ကြာမှုမရှိစေနဲ့  "


တစ်ဖက်တွင် လွိကျူးက စုဝမ်မျက်လုံးထဲမှ စိတ်ဆုံးဖြတ်ထားခြင်းကို တွေ့လိုက်ရပြီး သူမ ခေါင်းရှုပ်ထွေးလာကာ နှုတ်ခမ်းများပင် တုန်ရီလာမိသည်။ 


" သခင်မလေး ..ဒါက လုပ်လိုက်တာနဲ့ ၊ ပြန်လှည့်လို့မရနိုင်တော့ဘူး  " 


" အင်း"


စုဝမ်က စိတ်ပျက်လက်ပျက်သာရယ်လိုက်သည် ။


" အခု ပြောင်ကောက ငါ့ကို လျှောက်ဖို့လမ်းတောင်မရှိအောင် ထားသွားပြီ အဲ့ဒီလိုဆိုမှတော့ ငါ့တစ်ဘဝလုံး နောက်ပြန်လှည့်မကြည့်ဘဲ နေရတော့မှာပေါ့..."


စုဝမ်စကားကိုကြားသောအခါ လွိကျူးက ပြာပြာသလဲလဲဖြစ်သွားရသည် ။ 


ကျွင်းကျူက ထပ်ပြီး အသက်မရှင်ချင်တော့ဘူးလား ... ကြည့်ရတာ ဝမ်ယဲက ကျွင်းကျူကို တကယ်စိတ်နှလုံးကြေကွဲသွားစေပုံပဲ  အဲ့ဒီလိုသာမဟုတ်ရင် ကျွင်းကျူက  အဲ့ဒီလောဘကြီးတဲ့ မြေခွေးကြီး စုရွေ့ဆီဘာကြောင့် စာရေးနေမှာလဲ ... 


လွိကျူးက စာကို သူမလက်နှစ်ဖက်ဖြင့်ကိုင်ထားရင် တုန်ရီလာ၏ ။ သူမက လက်ရှိတွင် ကျွင်းကျူ၏အသက်ကို လက်ထဲ၌ ကိုင်ဆောင်ထားတာဖြစ်သည် ။


" ကျွင်းကျူ ၊ ကျေးဇူးပြုပြီး နှစ်ခါစဥ်းစား..."


" ငါနင့်ကို သွားဖို့ပြောတယ်လေ မြန်မြန်သွား အဟွတ်..အဟွတ် ၊ အဟွတ်..အဟွတ် အဟွတ်  "


စုဝမ်က ပြင်းပြင်းထန်ထန်ချောင်းဆိုနေပြီး သူမနှုတ်ခမ်းထောင့်၌ သွေးများပါ စွန်းထင်နေ၏ ။သို့သော် ဤအခိုက်အတန့်တွင် သူမ၏ မျက်ဝန်းတို့က တစ်ခါမှမရှိဖူးသည့်ပုံစံမျိုး ရွှန်းစိုတောက်ပနေသည် ။ သူမ၏ စိတ်ဆုံးဖြတ်ချက်ကို မြင်ရသောအခါ လွိကျူးက နောက်ဆုံးတွင် သူမစိတ်ကို ပြင်ဆင်လိုက်ပြီး တံခါးမှ အလျင်အမြန်ထွက်သွားသည် ။ 


အအေးနန်းဆောင်က အလွန်ခေါင်ပြီး ရှားပါးသောနေရာတွင် ရှိသော်လည်း လွိကျူကျေးဇူးကြောင့် သပ်သပ်ရပ်ရပ်ရှိသည်ဟုတော့ ယူဆနိုင်၏ ။ ရွှမ်းယွမ်ရွေ့က သူတို့ကို လုံးဝနှင်ထုတ်လိုက်တာတော့ မဟုတ်ပေ ။ လွိကျုးကို ယွဲ့ဝမ်ဖူတွင် လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ပေးထားသည် ။ သို့သော် ဤတစ်ခေါက်တွင် လွိကျူးက ခြံဝင်းမှ မထွက်သွားပေ ။ သူမက ခြံဝင်းထောင့်နားတွင်သာရပ်ပြီး လှမ်းခေါ်လိုက်၏ ။


" အန်းဝူ "


အရိပ်မည်းနှင့်အတူ အဝတ်နက်များ ဖုံးအုပ်ထားသော သူကထွက်လာသည် ။ ဤလူ၏ သွင်ပြင်ကခွဲခြားလို့မရနိုင်ပေ။ မြင့်မားသော အရိပ်ကိုသာ တွေ့နိုင်၏ ။


ရင်းနှီးနေသော်လည်း ထိတ်လန့်စရာကောင်းသော ပုံရိပ်ကို တွေ့ရသောအခါ  လွိကျူးက နောက်သို့ မသိလိုက်မသိဖာသာဖြင့် နှစ်လှမ်းဆုတ်သွား၏ ။ ထို့နောက် သူမ တစ်ခုခုကို ပြန်တွေးလိုက်သည် ။ လွိကျူးက အသက်ဝဝရှူကာ မတ်မတ်ရပ်လိုက်ပြီး သူမလက်ထဲရှိ စာကို မြှောက်လိုက်သည် ။


" ကျွင်းကျူက ဒီစာကိုရေးထားတာ  ဒါကို ရှင့်သခင်ဆီ မြန်မြန်သွားပို့လိုက် တစ်ခုခုအမှားအယွင်းဖြစ်သွားရင် အကျိုးအဆက်ကို ရှင့်ဘာသာပဲ ခံရမှာနော် " 


သူမက သေရမှာတောင်မကြောက်တာ ၊ သူတို့ကို ဘာလို့ ကြောက်နေရမှာလဲ ...


ဤအခိုက်အတန့်တွင် လွိကျူးက သူမကိုယ်သူမ အံ့အားသင့်စရာပဲဟု တွေးမိသည် ။ 


အန်းဝူက စာကို လက်ခံလိုက်သည် ။ သူက ဘာအကြောင်းကြောင့်နှင့်မှ မရပ်ဘဲ ချက်ချင်းခြံဝင်းထဲမှ ပျောက်ကွယ်သွား၏ ။ 


ကျွင်းကျူ အသက်ဆယ့်ငါးနှစ်၌ ဝမ်အိမ်တော်နှင့် လက်ထပ်လိုက်ချိန်တွင် အန်းဝူက နောက်မှလိုက်ပါလာပြီး ယခုဆိုလျှင် လေးနှစ်ပင်ရှိချေပြီ ။ သူက ကျွင်းကျူ၏ စိတ်နေစိတ်ထားနှင့် အလွန်ရင်းနှီးနေသောကြောင့် သခင်ထံမှ စွန့်ပစ်ခံလိုက်ရပြီလားဟုပင် တွေးမိသည်။ 


အဲ့လိုမှမဟုတ်ရင် ဒီလိုတစ်ဘဝလုံးမပြီးဆုံးနိုင်တဲ့တာဝန်မျိုးအတွက် သူ့သခင်က ဘာလို့သူ့ကိုပို့လိုက်ရတာလဲ ...


ဒါပေမဲ့ ဒီနေ့ ၊ ဒီနေ့မှာတော့ မပြီးဆုံးနိုင်မဲ့ တာဝန်က ဒီလိုနဲ့ ပြီးသွားတော့မှာလား ...


ဤတွင် ၎င်းက တကယ်ကို အံ့သြစရာပဲဟု အန်းဝူခံစားလိုက်ရသည် ။ 


ထိုနည်းတူစွာပင် ကွပ်မျက်ကွင်းပြင်နှင့် အဝေးတွင်ရှိနေသည့် ယဲ့ကျီးဟွာကလည်း အချိန်ကျတော့မည်ဆိုတာကို သိသောအခါ စိတ်လှုပ်ရှားဖို့ကောင်းသည်ဟု သူမခံစားလိုက်ရသည် ။ 


သို့သော် မည်သူကမှ စုဝမ်လောက်တော့ လန်းဆန်းနေလိမ့်မည်မဟုတ်ပေ ။ 


စုဝမ်က စာရေးပြီးနောက်တွင် အိပ်ယာပေါ်သို့ သူမပြုံးနေရင်း လှဲလိုက်သည် ။ ယခုတွင် ထိုလောဘကြီးသောမြေခွေးကြီး စုရွေ့နှင့်အတူ  ပြင်ဆင်ထားသည့် စင်ပေါ်၌ တကယ့်ဒရမ်မာက ခင်းကျင်းတော့မှာဖြစ်သည် ။ ယခုတွင် ၎င်းက လိုက်ကာဖယ်မည့်အချိန်ကို စောင့်ဖို့သာလိုတော့သည် ။ သရုပ်ဆောင်များအားလုံးက စင်ပေါ်သို့ ရောက်နေလေပြီ ။


လွိကျူး အခန်းထဲသို့ပြန်ရောက်သောအခါ စုဝမ်က အိပ်မောကျနေတာကို တွေ့လိုက်ရသည် ။ ဤအချိန်တွင်တော့သူမ၏ ခန္ဓာကိုယ်က တကယ်အားနည်းနေသည့်အတွက် သူမက အိပ်ချင်ယောင်ဆောင်နေခြင်းမဟုတ်ပေ ။ 


စုဝမ်ပြန်နိုးလာသောအခါ လွိကျူးက အခန်းထဲ၌ စောင့်မနေပေ ။ ထိုအစား သူမက အိပ်ယာဘေးတွင် ထိုင်နေသာ အဖြူရောင်ဝတ်စုံနှင့် သိမ်မွေ့သော အမျိုးသားကို တွေ့လိုက်ရသည် ။ထိုအရာကို တွေ့လိုက်ရသောအခါ သူမက ချက်ချင်းထလာပြီး သူကလည်း ခဏလောက် ဒီအတိုင်းစိုက်ကြည့်နေ၏ ။ ထို့နောက် သူ့မျက်နှာက နေမထိထိုင်မသာဖြစ်နေပုံရပြီး ကို့ရို့ကားယားနိုင်စွာ ပြောလိုက်သည် ။


" ကျွင်းကျူ ..နိုးလာပြီလား "


" အင်း "


စုဝမ်က သမားတော်ကို ပြန်ဖြေလိုက်ပြီး ချက်ချင်းပဲ သနားစရာကောင်းပြီး နူးညံ့သိမ်မွေ့သော ကြာပန်းဖြူလေး လိုဟန်ဆောင်လိုက်သည် ။ သူမက ဝေဝါးနေသော မျက်ဝန်းတို့ဖြင့် ထိုအမျိုးသားကို ကြည့်လိုက်၏။ 


" တော်ဝင်သမားတော်စီး , ကျွန်မကို ကြည့်ပေးဖို့ ဝမ်ယဲက ရှင့်ကိုပြောလိုက်တာလား သူပြန်လာပြီလား  ကျွန်မ သူ့ကို တွေ့ချင်တယ်  "


ယဲ့ကျီးဟွာလာပြန်လည်မွေးဖွားလာခြင်းနှင့်ပက်သက်၍ ဇာတ်ကြောင်းတိုးတက်မှုအရ ဤအချိန်တွင် စုဝမ်ကျွင်းကျူက ရွှမ်းယွမ်ရွေ့အား စောင့်နေရတာကို စိတ်မရှည်နိုင်တော့ဘဲ သူ့စိတ်ကိုပြောင်းကာ စိတ်ပျက်နေရုံသာရှိတော့သည် ။ 


သူမ၏ လက်ရှိခန္ဓာကိုယ်က တကယ်မကောင်းတာကို စုဝမ်လည်း သိသည် ။ ထို့ကြောင့် သူမက ဤလူအပေါ်တွင် ပိုကောင်းတဲ့ အမြင်မျိုး ပုံဖော်ချင်သည် ။ 


ဤလူကို တော်ဝင်သမားတော်စီး ဟုသိကြသည် ။ သူက မြင့်မားသောဆေးပညာရှင်မိသားစုမှ ဆင်းသက်လာပြီး သူ၏ ဆေးပညာကလည်း တကယ်ထက်မြက်သည် ။ သူ့ကို မူလက ယဲ့ကျီးဟွာ၏ ကျန်းမားရေးကို ကြည့်ပေးဖို့ ရွှမ်းယွမ်ရွေ့ကခေါ်ထားတာဖြစ်၏ ။ သို့သော်လည်း ယဲ့ကျီးဟွာက ရွှမ်းယွမ်ရွေ့ရှေ့တွင် ခွင့်လွှတ်ပြီး ကြင်နာတတ်သည့်ပုံစံကို ထုတ်ပြချင်သောကြောင့် သူမက စုဝမ်ကိုကြည့်ပေးဖို့အတွက် အထူးတလည် စီးယွိကို တောင်းဆိုလိုက်သည် ။ 


ဤတစ်ချက်လှုပ်ရှားလိုက်ခြင်းဖြင့် ထိုအမျိုးသားနှစ်ယောက်၏ အမြင်ကောင်းကို တစ်ခါတည်း သိမ်းယူလိုက်နိုင်သည် ။ သမားတော်စီးက စုဝမ်ကို ရောဂါရှာဖွေပြီး သူမက ကြာကြာအသက်မရှင်နိုင်တော့ကြောင်း ယဲ့ကျီးဟွာကို ပြောပြလိုက်သည် ။ ယဲ့ကျီးဟွာက ကြင်နာမွန်မြတ်သည့်မိခင်လို ဟန်ဆောင်ကာ ရေကြီးခွင်ကျယ်လုပ်ပြီး စုဝမ်ကို သွားတွေ့ချင်ကြောင်း ခေါင်းမာစွာတောင်းဆိုလာ၏ ။ သူမက စုဝမ်ကို တွေ့ချင်ရုံတင်မကဘဲ ဆေးဝါး နှင့် အခြားပစ္စည်းများကိုပါ ပို့ပေးချင်သေးသည် ။ 


စိတ်ပျက်စရာကောင်းစွာ ပိတ်လှောင်ခံထားရသော ကျွင်းကျူလေးက သူမ၏ အချစ်ပြိုင်ဘက်က လာကြွားဝါတာကို တွေ့လိုက်ရသောအခါ အထက်တန်းလွှာအဖြစ် မွေးဖွားလာသောသူမက စော်ကားခံရပြီး အရှက်ခွဲခံရသလို ခံစားရကာ သူမ၏ ရောဂါက ပိုလို့ပင် ဆိုးရွားလာတော့သည် ။ 


အပြင်လူတစ်ယောက်အနေနှင့် သမားတော်စီးက ယဲ့ကျီးဟွာ၏ " ကြင်နာတတ်သောနှလုံးသား " ကြောင့် အလွန်ရင်ထဲထိသွားရသည် ။ 


မင်းအမေပဲ ၊ ဒီယောက်ျားက တကယ်ပဲ အဲ့ဒီလောက်တောင် တုံးရလား ...


မူလကိုယ်က အပြင်းအထန်နားမကျန်းဖြစ်ချိန်တွင် ယဲ့ကျီးဟွာက တကယ်ဝမ်းနည်းနေဟန်ဖြင့် ရှိုက်ကြီးတငင်ငိုယိုနေသည့်အတွက် ၎င်းကို လှောင်ပြောင်စရာဟုပင် သူမ မတွေးမိတော့ချေ ။ သူမ၏ အစ်မကြီးက အလွန်ကို ဒုက္ခခံနေရပြီး ကျွင်းကျူက အရမ်းသနားစရာကောင်းသောကြောင့် သူမသာ အိပ်နေရင်း သေဆုံးသွားပါက အရမ်းခံစားနေစရာမလိုတော့ဘူးဟု သူမကဆိုခဲ့သည် ။ ထို့ကြောင့် ယဲ့ကျီးဟွာကို တိတ်တခိုးချစ်နေသော သမားတော်စီးက မူလကိုယ်ကို ညင်သာစွာသေဆုံးသည့် ဇီဝိန်ခြွေဆေးပေးလိုက်သည် ။ 


ထို့ကြောင့် စုဝမ်၏ သမားတော်စီးရှေ့၌ သနားစရာကောင်းသည့် ပုံစံကိုပဲ ကြည့်နေရမည်မဟုတ်ပေ ။ တကယ်တမ်းတွင် သူမ သူ့ကို ဘယ်လိုအသုံးချပြီး အမြတ်ထုတ်ရမလဲဆိုတာကို တွေးနေတာပင် ။ 


စုဝမ် ဘာတွေတွေးနေသလဲဆိုတာကို သမားတော်စီးက မသိပေ ။ သို့သော် ဤကျွင်းကျူလေးက တကယ်ကို သနားဖို့ကောင်းသည်ဟု သူခံစားမိ၏။ သူမတတ်သာတော့ဘဲ နူးညံ့သောအသံဖြင့် ပြောလိုက်သည် ။


" ကျွင်းကျူ ၊ ဝမ်ယဲက အခုအရမ်းအလုပ်များနေပါတယ် သူအချိန်အားတဲ့အခါကျရင် သူသေချာပေါက် လာတွေ့မှာပါ "


" တကယ်လား "


စုဝမ်က မျှော်လင့်ချက်ကင်းမဲ့သော အပြုံးကိုပြုံးရင်း သူမ၏ နူးညံ့စင်ကြယ်သော မျက်နှာထက်တွင် မျက်ရည်စီးကြောင်းနှစ်ကြောင်းက စီးကျလာ၏။ 


" ပြောင်ကော ၊ သူက အခုယဲ့ကျီးဟွာ နဲ့ရှိနေတာ မလား ကျွန်မ သူတို့ကို သွားပြီး မနှောင့်ယှက်သင့်ဘူး  ကျွန်မ သူ့ကို တစ်သက်လုံးပိုင်ဆိုင်ချင်လို့မှ မရတာ  ကျွန်မက သူ့ကို ကလေးတောင် မွေးပေးနိုင်တာမဟုတ်ဘူး ကျွန်မက..."


စုဝမ်က ဤအထိပြောပြီး သူမကိုယ်ပေါ်ရှိ ဂွမ်းစောင်ကို သူမ၏လက်သေးသေးလေးဖြင့် တင်းကျပ်စွာ ဆုပ်ထားကာ သူမ၏ ရင်ဘက်က နိမ့်လိုက်မြင့်လိုက်ဖြစ်လာ၏ ။ 


" ကျွန်မက ဇနီးမယားတာဝန်ကိုတောင် မကျေပွန်နိုင်ဘူး" 


ဘာ....


ထိုစကားကိုကြားသောအခါ သမားတော်စီးက တကယ်ပဲ ထိတ်လန့်သွား၏ ။ သူ့မျက်လုံးပင့်ကြည့်လိုက်သောအခါ မျက်ရည်များစွန်းထင်းနေသည့် လှပသောမျက်နှာလေးကို တွေ့လိုက်ရသည် ။ 


မူလကိုယ်က အထက်တန်းလွှာမိသားစုတွင် သိမ်မွေ့လှပသော ပုံစံဖြင့် မွေးဖွားလာသူဖြစ်သည် ။ ထိုသို့မဟုတ်ပါက ရွှမ်းယွမ်ရွေ့ကလည်း သူမကို ထိုမျှလောက်ချစ်ခဲ့မည်မဟုတ်ပေ ။ 


ယခုတွင် စုဝမ်က အဖြူရောင်အတွင်းဝတ်ရုံကိုသာ ဝတ်ဆင်ထားသည် ။ ထိုမျှသာမက သူမ၏ အင်္ကျီရင်ဘက်အနားစက အနည်းငယ်မညီမညာဖြစ်နေပြီး သူမ၏ ပွယောင်းယောင်းဖြစ်နေသော လှပသည့်ဆံနွယ်တို့က ပုခုံးပေါ်သို့ ပြေကျနေ၏ ။ သူမ မကြာသေးခင်က ငိုထားသောကြောင့် သူမ၏ မျက်ဝန်းများက နီရဲနေပြီး သူမ၏ နှလုံးခုန်နှုန်းကလည်း တည်ငြိမ်မှုမရှိပေ ။ ထို့နောက်မှသာ သူမက အရမ်းနာမကျန်းဖြစ်နေသည့်အမျိုးသမီးဖြစ်သော်လည်း အလွန်ကောင်းမွန်သည့် အသွင်အပြင်မျိုးရှိတာကို သမားတော်စီးက သတိထားမိလိုက်သည် ။ 


"အင်း...မသင့်တော်တာကို ထုတ်မပြမိစေနဲ့ ..."


သမားတော်စီး၏ မျက်နှာက ချက်ချင်းရှက်သွေးဖြန်းလာပြီး သူ့ခေါင်းကို ငုံ့ထားလိုက်သည် ။ သူတိတ်တဆိတ် အပြစ်တင်မိ၏ ။


"ငါဘာဖြစ်နေတာလဲ ... ထင်တောင်မထင်ထားဘူး  သူဘယ်လိုလုပ်ပြီး ဒီကျွင်းကျူလေးကို အရမ်းရိုင်းပြမိရတာလဲ ..."


အမှန်တိုင်းပြောရလျှင် ဤလပ်ထပ်ထိမ်းမြားတာ လေးနှစ်ကြာပြီဖြစ်သော ကျွင်းကျူ နှင့် ဝမ်ယဲက တကယ့်လင်မယားမဟုတ်ကြဘူးလို့ သူမထင်ထားခဲ့ပေ ။ 


ဒါက တကယ်ထိတ်လန့်ဖို့ကောင်းတဲ့ အတွင်းသတင်းပဲ မဟုတ်ဘူးလား ...


တကယ်တမ်းတွင် ဒါက တကယ်ကို စုဝမ် နှင့် ရွှမ်းယွမ်ရွေ့၏ လျှို့ဝှက်ချက်ဖြစ်သည် ။ သူတို့က ငယ်ရွယ်သေးပြီး လက်ထပ်လိုက်ရချိန်တွင် သူက စုဝမ်ကို အလွန်ချစ်ခဲ့သည် ။ သူမက နည်းနည်းလေးနာကျင်ရမှာကိုပင် ကြောက်သူဖြစ်၏ ။ သူမ၏ ခန္ဓာကိုယ်က မကျန်းမာတာကို သူသိသောကြောင့် တတ်နိုင်သမျှ သူမကို သူ မထိခဲ့ပေ ။သူမက မတော်တဆ သူ့ကို မီးတောက်လေးဖန်တီးပေးလိုက်ချိန်တိုင်းတွင် သူ့ကြည့်လိုက်သည့်အခါတိုင်း သူမ၏ မျက်နှာကကြောက်လန့်နေပုံရကာ တစ်ကိုယ်လုံး တုန်ရီနေသောကြောင့် သူလက်လျှော့လိုက်ရသည် ။


ထိုအချိန်တုန်းက သူမကို ကျန်းမာအောင်ထားဖို့သာ ရွှမ်းယွမ်ရွေ့က စိတ်ထဲရှိသည် ။ ဘာပဲဖြစ်ဖြစ် သူတို့ တစ်ဘဝလုံး အတူတူကုန်ဆုံးနိုင်သေးသည် ။ သူတို့လျှောက်ရမည့် လမ်းက အရှည်ကြီးဖြစ်၏ ။ 


သို့သော် နောက်ပိုင်းတွင် ရွှမ်းယွမ်ရွေ့က ယဲကျီးဟွာနှင့် ဆုံတွေ့သည်။ ယဲ့ကျီးဟွာက ဝမ်အိမ်တော်သို့လက်ထပ်ပြီး ဝင်လာချိန်တွင် နောက်ဆုံး၌ ရွှမ်းယွမ်ရွေ့လည်း စုံတွဲများ၏ နီးကပ်သော ပေါင်းသင်းခြင်း၏ သာယာမှုကို ခံစားလိုက်ရ၏ ။ထို့အပြင် ယဲ့ကျီးဟွာက အရည်အချင်းရှိရုံမက ထိပ်ဆုံးစာရင်းဝင် အလှလေးဟုလည်း သတ်မှတ်လို့ရသည် ။အပြင်ပန်းအရသာမက စိတ်ပိုင်းဆိုင်ရာအရပါ ရွှမ်းယွမ်ရွေ့ အလွန်ကျေနပ်မိသည် ။ 


သူက တဖြည်းဖြည်း ကြီးပြင်းလာပြီး ရင့်ကျက်လာကာ သူ့တွင် ကိုယ်ပိုင်ရည်မှန်းချက် နှင့် ကိုယ်ပိုင်လမ်းကြောင်းလည်းရှိလာသည် ။ သူက ချစ်နေရုံမျှနှင့် ကျေနပ်နေသော ငယ်ရွယ်သည့် ကောင်လေးမဟုတ်တော့ပေ ။ ထို့ကြောင့် သူက ငယ်ဘဝ၏ အချစ်ဦးဖြစ်သော ကျွင်းကျူလေးပေါ်တွင် အချစ်များမရှိတော့ပေ ။ ထို့ကြောင့် သူက သူမနှင့် မျက်နှာချင်းမဆိုင်ချင်တော့သလို ထိရုံလေးဖြင့်ပင် နာကျင်နိုင်သည့် ပိန်ပါးအားနည်းသောခန္ဓာကိုယ်ကိုလည်း စိတ်မဝင်စားတော့ချေ ။ 


တကယ်တမ်း ဤအခြေအနေတွင် စုဝမ်၌ ဆိုးရွားသောအကြံရလာ၏ ။ အကယ်၍ ဤဇာတ်လမ်းကိုသာ ဝမ်းနည်းဖွယ်အချစ်ဇာတ်လမ်းအဖြစ်ပြောင်းလဲလိုက်လျှင် ၎င်းကို ဖတ်မနေသင့်တော့ပေ ။


ရွှမ်းယွမ်ရွေ့က ကျွင်းကျူကို သဘောကျ၏ ။ သို့သော် သူ၏ လရောင်ဖြူလေးကို သူက ထိတောင်မထိနိုင်ပေ ။ ထို့ကြောင့် သူလိုအပ်သည့်အချိန်တိုင်း ကိုယ်လုပ်တော်ကို သွားရှာဖို့လိုပြီး ထိုကိုယ်လုပ်တော်က ယဲ့ကျီးဟွာပင် ။ ယဲ့ကျီးဟွာက ရွှမ်းယွမ်ရွေ့ကို ချစ်သော်လည်း သူက သူမ၏ အချစ်ကို မထီမဲ့မြင်ပြုပြီးနောက် သူမ လက်လျှော့လိုက်တော့သည် ။  သူမ ပြန်လည်မွေးဖွားလာချိန်တွင် ရွှမ်းယွမ်ရွေ့ကို သူမ ထားသွားချင်သည် ။ သို့သော် ဤတစ်ကြိမ်တွင် ရွှမ်းယွမ်ရွေ့က သူမအပေါ် သူ့ကိုယ်သူ တွန်းအားပေးလာ၏ ။ ရလဒ်အနေဖြင့် ဤလူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်လိုက်ကြ ၊ တစ်ယောက်ကိုတစ်ယောက်သတ်ချင်လိုက်ကြ ၊ ချစ်လိုက်ကြ ၊ သတ်ချင်လိုက်ကြဖြင့် နောက်ဆုံးတွင်တော့ ပျော်ရွှင်စရာဇာတ်သိမ်းကို ရသွားသေးသည် ။


ထိုအခြေအနေအားမြင်ယောင်မိသောအခါ ၎င်းက စိတ်ဝင်စားစရာကောင်းမည်ဟု စုဝမ်တွေးမိသည် ။

အခန်းထဲရှိ ဖယောင်းတိုင်မှ မီးကငြိမ်းသွားသောအခါ စုဝမ် စကားထပ်မပြောတော့ပေ ။ သမားတော်စီးက နောက်တစ်ဖန်ခေါင်းမော့ကြည့်လိုက်သောအခါတွင် စုဝမ်က ငြိမ်းသွားသောမီးကိုကြည့်ရင်း သူမ၏ပုံစံမှာ ဝေးကွာနေပြီး စိတ်လွတ်နေတာကို တွေ့လိုက်ရသည် ။ သူမ၏ နှုတ်ခမ်းထောင့်၌ စိတ်ပျက်နေသော ပျက်ရယ်ပြုသည့်အပြုံးကရှိနေဆဲပင် ။ 


ထိုကဲ့သို့ နာကျင်နေသော အမူအရာနှင့် ထိုကဲ့သို့ စိတ်အားငယ်နေသော အမျိုးသမီးက သမားတော်စီး၏ နှလုံးသားကို တစ်နည်းနည်းဖြင့် အသက်ကိုကယ်တင်ရန် ဆွဲဆောင်နေ၏ ။ သူသေချာပေါက် သူမကို ကယ်တင်ရမည်ဟု တွေးလိုက်ရသည် ။ 


ဒါကြောင့် လူငယ်လေးရေ စိတ်ကူးယဥ်တယ်ဆိုတာကလည်း ရောဂါတစ်မျိုးပဲ ... ရှင်ရူးနေပြီလား ...


ထိုအမျိုးသားက အရမ်းအကဲအပိုနေသောကြောင့် စုဝမ် တိတ်တဆိတ်လှောင်ရယ်မိသည် ။


xxxxx🚩

Report Page