Chapter 172

Chapter 172

Imperial Meow



Chapter 172

လူပုံအလယ်တွင်




ပိတ်ထားသောတံခါးကိုကြည့်၍ ဝမ်ဟုန် သက်ပြင်းချကာ အင်္ကျီဝတ်ရုံလက်များကို လှုပ်ယမ်း၍ လှည့်ထွက်သွားတော့သည်။


ဝမ်ဟုန်ထွက်သွားသည်နှင့်တပြိုင်နက် အိမ်စေများနှင့် အစေခံများက အပြင်သို့ စုပြုံထွက်လာကြတော့သည်။ သူတို့၏တီးတိုးပြောသံများကိုကြားသောအခါ ဒေါသထွက်နေသော ချန်ရုံက အခန်းပြင်သို့ ထွက်ရန်လုပ်လိုက်သည်။


သို့သော် တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်မိသည့်အချိန်တွင် ချန်ရုံသည် နွမ်းလျစွာပြုံးလိုက်မိသည်။


ငါက ဘာဖြစ်လို့ဒေါသထွက်နေရတာလဲ...

ချန်ရုံက ဤခြံဝန်း၏ပိုင်ရှင်ဖြစ်သော်လည်း အစေခံများ၏အမြင်တွင်တော့ ချန်ရုံသည် သူတို့ထက် များစွာသာလွန်မြင့်မြတ်နေသူမဟုတ်ချေ။


သေချာစဉ်းစားလိုက်ပြီးနောက် ချန်ရုံသည် မည်သို့ပဲဖြစ်ဖြစ် တံခါးကိုဖွင့်ကာ ထွက်လာလိုက်သည်။


ထို့နောက် အထင်အမြင်သေးသောအပြုံးကိုပြုံးကာ အစေခံများအား ဘာမှမပြောပဲ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်ကာ အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။


အစေခံများက အကြည့်ချင်းဖလှယ်လိုက်ကြ၍ ပိတ်ထားသောတံခါးကိုကြည့်ကာ ခေါင်းများကို ခါယမ်းလိုက်မိကြသည်။ ချန်ရုံက ဘာမှမပြောသွားသော်လည်း ချန်ရုံ၏အကြည့်က သူတို့အား အရှက်ရသွားစေသည်။


ယနေ့၌ ကျန့်ခန်းတွင် ပျော်ရွှင်စရာကိစ္စများဖြစ်နေသည်။


ချန်ကုန်းရန်းတို့အဖွဲ့ ကျန့်ခန်းသို့ရောက်လာကြတော့မည်ဖြစ်သည်။ ချန်ကုန်းရန်းသည် တစ်ဦးတည်းလာမည်မဟုတ်ပဲ ထောင်ပေါင်းများစွာသော စစ်သည်များနှင့် ရောက်လာကြမည်မဟုတ်လား။


ချန်ရုံက ရထားလုံးထဲ၌ ထိုင်နေသည်။


အပြင်၌ ချန်ကျစ်ဖန့်က ကျန့်ခန်းချန်အိမ်တော်ကိုဦးဆောင်၍ မြို့သို့ရောက်လာမည့် ဆွေမျိုးများကို ကြိုဆိုရန်သွားနေသည်။


အထိန်းတော်ဖျင်က အပြင်သို့လှမ်းကြည့်၍ ပြုံးကာ ပြောလိုက်သည်။


"ချန်ကုန်းရန်းရောက်လာတာနဲ့ မမလေး ဧကရာဇ်မင်းမြတ်နဲ့တွေ့ဖို့ မဝေးတော့ဘူးထင်တယ်..."

အထိန်းတော်ဖျင်က နန်းတော်ဆီသို့လှမ်းကြည့်ကာ အားကျသောလေသံဖြင့်ပြောလိုက်သည်။


"မင်းသားတွေက ဘယ်လိုပုံစံတွေဖြစ်မလဲဆိုတာ

ကျွန်မသိချင်လိုက်တာ...ကောင်းကင်ကနတ်သားတွေလို အရမ်းကို ချောမောကြမှာပဲနော်..."


ချန်ရုံကတော့ ပြုံးသာပြုံးနေလိုက်သည်။


ထိုအချိန်၌ အထိန်းတော်ဖျင်က ရုတ်တရက် ချန်ရုံ့အား လှမ်းတို့၍ တီးတိုးပြောလိုက်သည်။


"ဟိုမှာ မမလေး...သခင်လေးနဲ့ မမလေးရဲ့ ယောက်မ...သူတို့တွေက ဒီဘက်ကို ကြည့်နေကြတယ်..."


ချန်ရုံက ခေါင်း‌ပင်မော့မကြည့်ပဲ ပြောလိုက်သည်။

"လိုက်ကာကို ချလိုက်..."


လိုက်ကာများကို ချရမည်တဲ့လား။ မည်မျှပင် တစ်ဖက်လူအား ထိခိုက်နာကျင်စေမည့်အပြုအမူပါလဲ။ အထိန်းတော်ဖျင်က အံ့ဩသွားသော်လည်း ချန်ရုံ၏ နှုတ်ခမ်းများကိုတင်းတင်းစေ့၍ အလေးအနက်ပြောနေသည့်ပုံကိုမြင်သောအခါ လက်ကိုဆန့်၍ လိုက်ကာများကို ချလိုက်တော့သည်။


ချန်ရုံ၏ယောက်မက လည်ပင်းကို အတင်းဆန့်၍ ချန်ရုံ၏ရထားလုံးဆီသို့ လှမ်းကြည့်နေသည်။ ထို့နောက် သူ၏ယောင်္ကျားကိုတွန်း၍ ပြောလိုက်သည်။


"ဟိုမှာ ရှင့်ရဲ့ ညီမ...လှမ်းခေါ်လိုက်လေ..."


သခင်ချန်က မျက်မှောင်ကျုံ့၍ ပြန်ဖြေလိုက်သည်။


"မဖြစ်ပါဘူး...မင်း သူ့ကို တွေ့ချင်တယ်ဆိုရင် ချန်အိမ်တော်ကို သွားပြီး တွေ့လိုက်ပေါ့...'


ထိုစကားများကြောင့် သခင်မချန်လည်း အလွန်ဒေါသထွက်သွားလေသည်။ သခင်မချန်သည် သခင်ချန်၏ ခြေထောက်ကို ဆောင့်နင်းကာ စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။


"ရှင်းရူးနေတာလား ဉာဏ်မရှိတာလား...လူတွေအများကြီးရှေ့မှာ လှမ်းခေါ်မှ သူကျွန်မတို့ကို လျစ်လျူမရှုနိုင်မှာပေါ့..."


ထို့နောက် ခြေထောက်ကို ထပ်၍ ဆောင့်နင်းလိုက်ပြန်သည်။


"ခေါ်လိုက်လေ...အစေခံအဖွားကြီးတောင် ကျွန်မတို့ကို မြင်သွားပြီ..."


သခင်ချန်က တုံ့ဆိုင်းဆိုင်းလုပ်နေသည်။


ထိုအချိန်မှာပင် ရထားလုံး၏လိုက်ကာက ကျသွား၍ ချန်ရုံ့အား သူတို့၏မြင်ကွင်းမှ ကာလိုက်တော့သည်။


အစေခံအဖွားကြီးသည် သခင်မချန်အား အသေအချာမြင်သွားပါလျက်နှင့် သူတို့နှင့် အဆက်အဆံမလုပ်ချင်သည့်သဘောဖြင့် လိုက်ကာကို ချလိုက်သည်တဲ့လား။


ထိုအခိုက်၌ သခင်ချန်ရော သူ၏မိန်းမရောတို့ပါ ဆွံ့အသွားကြလေသည်။


ခဏအကြာတွင်မှ သခင်မချန်က ဒေါသဖြင့် တစ်ကိုယ်လုံးတုန်ယင်လာသည်။


သူမ၏ယောင်္ကျား၏နားရွက်ကိုဆွဲကာ အော်ပြောလိုက်သည်။


"ဘာမှအသုံးမကျတဲ့အမှိုက်ထုပ်ကြီး...အခုတော့ ကြည့်စမ်း...ရှင်ကတော့ ရှင့်ညီမအကြောင်းကို နေ့တိုင်း ပြောလိုက်ရတာ...အခု သူကကျ ဘယ်လိုလဲ...ရှင့်ကိုတောင် အတွေ့မခံပါ့လား..."


မြို့က တဖြည်းဖြည်းနှင့် လူများလာသည်ဖြစ်သောကြောင့် သခင်မချန်၏အသံစူးစူးသည် လမ်းပေါ်၌သွားလာနေကြသော အထက်တန်းလွှာများ၏နားထဲသို့ ဝင်သွားကြသည်။


အစောင့်များစွာကလည်း လှည့်၍ သခင်မချန်အား သတိပေးသည့်ပုံဖြင့် ကြည့်လိုက်ကြသည်။


ထိုအခါမှပဲ သခင်မချန်လည်း လန့်သွားသည်။ အခြားလူများက သူမ အား ရွံရှာသကဲ့သို့ ကြည့်နေကြသည်ကို မြင်သောအခါ အလွန်ကြောက်သွားမိသည်။ ထို့ကြောင့် အမြန်ပြုံး၍ သူမ၏ယောင်္ကျား၏လက်ကိုဆွဲကာ လမ်းဘေးသို့ သွားလိုက်သည်။


မကြာမီမှာပင် ချန်ရုံ၏ရထားလုံးက မြို့တံခါးနားသို့ ရောက်လာသည်။


ဆူညံသံများက တိတ်သွား၍ လူများသည်လည်း အဝေးမှ ဖုန်လုံးများ နီးကပ်လာစေရန်ကိုစောင့်ရင်းဖြင့် လမ်း၏တစ်ဖက်တစ်ချက်၌ စီတန်းရပ်စပြုနေ‌ချေပြီ။


"သခင်မလေး..."

အိမ်စေတစ်ဦးက ချန်ရုံ့အားခေါ်လိုက်သည်။


ချန်ရုံက ပြန်ဖြေလိုက်သည်။


"ချန်ကုန်းရန်းရောက်လာရင် သူနဲ့တူတူ မြို့ထဲကို ဝင်ပေးပါ တဲ့ သခင်မလေး..."


ခဏရပ်ပြီးသောအခါမှ အိမ်စေမလေးက ပျော့ပျောင်းစွာ ထပ်၍ ရှင်းပြလိုက်သည်။

"အထက်တန်းလွှာကလူတွေ အများကြီး ရောက်နေကြပါတယ်..."


ချန်ရုံက ရုတ်တရက် တုန်သွားမိသည်။

"ကျွန်မ နားလည်ပါတယ်..."


ချန်ရုံသည် အဝါရောင်အနားသတ်နှင့် ပန်းပွင့်များကိုချည်ထိုးထားသည့် အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမ၏ပုံရိပ်ကို မှန်ထဲ၌ ကြည့်လိုက်သည်။ ထိုဝတ်စုံနှင့် ချန်ရုံ၏ ဖြူဖွေးသောမျက်နှာတို့က ချန်ရုံ့အား လတ်ဆတ်သန့်စင်၍ ချောမောနေစေသည်။ ချန်ရုံ၏အလှတရားကိုရောစပ်ပေါင်းစီး၍ ချန်ရုံ့အားပို၍ နုနယ်အပြစ်ကင်းစင်သည့်ပုံဖြစ်အောင် ပြုလုပ်ပေးထားလေသည်။


အထက်တန်းလွှာများ ကြိုက်နှစ်သက်ကြသည့် ပုံစံပင်ဖြစ်သည်။


ချန်ရုံက မှန်ထဲမှ သူမ၏ပုံရိပ်ကို သဘောကျသွားသောကြောင့် အကြည့်ပြန်လွှဲလိုက်သောအခါ အနောက်မှ အထိန်းတော်ဖျင်က မေးလိုက်သည်။


"ဆံပင်ထပ်ဖြီးချင်သေးလား မမလေး..."


ချန်ရုံသည် သူမ၏ ဆံပင်ကို ရိုးရိုးရှင်းရှင်းပင် ရွှေဆံထိုးတစ်ခုနှင့် ထုံးဖွဲ့ထားသည်။ ထို့အပြင် ချန်ရုံဝတ်ဆင်ထားသည့် သစ်သားဖိနပ်များကလည်း မြို့ထဲ နေရာအနှံ့အပြား၌ တွေ့နိုင်သော ဖိနပ်မျိုးဖြစ်သည်။ ချန်ရုံသည် အိန္ဒြေသိက္ခာအပြည့်နှင့် အဆင့်အတန်းမြင့်မားနေပုံပေါ်သော်လည်း တစ်ချိန်တည်းမှာပင် ကိန်းကြီးခန်းကြီးမနိုင်၍ ရိုးရှင်းသောသာမာန်ပုံစံသာပေါက်နေသည်။


ချန်ရုံက ခေါင်းခါလိုက်သည်။

"ဟင့်အင်း...အဲဒီလောက်အထိ လုပ်စရာမလိုပါဘူး..."


ဆူညံသံများနှင့် ရယ်မောသံများက လေထုထဲ၌ ပျံ့လွင့်နေကြသည်။


တစ်ဒါဇင်မျှသော ရထားလုံးများက အနီးသို့ တဖြည်းဖြည်းရောက်လာသည်ကို ချန်ရုံ မြင်လိုက်ရသည်။ သို့သော် လန်ယာဝမ်အိမ်တော် နှင့် ချန်ပြည်နယ်မှ ရှဲ့အိမ်တော်တို့၏ မိသားစုတံဆိပ်များကို မြင်လိုက်ရသောအခါ စိတ်ဝင်စားမှုပျောက်၍ အကြည့်ပြန်လွှဲလိုက်သည်။


ထိုအချိန်၌ ဖုန်လုံးများက လွင့်ပျံသွား၍ လှည်းယာဉ်တန်းထွက်ပေါ်လာသည်။


အဆုံးမရှိသော လှည်းယာဉ်တန်းကိုကြည့်၍ လူအုပ်ထဲမှ လူတစ်ဦးက ပြောလိုက်သည်။

"ဒီတစ်ခေါက်တော့ လူတွေ အများကြီးပါလာတာပဲ...ဂိတ်တံခါးလေးခုက ခွဲပြီးလာကြပေမယ့် လူအရေအတွက်ကတော့ တကယ်ကို ကြောက်စရာပဲ..."


"အဲဒီလိုလည်းမဟုတ်ပါဘူး..."


အခြားလူတစ်ယောက်က ဝင်ပြောလိုက်သည်။


"လာတဲ့လူတွေထဲမှာ အထက်တန်းလွှာသူဌေးတွေရော ဆင်းရဲသားတွေရောပါတယ်လေ...သူတို့အကုန်လုံးက ဘယ်လိုတူတူလာကြမလဲ...အဲဒါကြောင့်မို့လို့ အဖွဲ့လေးဖွဲ့ခွဲလာကြတာလို့ ကျွန်ုပ်ကြားတယ်..."


ဆွေးနွေးနေကြချိန်တွင် လှည်းယာဉ်တန်းက တဖြည်းဖြည်း နီးကပ်လာသည်။


ချန်ရုံက အပြင်သို့လှမ်းကြည့်လိုက်ရာ နန်ယန်မှ ချန်အိမ်တော်က ရှေ့ဆုံးမှလာနေကြသည်ကို မြင်လိုက်ရသည်။


ဟုတ်ပေသည်။ လန်ယာဝမ်အိမ်တော်နှင့်အတူ ယွီကျစ် နှင့် ဟွမ်းကျိုးလန်ကဲ့သို့လူများသည်လည်း မကြာသေးခင်ကပင် မြို့တော်သို့ရောက်လာကြသည်။ ကျန်သည့်အိမ်တော်များထဲမှ ချန်အိမ်တော်က ဂုဏ်ရှိန်အကြီးမားဆုံးဖြစ်နေသည့်အတွက် သူတို့ပင် ဦးဆောင်ရမည်မှာ မဆန်းပါချေ။


ချန်အိမ်တော်၏အလံများနှင့် ရထားလုံးများပေါ်လာသောအခါ လူအုပ်၏ရယ်သံများနှင့် အသံများက ပို၍ကျယ်လောင်လာသည်။


ထိုအချိန်၌ လူအုပ်ကိုရော ချန်ရုံ၏ရထားလုံးကိုပါ ဂရုမစိုက်ပဲ ရထားလုံးဆယ်စီးက အတင်းမောင်းဝင်လာသည်။

"မမလေး...မင်းသမီးရဲ့နောက်လိုက်တော်တွေ ရောက်လာကြပြီ..."

အထိန်းတော်ဖျင်က အော်လိုက်သည်။


အရှေ့ဆုံးသို့ မောင်းနှင်လာသော ရထားလုံးများမှာ တကယ်ပင် မင်းသမီး၏အခြွေအရံများဖြစ်နေသည်။ ထိုရထားလုံးများနောက်မှ တော်ဝင်ဆွေမျိုးများနှင့်အတူ ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့ လောလောလတ်လတ်က သူကောင်းပြုထားသည့် အထက်တန်းလွှာမိသားစုများမှ မိန်းကလေးများ ပါလာကြသည်။


ထိုမိန်းကလေးများသည် ရထားလုံးများကို စီးနင်းရင်းဖြင့် ရယ်မောအော်ဟစ်ကာ ကြာပွတ်များကို ဝှေ့ယမ်း၍ သီချင်းများဆိုလာကြသည်။ ထိုမိန်းကလေးများသည် လူများ၏ အာရုံစိုက်မှုကို ရယူရန်ရောက်လာကြမှန်း သိသာနေသည်။


ထိုအချိန်၌ အစေခံတစ်ဦး၏အသံထွက်လာသည်။

"သခင်မလေး...သွားလေ..."


ချန်ရုံလည်း ချက်ချင်းသဘောပေါက်သွား၍ အဖိုးစွင်းအား ဘာလုပ်ရမည်ကိုပြောလိုက်သည်။


အဖိုးစွင်းလည်း ရထားလုံးကို မောင်းထွက်လိုက်သည်။


အထက်တန်းလွှာမိန်းမပျိုများ ထွက်လာကြချိန်တွင် သူတို့၏ အရပ်မြင့်မားသော ကိုယ်ရံတော်များလည်းကလည်း မြင်းများဖြင့် နီးကပ်စွာပါလာကြသည်။ ချန်ရုံ၏ရထားလုံးကိုတော့ မည်သူကမျှ အာရုံမစိုက်ကြပေ။


မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ရုံ၏ရထားလုံးသည် နန်ယန်၏ချန်အိမ်တော်မျိုးနွယ်များရှိရာနေရာသို့ ရောက်သွားသည်။


ထို့နောက် ရထားလုံးက ရပ်သွား၍ လက်တစ်ဖက်က လိုက်ကာအား အပြင်မှ မလိုက်သည်။ ထိုလူမှာ ချန်ကုန်းရန်း၏လူယုံတော်ဖြစ်နေသည်။

"ကျွန်တော်နဲ့ လိုက်ခဲ့ပါ သခင်မလေး..."

ထိုလူက ရိုသေစွာပြောလိုက်သည်။


ချန်ရုံသည်လည်း ရထားလုံးပေါ်မှဆင်း၍ ချန်ကုန်းရန်း၏ရထားလုံးဆီသို့ ထိုလူ၏နောက်မှ လိုက်သွားလိုက်သည်။


ရထားလုံးလိုက်ကာနောက်တွင် ချန်ကုန်းရန်းက ချန်ရုံ့အားကြင်နာစွာကြည့်၍ ပြုံးကာပြောလိုက်သည်။

"ချန်ရုံ...လာလေ..."


"ဟုတ်ကဲ့..."


ထိုင်ပြီးသောအခါ ချန်ရုံက လက်များကို ဒူးခေါင်းပေါ်တင်၍ ညင်သာစွာပြောလိုက်သည်။

"ဒီမှာ အထက်တန်းလွှာတွေလည်း ရှိနေတာမို့လို့ ကျွန်မ ဦးလေးနဲ့တူတူ မြို့ထဲကို ဝင်ရမယ်လို့ ပြောထားလို့ပါ..."


ချန်ကုန်းရန်းက သူ၏ ရှည်လျားသော မုတ်ဆိတ်ကိုသပ်ကာ ရယ်ရင်းပြောလိုက်သည်။

"ကောင်းပြီ..."


ရထားလုံးထဲမှ အစေခံနှစ်ဦးက ဒူးထောက်၍ ချန်ရုံ့ကို သူမ၏နေရာတွင် သေချာထိုင်ခိုင်းလိုက်သည်။ ထို့နောက် ချန်ရုံနှင့် လျန်ကုန်းရန်းတို့အား ဘယ် ညာ ထိုင်စေပြီးသောအခါ လိုက်ကာများကို ဖွင့်ဟ၍ ရထားလုံးထောင့်သို့ ပြန်သွားကြသည်။


အရှေ့မှ ဆူညံသံများက ပို၍ကျယ်လောင်လာသည်။


လှည်းယာဉ်တန်းက တဖြည်းဖြည်း ပြိုကွဲစပြုလာသည်။ တစ်ဖက်တစ်ချက်မှ အစောင့်များသည်လည်း ရထားလုံးများက တဖြည်းဖြည်း ဝေးကွာလာသည်နှင့်အမျှ အနောက်သို့ ဖြည်းဖြည်းချင်းဆုတ်ခွာကုန်ကြသည်။


‌လှည်းတန်း၏ရှေ့ဆုံးမှာကား ချန်ကုန်းရန်း၏ရထားလုံးဖြစ်၍ မကြာခင်မှာပင် မြို့တံခါးဝသို့ရောက်သွားသည်။


ဂိတ်တံခါးနားသို့ရောက်သောအခါ ရထားလုံးက ရပ်တန့်သွားသောကြောင့် အနောက်မှ ယာဉ်တန်းကလည်း ရပ်သွားကြသည်။


ချန်ကုန်းရန်းက လိုက်ကာကိုမကာ အောက်သို့‌ဆင်းလိုက်သည်။ ထို့နောက် လက်များကို ချိတ်ဆက်၍ ချန်ကျစ်ဖန်းအား မြှောက်ပြကာပြောလိုက်သည်။


"ကျစ်ဖန့်...အခုလို ဒုက္ခများသွားရတဲ့အတွက် တောင်းပန်ပါတယ်..."


ထို့နောက် ချန်ကုန်းရန်းသည် လန်ယာဝမ်အိမ်တော်နှင့် ချန်ပြည်နယ်မှ ရှဲ့အိမ်တော်တို့ကိုလည်း နှုတ်ခွန်းဆက်လိုက်သည်။


ချန်ကုန်းရန်း၏နောက်မှ ချန်ရုံသည်လည်း ချန်ကုန်းရန်းကိုအတုယူ၍ ပြုံးရွှင်စွာဖြင့် ခေါင်းကိုမကာ အရိုအသေပေးလိုက်သည်။


ချန်ရုံထွက်လာသည်နှင့်တပြိုင်နက် လူတိုင်း၏အာရုံစိုက်မှုက ချန်ရုံ့ဆီသို့ ရောက်သွားကြတော့သည်။


"ချန်ကုန်းရန်းနဲ့တူတူလာတဲ့ မိန်းကလေးက ဘယ်သူလဲ..."


"သူ့အပြုအမူ‌တွေက ယဉ်ကျေးသိမ်မွေ့လွန်းပြီး ပါးချိုင့်လေးနဲ့အပြုံးကလည်း အိန္ဒြေရှိလိုက်တာ...အဲဒီမိန်းကလေးဟာ နန်ယန်ချန်အိမ်တော်က အဆင့်အတန်းမြင့်တဲ့ မိန်းမပျိုပဲဖြစ်မှာပဲ..."


"ဒီလောက်တောင် ဆွဲဆောင်မှုကောင်းပြီး လှပပြီး အဆင့်အတန်းမြင့်တဲ့ မိန်းမပျိုဟုတ်လား...ကံကောင်းလှတဲ့ သူ့ရဲ့ ယောင်္ကျားက ဘယ်မှာပါလိမ့်...ဟားဟား..."


စကားပြောသံများကြားတွင် ရယ်သံတစ်ခု ထွက်ပေါ်လာလေသည်။


ထိုရယ်သံမှာ အောင်မြင်စူးရှကာ လှောင်ရယ်ရယ်လိုက်သည့်အသံနှင့်လည်း တူနေသည်။


ထိုရယ်သံထွက်လာချိန်တွင် အသံများအားလုံး တိတ်ဆိတ်သွား၍ မောင်းဝင်လာသောရထားလုံးကို လူများက လမ်းဖယ်ပေးလိုက်ကြသည်။


ရထားလုံးမှာ အိမ်တော်အမှတ်အသားဟူ၍ ဘာမှမပါသော သာမာန်ရထားလုံးတစ်စင်းသာဖြစ်သည်။ ထိုရထားလုံးသည် လူအုပ်ကြီးကို ဦးတည်မောင်းနှင်ကာ ချန်အိမ်တော်မှလူများကို ကျော်ဖြတ်သွားသည်။


ထို့နောက် မြို့တံခါးဆီသို့ရောက်လာ၍ ချန်ရုံရှိသည့်နေရာနှင့် ခြေလှမ်း ဆယ်လှမ်းလောက်သာကွာသည့်နေရာ၌ ရထားလုံးက ရပ်သွားသည်။


ရထားလုံးက ကောင်းစွာ မရပ်ရသေးခင်မှာပင် လိုက်ကာကပွင့်သွား၍ ဖြူဖွေးဖျော့တော့သည့်အသားအရည်၊ ချောမော‌သော မျက်နှာအနေအထားဖြင့် အသက်နှစ်ဆယ်နှောင်းပိုင်းအရွယ် လူငယ်တစ်ဦး ထွက်လာသည်။


ထိုလူငယ်ထွက်လာသောအခါ ‌ကြောင်ကြည့်နေကြသော အစောင့်များသည် ချက်ချင်းပင် ထိုလူငယ်အား ကူညီထိန်းပေးလိုက်ကြသည်။


လူငယ်က ရှေ့သို့ခြေနှစ်လှမ်းမျှ ဒယိမ်းဒယိုင်ဖြစ်သွားသေးသည်။ သို့သော် သူ့ကိုယ်သူ သေချာမထိန်းနိုင်သေးခင်မှာပင် လူငယ်သည် လက်ကိုဝှေ့ယမ်း၍ အစောင့်များကို ဖယ်ခိုင်းလိုက်သည်။ ထို့နောက် ကိုင်စရာတစ်ခုခုကိုရှာသည့်ပုံဖြင့် လက်ကိုဆန့်တန်းလိုက်ရာ အမျိုးသမီးတစ်ဦး၏ရင်သားများကို ထိကိုင်မိသွားသည်။ ထိုအမျိုးသမီးသည် ချန်ရုံ၏ယောက်မကဲ့သို့ ညိုညစ်သောမျက်လုံးနှင့် စိတ်ပုတ်သည့် မျက်နှာထားမျိုးရှိသူဖြစ်သည်။


လူငယ်သည် သူ့လက်ထဲမှ နူးညံ့သည့်အရာကို ခံစားမိသွားသောအခါ ချက်ချင်းပင်လှည့်ကြည့်လိုက်သည်။ သို့‌သော် ထိုအမျိုးသမီးကို မြင်သည်နှင့်တပြိုင်နက် အော့အန်ထွက်မတတ်ပင်ဖြစ်သွားတော့သည်။




Report Page