Chapter 166

Chapter 166

Imperial Meow


Chapter 166

ချန်ရုံက နှောင်ကြိုးတွေကို ပြတ်ပြတ်သားသားဖြတ်တောက်လိုက်ပြီ။



အခုချိန်တွင် လမ်းဘေးရှိ သစ်သားအိမ်များမှ ကလေးငယ်များသည် ရထားလုံးများကိုတွေ့သွားကြသည်။ သူတို့က လက်ညိုးထိုးပြီး အော်ဟစ်လာကြသည်။


“ လူချမ်းသာတွေရောက်လာပြီ၊ လူချမ်းသာတွေရောက်လာပြီ”


သူတို့၏အော်သံများက အိမ်ထဲရှိလူကြီးများကို သတိပေးလိုက်သလိုဖြစ်သွားသည်။ စုတ်ပြဲနေသည့် အဝတ်များဖြင့် ယောက်ျား၊မိန်းမများက အပြင်ထွက်လာကြသည်။ သူတို့က ချန်ရုံ၏ရထားလုံးကိုကြည့်ပြီးနောက် ခေါင်းရမ်းလိုက်ကြကာ ဆက်ပြီးဂရုမစိုက်တော့ချေ။ သို့သော်ကလေးငယ်များကမူ သူတို့နောက်မှာ ရယ်ရယ်မောမောဖြင့် လိုက်လာကြကာ ချန်ရုံကိုလည်း သိချင်စွာလှမ်းကြည့်နေကြသည်။


သိပ်မကြာခင်မှာဘဲ သူတို့က တတိယလမ်းကြားသို့ရောက်ရှိလာသည်။


လမ်းကြားသို့ ဝင်လာသော‌အခါ အစေခံများက ခြံဝင်းတစ်ခုကိုမြင်လိုက်ကြသည်။ ၎င်းကလည်း အခြားအိမ်များလိုပင် သစ်သားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုနေရာတွင် စတုရန်းပုံစံဖြစ်စေသော အဆောက်အဦး၁၅ခုလောက်ရှိနေ၏။ ဂိတ်တံခါးအနီးတွင် တဲအိမ်နှစ်ခုရှိသည်။ အခုချိန်တွင် အစေခံများက တံခါး၏အပေါ်သို့ကြည့်လိုက်ကြရာ ‘ချန်အိမ်တော်’ဟု ထွင်းထားသည့် ကမ္မည်းကျောက်တိုင်အား ချိတ်ဆွဲထားသည်ကို မြင်လိုက်ကြသည်။


ချန်အိမ်တော်လား။ လူတိုင်းကချန်ရုံကို ကြည့်လိုက်ကြသည်။


ချန်ရုံက ကန့်လန့်ကာစကိုမကာ ဆင်းလိုက်သည်။

“ ငါတို့ရောက်ပြီ၊ ဒီနေရာဘဲ”

သူမ‌ကပြောရင်းဖြင့် တံခါးဆီသို့လျှောက်သွားလိုက်သည်။


ကျွီခနဲအသံနှင့် သစ်သားတံခါးကပွင့်လာသည်။ အသက်နှစ်ဆယ်ကျော်ကာလအတွင်းရှိနေပြီဖြစ်ကာ ပိန်ပါးပြီးရှည်သွယ်သောမျက်နှာရှိသည့် ကျောင်းတော်သားတစ်ဦးထွက်လာ၏။



ချန်ရုံ၏နှုတ်ခမ်းများက လှုပ်ရှားသွားသည်။

“အကိုကြီး”

သုမက နူးညံ့စွာခေါ်လိုက်သည်။


ကျောင်းတော်သားက ခနရပ်သွားကာ လှည့်ကြည့်လာသည်။ သူကအရင်ဆုံး အထိန်းတော်ဖျင်နှင့် အဖိုးစွင်းကိုမြင်ကာ ထို့နောက်တွင်မှ ချန်ရုံကိုမြင်လိုက်သည်။ အဆုံးတွင် သူက သိချင်စွာမေးလာ၏။


“အားရုံလား”


ချန်ရုံက စိတ်အားထက်သန်စွာခေါင်းငြိမ့်ပြလိုက်ကာ သူ့ဆီပြေးလာ၏။


ကျောင်းတော်သားက သူမကိုစိုက်ကြည့်နေဆဲဖြစ်ကာ သူ့မျက်စိသူမယုံနိုင်ပေ။ အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်မှသာ သူ မမှားသည်ကိုသိလိုက်ပြီး ရှေ့တိုးလာကာ ချန်ရုံအားရုတ်တရက် တင်းကြပ်စွာဖက်ထားလိုက်သည်။ သူကသူမအား ဖက်ထားပြီးတုန်ရီစွာပြောလာ၏။


“အားရုံ၊ တကယ် အစ်ကို့ရဲ့အားရုံဘဲ”


သူကနောက်သို့လှည့်ကာ အော်ပြောလိုက်သည်။

“မြန်မြန်၊ သွားပြီး ငါ့ရဲ့အားရုံပြန်ရောက်လာပြီဆိုတာကို သူတို့ကိုသွားပြောပြလိုက်”


သူ၏မျက်လုံးများကနီရဲနေ၏။ သူက ခေါင်းလှည့်ကာ တစ်ချက်လောက် ကောင်းကောင်းပြန်ကြည့်လိုက်ပြီးမှ ပြုံးကာပြောပြလာ၏။


“အစ်ကို့ရဲ့ အားရုံက မိန်းမလှလေးအဖြစ်ကြီးပြင်းလာမယ်ဆိုတာသိပေမယ့် မှားနေတုန်းပါဘဲလား၊ အားရုံက မိန်းမ‌လှလေးတစ်ယောက်ထက်ပိုတယ် သိသိသာသာကို အားရုံက အလှပဂေးလေးဘဲ”


ချန်ရုံက သူ၏ရင်းနှီးနေသော နွေးထွေးသည့်အသံကိုကြားလိုက်ရသောအခါ မျက်ရည်များဝဲလာသည်။


“အစ်ကိုကြီး၊ အစ်ကိုကြီး၊ အစ်ကိုကြီး”

သူမကပျော်ရွှင်စွာခေါ်လိုက်သည်။ ချန်ရုံအနေဖြင့် သူမ၏အကိုကြီးကို နောက်တစ်ကြိမ်မြင်လိုက်ရသောအခါမှ သူမအကိုကြီးကို ဘယ်လောက်သတိရနေခဲ့ရသည်ကို သိလာသည်။


“အင်း၊ အင်း အစ်ကိုကြီးပါ”

သူကပြန်ဖြေ၏။


ထို့နောက် သူတို့က အချင်းချင်းကြည့်လိုက်ကာ ပြုံးလိုက်မိကြသည်။


ဖျင်မြို့မှာတုန်းကဆိုလျှင် ဤအစ်ကိုကြီးက သူမအဖေကဲ့သို့ပင် သူ၏အချစ်များကိုချန်ရုံ‌အပေါ်တွင်သာ အလျှံအပယ်အပ်နှံထားပေသည်။ သူမအတွက်သူတို့၏အချစ်များက များပြားလွန်းသောကြောင့် သူမအနေဖြင့် အရှုံးဆိုတာကို လက်ခံရမည်ဟူ၍မသင်ခဲ့ရကာ သူမ၏နိမ့်ကျသောဘဝအတွက် မသင့်ဝောာ်သည့် ဂုဏ်ရှိန်ဂုဏ်ဝါကို ကြီးထွားစေခဲ့သည်။


မောင်နှမနှစ်ယောက်က မျက်ရည်များ၊အပြုံးများဖြင့်ဖြစ်နေချိန်တွင် တံခါးဝ၌လူငါးယောက်ပေါ်လာ၏။


သူမ၏အစ်ကိုကလှည့်ကြည့်လိုက်သည်။ သူကချန်ရုံကိုလက်ဆွဲပြီး သူတို့ဆီခေါ်သွားလိုက်ပြီးနောက် နူးညံ့စွာချောင်းဟန့်လိုက်သည်။


“အားရုံ အဖေက အစ်ကိုတို့နဲ့မရှိဝောာ့ဘူး”


သူမသိပြီးသားဖြစ်သော်လည်း ချန်ရုံကမျက်ရည်ဝဲမိဆဲဖြစ်သည်။


သူက သူမလက်ကိုဆွဲကာ အသက်နှစ်ဆယ်‌အစောပိုင်းအတွင်းရှိသည့် မိန်းမတစ်ယောက်ဆီခေါ်သွား၏။ သူမက အရွယ်အစားပြည့်ဝပြီး အသားအရေမျှတကာ လိမ္မာပါးနပ်ပုံရသည့် လေးထောင့်ဆန်ဆန်မျက်နှာရှိသည်။


“သူမက မင်းရဲ့ယောင်းမ အသစ်ဘဲ အားရုံ၊ မင်းရဲ့အရင်ယောင်းမနဲ့ အကိုကြီးတို့အဖေက ဒုက္ခသည်‌တွေသတ်တာခံလိုက်ရတယ်”


ချန်ရုံ၏အသံက သူစိမ်းဆန်နေ၏။ သူမကအရိုအသေပေးလိုက်သည်။


“နေကောင်းပါရဲ့လား ယောင်းမ”


ထိုမိန်းမက ချန်ရုံကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူမခင်ပွန်းဘက်လှည့်ကာ စိတ်မကျေမနပ်ဖြင့်ပြောလိုက်သည်။


“သူက ကိုယ်လုပ်တော်ဖွားညီမဘဲလေ၊ ကျွန်မတို့က ဒီလောက်စိတ်လှုပ်ရှားနေဖို့လိုလို့လား၊ ရှင်က ကျွန်မတို့အားလုံးကို ဘာမဟုတ်တာလေးအတွက်နဲ့ အပြင်ကိုလာခိုင်းလိုက်ဝာာဘဲ”


ဤသို့ပြောပြီးနောက် သူမကအခန်းဆီသို့ပြန်သွားလိုက်သည်။ သူမလျှောက်သွားသည်နှင့် ဝကစ်ကစ်ကောင်လေး‌တစ်ယောက်က ဖင်လေးကိုလိမ်ကာ ချန်ရုံကိုရှုံ့မဲ့ပြလာ၏။


“မားမား မားမား”


သူက သူ့အမေကိုခေါ်ကာ သူမနောက်မှပြေးလိုက်သွားသည်။


ချန်ရုံ၏အစ်ကိုက ဒေါသဖြင့်နီရဲလာလေသည်။ သူကပါးစပ်ဖွင့်ကာပြောတော့မည့်အချိန်တွင် ချန်ရုံက သူ့ဝတ်ရုံကဆွဲကာ တိုးတိုးပြောလာ၏။


“ အကိုကြီး၊ ဘာမှမဖြစ်ပါဘူး”


သူမအစ်ကိုက လှည့်ကြည့်လာသည်။ သူ့ညီမ၏ ကြည်လင်ကာ ငြိမ်းချမ်းနေသည့်မျက်လုံးများကိုကြည့်လိုက်ပြီး အပြစ်ရှိစွာပြောလာသည်။


“အားရုံ အစ်ကိုကြီးက အသုံးမကျဘူးမလား”


“အစ်ကိုကြီး တကယ်အဆင်ပြေပါတယ်ဆို”

ချန်ရုံက ပြုံးကာပြန်ဖြေသည်။


သူမက ဤယောင်းမကို အရင်တုန်းကတွေ့ဖူးပေသည်။ မည်သို့ပင်ဆိုကာမူ ထိုအချိန်တုန်းက သူမအနေဖြင့် ချန်ရုံကစစ်သူကြီးတစ်ယောက်နှင့်လက်ထပ်ထားသည်ကိုသိပြီးနောက် ချန်ရုံအား နာရေးအတွက်အိမ်သို့ပြန်လာရန်ပြောလာခဲ့ပေသည်။.... သူမ၏အစ်ကိုက နောက်နှစ်နွေရာသီတွင် အဖျားရောဂါဖြင့်ဆုံးသွားလိမ့်မည်။ ကိစ္စရပ်များက သူမအနေဖြင့် ချန်ရုံ၏မလျော်မကန်သောအရာများကိုမြင်လိုက်ရပြီးနောက်တွင်ဖြစ်သည်။


သူမက ချန်ရုံဆီမှပိုက်ဆံမရနိုင်သည်ကိုသိလိုက်ရပြီး ချန်ရုံက မျက်နှာသာပေးခြင်းမခံရသလို လေးစားမှုလည်းမရရှိသည်ကိုသိသွားသောအခါ သူမက ချန်ရုံကိုလူများရှေ့တွင် ယုတ်ရင့်ကြမ်းတမ်းသည့်စကားများဖြင့် ပြစ်တင်စွပ်စွဲပြောဆိုလာသည်မှာ ချန်ရုံအနေဖြင့် ပြန်မမှတ်မိချင်လောက်သည့်အထိပင်ဖြစ်သည်။ ချန်ရုံက သူမ၏ဒုတိယဘဝတွင် ထိုယောင်းမနှင့် ဝေးဝေးနေချင်ပေသည်။


ဤအချိန်တွင် အသက်ဆယ့်ရှစ့်၊ဆယ့်ခုနစ်‌လောက်ရှိပြီဖြစ်သည့် အမျိုးသမီးငယ်က ရှေ့သို့လျှောက်လာ၏။ သူမက ချန်ရုံအား မဝံ့မရဲဖြင့်ပြုံးပြလာပြီးနောက် ခေါ်လာသည်။


“အားရုံ”


ချန်ရုံက သူမအကိုဘက်ကိုလှည့်ကြည့်လိုက်သည်။


သူက ပျော်မြူးစွာရယ်ပြလာပြီး အမျိုးသမီးအားညွှန်ပြလိုက်သည်။


“ညီမလေး ဒါက အစ်ကိုကြီးရဲ့အိပ်ရာဖော် အားကုပါ၊ သူမက အရမ်းသဘောကောင်းတယ်၊ တကယ်လို့ညီမလေးတစ်ခုခုနားမလည်တာရှိရင် သူ့ကိုမေးလို့ရတယ်နော်”

(Tn: အိပ်ရာဖော် ဆိုတာက ကိုယ်လုပ်တော်အဆင့်မဟုတ်ပါဘူး၊ ကိုယ်လုပ်တော်ကဲ့သို့ ဂုဏ်ဒြပ်မရဘဲ အိပ်ခန်းအတွင်း၌သာခစားပေးရသော အစေခံပါ)


ချန်ရုံက သူမကိုပြုံးကာနှုတ်ဆက်လိုက်ပြီူနောက် သူမအကိုဘက်လှည့်လိုက်သည်။


“ အစ်ကိုကြီး ညီမလေးကိုခနလောက်ခွင့်ပြုနော်”


သူမက အဖိုးစွင်းဆီလျှောက်သွားကာ တီးတိုးပြောလိုက်သည်။


“အဖိုးစွင်း အနီးနားမှာငှားရမ်းလို့ရမယ့် ခြံဝင်းလေးတစ်ခုလောက်ရှိမလားဆိုတာကို တစ်ချက်လောက်လိုက်ကြည့်ပေးပါဦး”


အဖိုးစွင်းက သူမအား နားမလည်စွာကြည့်လာ၏။ သူက ချန်ရုံအားလှေကားထစ်များပေါ်မှ မြတ်နိုးစွာကြည့်နေသည့် သူမ၏အစ်ကိုဘက်ကို တစ်ချက်ကြည့်လိုက်ကာ တီးတိုးပြောလိုက်သည်။


“ဒါပေမယ့် ဘာလို့လဲ မမလေး၊ မမလေးအစ်ကိုက မမလေးကိုချစ်ပါတယ်”


ချန်ရုံက ပြုံးလိုက်သည်။ သူမကခေါင်းရမ်းပြီး နူးညံ့စွာပြောပြလာ၏။


“ဒီနေရာနဲ့ ခြေလှမ်းငါးရာအကွာအဝေးအတွင်းမှာရှာလိုက်ပါ။ အဖိုးစွင်းက ကျွန်မရဲ့ယောက်မအကြောင်းမသိပါဘူး၊ တကယ်လို့ ကျွန်မသာသူနဲ့ အတူဒီမှာနေလိုက်ရင် ချန်ကုန်းရန်က ကျွန်မကို အရှင်မင်းမြတ်နဲ့ ပေးမတွေ့ဝောာ့မှာကို စိုးရိမ်မိတယ်”


ဤကိုယ့်ဘာသာကိုယ်ကြေငြာထားသည့် ခေတ်ဆန်ကာ ဆန်းပြားသောကာလတွင် လူများသည် အရှက်အကြောက်ကင်းမဲ့ကာ အောက်တန်းကျသောအရာများအားအပေါ်တွင် အထင်သေးစက်ဆုပ်မှုများအပြည့်ရှိနေကြသည်။ သူမ၏အပေါက်ဆိုးသောယောင်းမကို တစ်ခါတွေ့လိုက်ရသည်နှင့် ထိုကျောင်းတော်သားများက သူမ၏မိသားစုတစ်ခုလုံးကို ရှောင်ဖယ်သွားကြလိမ့်မည်။


သူမက ပျော်ရွှင်အေးချမ်းသောဘဝကိုရရှိရန် ယောက်ျားကောင်းတစ်ယောက်အပေါ်တွင် မှီခိုနေ၍မရတော့ပေ။ သူမကိုယ်သူမသား အားကိုးရမည်ဖြစ်သောကြောင့် အနာဂတ်အတွက် သူမလမ်းကို သူမဘာသာဖောက်ရပေလိမ့်မည်။


အဖိုးစွင်းက တွေဝေနေဆဲဖြစ်သည်ကိုမြင်သောအခါ ချန်ရုံက တိုးတိုးဆက်ပြောလာ၏။


“အရှင်မင်းမြတ်က ကျွန်မကိုတွေ့ဖို့ပြောထားတဲ့ကိစ္စကို အစ်ကိုကြီးကို နောက်မှ ကျွန်မကိုယ်တိုင်ပြောပြလိုက်မယ်၊ တကယ်လို့ဒါကိုသာကြားသွားရင် ကျွန်မကိုပြောင်းသွားခွင့်ပြုလိမ့်မယ်လို့ ကျွန်မထင်တယ်”


သူမက ခနရပ်လိုက်ပြီးနောက် ထပ်‌ပြောလိုက်သည်။


“ချန်ကုန်းရန်ရောက်လာရင် ကျွန်မသူနဲ့အတူနေလိုက်မယ်၊ အိမ်ရှာတဲ့အခါကျရင် ကျွန်မတို့က အရမ်းအကြာကြီးမငှားဘူးဆိုဝာာကိုလည်း မှတ်ထားဦးနော်”


အဖိုးစွင်းက ခေါင်းမညိတ်ခင် အတွေးတစ်ချို့တွေးလိုက်၏။


“ဟုတ်ကဲ့ပါ”


ဤအချိန်တွင် ချန်ရုံ၏အစ်ကိုက သူမဆီသို့လျှောက်လာ၏။


“အထဲဝင်လာလေ အားရုံ” သူမအကိုက ခေါ်လာသည်။


ချန်ရုံက ပြန်တုံ့ပြန်လိုက်ပြီးနောက် လှည့်ကြည့်လိုက်သည်။ သူမ၏အနောက်တွင် အစေခံများက ဦးညွှတ်အရိုသေးပေးလာကြသည်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ သခင်လေး ”


သူမ၏အကိုက ရယ်လိုက်သည်။ သူက သူ၏ဇာတိမှ အစေခံများကို ကြင်နာစွာကြည့်နေသည်မှာ မျက်လုံးများနီရဲလာပြီး သူ့အသံကအက်ကွဲလာလေသည်။


သူက စကားမပြောခင် ဝတ်ရုံလက်ကိုသုံးကာ သူ၏မျက်ရည်များကိုသုတ်လိုက်သည်။

“အားလုံးဘဲ ဝင်လာကြတော့၊ ဖျင်မြို့ကနေဆိုဝောာ့ အဝေးကြီးခရီးနှင်လာရမှာဘဲ။ ငါရဲ့အားရုံလေးက မင်းတို့ရဲ့ကာကွယ်မှုမပါရင် ဒီလိုရောက်လာနိုင်မှာ မဟုတ်ဘူး လာကြ၊လာကြ”


အစေခံများက ပြန်ဖြေလိုက်ပြီးနောက် ချန်ရုံနောက်မှလိုက်ကာ အိမ်ထဲသို့ဝင်လိုက်ကြသည်။


သူမအကို၏အိပ်ရာဖော်ဖြစ်သော အားကုကလည်း သူတို့နောက်မှအပြေးလိုက်လာ၏။


ဒါဇင်ထက်မနည်းသောအစေခံများနှင့် သူတို့၏ရထားလုံးခြောက်စီးကိုကြည့်လိုက်မိပြီးနောက်တွင် တည်ငြိမ်သည့်ပုံစံဆောင်ထားသည့် သူမအကို၏ဇနီးက အစေခံတစ်ယောက်ကို လက်ရမ်းပြလိုက်ကာ တီးတိုးပြောလိုက်သည်။

“ သူတို့ရဲ့ ရထားလုံးထဲမှာ ဘာတွေပါလဲဆိုတာကို သွားပြီးတစ်ချက်ကြည့်ကြည့်လိုက်”


“ဟုတ်ကဲ့ပါ သခင်မ”


“သေသေချာချာကြည့်ခဲ့နော်”


“ဟုတ်ကဲ့ပါ”


အစေခံထွက်သွားပြီးနောက်တွင် သူမက စားပွဲကို အရှေ့ဘက်ရှိနံရံသို့ရွှေ့လိုက်ကာ ခိုးနားထောင်ရန်နားစွင့်လိုက်သည်။


ရှိုက်သံတစ်ချို့ထွက်ပြီးနောက်တွင် စိုးရိမ်ပူပန်နေသော သခင်လေးချန်၏အသံက အရှေ့ဘက်အခန်းထဲမှထွက်ပေါ်လာသည်။

“အားရုံ ညီမလေးဒီကိုဘယ်လိုရောက်လာတာလဲ အကိုကြီးကြားတာတော့ လူရိုင်းတွေက လောယန်ကို မီးလောင်တိုက်သွင်းလိုက်တယ်ဆို၊ ဖျင်မြို့ရောဘယ်လိုနေလဲ၊ ဖျင်မြို့ကအဆင်ပြေရဲ့လား”


ချန်ရုံ၏ပြန်ဖြေလာသောအသံတွင် မွေးရာပါကြည်လင်ပြတ်သားမှုနှင့် ‌နူးညံ့မှုများရောယှက်နေပေသည်။

“ညီမလေးတို့တွေက ဝမ်ကလန်နဲ့အတူ ဖျင်မြို့ကထွက်လာခဲ့လိုက်တာ။ အဲ့ဒီနောက်မှာတော့ နန်ယန်မှာလအနည်းငယ်လောက်နေလိုက်တယ် ဒီတစ်ကြိမ်က လန်ယာကဝမ်အိမ်နဲ့အတူ ကျန့်ခန်းကိုလိုက်လာခဲ့ဝာာ”


“လန်ယာက ဝမ်အိမ်တော်လား”

သခင်မချန်က တီးတိုးပြောလာသည်။ သူမအသံထဲတွင် မနာလိုမှုများကို သတိထားမိနိုင်ပေသည်။ သူမက လက်ရမ်းကာ အစေခံနောက်တစ်ယောက်ခေါ်လိုက်သည်။

“အဲ့ဒီဝောာသားတွေနဲ့ သွားပြီး ရင်းနှီးအောင်လုပ်လာခဲ့၊ သူတို့ရဲ့ လန်ယာကဝမ်အိမ်ကြားမှာ ရင်းနှီးမှုရှိ၊မရှိတာကို ကြည့်ခဲ့”

သူမ၏ နိမ့်ကျသောနောက်ခံနှင့်ယှဉ်လျှင် သူမ၏ကိုယ်လုပ်တော်ဖွားယောင်းမက အလွန်ညှို့ယူဖမ်းစားနိုင်သော အလှရှိသည်။ တစ်ကိုယ်တည်းမိန်းကလေးတစ်ယောက်က ဤမျှရှည်လျားသောခရီးကို ရောက်လာခဲ့၏။...ဘယ်သူများသိနိုင်မှာလဲ လမ်းတစ်လျှောက်မှာ တစ်စုံတစ်ခုများမဖြစ်ပျက်နိုင်ဘူးဆိုတာ။

ဤအတွေးတွေးလိုက်ပြီးနောက် သူမအနည်းငယ်နောင်တရလာသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။ အခုလေးတင် ထိုမိန်းကလေးဝင်လာခဲ့စဉ်က သူမအနေဖြင့် ပိုပြီးနွေးနွေးထွေးထွေးဆက်ဆံခဲ့သင့်ပေသည်။ မည်သို့ပင်ဖြစ်နေပါစေ ဤမိန်းကလေးအား မကြိမ်းမောင်းခင် တချို့အရာများကို စစ်ဆေးကြည့်သင့်ပေသည်။


သူမဘာသာ ရေရွတ်နေစဉ်တွင် သူမ၏အစေခံက ပြန်ရောက်လာကာ မပျော်မရွှင်ဖြင့်သတင်းပို့လာသည်။

“ဘာမှမရှိပါဘူး သခင်မ၊ တကယ်ကို လှည်းသုံးစီးလုံးက ဗလာတွေချည်းပါဘဲ”


သခင်မချန်၏အမူအရာက မဲမှောင်လာလေသည်။


သိပ်မကြာခင်မှာဘဲ အခြားအစေခံကပြန်ရောက်လာသည်။ သူမကကိုယ်ကိုကိုင်းကာ တိုးတိုးပြောပြလာသည်။


“သူ့ရဲ့အစေခံတွေကို မေးမြန်းကြည့်ပေမယ့် သူတို့အားလုံးက အရမ်းကိုမပြတ်မသားဖြစ်နေကြတယ်....ဒီနိမ့်ကျသူရဲ့အမြင်အရဆိုရင် ဒီလူတွေက မင်းမျိုးမင်းနွယ်နဲ့ရင်းနှီးပြီး သူတို့ရဲ့အဆင့်အတန်းကို မြင့်တင်နိုင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”


သခင်မချန်၏မျက်နှာက လုံးဝကိုမည်းနက်လာလေသည်။


သူမက ထရပ်ကာ တံခါးအပြင်သို့ လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်သွားလိုက်သည်။


သူမက လှေကားထစ်ဆီသို့သွားကာ ပင်ပင်ပန်းပန်းလုပ်နေသော အစေခံအိုကြီးတစ်ယောက်ကို စတင်ဆူငေါက်လာသည်။


“နင်လို့ ကပ်ဖားရပ်ဖားလုပ်တဲ့ ဖားအိုကြီး ဘာမှကောင်းတာမရှိဘူး၊ နင်‌ကောင်းကောင်းလုပ်တတ်တာဆိုလို့ ပြသနာရှာတာဘဲရှိတယ်။ ဘာလို့လေလွင့်ခွေးတစ်အုပ်နဲ့ ရှုပ်နေရတာလဲ၊ နင်ကငါ့ကိုအမောဆို့ပြီး သေစေချင်နေဝာာလား”


သူမ၏ဆူပူကျိန်းမောင်းသံက အလွန်စူးရှပြီးပြင်းထန်ကာ နားထောင်ရန် အလွန်စိတ်ဆင်းရဲရပေသည်။


ချန်ရုံက သူမ၏ပုံပြင်များအကြောင်း သူမအကိုအားပြောပြရန် သူမ၏အစ်ကိုဘေးတွင်တိုးဝှေ့ပူးကပ်နေဆဲဖြစ်သည်။


သူမက ဒီအတိုင်းဘဲရှိနေချိန်တွင် သူမအကို၏ပါးလျသောမျက်နှာက မည်းပြာ‌လာလေသည်။


သူက ထရပ်လာကာ အပြင်ဘက်သို့ပြေးထွက်သွားပြီး အော်လိုက်သည်။

“ မင်းဆူငေါက်နေတာကို ရပ်လိုက်တော့”


သူ၏ဇနီးက လျင်မြန်စွာလှည့်ကြည့်လာသည်။ သူမကတင်ပါးပေါ်တွင် လက်တစ်ဖက်ကိုထောက်ကာ သူ၏နှာခေါင်းတည့်တည့်သို့ လက်ညှိုးထိုးလာပြီး စတင်ကာပြစ်တင်ပြောဆိုလာ၏။


“မကောင်းတဲ့ကောင်၊ ရှင်ကများ ကျွန်မကိုအော်ရဲတယ်လား၊ ရှင်ကကျွန်မကိုအော်ရဲတယ်တဲ့လား”


သူမက စကားတစ်ခွန်းပြောတိုင်း ရှေ့သို့တစ်လှမ်းတိုးလာကာ မကြာခင်မှာဘဲ သူမယောက်ျားကို ချန်ရုံထိုင်နေသော အခန်းထဲသို့ တွန်းထည့်လာသည်။




Report Page