Chapter 122

Chapter 122

Sue Xing Nway

Chapter 122

ချစ်ကျွမ်းဝင်ခြင်း




လျိုမြောင်ထဲတွင်ရှိနေသော ချန်ရုံက ကိုယ်ကိုကွေးလိုက်ကာ အဖိုးစွင်းလိုပင် မလှုပ်တော့ပေ။ သူတို့က စစ်မြေပြင်အကြောင်း ဘာမှမသိသော်လည်း လေထုကကွဲပြားနေသည်ကိုမူ ခံစားမိနေ၏။ အထူးသဖြင့် ပိုးကောင်လေးများ အော်မြည်နေသည်ကို ရပ်သွားစေသော မြင်းခွာသံများနှင့် အအူရပ်‌သွားသော သားရဲများက သူတို့အား ကြောက်မက်ဖွယ်အအေးဓာတ်များခံစားမိလာစေသည်။


စကားပြောရမှာကြောက်ရ၊ လှုပ်ရှားရမှာကိုကြောက်ရနှင့် စက္ကန့်တိုင်းကို အပန်းတကြီးဖြတ်သန်းနေရသည်။


ချန်ရုံက သူမမျက်လုံးများကိုဖွင့်ထားရန် ဖိအားပေးလိုက်ကာ အပြင်ဘက်မှ အမှောင်ထုထဲသို့ လှုပ်ရှားမှုမရှိစွာ စိုက်ကြည့်လိုက်သည်။


သူတို့က မြင်း၏ပါးစပ်ကိုလည်း အဝတ်စဖြင့် စို့ထားလိုက်ကြသည်။ ဒီလိုမှသာ သူတို့ပုန်းနေသောနေရာကို ရှာတွေ့ခြင်းမခံရမည်ဖြစ်သည်။


ရုတ်တရက်ဆိုသလိုပင် ခြေသံအတွဲလိုက်ကြီးထွက်ပေါ်လာကာ သူတို့ဆီသို့ ချောက်ချားဖွယ်ရာ ချဉ်းကပ်လာ၏။


ချန်ရုံက ဖြူလျော်သွားလေသည်။

‘ဓားပြတွေ ငါတို့ကို ရှာတွေ့သွားပြီလား’

ထိုအရာက မဖြစ်နိုင်သော်လည်း သူမရင်ထဲတွင် ထုံးဖွဲ့လာသောကြောင့် တွေးတောရန် နည်းလမ်းမရှိတော့ပေ။


ခြေသံများက ပိုပိုပြီးနီးကပ်လာ၏။

ထိုသူများက အမှန်ပင် အက်ကွဲကြောင်းဆီသို့လာနေခြင်းဖြစ်သည်။


ချွေးသီးချွေးပေါက်များက ချန်ရုံ၏နဖူးတွင် တွဲလဲခိုလာလေသည်။ အဖိုးစွင်းက သူမဘက်ကို ကိုင်းမှီလာပြီး တုန်တုန်ရင်ရင်ဖြင့်ပြောလာ၏။


“မ..မမလေး သူတို့က ကျွန်တော်တို့ဆီလာနေတဲ့ပုံဘဲ”


သူ၏အသံတွင် စိတ်ဓာတ်ကျမှုများပြည့်နှက်နေလေသည်။


ချန်ရုံက သူ့ကိုဆန့်ကျင်ပြောဆိုချင်သော်လည်း သူမသည်လည်း အက်ကွဲကြောင်းဆီသို့ အလျင်အမြန်လျှောက်‌လာသည့် ခြေသံများကိုကြားနေရ၏။


‘ငါတို့ကို တကယ်ဘဲ ရှာတွေ့သွားပြီဖြစ်မယ်’


ချန်ရုံက စာရွက်ဖြူလိုပင် ဖြူဖျော့လာလေသည်။


ဤအချိန်တွင် အဖိုးစွင်းက သူမအား ကွဲအက်နေသောအသံဖြင့်ပြောလာသည်။


“ မမလေး ကျွန်တော် သူတို့ကို အာရုံလွှဲကြည့်လိုက်မယ်”


သူ့စိတ်ထဲတွင် သူက ဘာမှမဖြစ်လျင်ပင် စောစောဖြစ်စေ၊နောက်ကျသည်ဖြစ်စေ သေဝော့ာမည့် အဖိုးအိုတစ်ယောက်သာဖြစ်သည်။

သူ၏မမလေးကမူ မတူပေ။ သူမကအလွန်ငယ်ရွယ်နေသေး‌ပြီး ပိုအရေးကြီးသောအရာမှာ သူမက လှပသော‌မိန်းမပျိုတစ်ယောက်ဖြစ်သည်။ ဘယ်သူ့လက်ထဲသို့ သူမရောက်သွားပါစေ သေသွားနိုင်သလို အသက်ရှင်လျက်နှင့် သေနေသော ဘဝမျိုးသို့ရောက်သွားနိုင်ပေသည်။


ဒီအတွေးနှင့်အတူ သူကသတ္တိပြန်ရှိလာကာ

အချိန်တိုလေးအတွင်းတွင် သူက ပိုအရပ်ရှည်ပြီး လူကောင်ပိုကြီးလာသလို ခံစားလိုက်မိသည်။


အဖိုးစွင်းက ချန်ရုံ၏အဖြေကိုစောင့်မနေတော့ဘဲ ရထားလုံးပေါ်မှဆင်းလိုက်ကာ အပြင်ဘက်သို့ တဟုန်ထိုးပြေးထွက်သွားလိုက်သည်။


မျက်စိတစ်မှိတ်အတွင်းတွင် သူက လျိုမြောင်၏ဝင်ပေါက်သို့ရောက်သွား၏။


ခေါင်းထွက်ပြီး ဟိုဟိုဒီဒီကြည့်လိုက်သောအခါ အရပ်မြင့်ပြီးထွားကြိုင်းသောပုံရိပ်တစ်ခုကို မှုန်ဝါးဝါး မြင်လိုက်ရသည်။ ထိုပုံရိပ်က ခြေလှမ်းတစ်ရာလောက်အကွာတွင်ရှိနေ၏။ သူ့နောက်မှာ တဖျတ်ဖျတ်လတ်နေသော မီးတုတ်များက သူ့ကိုကြောက်စရာကောင်းလောက်အောင် လူကောင်ကြီးနေသယောင် ဖြစ်နေစေ၏။


ထိုယောက်ျားက လျိုမြောင်ဝင်ပေါက်ဆီသို့ လျှောက်လာလေသည်။

သူနှင့် အနည်းငယ်ဝေးသောနေရာတွင် အမှောင်ထုကကြီးစိုးနေပြီး အမှောင်ထဲထွက်ပေါ်‌လာသောအခါ မရေတွက်နိုင်သည့်တပ်စုက တိုက်စစ်ဆင်ရန်စောင့်နေသလိုပင်။


ထိုသူက ထွက်ပေါက်ကိုပိတ်ဆို့ထား၏။ အကယ်၍ ချန်ရုံတို့ကသာ မောင်းထွက်လာပါက သူတို့၏ထောင်ချောက်ထဲသို့ တိုက်ရိုက်ကျသွားလိမ့်မည်။


အဖိုးစွင်းက အံကြိတ်လိုက်ကာ နောက်လှည့်လာပြီး ချန်ရုံကိုတိုးတိုးပြောလိုက်သည်။

“ မမလေး ဂရုစိုက်ပါ”

ထို့နောက် သူကပြေးထွက်သွားလေသည်။


ပြေးထွက်သွားသည့်တစ်လျှောက်တွင် ‌သူ‌၏ခြေသံများမြည်သွား၏။


သူထွက်ပြေးနေစဉ်တွင် ခနခနနောက်သို့ပြန်လှည့်ကြည့်လိုက်သည်။ သေချာပေါက်ပင် ထိုယောက်ျားက သူထွက်ပြေးသွားသောကြောင့် ကြောင်အသွား၏။ သူကခေါင်းမော့ကာ ပြောလာသည်။


“အဲ့ဒီမှာ ဘယ်သူလဲ”


သူက ခံစားချက်မရှိသောအသံဖြင့် ပြောလာကာ စစ်သားများတွင်သာရှိသည့် သတိရှိမှုများရောယှက်နေ၏။


မျှော်လင့်ထားသလိုပင် ထိုယောက်ျားက သူလုပ်နေသည်များကို ရပ်လိုက်ကာ လျင်မြန်စွာလိုက်လာလေသည်။


‘သူလိုက်လာပြီ၊ သူ့နောက်မှာ ဘာတပ်မှမရှိတော့ဘူး။ မမလေးက အခုလောလောဆယ်တော့ ဘေးကင်းသွားပါပြီ’


ဤအတွေးနှင့်အတူ အဖိုးစွင်း၏ရင်ထဲတွင် တောက်ပလာပြီး စတင်ကာ ထိတ်ထိတ် ပျာပျာနှင့် ပြေးလိုက်လေသည်။သူ၏နောက်တွင် ထိုယောက်ျား၏အရပ်က ကို့ယို့ကားယားဖြစ်စွာ ရွေ့လျားလာစေ၏။ ခြေလှမ်းအနည်းငယ်သာ ကွာဝေးသော်လည်း လွတ်အောင်ပြေးနိုင်နေဆဲဖြစ်သည်။


အဖိုးစွင်းထွက်သွားကတည်းက ချန်ရုံရင်ထဲတွင် နစ်မြုပ်သွားသော ခံစားချက်ဖြစ်ပေါ်လာ၏။


သူမ၏ ညာလက်တွင် ကြာပွတ်ကိုကိုင်ကာ ဘယ်လက်တွင် ဆံထိုးကိုကိုင်ထားပြီးနောက် မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားကာ အမှောင်ထဲသို့ မျက်တောင်မခတ်စိုက်ကြည့်နေလိုက်သည်။


၎င်းကအလွန်တိတ်ဆိတ်နေ၏။ သူမကြားနိုင်သည့် တစ်ခုတည်းသောအသံမှာ သူမဆီမှ ဝေး၊ဝေးသွားသည့် ပြေးထွက်သွားသော ခြေသံများသာဖြစ်သည်။


‘အဖိုးစွင်းက သူတို့ကိုလမ်းလွှဲတာ အောင်မြင်သွားပြီလား’


ချန်ရုံက အသက်အောင့်လိုက်ကာ ရထားလုံးပေါ်မှဆင်းလာပြီး မဝံ့မရဲဖြင့်အပြင်ထွက်လာလိုက်သည်။


ခေါင်းအထက်တွင် ကြယ်အလင်းရောင်များက ကျိုးတို့ကျဲတဲဖြင့် အစက်ပျောက်လေးများဖြစ်ပေါ်နေသောကြောင့် ကမ္ဘာမြေကြီးနှင့် မိုးကောင်းကင်က လုံးဝမည်းမှောင်နေသော အမှောင်ထုထဲတွင် မနစ်မြုပ်သွားပေ။


တစ်လှမ်းပြီးတစ်လှမ်း၊ သူမ ဝင်ပေါက်ဆီသို့လျှောက်လာ၏။


သူမက တစ်စုံတစ်ခုပေါ် တက်နင်းလိုက်မိကာ လဲကျတော့မလိုပင် ဖြစ်သွား၏။ကံကောင်းစွာပင် ကြာပွတ်ကိုထောက်ပြီး သူမကိုယ်သူမ ထိန်းထားလိုက်နိုင်သည်။


သူမ ဖြေးဖြေးချင်းပြန်ထလာပြီးနောက်တွင် အေးခဲသွားရသည်။


ညှို့မှိုင်းနေသော အလင်းရောက်အောက်တွင် အဖြူရောင်ပုံရိပ်တစ်ခုက ဝင်ပေါက်နား၌ပေါ်လာ၏။


‘အဖြူရောင်ဝတ်ထားတဲ့ ‌ယောက်ျားဆိုတော့ သရဲတော့ မဟုတ်ဘူးမလား”’


သူမအော်မိတော့မည်ဖြစ်သည်။


သူမပိုပြီးမကြောက်နိုင်တော့သည့် အချိန်တစ်ခုကိုရောက်လာသောအခါ အဖြူရောင်ပုံရိပ်က စကားပြောလာ၏။ သူ့အသံက ချိုသာကာ ပေါ့ပါးနေပြီး ပို၍အရေးကြီးသောတစ်ချက်မှာ ရင်းနှီးနေခြင်းဖြစ်သည်။


“ အားရုံလား”


‘ဝမ်ဟုန်လား’


‘ဘုရားရေ၊ တကယ်ကို ဝမ်ဟုန်ဘဲ’


ဒါဆို ဒီအရာက စိတ်ဆင်းရဲနေတဲ့ လူတစ်ယောက် မျှော်လင့်ချက်ရောင်ခြည်လေးကို မြင်လိုက်ရသလို‌မျိုးပါလား။ သူရဲ့သောကတွေထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့သွားသလိုမျိုး။


သူမ၏ခြေထောက်များက ချော်ထွက်သွားသလိုပင် တုန်ရီစွာမေးလိုက်သည်။


“ ဝမ်ဟုန်လား”


“ဟုတ်တယ်၊ကိုယ်ပါ”


ဝမ်ဟုန်၏အသံက ရည်မွန်ကာ ညင်သာနေပေသည်။ ဝမ်ဟုန်က သူမဆီသို့ သူ၏ပုံစံအတိုင်း အမြဲတမ်းပြုံးနေပြီး တည်ငြိမ်အေးချမ်းစွာ လာနေသည်ကို သိနိုင်ရန် သူ့ကိုကြည့်နေစရာတောင်မလိုပေ။


ချန်ရုံ၏မျက်လုံးများက တစ်ခနအတွင်းနီရဲလာကာ သူ့ဆီသို့ စို့နင့်စွာပြေးသွားလိုက်သည်။


သူမက စိတ်ဓာတ်ကျစွာပြေးလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ သူ့ဆီရောက်သွားလေသည်။ သူမက အလွန်အံ့အားသင့်နေကာ ခံစားချက်များမွှန်ထူနေသောကြောင့် ဘာကိုမှ မစဉ်းစားနိုင်တော့ပေ။ သူမက ဒီအတိုင်း သူ့လက်မောင်းများကြားထဲ ခုန်ဝင်သွားကာ သူ့အပေါ်တွယ်ကပ်ထားလိုက်သည်။


ဝမ်ဟုန်ကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ ချန်ရုံတစ်ယောက် စတင်ငိုချလာလေသည်။


“ ရှင်က ဘာလို့ဒီလောက်တောင်ကြာနေရတာလဲ”

သူမကတုန်ယင်စွာ မေးလာ၏။ တစ်ချက်ရှိုက်လိုက်ကာ နောက်ထပ်အသံဝင်အောင် ထပ်မငိုခင် သူမ၏လက်သီးဆုပ်လေးများဖြင့် သူ့ရင်ဘတ်ကို ဖြေးဖြေးရိုက်လိုက်၏။


“ ဘာလို့အရမ်းကြာနေတာလဲ၊ ရှင်က ဘာလို့အရမ်းကြာနေတာလဲလို့”


သူမ၏ ပျော်ရွှင်မှု၊ စိတ်သက်သာရာရသွားမှု၊ အစရှိသည့် ခံစားချက်မျိုးစုံသည် မျက်ရည်များနှင့် စကားတစ်ခွန်းအဖြစ်သာ ပြောင်းလဲသွားလေသည်။


“ ဘာလို့အရမ်းကြာနေရတာလဲ”


ချန်ရုံက သူမကိုသူမ ဝမ်ဟုန်လာကယ်မည်ကို ဒီလောက်ထိမျှော်လင့်မိနေမည်ဟု မထင်ထားခဲ့ချေ။...


ဤအချိန်တွင် ဝမ်ဟုန်က သူ့လက်မောင်းများကိုဆန့်ထုတ်လာကာ သူမကို နူးညံ့စွာ ပြန်ဖက်ထားလိုက်သည်။


သူ၏ပွေ့ဖက်ထားမှုက နွေးထွေးသလို သန်လည်းသန်မာ၏။ ကြီးမားမည်ဟုမထင်ရသော လက်မောင်းများက ကြီးမားကာ မြဲမြံနေပေသည်။ ထိုအရာများက သူမမျှော်လင့်ခဲ့ရသော၊ သူမ လွဲချော်သွားခဲ့သော၊ သူမ၏ကန့်သတ်ချက်များမှ ငေးမောကြည့်နေခဲ့ရသော အရာဖြစ်သလို သူမအတွက်ဘယ်သောအခါမှ ဆုမတောင်းရဲခဲ့သည့် အမာခံနယ်မြေလည်းဖြစ်သည်။


တစ်စုံတစ်ယောက်က သူမ၏အသက်သွေး ကြောကို ဖမ်းဆုပ်ထားသလိုပင် ချန်ရုံက သူ့ကို သူမအချိန်အကြာကြီးရှာဖွေခဲ့ရသည့် နွေးထွေးမှုတစ်ခုကဲ့သို့ ဖက်တွယ်ထားလိုက်သည်။ သူ၏လည်ပင်းသားပေါ်တွင်လသူမမျက်နှာကိုမြုပ်နှံထားလိုက်ပြီး သူ၏နွေးထွေးမှုကို ခံစားလိုက်မိသလို မျက်ရည်များကျဆင်းလာ၏။


“ ဝမ်ဟုန်၊ ဝမ်ဟုန်...ဝမ်ဟုန်......”

ထပ်ခါတလဲလဲ သူမက ရှိုက်ငိုနေခဲ့သည်။


ကြယ်များအောက်တွင် ဝမ်ဟုန်က သူမ၏ပြင်းပြသောခေါ်သံများကြောင့် တုန်လှုပ်သွားပုံပေါ်၏။ အချိန်တစ်ချို့ကြာပြီးနောက်တွင် သူမကိုဝန်းရံထားသော သူ၏လက်မောင်းများက ပိုတင်းကြပ်လာလေသည်။


ချန်ရုံက သူမမျက်ရည်များကို သူ့ကော်လာပေါ်တွင်သုတ်လိုက်ကာ ရှိုက်နေရင်းဖြင့်ပင် သူမ၏ နူးညံ့ကာ မွှေးကြိုင်သော နှုတ်ခမ်းများက တစ်ခါတစ်ရံတွင် ဝမ်ဟုန်၏သွေးကြောများကို ငေးမောနေလိုက်သည်။


“ ဝမ်ဟုန်၊ဝမ်ဟုန် ၊ဝမ်ဟုန်၊ဝမ်ဟုန်......”


ဖြေးဖြေးချင်း သူမ၏ရှိုက်ငိုသံများက တိတ်ဆိတ်ငြိမ်သက်ခြင်းအဖြစ် ပြောင်းလဲလာလေသည်။


ဒီအချိန်တွင် ဝမ်ဟုန်က သူမကို ပွေ့ချီလိုက်သည်။


သူက ထိုမျှလောက်ထိ သန်မာပုံမပေါ်သော်ငြား သူမကို အတော်လေးအားစိုက်မထုတ်ရဘဲ သယ်နိုင်လေသည်။


သူက သူမကိုသယ်ကာ ရှေ့သို့နှစ်လှမ်းလောက် လျှောက်သွားပြီးနောက် သူမကို ရထားလုံးပေါ်တွင် ညင်သာစွာ နေရာချပေးလိုက်သည်။


ချန်ရုံက သူ့ဝတ်ရုံစများကို ဆွဲထားကာ တတွတ်တွတ်ရေရွတ်‌လာ၏။


“ မသွားပါနဲ့၊ မသွား.....ကျွန်မရှင့်ကို တောင်းဆိုနေတာပါ ”



“ကိုယ် မသွားပါဘူး” သူက သူမကို ညင်သာစွာ စိတ်ချစေလိုက်သည်။ ညအမှောင်ထဲတွင် သူ၏မျက်လုံးများက ကောင်းကင်မှကြယ်များသကဲ့သို့ တောက်ပနေ၏။ သူက ပြုံးကာ ချန်ရုံကို ငုံ့ကြည့်လိုက်ပြီး မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။


သူ၏သွယ်လျသောလက်ချောင်းများက အောက်ဘက်သို့ ရွေ့လျားသွားသောအခါ တမင်သက်သက်လား၊ သို့မဟုတ် အခြားတစ်ခုလားမသိသော်လည်း လက်ချောင်းထိပ်များက သူမ၏နှုတ်ခမ်းများကို ထိမိသွားလေသည်။ သူမကို ခိုက်ခိုက်တု‌န်အောင် လုပ်လိုက်ပြီးနောက်တွင် သူကပြုံးကာဆိုလိုက်၏။


“ မင်းကဒီမှာရှိနေတာလေ၊ ကိုယ်က ဘယ်ကိုများသွားရဦးမှာလဲ”


ချန်ရုံက စိတ်တည်ငြိမ်သွားသည်။ သူမက ဖြေးဖြေးချင်း သူ့ဝတ်ရုံပေါ်မှ သူမလက်ချောင်းများကို ဖြေလျော့ပေးလာသည်။


ဝမ်ဟုန်ကလည်း ရထားလုံးပေါ် တက်လိုက်သည်။


သူမက သူ့အပေါ်ထပ်ပြီး ကပ်တွယ်လာကာ သူ့ရင်ဘတ်များကြားတွင် သူမမျက်နှာကိုမြုပ်လာ၏။ သူမလက်မောင်းများက သူ့ကိုဖက်ထားကာ သူထွက်သွားမှာကြောက်နေသေးသည်ကို ရှင်းလင်းစွာမြင်နိုင်၏။


ဝမ်ဟုန်က ချန်ရုံကို မလိုက်ကာ သူပေါင်ပေါ်တွင် ညင်သာစွာ တင်ထားလိုက်သည်။ ထို့နောက် သူက နွမ်းလျစွာပင် ထိုင်ခုံနောက်ကျောကို မှီထားလိုက်သည်။


အခုချိန်တွင် ချန်ရုံကို ပိုသက်တောင့်သက်သာရှိသည့် ပုံစံတွင်ပွေ့ချီထားလိုက်ကာ ဝမ်ဟုန်၏လက်ချောင်းများက သူမမျက်ရည်များကို သုတ်ပေးရန် သူမ၏ပါးပြင်ပေါ်တွင် ပွတ်တိုက်သွား၏။


“ ကြောက်စရာ ဘာမှမရှိတော့ပါဘူး”

သူက တီးတိုးရေရွတ်လိုက်သည်။


“ အမ်းး” ချန်ရုံက အသံပြုလာသည်။ သူမက သူ့လက်မောင်းများကြားတွင် မြုပ်နှံထားလိုက်သည်။

“ အခု ရှင်က ဒီမှာရှိနေပြီဆိုတော့ ကျွန်မ‌မကြောက်တော့ပါဘူး”


သူမလက်များကို သူ့ခါးပေါ်တွင် ပတ်ထားကာ သူ၏ပွေ့ဖက်မှုထဲတွင် လှဲလျောင်းနေဆဲဖြစ်ပြီး သူ့ကိုယ်မှထွက်လာသည့် နွေးထွေးမှုများကို ခံစားနေလိုက်သည်။


“ ကျွန်မတော့ သွားပြီလို့ ကိုယ့်ကိုကိုယ်တွေးထားခဲ့ဝာာ”


ဝမ်ဟုန်က ဟမ်းခနဲအသံပြုလာ၏။


စကားအိုးလေးဖွင့်လိုက်သလိုပင် ချန်ရုံကစတင်ကာ စကားပြောလာသည်။


“သူတို့က လူကိုးယောက်ရှိတယ်၊ ကျွန်မရဲ့ ရထားလုံးကို ပိတ်ထားကြတာ။ ရထားလုံးက ရွှံ့ထဲမှာ နစ်သွားပြီး ဘယ်လိုဘဲလုပ်လုပ် ပြန်မတက်လာတော့ဘူး။ ကျွန်မတော့ သွားပြီလို့ဘဲ တွေးထားခဲ့တာ”


သူမက ကြောက်လန့်တကြားဖြစ်နေသည်ဟု ထင်ရ၏။


ဝမ်ဟုန်က သူမဆံပင်များကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။


“ အခုအရာအားလုံးက အဆင်ပြေသွားပါပြီ”


သူ၏အပြုအမူနှင့် စကားလုံးများက ရိုးရှင်းသော်လည်း ချန်ရုံ၏အသံမှ ထိတ်လန့်မှုကိုဖယ်ရှားလိုက်နိုင်ကာ သူမက စိတ်ငြိမ်လာလေသည်။


ချန်ရုံက သူ့လက်မောင်းများကြားထဲမြုပ်လိုက်ကာ တီးတိုးပြောပြလာသည်။


“ ကျွန်မ သူတို့ထဲကတစ်ယောက်ကိုတောင် သတ်ခဲ့သေးတယ်၊ ဝမ်ဟုန် ကျွန်မလက်နဲ့ သူ့ကိုသတ်လိုက်တာ။ ကြာပွတ်နဲ့ရိုက်ပြီး သူ့လည်ပင်းကိုချိုးလိုက်တယ်။ သူက သွေးတွေအများကြီးထွက်သွားတာ ကျွန်မအပေါ်ကိုတောင်စင်လာတယ်”


အက်ကွဲနေသောအသံဖြင့် သူမ လူသတ်မိသွားပုံကို အသေးစိတ်ပြန်ပြောလာသည်။


ဝမ်ဟုန်က သူ့လက်ချောင်းများဖြင့် သူမဆံပင်ကိုဖြီးပေးလိုက်ကာ ခေါင်းငုံ့လာပြီး နူးညံ့စွာဆို၏။


“ အဲ့ဒီအကြောင်းကိုတွေးမနေနဲ့တော့ သူတို့က သေဖို့ထိုက်တန်တယ်”


ထပ်မံပြီး သူ၏ရိုးရှင်းသောစကားလုံးက သူမအား ချောက်ကမ်းပါးအစွန်းမှ ဆွဲတင်ပေးလိုက်နိုင်လေသည်။


“ ရှင်ဒီမှာရှိနေတာ ကျွန်မဝမ်းသာတယ်”


သူမက သူ့ကိုဖက်ရင်း တီးတိုးဆို၏။


“ချီလန် ကျွန်မက ဒီလောကကြီးမှာ ဘယ်သူမှ ကျွန်မကို ဂရုမစိုက်ဘူး၊ မချစ်ဘူး၊ ကျွန်မကို မမြတ်နိုးကြဘူးလို့ တွေးခဲ့မိတာ...ရှင်ဒီမှာရှိနေတာ ကျွန်မအရမ်းဝမ်းသာတာဘဲ”


ချန်ရုံအသံက ဖျော့သွားသလို သူမ၏ဟန်ပန်ကလည်း ဖြေလျော့လာ၏။


ဝမ်ဟုန်က ငုံ့ကြည့်လိုက်သည်။ သူ၏ထူးခြားသော သောက်ရှူးကြယ်ပမာ မျက်လုံးများကာ ပင်ပန်းနေသော ချန်ရုံတစ်ယောက် စိတ်သက်သာလာကာ မျက်စိမှိတ်သွားသည်ကို တိတ်တဆိတ်စိုက်ကြည့်နေလိုက်သည်။


....

အချိန်တစ်ချို့ကြာသွားပြီးနောက် ချန်ရုံကရုတ်တရက်အော်ဟစ်လာကာ ‌ကယောင်ချောက်ချားဆိုလာ၏။


“အဖိုးစွင်းး ချီလန် ရှင်အဖိုးစွင်းကိုကယ်ပေးမှရမယ်”


ဝမ်ဟုန်က သူမဆံပင်ကိုပွတ်သပ်ကာ သူမကို နူးညံ့စွာတိတ်တိတ်နေခိုင်းလိုက်သည်။


“အိပ်ပါ၊ သူကအဆင်ပြေသွားလိမ့်မယ်”


သူ့လေသံနှင့် စကားလုံးများက ချန်ရုံအပေါ်တွင် ထူးဆန်းစွာစိတ်တည်ငြိမ်စေနိုင်စွမ်းရှိပေသည်။


သူမက မျက်လုံးများကိုမှိတ်လိုက်သည်။ညင်သာသည့် အသက်ရှူသံက ဖြေးဖြေးချင်းထွက်ပေါ်လာ၏။


သူမ အိပ်မောကျသွားလေသည်။




Xxxxx



Report Page