Chapter 117

Chapter 117

Sue Xing Nway

Chapter 117

ကြက်စွပ်ပြုတ် နှင့် တို့ဟူးတုတ်ထိုးများ




လူတိုင်း ပျော်ရွှင်စွာ စကားပြောနေကြသော်လည်း သခင်မကြီး ၎င်းတို့၏ စကားပြောခန်းကို အနှောင့်အယှက်ပေးလိုက်သဖြင့် ဆက်မလုပ်နိုင်တော့ပေ။


သူမ သူမ၏မိသားစုတွင်ရှိစဉ်ဖြစ်စေ၊ မြို့စားရှဲ့အိမ်တော်ထဲကို လက်ထပ်ဝင်လာပြီးနောက်တွင်ဖြစ်စေ သူမ ဤကဲ့သို့သော မိသားစုပွဲမျိုး မလုပ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။


သူမက စိတ်လှုပ်ရှားမှုကို မကြိုက်ပေ။ စိတ်လှုပ်ရှားမှုသည် စည်းမျဉ်းများနှင့် လုံးဝ မကိုက်ညီသောကြောင့် အလိုလို မကြိုက်ခြင်းဖြစ်သည်။


"ကဲ"


သူမက သူမ၏ တူများကို ချကာပြောလိုက်သည်


"ငါနေလို့ နေမကောင်းပါဘူး... မင်းတို့ ဆက်စားကြပါ"


သူမက နေမကောင်းဟုဆိုသဖြင့် ရှဲ့ မိသားစုက ဝမ်းနည်းကြောင်း ဖော်ပြပြီး မေးခွန်းတွေ မေးခဲ့ရသည်။


သခင်မကြီးက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းပြီးဆိုသည်။


"ငါက ကျင့်သားရနေပါပြီ... အသက်ကြီးလာတော့ ပင်ပန်းနေရုံပါ"


သခင်မကြီးက နှစ်ပေါင်းများစွာ စည်းကမ်းကြီးသည့်မျက်နှာကို ပန်ဆင်လာရသောကြောင့် သူမ၏ မပျော်မရွှင်ဖြစ်မှုကို မည်သူမျှ သတိမထားမိခဲ့ပေ။ သူမ ထွက်သွားသောအခါ အားလုံးက စိတ်လှုပ်ရှားမှုထဲ ပြန်ရောက်သွားကြသည်။


သခင်မကြီး ရှို့နင်ခန်းမဆောင်သို့ပြန်လာသောအခါ စောနေသေးပြီး အိပ်ရာဝင်ရန် အချိန်မတန်သေးပါချေ။ အိပ်မပျော်သောကြောင့် ခဏထိုင်နေပြီး ဗိုက်ဆာလာသည်။နို့ထိန်းဖြစ်သူက တစ်စုံတစ်ဦးကို ပင်မမီးဖိုချောင်သို့သွားကာ သက်သတ်လွတ်ဟင်းရည် ယူခိုင်းလိုက်သည်။


အနည်းငယ်သောက်ပြီးသောအခါ သခင်မကြီးက ဇွန်းကိုချ၍ သက်ပြင်းချကာဆို၏။


"ဟုတ်ပါတယ် ငါကအသက်ကြီးပြီ... ငါ့ဗိုက်က ဗလာဖြစ်နေပေမဲ့ စားချင်စိတ်မရှိသေးဘူး"


နို့ထိန်းက ​ဖြောင့်ဖြသည်။


“သခင်မကြီး ပြောတာကို ကြည့်ပါဦး...သခင်မကြီးအသက်ကြီးရင် ဒီအစေခံအမျိုးသမီးက မြေကြီးထဲ လမ်းတစ်ဝက်လောက်ရောက်နေပြီမဟုတ်ဘူးလား”


သခင်မကြီး သည်နေ့ စိတ်ဓာတ်ကျပြီး မရယ်နိုင်ပေ။ သူမက ခေါင်းခါရုံသာပြုပြီးဆိုသည်။


"ငါက အသက်ကြီးလာပါပြီ... တစ်ခါတလေ ကလေးတွေ ဘာတွေတွေးနေလဲဆိုတာ မမြင်ရဘူး"


အိမ်ရှေ့စံက မြို့စားရှဲ့အိမ်တော်သို့ ရောက်ရှိလာပြီး မိဖုရားက ကျန်းရှုယောင်အား ဆုချီးမြှင့်သည်။ အိမ်ရှေ့စံမင်းသားကိုယ်တိုင်က လမ်းဘေးအစားအစာဈေးကို ထောက်ပံ့ပေးနေသည်။ တစ်ယောက်ပြီး တစ်ယောက်နှင့် သခင်မကြီး သူမမျက်နှာ နာကျင်ရုံသာမက အလွန် နာကျင်ပြီး အံ့သြသွားသလိုပါ ခံစားရသည်။


"ငါကပဲ အမုန်းပွားနေတဲ့သူလား"


သူမကိုယ်သူမ ပြောလိုက်၏။


ထိုစကားကိုကြားသောအခါ နို့ထိန်းက ခေါင်းကို အမြန်ငုံ့ထားသော်လည်း ပြန်မဖြေဝံ့ပေ။


အစာစားချင်စိတ် ညံ့ဖျင်းပြီး မပျော်မရွှင်ဖြစ်ကာ အသက်ကြီးလာသည်နှင့်အမျှ သခင်မကြီး၏ ခန္ဓာကိုယ်က အရင်ကလို မသန်မာတော့ပါချေ။ သူမ အပြစ်တင်ခံရမည့်လူဖြစ်မှာကို စိုးရိမ်သောကြောင့် ၎င်းအကြောင်းကို ထပ်ခါထပ်ခါ တွေးနေမိသည်။


ရက်အနည်းငယ်ကြာသောအခါ သခင်မကြီး အားလုံးကို ပန်းတွေရှုစားရန် ဖိတ်ခေါ်သည့် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ပန်းကြည့်ခြင်းသည် အကြောင်းပြချက်တစ်ခုသာဖြစ်သည်။ တကယ့်ရည်ရွယ်ချက်က လူတိုင်း အတူတူဆုံပြီးစကားစမြည်ပြောရန်ဖြစ်၏။ယခုလိုမှမဟုတ်လျှင် မျိုးရိုးမြင့်အမျိုးသမီးများအနေဖြင့် သူတို့အိမ်ထဲမှာပဲ တစ်နေ့ကုန်နေရပြီး နာမကျန်းဖြစ်လိမ့်မည်။


သခင်မကြီးက သိပ်စိတ်မဝင်စားပေမဲ့ သွားလိုက်ဆဲပါပင်။ သူမ ထိုကိုရောက်ပြီးသည့် နောက်မှာ ပြန်တွေးမိလာသည်။ သူမ တစ်ခုခုကို တွေးလိုက်သောအခါတွင် သူမ၏ မျက်နှာအမူအရာက ပိုမိုတင်းမာလာပြီး လေးနက်လာကာ အခြားလူများကို တီးတိုးသဖန်းပိုးထိုးမိစေသည်။


သခင်မကြီးနှင့် စကားပြောလိုသော ထက်မြက်သောပုံစံနှင့်အမျိုးသမီးတစ်ယောက်ရှိနေသည်။ သူမ၏လေးနက်သည့်အမူအရာကိုမြင်သောအခါ မျက်လုံးတွေ ချာချာလည်သွားပြီးဆိုသည်။


"ဒီနေ့ သခင်မကြီးရုန် ဘာဖြစ်နေတာလဲ... စိတ်အနှောက်အယှက် တစ်ခုခုရှိလား"


သခင်မကြီးက အဆင့်အတန်းမြင့်မြင့် ရှိပြီး မျိုးရိုးမြင့်သခင်မများ၏ စံပြပုဂ္ဂိုလ်ဖြစ်သည်။ဤအမျိုးသမီးတွေက သူမအာရုံကို ဖမ်းစားနိုင်လျှင် သူတို့မျက်နှာမှာဝင်းလက်နေကြ၏။


သူမ မပျော်မရွှင်ဖြစ်သောအခါတွင် သူမအား စကားပြောရန် နှူးနှပ်နေသူများ၏ အာရုံကို ဖမ်းစားခဲ့သည်။


"မှန်းစမ်း...ရှင့်ချွေးမအကြောင်း စိတ်ပူနေတာလား"


ဤလှပသောသခင်မက စကားပြောရာတွင် လိမ္မာပါးနပ်ပြီး ခေါင်းစဉ်ဖွင့်ခြင်းဖြင့် လူတိုင်းအတွက် အဆင်ပြေစေသည်။ အစ်မကြီးတစ်ယောက်၏ လေသံဖြင့် လူတိုင်းသဘောတူရန် အပြေးအလွှားသွားခဲ့ကြပြီး အတင်းအဖျင်းတံခါးပွင့်လာခဲ့သည်။


ကျန်းရှုယောင်ကို ပေကျင်းရှိ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖော်ပြနိုင်သည်။ လှည့်ကွက်များဖြင့် ရှဲ့ရွှင်းကိုလက်ထပ်ပြီးနောက်တွင် "ပြေပြေလည်လည်" လက္ခဏာလုံးဝမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမက မြစ်ဆိပ်ကမ်းတွင် စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်း၊ လမ်းဘေးအစားအစာဈေးများ တည်ထောင်ခြင်းနှင့် မနက်စာဆိုင်များဖွင့်ခြင်းစသည်တို့ကို ပိုမိုအလေးထားလာခဲ့သည်။


သူမက မြင့်မြတ်သောသခင်မတစ်ဦးဖြစ်သည်။ သူမ ဘာကြောင့် ကြေးနီနံ့လိုက်ခံနေရတာလဲ...(ငွေရှာ)


လူတိုင်းက သူမ၏ ဟာသတွေကို ကြည့်ရန် စောင့်ဆိုင်းနေချိန်မှာပဲ သူမက သူတို့ထင်ထားသလို စီးပွားရေးလုပ်ရန်မကျရှုံးခဲ့ရုံသာအက လုပ်ငန်းကိုလည်း ကြီးပွားတိုးတက်စေခဲ့သည်။သူတို့၏ ခင်ပွန်းနှင့်သားမားပင်လျှင် လင်းမိသားစု၏ အစားအသောက်အကြောင်း ပြောဆိုကြပြီး အိမ်ပြန်မရောက်မီ အစာဝယ်ရန် မကြာခဏ ကွေ့ပတ်သွားကြသည်။


“သူက လမ်းဘေးအစားအစာစျေးမှာ မကြာခဏ ပေါ်လာတယ်လို့ ကြားဖူးတယ်"


"နင်ဘာပြောနိုင်မလဲ... သူ့အမေရဲ့စိတ်ဓာတ်ကလည်းအတူတူပဲမဟုတ်လား...အဲဒီအချိန်တုန်းက လင်းမိသားစုက အရေမရှိမျက်နှာမရှိလူတွေက လင်းမိသားစုရဲ့ မိသားစုပိုင်ဆိုင်မှုကို သိမ်းပိုက်ချင်ကြတယ်...အဲဒါက သခင်မရှန်းယန်အတွက် ခုန်ထွက်ပြီး မိသားစုစီးပွားရေးကို ထောက်ကူဖို့ အကြောင်းပြချက်ဖြစ်လာတယ်...ဒါပေမဲ့ အခု လင်းမိသားစုက အရမ်း ချမ်းသာတယ်...သူ့တစ်ဘဝလုံး သူ့မိသားစုရဲ့ ပိုက်ဆံကိုပဲ ထိုင်စားပြီး ကုန်ဆုံလို့ရတယ်... ဘာကြောင့် ဆက်ပြီး ငွေရှာရမှာလဲ"


"ဟုတ်တယ်... ဒီလိုချွေးမမျိုးက တကယ်ကို စိုးရိမ်စရာ... လမ်းဘေးအစားအစာဈေးကို လာလည်တာတင်မကဘူး သင်္ဘောကျင်းကိုလည်း လာလည်တယ်လို့ကြားတယ်"


လူအုပ်က စကားတတွတ်တွတ်ပြောပြီး သခင်မကြီး၏ မျက်နှာက မည်းသထက် မည်းမှောင်လာသည်။


"ဒုန်း"


သူမ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ပစ်ချလိုက်သည်။


ကျန်းရှုယောင်၏ အတင်းအဖျင်းအကြောင်းပြောနေသူက အခုမှပဲ သူ့မအနေနှင့် မှားယွင်းဖားမိကြောင်း သဘောပေါက်သွားပြီး သခင်မကြီးကို ဆန့်ကျင်မိမှာကြောက်သည့်အတွက် ခေါင်းကို အမြန်ငုံ့လိုက်၏။


"စည်းမျဥ်းစည်းကမ်းတွေကို နားမလည်ဘူးလား...လက်စသတ်တော့ မင်းပါးစပ်က စည်းမျဥ်းစည်းကမ်းတွေက မင်းကိုယ်မင်း ချုပ်တည်းဖို့မဟုတ်ဘဲ တခြားသူတွေကို ဖိနှိပ်ဖို့ သုံးလာတာပဲ"


သူမကိုကြည့်​လိုက်​​သည့်လူတိုင်း ထိတ်​လန့်​တုန်​ရီသွားသည်​။


သူတို့ကို လူကိုယ်တိုင် အမည်တပ်ပြီး စည်းကမ်းမရှိဟု ပြောလာပါက စကားများပြန့်သွားသည်နှင့် သူတို့သမီးတွေ အိမ်ထောင်ရေး ညှိနှိုင်းရန် ခက်သွားပါလိမ့်မည်။


ကံကောင်းထောက်မစွာဖြင့် သခင်မကြီးက သည်းမခံသောသူ မဟုတ်ပါချေ။ စကားအနည်းငယ်ပြောပြီးနောက် မပျော်မရွှင်ဖြစ်နေသောကြောင့် ထွက်လာခဲ့လိုက်သည်။ တစ်စုံတစ်ယောက်က လျှာကိုဝါးပြီး သခင်မကြီးကို စိတ်အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် အံကြိတ်၍ အိမ်ထဲတွင် ထိုင်နေသော လူတစ်စုကို ထားခဲ့သည်။


သခင်မကြီး ထိုအိမ်မှ ထွက်လာပြီးနောက် မြိုစားရှဲ့အိမ်တော်သို့ ချက်ချင်းပြန်မလာပေ။


ဤရက်ပိုင်းမှာ သူမ စိတ်ဓာတ်ကျနေပြီး အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရသည်က ကောင်း၏။


မြစ်တစ်ဝိုက်တွင် လှည့်ပတ်ရန် ရထားထိန်းကို သူမက ပြောခဲ့သည်။ နောက်ဆုံးတွင် သူမ ရထားလုံးပေါ်မှ ဆင်းကာ မြစ်ကမ်းစပ်တွင် လမ်းလျှောက်ခဲ့သည်။


"ငါ့ကိုပြော...သူတို့ပြောတာက အဓိပ္ပာယ်ရှိလား"

သခင်မကြီးက နို့ထိန်းကို မေးသည်။


နို့ထိန်းဖြစ်သူက ဆောလျင်စွာ ဦးညွှတ်လျက်ဆို၏။


"သခင်မကြီး စိတ်ထဲမထည့်ပါနဲ့...သူတို့က လျှာရှည်ပြီး ရမ်းကားတဲ့ မိန်းမတွေပါ"


သခင်မကြီးက ရယ်မောလိုင်ပြီး သူ့မမျက်နှာပေါကအမူအရာက ပို၍ပင်အရုပ်ဆိုးသွား၏။


"ငါကဘာဖြစ်နေတာလဲ... ငါကလည်း သူတို့ထင်သလိုပဲ မဟုတ်ဘူးလား"


နို့ထိန်း စကားမပြောရဲတော့ပေ။


သခင်မကြီးက မြစ်ကမ်းနားမှာ လမ်းလျှောက်ရင်း တိတ်တဆတ်ပြောသည်။


"စည်းမျဥ်း စည်းကမ်းတွေ...စည်းမျဥ်း စည်းကမ်းတွေက ဘာတွေလဲ...ငါက အသက်ကြီးလာပြီ...အိုပြီး ရှုပ်ကုန်ပြီ"


သူမ ခေတ္တရပ်ပြီး မြစ်ကမ်းဘေးမှာ ကြောင်တက်တက် ရပ်နေခဲ့သည်။နို့ထိန်းက ဘာမှ မပြောရဲဘဲ အနားမှာ ရပ်နေသည်။


ကောင်းကင်က မှောင်နေသည်ကိုမြင်ရာတွင် နို့ထိန်းက သတိပေးရန်စောင့်နေပေမဲ့ သခင်မကြီး၏ ရုတ်တရတ်ပြောသံကိုကြားလိုက်ရ၏။


"လင်းမိသားစုရဲ့ လမ်းဘေးအစားအစာဈေးက ဘယ်မှာလဲ"


နို့ထိန်း ခဏလောက်ကြောင်သွားသည သူမမိသားစုက အိမ်ပြင်ဝင်းထဲမှာ အလုပ်လုပ်ပြီး ပြင်ပကမ္ဘာအကြောင်း ကောင်းကောင်းသိသည့်အတွက် သူမလည်း အနည်းငယ်ကြားဖူးသဖြင့် ဖြေလိုက်သည်။


“မြစ်ရဲ့အဆုံးမှာလို့ ကြားပါတယ်”


သခင်မကြီးက ခေါင်းညိတ်ပြီးဆို၏။

"သွားရအောင်"


နို့ထိန်း အံ့အားသင့်သွားပြီး

"သခင်မကြီး အိမ်ကိုပြန်မှာပါလား"


သခင်မကြီးက ခေါင်းယမ်းကာ မြစ်ကမ်းစပ်တစ်လျှောက် ဖြည်းညှင်းစွာ လမ်းလျှောက်ရင်းဆိုသည်။


"လမ်းဘေးအစားအစာဈေးကို သွားမယ်"


နို့ထိန်း လုံးဝကို ထိတ်လန့်သွားပြီး ခဏလောက် လမ်းလျှောက်ပြီးနောက် ပြန်တုံ့ပြန်လိုက်သည်။


“သခင်မကြီးက ရထားလုံး မစီးချင်ဘူးလား”


"သွား"


သခင်မကြီးက ဤတစ်ခါတွင် ပွဲတက်ရန် လူအများကြီး ခေါ်မလာပေ။လမ်းပြနှစ်ယောက်အပြင် နို့ထိန်းတစ်ယောက်ပဲပါသည်။ နှစ်ယောက်သား နှေးနှေးကွေးကွေးနှင့် လမ်းဘေးအစားအစာဈေးကို ရောက်သည့်အခါ ကောင်းကင်က လုံးဝကို မှောင်နေသည်။ မီးပုံးများကို စျေးတစ်ခုလုံးတွင် ချိတ်ဆွဲထားပြီး လမ်းတစ်လမ်းလုံးသည် ရှည်လျားသော မီးနဂါးကြီးကဲ့သို့ တောက်ပနေသည်။ အလုပ်များသည့်အချိန် အချိန်ဖြစ်ခဲ့လေသည်။


သခင်မကြီးမဆိုထားနှင့်၊ သွားလာနေကျသည့် လူတွေ၏ စိတ်လှုပ်ရှားမှုကို နို့ထိန်းပင် ကျင့်သားမရပေ။


သခင်မကြီးက လမ်းဘေးအစားအစာဈေးအ၀င်ဝမှာ ရပ်ပြီး အံ့အားသင့်စွာဆို၏။


"ဒါက လင်းမိသားစုရဲ့ လမ်းဘေးအစားအစာဈေးလား"


နို့ထိန်းလည်း အတော်လေး အံ့သြနေသည်။လမ်းဘေးအစားအစာဈေးက စီးပွားရေးကောင်းမှန်း သူမသိပေမဲ့ ဤမျှလောက်ကြီးပွားလာလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားပါချေ။ယခုကဲ့သို့ ရှည်လျားပြီး ကျယ်ဝန်းသော လမ်းသည် တကယ်ကို စားသုံးသူများနှင့် စည်ကားနေသည်။ ကြည့်လိုက်သည်နှင့် ချို့တဲ့သောလူများရှိပြီး ပိုးထည်၊ဖဲစနှင့် မျိုးရိုးမြင့်များလည်းရှိသည်။


လူစည်ကားပြီး မြို့တော်မှာ သည်ထက် ပိုအသက်ဝင်သည့် တခြားနေရာ မရှိနိုင်ပါချေ။


သခင်မကြီး သူမ ဘာ့ကြောင့် ကြည့်ချင်မိမှန်း မသိပေ။ သူမ ကြည့်ရှုပြီး ထွက်ခွာရန် စီစဉ်နေသော်လည်း ပထမဆုံးအထင်အမြင်ကြောင့် သူမ တုန်လှုပ်သွားခဲ့သည်။


သူမ အကြည့်ကို ဘေးသို့ ရွှေ့လိုက်သည်။ သူမဘေးတွင် ကျဉ်းမြောင်းသော လမ်းတစ်ခုရှိကာ ရုတ်ချည်း ရှင်းလင်းနေပြီး လမ်းဘေးအစားအစာဈေးနှင့် ချိတ်ဆက်ထားသည်။ လမ်းပေါ်တွင် ရှည်လျားသော သစ်သားခုံများရှိပြီး ဆိုင်းဘုတ်ကြီးများ ချိတ်ဆွဲထားသည်။ပုံစံက အလွန်ကို လွှမ်းမိုးချုပ်ခြယ်နိုင်၏။


ဤလမ်းကျဉ်းလေးက တစ်ဖက်ကလောက် မစည်ပင်ပေ။ဈေးကလည်း အပြည့်အဝ မပြုပြင်ထားရသေးပေ။ အစားအသောက်ဆိုင်များသာ ရှိသည့် လမ်းရှည်ကြီးဖြစ်သော်လည်း အလွန်အသက်ဝင်နေဆဲဖြစ်သည်။


ဤလမ်းက အသစ်ဖွင့်ပြီး ဈေးပေါသည့် အစားအသောက်တွေ ရောင်း၏။ အဲဒီအထဲမှာ အစာရှာစားသည့် စားကြူးသူတွေ ရှိပေမဲ့ စားသုံးသူတွေက သာမာန်လူပိုများသည်။


သခင်မကြီး ခဏလောက်စဉ်းစားပြီး လမ်းကျဉ်းလေးဆီ လျှောက်သွားခဲ့၏။


နို့ထိန်းက သူမနောက်ကို အမြန်လိုက်သွားသည်။


ဈေးသည် လက်ခံနိုင်ဖွယ်ရှိသော်လည်း အစားအသောက်ဆိုင်က အခြေခံကနေ လွန်ကဲနေသည်။


သခင်မကြိး ရက်ပေါင်းများစွာ ဗိုက်ဆာပြီးနောက် အစာစားချင်စိတ်မရှိသော်လည်း အမွှေးအကြိုင်များပြည့်နေသော လမ်းဘေးအစားအစာဈေးသို့ ဝင်ရောက်လာသောအခါတွင်တော့ အနည်းငယ် စားချင်စိတ်ရှိလာတော့သည်။


သူမ လှည့်ကာ အစားအသောက်ဆိုင်ပိုင်ရှင်က အိုးကြီးတစ်လုံးထဲက အစားအစာတွေကို ထုတ်ယူပြီး တည်ခင်းနေသည် ကြည့်လိုက်သည်။ စားချင်နေသောပိုးမွှားများ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။


နှစ်ယောက်သား စက်ဝိုင်းထဲ လှည့်ပတ်ကာ လမ်းဘေးအစားအစာဈေးမှ ထွက်လာပြီး လမ်းဆုံးသို့ ရောက်သောအခါ ရုတ်တရက် အတားခံလိုက်ကြရသည်။


အနှီလမ်းဘေးအစားအစာဆိုင်ပိုင်ရှင်သည် ၎င်း၏ဆိုင်ရှေ့တွင် စားသုံးသူပြတ်သည်မရှိပေ။ သူတို့ နှစ်ယောက် အစာမစားဘဲ အပြန်ပြန်အလှန်လှန် လျှောက်နေသည် မြင်သောအခါသူက “ဒီအမျိုးသမီးက ဘာစားရမှန်း မသိဘူးလား” ဟု အားတက်သရော ပြောလိုက်သည်။


သခင်မကြီး ဤကဲ့သို့ လက်တွေ့ကျကျအသနားခံသည့် မြင်ကွင်းကို ပထမဆုံးအကြိမ်တွေ့ကြုံခဲ့ရပြီး သူမ မည်သို့ ရင်ဆိုင်ရမည်ကို မသိခဲ့ပေ။


သူမပြန်မဖြေသည်ကိုမြင်သောအခါ ဆိုင်ပိုင်ရှင်က သူမှန်းဆထားသည်ကမှန်သည်ဟုထင်ပြီး သူ့ဘေးက အစားအသောက်ဆိုင်ကို လက်ညှိုးထိုးကာဆိုသည်။


"ဒီကြက်စွပ်ပြုတ်နဲ့တို့ဟူးတုတ်ထိုးတွေကို ဘာလို့ မကြည့်တာလဲ"


သူ့ကိုယ်ပိုင် အစားအသောက်ဆိုင်မှ လုပ်ငန်းကို အကြံပြုမည့်အစား အခြားဆိုင်သို့ တွန်းပို့ခဲ့သည်။ သိချင်စိတ်ကြောင့် သခင်မကြီးက မထွက်ခွာဘဲ သူညွှန်ပြသော အစားအသောက်ဆိုင်သို့ ရောက်လာသည်။


ဆိုင်ရှေ့တွင် ရပ်နေသည် နွှမ်းပါးစွာဝတ်စားဆင်ယင်ထားသော အဘွားကြီးတစ်ဦးမှာ အဝတ်အစားများ ဖြူရော်သည်အထိလျှော်ဖွပ်ထားပြီး မျက်လုံးများက အနည်းငယ်နောက်ကျိနေကာ နားသယ်စများက မီးခိုးရောင်သန်းနေသည်။စားသုံးသူ လာနေသည်ကို မြင်လိုက်ရသည့်အခါ သူမကအမြန်ဆို၏။


“ဘာစားချင်ပါသလဲ...ကြက်စွပ်ပြုတ်တစ်ပွဲနဲ့ တို့ဟူးတုတ်ထိုးတွေလား"


သူမမှာ မျက်လုံးပြဿနာရှိလောက်သည်၏။သခင်မကြီးပေါ်ရောက်နေသည့် သူမအကြည့်ကအနည်းငယ် ဟိုရောက်သည်ရောက်ဖြစ်နေပြီး သခင်မကြီးနှင့် အလွန်နီးကပ်နေသော်လည်း သူမကိုယ်ပေါ်ရှိ အထည်ကမည်မျှ ဈေးကြီးသည်ကို သူမ မမြင်နိုင်ပေ။ သခင်မကြီးက သည်မှာစားမည့်လူမဟုတ်ဘူးဆိုသည်ကို သူမ မသိပါချေ။


နို့ထိန်းက သခင်မကြီးအစား သဘာဝအတိုင်း ပြန်ဖြေသင့်ပေမဲ့ အဘွားအိုကို ကြည့်လိုက်သည့်အခါ ခဏတာ အာစေးမိသွားသည်။


"ကျွန်မရဲ့ ကြက်စွပ်ပြုတ်က ကြက်တစ်ကောင်လုံးနဲ့ လုပ်ထားတာပါ...လတ်ဆတ်တယ်"


သူမက လျှာစွမ်းမကောင်း၊ ဖောက်သည်များကို ဆွဲဆောင်နိုင်စွမ်းမရှိ၊ ကိုင်ရလွယ်ကူသောလက်ရှိပုံလည်းမပေါ်သောကြောင့် သူမ၏အစားအသောက်ဆိုင်ရှေ့တွင် စားသုံးသူမရှိခဲ့ပါချေ။ သို့ပေမဲ့ ယခု တစ်ယောက်ယောက် လာနေပြီဖြစ်သဖြင့် သူမ ခပ်မြန်မြန် ရွှင်လန်းသွားသည်။


သခင်မကြီးက ပြန်မဖြေပေ။ သူမ လမ်းဘေးအစားအစာ စားလိမ့်မည်မဟုတ်ချေ။


သို့ပေမဲ့ သူမ သည်ကိုလာပြီး အဘွားကြီးကို ဘာအတွက်မှမဟုတ်ဘဲ မပျော်ရွှင်အောင် လုပ်​မိသောကြောင့် အပြစ်ရှိသလို ခံစားခဲ့ရပြီး နို့ထိန်းကို ပိုက်ဆံနည်းနည်းလောက်ပေးခိုင်းလိုက်သည်။


အဘွားကြီးက နားမကောင်းဘဲ စကားအချို့ကို ယောင်ဝါးဝါးကြားလိုက်ပြီးနောက် နို့ထိန်းဖြစ်သူက ငွေအမြောက်အမြားပေးလာသည်။


“နှစ်ပွဲလောက်နဲ့ ဒီလောက် ပိုက်ဆံအများကြီး မကုန်ဘူး” ဟု သူမက ခပ်မြန်မြန်ပြောလိုက်၏။ သူမက ခေါင်းကို လှည့်ကာ သူမဘေးနားရှိ ဈေးဆိုင်ပိုင်ရှင်အား လှမ်းအော်သည်။


"ဟွေနျန်...ငါ ကြေးပြားဘယ်နှစ်ပြားလိုလဲ ကြည့်ပေးပါဦး"


ဟွေ့နျန်က သူမဘေးရှိ အစားအသောက်ဆိုင်တွင် အလုပ်များနေပြီးပြန်အော်ပြောလာသည်။


"ခဏနေဦးးး"


အဘွားကြီး နားလည်မှုလွဲသွားသည်ကို မြင်သောအခါ နို့ထိန်းက မစားဘူးဟု ပြောပေမဲ့ အဘွားကြီးက အိုးအဖုံးကို အမြန်ဖွင့်ပြီးပြောနေပြီဖြစ်သည်။


“အရင်ထိုင်ကြပါ... စားပွဲကုလားထိုင်တွေက သန့်ရှင်းတယ်... ကြက်စွပ်ပြုတ်နဲ့ တိုဟူးတုတ်ထိုးတွေလည်း မကြာခင် ရောက်လာမယ်"


နို့ထိန်းက ခဏတာ ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။သူမက သခင်မကြီးဆီလျှောက်လာပြီး ချီတုံချတုံဖြစ်နေသည်။


“ဒါ…”


သခင်မကြီးက အသက်ရှုချိန်အနည်းငယ်မျှ ငြိမ်သက်သွားပြီးပြောလိုက်သည်။


"မေ့လိုက်ပါ... ထိုင်ပါ"


နို့ထိန်း၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားသည်။ သူမက အထူးတလည်မဟုတ်၊ ဤနေရာတွင် စားရန်က သူမအတွက် ဘာမှမဟုတ်ပေ။ သို့သော် သခင်မကြီးက မည်သို့ သဘောတူနိုင်ရသနည်း။


သခင်မကြီးက စားပွဲနိမ့်လေးမှာ ထိုင်လိုက်သည့်။ စားပွဲနိမ့်က ရိုးရှင်းသော်လည်း သန့်ရှင်းသပ်ရပ်စွာ ပွတ်တိုက်ထားသည်။ သစ်သားမကောင်းသော်လည်း ပြောင်လက်နေ၏။


အိုးကိုဖွင့်ပြီးနောက်တွင် ကြက်စွပ်ပြုတ်၏ အမွှေးရနံ့များနှင့်အတူ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး အစားအသောက်ဆိုင်၏ ပတ်ဝန်းကျင်ကို မွှေးပြီး အရသာရှိသော အနံ့ဖြင့် အရောင်ဆိုးစေသည်။


နို့ထိန်းက သခင်မကြီး၏ နောက်တွင် ရပ်နေ၏။ အနံ့ရလိုက်သည်နှင့် အနည်းငယ် စားချင်သွားပြီး အဘွားကြီးကိုပြောလိုက်သည်။


"အဒေါ် ဟင်းရည်ချက်တဲ့အခါ အဖုံးကို ဘာလို့မဖွင့်တာလဲ... ကြက်စွပ်ပြုတ်က အနံ့အရမ်းမွှေးတယ်...အဒေါ့်မှာ ဧည့်သည်မရှိတာ မဆန်းပါဘူး"


အဘွားကြီးက ကြက်စွပ်ပြုတ်ကို ခပ်ရင်းဆိုသည်။


"မရဘူး... တို့ဟူးအရသာကို ထိန်းထားဖို့ ကြက်စွပ်ပြုတ်ကို ဖြည်းဖြည်းချင်း ပြုတ်ရမယ်လို့ သခင်မက ရှင်းပြတယ်"


နို့ထိန်းက ခဏလောက်စဉ်းစားပြီး သူမပြောနေသည့် အမျိုးသမီးက လင်းရှီ ဟု ခန့်မှန်းလိုက်သည်။သူမက အနည်းနည်းငယ် ရှုပ်ထွေးသွားပြီးမေးလိုက်သည်။


"ဒါဆို လုပ်ငန်းမကောင်းရင် သခင်မက အပြစ်မတင်ဘူးလား"


“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သခင်မက ဒီဟင်းချက်နည်းကို ပေးပြီးတော့ လုပ်ငန်းကို စီစဉ်ပေးတယ်...ရောင်းမကောင်းရင် သူ့ကြောင့်ပဲ... ရောင်းကောင်းရင် ငါတို့ ဆုလာဘ်တွေရလိမ့်မယ်...ငါတို့က အရသာပဲအာရုံစိုက်စရာလိုတယ်... ကျန်တာ စိတ်ပူစရာ မလိုဘူး"



Xxxxx




Report Page