Chapter ( 29 )
Chapter ( 29 )
အလုပ်သမားက တုံးအသည့်ပုံပေါ်သည်။ ကော်ပီတွင် နှစ်ပေါင်းများစွာ သူအလုပ်လုပ်ခဲ့တာဖြစ်သည့်အတွက် Npcရဲ့ ဇာတ်ကွက်ကိုခိုးဖို့ကြိုးစားရဲတဲ့သူကို သူရင်ဆိုင်နိုင်၏။ နောက်တော့ ဒီကစားသမားက သေချာပေါက် F အဆင့်ဘဲရှိသေးတာကိုတွေ့တော့ လန့်သွားခဲ့သည်။ သူဘယ်လိုလုပ်ပြီး သူ့အုတ်ခဲတွေကို အမှုန်ဖြစ်အောင်ချေနိုင်ရတာလဲ။ သိတဲ့အတိုင်း လူတွေကိုတခါတည်းသတ်နိုင်တဲ့ အထူးမာကျောတဲ့အုတ်ခဲကို သူရွေးလာခဲ့တာပင်။
အချက်အလက်တွေအားလုံးက သူ့ရှေ့မှာရှိနေသော်လည်း သူသည်းမခံနိုင်ပေ။
ရှောယောင်းက ဆန့်ကျင်ဘက်ဆိုင်ရှေ့မှာ ကြောက်ကြောက်လန့်လန့်ရပ်ကြည့်နေပြီး အလုပ်သမားက ရုတ်တရတ်ကြီး ပြဿနာရှာကြမှာကို ကြောက်နေ၏။ သို့သော်လည်း သူမ အတွေးလွန်သွားတာပဲ ဖြစ်သည်။ အလုပ်သမားက ကုမော်ရှီးကို မကျေမနပ်နှင့် ကြောက်လန့်တကြားကြည့်ပြီးနောက် ဖိန်ယွမ်နဲ့ ဇာတ်လမ်းကိုပြန်စဖို့ လှည့်လာခဲ့သည်။
ဖိန်ယွမ်သည် သူ တချက်လေးတောင်မှ လွတ်လွတ်လပ်လပ် လှုပ်ရှားမရဘူးလို့ ခံစားရသည်။ အန္တာရယ်ရှိသော ဇာတ်ကွက်သည် ချိုးဖျက်ဖို့မလွယ်တဲ့ပုံပေါ်ပြီး လက်ကလေးလှုပ်ရုံဖြင့် ကျော်သွားလို့ မရပေ။
မြင်ကွင်းကို ပြန်ကြည့်ရလျှင် အလုပ်သမားသည် အိတ်ထဲကနေ နောက်ထပ်အုတ်ခဲတစ်ခဲကို ဆွဲထုတ်လာလေသည်။ ဒါပေမယ့် ဒီတစ်ခုက အနည်းငယ်ပိုသေးပြီး အရမ်းမကြီးပေ။ အဲ့တာက လူကိုသတ်နိုင်လားဆိုတာတော့ မသိပေ။
သူ့လက်ထဲက အုတ်ခဲကို ကာကွယ်ရင်းနဲ့ ဇာတ်လမ်းအရ စကားဆက်ပြောနေကာ သတိရှိရှိနဲ့ ကုမော်ရှီးကို ကြည့်လိုက်သည်။ ထိုသည်ကို မြင်လိုက်ရသော ကုမော်ရှီးသည် သူ့အုတ်ခဲတွေကို ပိုပြီးလိုချင်လာ၏။ သူ လျှောက်လာတဲ့အချိန်မှာပဲ အလုပ်သမားက သူ့လက်ကို မြှောက်လိုက်ပြီး တိုက်ခိုက်လိုက်၏။ကုမော်ရှီးသည် ချက်ချင်းပင် အုတ်ခဲကို လုယူလိုက်သည်။
အလုပ်သမား :”……”
ဒီအချိန်မှာတော့ အဓိပ္ပာယ်မရှိတာတွေ သူ လုံးဝမပြောတော့ပါ။ သူရတာနဲ့ မိနစ်ပိုင်းအတွင်းမှာပဲ အစိတ်စိတ်လုပ်ပစ်လိုက်သည်။ အလုပ်သမားက နောက်ထပ်ယူထုတ်နိုင်သေးလားဆိုတာ သူသိချင်သည်။ ဒီလူမှာ အိတ်နှစ်အိတ်ရှိပြီး အများဆုံး တစ်ခုလောက် ထပ်ရှိနိုင်အုံးမလား။
ဘယ်လိုပဲဖြစ်ဖြစ် သနားဖို့ကောင်းတဲ့အလုပ်သမားက တိုက်ရိုက်ဖိန်ယွမ်ကို အရှုံးပေးလိုက်ပြီး သူ့ခေါင်းကိုလှည့်ကာ ကုမော်ရှီးဆီပြေးသွားလိုက်၏။ ကုမော်ရှီးရဲ့ထူးခြားတဲ့အစွမ်းကို သူမနိုင်မှန်းသိပေမယ့် သူလက်မခံနိုင်ပေ။
NPC က စိတ်ဆိုးတတ်ပြီး သရဲနဲ့တွေ့ပြီးနောက်မှာ သူ့စိတ်ကပိုပြီးဆိုးလာ၏။ အရင်က သူ့မှာအကြောင်းပြချက်လေး အနည်းငယ်ရှိရင်တောင် အခုတော့လုံးဝအကြောင်းပြချက်မရှိဖြစ်သွားပြီး သူ့ကိုယ်သူ ဆုလာဒ်ပဲပေးချင်တာဖြစ်သည်။
သူ့ချစ်ရသူကို သူ့ရှေ့မှာအနိုင်ကျင့်နေတာကို ဖိန်ယွမ်ကလည်း ကြည့်မနေနိုင်ပေ။ အခြားသူတွေအာရုံမရှိနေတဲ့အချိန်မှာ ပုတီးစေ့ကို နှစ်ခါသုံးခါ
လောက် ဆွဲထုတ်ပစ်လိုက်သည်။ အလုပ်သမားက ခုခံဖို့တောင် အချိန်မရလိုက်ပေ။ သူက ကုမော်ရှီးကိုပဲ ဒေါသထွက်နေပြီး သူ့ဘေးနားမှာ အန္တရာယ်ရှိတဲ့လူရှိနေသေးတယ်ဆိုတာကိုတော့ သတိမရပေ။
ဝိဉာဉ်ပုတီးမရှိတဲ့နောက်မှာ ဝိဉာဉ်က ခန္တာကိုယ်ထဲကနေ ချက်ချင်းထွက်ခွာသွားပြီး အလုပ်သမားက ရုတ်တရတ်ခန္တာကိုယ်ရဲ့လွှမ်းမိုးခြင်းကိုခံရပြီး ခဏလောက်မတုံ့ပြန်နိုင်ပေ။ ကုမော်ရှီးရဲ့လှုပ်ရှားမှုတွေက မရပ်သွားဘဲ အလုပ်သမားကို ကိုင်ပြီး လမ်းပေါ်ကိုပစ်ချလိုက်သည်။
ကုမော်ရှီးသည် သွားကျိုးသံများကို ကြားလိုက်ရပြီး မတတ်နိုင်ဘဲ သူ့ပါးစပ်ကိုပိတ်ထားလိုက်သည်။သူ့မှာ သွားကိုက်ဝေဒနာ နည်းနည်းရှိနေပြီလို့တောင် ခံစားရသည်။
အပိုဆုမရှိတဲ့ Npcက လုံး၀မလုံလောက်ပေ။ ဖိန်ယွမ်က လက်ဆေးဖို့ အဲထဲကိုဝင်သွားခဲ့ပြီး ကုမော်ရှီးကတော့ အလုပ်သမားရဲ့ ကံဆိုးမှုကို ကြည့်ဖို့တံခါးနားမှာ နေရစ်ခဲ့သည်။ အလုပ်သမားက သူ့ပါးစပ်ကိုအုပ်ရင်း မြေကြီးပေါ်မှာ ဖြည်းဖြည်းချင်းတွားသွားနေကာ ကျန်ရစ်ခဲ့တာကတော့ သူ့ရဲ့ အဝါရောင်သွားနှစ်ချောင်းပင်။
ကုမောရှီးက ထပ်ပြီးနောက်ဆုတ်ရင်း သတိအပြည့်နဲ့ ပြောလိုက်သည်။
"ဒါက မင်းရဲ့ကိုယ်ပိုင်ကျရှုံးမှုပဲ။ ငါ့ကိုပိုက်ဆံလျော်ပေးဖို့ မမေးနဲ့။ မင်းသွားကို အရှင်သခင်ဆီယူသွားဖို့ အကြံပေးချင်တယ်။ အဲ့တာကိုပြန်တပ်ဖို့ မင်းကိုသူကတိပေးနိုင်တာပဲ"
အခြားကစားသမားတွေက အဝေးမှာရှိနေကြပြီး ကုမော်ရှီးက ဘယ်လိုနတ်ဆိုးစကားတွေပြောနေလဲဆိုတာ မသိပေ။ အလုပ်သမားက အကြောက်တရားကြောင့် တုန်လှုပ်နေပြီး သွားနှစ်ချောင်းကိုယူပြီး ပြေးထွက်သွားတာကိုပဲ သူတို့မြင်လိုက်ကြသည်။ သူ ဒီမြင်ကွင်းကို ဘယ်နှကြိမ်ပဲ မြင်ဖူးပါစေ အရမ်းအံ့ဩနေတုန်းပဲဖြစ်သည်။ သူတို့တွေ့ခဲ့ရတဲ့ စီနီယာကစားသမားတွေထက် ဘာကြောင့် F အဆင့်ကစားသမားနှစ်ယောက်က ပိုတော်ပြီး ဒီလိုလုပ်နိုင်ရလဲဆိုတာကို တွေးတောနိုင်စွမ်းမရှိကြပေ။
သွားပြီးလည်း မမေးရဲသည့်အတွက် သူတို့က ကုမော်ရှီးကို လေးစားစွာကြည့်လိုက်ကြသည်။ ပြီးတော့ သူ့ပေါင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရမည်။
နောက်ထပ်နေ့တစ်၀က်က တော်တော်တည်ငြိမ်စွာ ကုန်ဆုံးသွား၏။ ဆိုင်တိုင်းမှာ စီးပွားရေးအတူတူနီးပါးရှိကြသည်။သုံးပတ်နေတိုင်းမှာ ဧည့်သည်ရှိပြီး လူတိုင်းကလွတ်လပ်နေတုန်းဖြစ်သည်။ခြောက်နာရီမတိုင်ခင်တွင် သူတို့အလုပ်သိမ်းဖို့ သတိပေးစာရပြီး တစ်နေ့တာစီးပွားရေးက ပြီးဆုံးသွားခဲ့သည်။
လူတိုင်းက ကံကောင်းပေမယ့် အစ်မကျွီကတော့ ပိုပြီးပင်ပန်းလှသည်။ အစားအစာတွေကို ငါးနာရီမှာစရောင်းပြီး စားသောက်ဆိုင်ငယ်လေးရဲ့ စီးပွားရေးက အလွန်အလုပ်များ၏။ ဘယ်သူကမှ တအားမပင်ပန်းရဘဲ သူမတစ်ယောက်ကသာ မူးဝေနွမ်းလျနေလေသည်။ ဖုန်းကို သူမလည်ပင်းမှာသာ မဆွဲထားလျှင် ပြုတ်ကျသွားမှာတောင် စိုးရိမ်နေရသည်။
အလုပ်ပြီးတဲ့နောက် လူတစ်ချို့က ညစာအတူတူစားကြ၏။ ယခုထက်ထိ သူတို့ပိုက်ဆံသုံးရမည့် ဒုတိယနေရာကို မကြုံသေးပေမယ့် ပိုက်ဆံကို စိတ်ကြိုက်မသုံးရဲကြဘဲ စုထားဖို့ပဲ ကြိုးစားလိုက်ကြသည်။ ကုမော်ရှီးကတော့ လူနှစ်ယောက်စာ အစားအစာကို အကုန်စားလိုက်ပြီး မစွန့်ပစ်ရပေ။
"နောက်ကျပိုက်ဆံသုံးရမယ့်နေရာပေါ်လာမှာ မကြောက်ဘူးလား" ရှောင်ယောင်းက မေးလိုက်သည်။“
ကုမော်ရှီးက ပြောသည်။ " အဲ့တာကို ဖိန်ယွမ်ကိုမေးကြည့် သူ့မှာပိုက်ဆံအလုံအလောက်ရှိလောက်တယ် "
သူက ဆိုင်ပိုင်ရှင်ဖြစ်ပေမယ့်လည်း ဖိန်ယွမ်အကောင့်မှာ အခြားသူတွေထက် တကယ်ပိုက်ဆံအပိုမရှိထားဘဲ သူတို့နဲ့အတူ သုညကနေစစုခဲ့တာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်အကူနှစ်ယောက်ကို ထောက်ပံ့နိုင်လောက်တဲ့အထိ ဆိုင်ရဲ့စီးပွားရေးက အရမ်းကောင်း၏။ ဒါကြောင့် နေ့စဉ်ဝင်ငွေက အခြားသူတွေထက် ပိုမြင့်ပေသည်။ နှစ်ယောက်လုံးတွင် ကြီးမားတဲ့စားနိုင်စွမ်းရှိကြသော်လည်း ကျန်ရှိတဲ့ပိုက်ဆံက တခြားကစားသမားတွေထက် ပိုများ၏။
ဘယ်လိုပဲဖြစ်ဖြစ် ကုမော်ရှီးရဲ့အကြံကတော့ သူ့ပိုက်ဆံကိုမြှင့်ဖို့ ဝယ်သူကို ထိုင်စောင့်နေရန်မဟုတ်ပေ။ သူ့မှာ ပိုက်ဆံတကယ်မရှိတော့လျှင် လမ်းဘေးက NPC အချို့ဆီကယူဖို့ စီစဉ်ထား၏။
ဒီ NPC တွေက အနိုင်ကျင့်တတ်ပြီး ခက်ခဲပေမယ့် ဉာဏ်နည်းနည်းကောင်းကြောင်း သူတွေ့ရသည်။ သူတို့ကို ပစ္စည်းတွေ၀ယ်ဖို့ တွန်းအားပေးလို့မရပေ။ လမ်းဘေးက NPC တွေကို မဆက်သွယ်နိုင်ရင်တောင် ဧည့်သည်တွေလာတာကိုစောင့်ပြီး ပို၀ယ်ဖို့တွန်းအားပေးလို့ရသည်။
စနစ်က တိတိကျကျမတားမြစ်သရွေ့ သူလုပ်ရဲ၏။ ဒါပေမယ့် တိုက်ရိုက်ကြီးဆွဲထုတ်မခံရလောက်ပေမယ့် သက်ရောက်မှုကတော့ မကောင်းနိုင်ပေ။ ဒါကြောင့် ထမင်းပျော့ကိုစားချင်တယ်လို့သာ ပြောနိုင်ပေ၏။
အဲ့တာကိုနားထောင်ပြီး ကစားသမားတွေက ဆွံ့အသွားကြပြီး ချီးမွမ်းလိုက်ကြသည်။ အစ်ကိုကြီးက ပိုက်ဆံအလုံအလောက်သုံးနိုင်ရန် ပိုက်ဆံရှာနည်းတွေ စဉ်းစားနေတဲ့အချိန်မှာ သူတို့က ဘာလုပ်နေကြပါသနည်း။
"ငါတို့ ညဘက်ဘယ်မှာနေကြမှာလဲ" ဘယ်ဂိုနီကာက ပါးနပ်စွာနဲ့ စကားလမ်းကြောင်းလွှဲလိုက်သည်။
ရှောင်ကောက သူ့ခေါင်းကိုခါလိုက်သည်။ " မသိသေးဘူး။ စနစ်က သတိပေးလာမှာကို စောင့်ကြတာပေါ့ "
ဖိန်ယွမ်က လမ်းဘေးကိုကြည့်လိုက်တော့ အဝေးမှာဟိုတယ်တစ်ခုရှိနေ၏။
"ငါ့အထင် ငါတို့ဟာငါတို့ အခန်းငှားဖို့လိုမယ်ထင်တယ် "
"ဟမ်"
လူအုပ်ကြီးက သူ့အကြည့်နောက်ကိုလိုက်တော့မှ ဟိုတယ်ကိုမြင်တော့သည်။
တစ်ညတာ အဲ့မှာကုန်ဆုံးဖို့က ဈေးတော့မကြီးပေ။ တစ်ခန်းကို တစ်ညနှစ်ရာဖြစ်ပြီး အကုန်လုံးက နှစ်ယောက်အိပ်တဲ့အိပ်ရာ ဒါမှမဟုတ် တစ်ယောက်အိပ်ကုတင်နှစ်လုံးဖြစ်သည်။ တစ်ယောက်ကို တစ်ရာသာကျသင့်ပေသည်။
ဒါပေမယ့် မေးခွန်းက ကော်ပီက နေရာထိုင်ခင်းတကယ်မထောက်ပံ့တာလား။ ဖိန်ယွမ်ရဲ့ဆိုင်မှာ နားဖို့က မဖြစ်နိုင်ဘူးလား။ အဲ့မှာဆိုဖာအနည်းငယ်ပဲရှိပေမယ့် အိပ်ဖို့မဖြစ်နိုင်တာတော့မဟုတ်ပေ။ သုံးညလောက် စောင့်ကြပ်နေရသရွေ့ အိပ်ကိုအိပ်နိုင်သည်။
အချက်အလက်တွေကတော့ မဖြစ်နိုင်ဘူးလို့ အတည်ပြုလိုက်သည်။
သူတို့ဆိုင်ကိုပြန်သွားဖို့ ကြိုးစားလိုက်ပြီး ဆိုင်ထဲကို သူတို့ခြေချလိုက်တာနဲ့ မိုဘိုင်းဖုန်းမှာ စာအသစ်ပေါ်လာတာကို တွေ့လိုက်ရ၏။
"ဆိုင်တိုင်းက ခုနစ်နာရီမှာပိတ်ပြီး ကစားသမားတွေက စောစောထွက်သွားရပါမယ်။ နေခဲ့လို့မရပါ! မနက်ဖြန်မနက်ကိုးနာရီမှာ ဆိုင်လာဖွင့်ပါ။ မနောက်ကျပါစေနှင့်!“
အဲ့နောက်မှာ နေရာထိုင်ခင်းနဲ့ပတ်သတ်ပြီးမေးခွန်းမထုတ်တော့ပေ။ ဟိုတယ်ကိုသွားပြီးပဲ အခန်းငှားရမည့်ပုံပေါ်သည်။ထိုနောက် လူတိုင်းကဆွေးနွေးလိုက်ကြပြီး အခန်းသုံးခန်းငှားဖို့ဆုံးဖြတ်လိုက်ကြသည်။
ယောကျာ်းသုံးယောက်နဲ့ မိန်းမသုံးယောက်ရှိပေမယ့်လည်း အမကျီက အသက်ကြီးနေပြီဖြစ်တာကြောင့် ရှောင်ကောနဲ့ အမကျွီက အိပ်ရာနှစ်ခုနဲ့အခန်းငှားလည်းပြဿနာမရှိပေ။ အတိတ်မှာတုန်းက ကော်ပီအခြေအနေတွေက ဆင်းရဲသဖြင့် ယောကျာ်းတွေရော မိန်းမတွေနှင့် ကလေးတွေပါ အတူတူစုနေကြတာက ပုံမှန်ပင်ဖြစ်သည်။ အိပ်ရာရှိဖို့က အကြောင်းပြချက်မရှိဘဲ စိတ်ကူးယဥ်မျှသာဖြစ်နိုင်သည်။
ညီအစ်မနှစ်ယောက်က တကယ်တော့ အစ်မကျီနှင့် နေချင်၏။ သူတို့က တအားပိန်ပြီး အစ်မကျွီကလည်းမ၀ပေ။ အိပ်ခန်းအကြီးငှားပြီး လူသုံးယောက် အတူတူအိပ်လို့ရသည်။ ဒါပေမယ့် ဖိန်ယွမ်က သူတို့နှစ်ယောက်ပါ အတူနေလိုက်ရင် တစ်ယောက်လိုနေလိမ့်မည်ဟုပြောသည်။အဲ့တာက ကောင်းတဲ့အရာမဟုတ်ပေ။
ချောက်နက်ဂိမ်းရဲ့စည်းမျဉ်းတွေကို နားမလည်တာကြောင့် ချိုးဖောက်ဖို့ လွယ်လွယ်မကြိုးစားရဲပဲ စည်းမျဉ်းတွေကို လိုက်နာရုံပဲ တတ်နိုင်ပေသည်။
“တစ်ရာက မနည်းဘူး”
ရှောင်ကောက သက်ပြင်းချလိုက်သည်။ သူ့လစာက တော်တော်လေးနည်းလှသဖြင့် စားသောက်ပြီးတော့ သူ့မှာတစ်ရာတောင်မရှိပေ။ထိုကြောင့် ဖိန်ယွမ်က အခန်းငှားဖို့ သူ့ကိုပိုက်ဆံချေးရန် သဘောတူခဲ့သည်။ သူဒါကိုသာကြိုသိရင် ပိုက်ဆံလောက်အောင် အစားလျော့ပြီး ပေါက်စီနည်းနည်းပဲ စားခဲ့ပါသည်။
ဘယ်ဂိုနီကာက အိမ်ခန်းဈေးတွေကို လေ့လာခဲ့ပြီးနောက် ပြောလာခဲ့သည်။
" ငါတို့ နည်းနည်းဈေးပေါတဲ့ အချိန်ပိုင်းအခန်းကို ငှားလို့ရတယ်။ ခြောက်နာရီစာငှားမယ်ဆို ယွမ်ငါးဆယ်ကလုံလောက်ပြီ။ ငါတို့၁၂နာရီမှာလာနေပြီး မနက်ခြောက်နာရီထလို့ရတယ်"
"ဒါပေမယ့် ညနေဘက်ခုနစ်နာရီနောက်ပိုင်းအပြင်မှာနေရင် အန္တရာယ်များမယ်မဟုတ်ဘူးလား " ရှောင်ယောင်းက တွေဝေစွာပြောလိုက်သည်။
" ငါကတော့ ဈေးပေါတာက မကောင်းဘူးလို့ထင်တယ်"
သူမပြောတာက အဓိပ္ပာယ်ရှိလှသည်။ ပြီးတော့ နောက်ဆုံးအခေါက် အစ်မကျွီ သူမရဲ့ဖုန်းကိုပျောက်ပြီးကတည်းက ကုမော်ရှီးက သူမရဲ့ကြိုသိနိုင်စွမ်းကို လက်ခံခဲ့တာပင်။ ဒီမိန်းကလေးက သူမကိုယ်သူမ အန္တရာယ်ကို ခန့်မှန်းတဲ့နေရာမှာတိကျတာကိုတောင် သတိမထားမိပေ။
ဒါပေါ့ အခြေအနေနှစ်ခုကို သာမန်လူတွေကောက်ချက်ချနိုင်ပေမယ့် အချက်အလက်ကျကျပြောရင် ဘာကိုမှသက်သေမပြနိုင်ပေ။ ဒါပေမယ့် ကုမော်ရှီးက သူမရဲ့၀ိုးတိုး၀ါးတား အန္တရာယ်ကိုခန့်မှန်းနိုင်စွမ်းကို သဘောကျမိသည်။ မိန်းမတွေရဲ့ ကျော်ကြားတဲ့ ဆဠမအာရုံဖြစ်နိုင်၏။
“ အချိန်ပိုင်းအခန်းကို မငှားနဲ့” ဖိန်ယွမ်ကဆုံးဖြတ်ချက်ချလိုက်သည်။
“ Appကိုကြည့်လိုက် "
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက်သူတို့ဖုန်းကိုဖွင့်လိုက်ပြီး အံအားသင့်စွာပြောလိုက်သည်။
“အဲ့တာက ဘာလဲ?!”
မိုဘိုင်းဖုန်းပေါ်မှာ လူသွားလမ်းက အမည်းရောင်မြူခိုးတွေနဲ့ ပိတ်ဖုံးနေပြီး မြူတွေကတဖြည်းဖြည်းထူလာလေသည်။ ခဏလေးအတွင်းမှာ လမ်းကို လုံး၀ဖုံးသွားလိမ့်မယ်လို့ ခန့်မှန်းရပြီး သူတို့ကြယ်အလင်းရောင်တောင်မမြင်နိုင်တော့ပေ။
ကုမောရှီးက အချိန်ကိုကြည့်လိုက်တော့ ၆နာရီ၃၇မိနစ်ရှိနေပြီဖြစ်သည်။ ဆိုင်တွေလည်းပိတ်ပြီး ပတ်၀န်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေ၏။ ခုနစ်နာရီမတိုင်ခင် အကုန်လုံးကိုပိတ်ချလိုက်တာပင်။ ပိုပြီးမှောက်မိုက်လာတဲ့ညမှာ ဟိုတယ်က အလင်းရောင်နဲ့လင်းထိန်နေပြီး တစ်လမ်းလုံးမှာ ထင်ရှားသောအဆောက်အဦးဖြစ်လာ၏။
ဒီအချိန်မှာ စဉ်းစားနေဖို့မလိိုတော့ပေ။ ဒီညကို ဒီမှာပဲကုန်ဆုံးရမည်။
“မင်းတို့ အခန်းငှားမှာလား?”
ဟိုတယ်ဧည့်ကြိုက ဟိုတယ်ရှေ့ခုံကနေ သူတို့ကိုလှမ်းအော်လိုက်သည်။
“ခဏနေရင် ငါအလုပ်ဆင်းတော့မှာ”
သူမက ဆိုင်ပိုင်ရှင်တွေကို မနာလိုတဲ့ပုံပေါ်ပြီး သူတို့ကိုထွက်သွားစေချင်တာလည်း သိသာနေခဲ့သည်။
ဘယ်ဂိုနီကာက တွေဝေမနေဘဲ သွားပြောလိုက်၏။
“အခန်းဖွင့်ပေးပါ နှစ်ယောက်ခန်းနှစ်ခန်း၊ အခန်းကြီးကတစ်ခန်း”
ဒါပေမယ့် သူတို့မှာမှတ်ပုံတင်မရှိတာကြောင့် သူတို့အခန်းမငှားနိုင်တာမျိုးက အကျိုးအကြောင်းသင့်၏။ သို့သော် ကံကောင်းစွာနဲ့ မှတ်ပုံတင်ကတ်မလိုပေ။ မိုဘိုင်းapp ကို အရှေ့ခုံမှာပြပြီးပေးချေရုံသာဖြစ်သည်။
ရှောင်ကောက ယွမ်၈၀ပေးလိုက်ရပြီး ၂၇ယွမ်သာကျန်တော့သည်။ ဖိန်ယွမ်က သူ့အတွက်ပေးပေးလိုက်ရသည်။ ဧည့်ကြိုကမတားရဲဘဲ ဖိန်ယွမ်ကိုကြည့်လိုက်ပြီး သူတို့အတွက်အခန်းများအမြန်ဖွင့်ပေးလိုက်သည်။
ကုမော်ရှီးက အိပ်ခန်းကြီးရဲ့အခန်းကတ်ကို ယူလိုက်ပြီး အခန်းတွေက ကပ်လျက်ဖြစ်သည်။ နှစ်ယောက်အိပ်ခန်းက ကော်ရစ်တာရဲ့ညာဘက်မှာရှိပြီး အခန်းနှစ်ခုက ကပ်လျက်ဖြစ်သည်။ ပြီးတော့အိပ်ခန်းကြီးက ကော်ရစ်တာရဲ့ဘယ်ဘက်မှာရှိပြီး ညီအစ်မအခန်းရဲ့ဆန့်ကျင်ဘက်မှာဖြစ်သည်။
“ညဘက်အပြင်မထွက်နဲ့ "
ကုမော်ရှီးက မ၀င်ခင် သတိပေးလိုက်သည်။
“အမှန်အတိုင်းပြောရရင် အိပ်တာ အကောင်းဆုံးပဲ။ အိပ်မပျော်ရင်လည်း အိပ်ချင်ယောင်ဆောင်လိုက်"
ဒါက သူပထမကော်ပီမှာ သိလိုက်ရတာဖြစ်သည်။ဒါပေမယ့် ဒီစည်းမျဉ်းက အခြားကော်ပီတွေမှာလည်း ချမှတ်သင့်တယ်လို့ သူခံစားရသည်။ ကော်ပီတစ်ခုချင်းစီရဲ့စည်းမျဉ်းတွေက ဆန့်ကျင်ဘက်ဖြစ်နေရင် အဓိပ္ပာယ်မရှိပေ။ ဒါကြောင့် ကစားသမားတွေက ခက်ခက်ခဲခဲ ရှင်သန်နေရလေသည်။ အဆုံးမှာ ဂိမ်းက ကစားသမားတွေကို စည်းမျဉ်းစာအုပ်မပေးဘဲ ကော်ပီတစ်ခုချင်းစီက စည်းမျဉ်းတွေကိုပြန်အကျဉ်းချုပ်နေရသည်။. ဤအရာက လွန်လွန်း၏။ အဓိက***က အဲ့လို၀မ်းနည်းကြေကွဲစရာအရာကို လုပ်မှာမဟုတ်ပေ။
သူတို့က ခေါင်းငြိမ့်လိုက်ကြပြီး ကုမော်ရှီးရဲ့စကားကို ဥပဒေအနေနဲ့ သတ်မှတ်လိုက်ကြသည်။ အခန်းထဲကိုဝင်ပြီးနောက် ဆေးကြောဖို့အမြန်သွားပြီး ခုနစ်နာရီမထိုးခင်မှာ အိပ်ရာထဲလှဲချလိုက်ကြ၏။ မီးတွေကို နောက်ထပ်မဖွင့်ရဲတော့ပေ။ထိုနောက် အိပ်ရာထဲမှာလှဲနေရင်း ဖုန်းကိုဖွင့်ပြီး လမ်းအပြင်ဘက်ကို ကြည့်လိုက်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် လမ်းကမှောင်နေပြီး အပေါ်မှာအကြွေစေ့တွေ၊ အချိန်တွေနဲ့ အသက်တွေကလွဲလို့ ကြည့်စရာမရှိပေ။
တချိန်တည်းမှာပဲ တံခါးအပြင်ကနေ တံခါးခေါက်သံပေါ်လာခဲ့သည်။
"ဘုန်း ဘုန်း "