Change Phone Number in Signal
ဟာ!! Signal မှာ ဖုန်းနံပါတ် ပြောင်းလို့ရသွားပြီဟေ့
ရောင်းရင်းတို့ရေ
Signal Platform ကတော်တော်လေးကို လုံခြုံရေးအားကောင်းတဲ့ App ပါဗျ၊ သို့ပေမယ့်လို့ အရေးရယ်,.အကြောင်းရယ်ဖြစ်လို့ ဖုန်းနံပါတ် အပြောင်းအလဲလုပ်မယ်ဆိုရင် Telegram Platform လောက် အဆင်မပြေဘူးဗျို့…
အခုမှာတော့ Signal မှာ ဖုန်းနံပါတ်အလွယ်တကူပြောင်းလို့ရပါပြီ..
ဖုန်းနံပါတ် ပြောင်းလိုက်ပေမယ့်လည်း အရင်တုန်းက တစ်ယောက်ချင်းစီ ပြောထားတဲ့ Chat တွေရော...Group တွေရောက်ကို ရနိုင်မယ့်အခြေအနေမို့ တော်တော်လေးအဆင်ပြေပါတယ်...
- Signal ထဲက Setting ကိုဝင်ပါ
- Account ထဲကိုဝင်ပါ
- Change Phone Number ကိုတွေ့ရပါလိမ့်မယ်
- Change Phone Number ကိုနှိပ်ပါ
- Continue ကိုဆက်နှိပ်ဖို့လိုပါလိမ့်မယ်
- အရင်တုန်းက ဖုန်းနံပါတ် နဲ့ လက်ရှိပြောင်းလိုတဲ့ ဖုန်းနံပါတ်ကို ထည့်ရပါမယ်
- အဲ့အချိန်မှာ ပြောင်းလိုတဲ့ ဖုန်းနံပါတ်ထဲကို Text Code ဝင်နိုင်ဖို့အတွက် Sim Card ကို ဖုန်းထဲထည့်ထားဖို့လိုပါလိမ့်မယ်…
- ပြီးရင်တော့ ပြောင်းလို့ရပါပြီ
- UNDO လုပ်လို့မရလို့ ဖုန်းနံပါတ် မပြောင်းချင်တော့ သေချာလေး စဉ်းစားပြီးလုပ်ဖို့လိုပါမယ်ဗျို့
ဖုန်းနံပါတ်ပြောင်းဖို့အတွက်ဆိုရင် သင်ရဲ့ Signal App က update ဖြစ်ဖို့တော့လိုမယ်ဗျ..
