Call of the Night Season 2

Call of the Night Season 2

Pirate Anime Myanmar

Review - ဇာတ်ရည်လည်အောင် Season 1 အရင်သွားကြည့်ဖို့ အကြံပေးချင်ပါတယ်။ s1 ကြည့်ပြီးသားသူတွေကတော့ ပြောပြစရာလိုမယ်မထင်ပါဘူး။

Kou Yamori ဆိုတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်ကတော့ ဘဝကိုအသက်ရှင်နေထိုင်နေရတာ အဓိပ္ပါယ်မဲ့သလို ခံစားနေရပါတယ်။ တစ်ယောက်တည်းအချိန်ကုန်နေပြီး insomnia လို့ခေါ်တဲ့ ညညဆို အိပ်မပျော်တဲ့ရောဂါ ပါရရှိလို့နေပါတယ်။

တစ်ညမှာတော့ လမ်းတွေပေါ်လျှောက်သွားနေရင်း မိန်းကလေးတစ်ယောက်နဲ့ သွားတွေ့ပါတယ်။ တကယ်တမ်းတော့ ဒီမိန်းကလေးက Nazuna Nanakusa အမည်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်မလေး ဖြစ်နေပါတယ်။ သူ(မ) ဆီမှာသွေးစုပ်ခံလိုက်ရတဲ့နောက် Kou တစ်ယောက်က သူ့ကိုသူ vampire ဖြစ်သွားပြီလို့ထင်နေပေမဲ့...မဟုတ်ခဲ့ပါဘူး..။ vampire တစ်ကောင်ဖြစ်ဖို့အတွက် သွေးစုပ်ခံရတဲ့သူက vampire နဲ့ ချစ်မိနေမှဖြစ်မှာပါ။ Kou သွေးစုပ်ဖုတ်ကောင်ဖြစ်ချင်သွားပြီးနောက်... Nazuna နဲ့ကော..ချစ်မိသွားမလားဆိုတဲ့အခါမှာတော့..

Report Page