Call Forwarding

Call Forwarding

“တော်လှန်ရေး ဒစ်ဂျစ်တယ်ဘဝတွေမှာ SIM Card အလုပ်လုပ်ပုံနဲ့ Call Forwarding ကိုနားလည်အောင် ကြိုးစားပါ”


*#21# , *#62# စသဖြင့် စစ်လိုက်ရင် ကိုယ့်ဖုန်းကို ခိုးနားထောင်နေတာကို သိရတယ်တဲ့ အဲ့တာ တကယ်လား ? 

မဟုတ်ပါဘူး ဒါဟာ ဖုန်းခိုးနားထောင် နံပါတ်တွေ လုံးဝမဟုတ်ပါဘူး  ဒါဟာ call forwarding လို့ခေါ်တဲ့ မိမိဖုန်းကိုဖုန်းခေါ်လို့မရရင်ပဲဖြစ်စေ ဖုန်းမဝင်ရင်ပဲဖြစ်စေ တခြားဖုန်းနံပါတ်တစ်ခုကိုလွှဲပေးလို့ရတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ဒီ *#21# , *#62#  ကိုနှိပ်လိုက်ရင်  မြင်ရတဲ့ ဖုန်းနံပါတ် တွေဟာ က်ိုယ်အသုံးပြုတဲ့ မိုဘိုင်းအော်ပရေတာတွေက တရား‌သေ ထည့်ပေးထားတဲ့ နံပါတ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်  အော်ပရေတာ အလိုက် အသုံးပြုသူတိုင်းဟာ ဒီနံပါတ်တွေကိုပဲမြင်နေရမှာဖြစ်ပါတယ်။ ဒီ call forwarding လုပ်ဆောင်ချက်မှာ Call Setting ထဲမှာ ကိုယ့်ထည့်ချင်တဲ့နံပါတ်ကို ပြောင်းလဲထည့်သွင်းတာ  ပိတ်တာ စသဖြင့်ပြုလုပ်နိုင်ပါသည်။ 


Android တွေမှာဆိုရင် မိမိဖုန်းခေါ်ဆိုနေကြ  Phone ထဲကိုဝင်ကြည့်ပါ.. များသောအားဖြင့် ညာဘက်ဒေါင့်တစ်နေရာရာမှာ အစက်ကလေး ၃ စက် ရှိပါလိမ့်မယ် ။ အဲ့အစက်ကလေး ၃ စက်ကနေ Call Setting ထဲမှာ Supplementary service သို့မဟုတ် Other service သို့မဟုတ်   call forwarding စတဲ့နေရာတွေမှာရှာကြည့်နိုင်ပါတယ် ။  Call Forwarding ဆိုတဲ့နေရာမှာ Add phone number or  Forward to : စသဖြင့် တွေ့တယ်ဆို ကိုယ်  forward  လုပ်ချင်တဲ့ နံပါတ် ကိုထည့်သွင်းလို့ရပါတယ် ။ ပိတ်ချင်ရင်  Disable ကိုနှိပ်ပြီး ပိတ်နိုင်ပါတယ် ။ ပုံလေးတွေမှာကြည့်နိုင်ပါတယ်။ ဖုန်း တစ်လုံးနဲ့ တစ်လုံး အမျိူးအစားအလိုက် Setting တွေပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။  ပြပေးထားတဲ့ပုံလေးရဲ့ တတိယမြှောက် ပုံလေးမှာတော့ " Call Forwarding လေးကိုဆက်ဝင်ပေးပြီး ချိန်ညှိပေးဖို့လိုပါလိမ့်မယ်ဗျို့...


iOS  တွေမှာ Setting ထဲက  Phone   ထဲက call forwarding မှာ Off လုပ်ပီး ပိတ်တာ သို့မဟုတ် Forward လုပ်ချင်တဲ့ ဖုန်းနံပါတ်ကိုထည့်ပါ ။ 

Call forwarding ကို ရမရ ပြန်စစ်ချင်ရင် *#21# , *#62#  ဒါတွေနှိပ်ပြီး ပြန်စစ်လို့ရပါပီဗျာ။ 

ဪ call forwarding  က ဒီလို ဒီပုံဆိုတော့ ခိုးနားမထောင်ဘူးလား ဆိုတော့လဲ မဟုတ်ပါဘူး။ကျွန်တော်တို့ အသုံးပြုနေတဲ့  Sim card တွေက မိုဘိုင်းအော်ပရတာ နဲ့ချိတ်ဆက်အသုံးပြုရတဲ့ Phone call , sms စတာတွေအကုန်လုံးကို မိုဘိုင်းအော်ပရတာတွေက တကူးတက ဖြတ်နားထောင်နေစရာမလိုအောင် တရားဝင် call record , sms record တွေကိုသိရှိနေနိုင်ပြီးသားကိုဖြစ်ပါတယ်။


ဒါကြောင့် ကိုယ်ဟာ စောင့်ကြည့်ခံ အန္တရာယ်များနေတဲ့ အနေအထားဆိုရင် ကိုယ့်နာမည်နဲ့မှတ်ပုံတင်ထားတဲ့  Sim card  တွေကို လုံးဝ လုံးဝ အသုံးမပြုခြင်းဟာ အလုံခြုံဆုံးနဲ့ စိတ်ချရဆုံးပဲဖြစ်ပါတယ် ။ 




Report Page