Brainstorm
ကြည့်..ကြည့်..ကြည့်
Brainstorm ဆိုတဲ့ဇာတ်ကားလေးကတော့ နည်းနည်းလေး ခေတ်နောက်ကျတယ်ဆိုပေမယ့် အခုလက်ရှိအချိန်ထိ ကြည့်ကောင်းနေဆဲပါ။ ဒီဇာတ်ကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ ထီထွင်မှုဆန်းသစ်မှုတစ်ခုဖြစ်ပြီးတော့ အဲ့ဒီတီထွင်ဆန်းသစ်မှုကဘာလဲဆိုတော့ လူတစ်ယောက်က တစ်ခြားလူတစ်ယောက်ရဲ့ အတွေ့အကြုံအဖြစ်အပျက်တွေကို ကိုယ်စားဝင်ရောက်ခံစားလို့ရနိုင်တဲ့ စက်လေးတစ်ခုပဲဖြစ်ပါတယ်။ အဲ့စက်လေးကိုပလက်ထည့်ပြီး သုံးလိုက်ပြီဆိုတာနဲ့ သင်အစားထိုးခံစားလိုတဲ့သူရဲ့ အတွေ့အကြုံတွေကို ပြန်တွေ့ကြုံနိုင်တဲ့အပြင် ပရိုဂရမ်လုပ်ထားတဲ့ အထဲကို ရောက်သွားပြီး သင်ကိုယ်တိုင်ခံစားနိုင်တယ်..ပစ္စည်းတွေကို ထိတွေ့နိုင်ပါတယ်။ အဲ့ဒါပဲလားဆိုတော့ မဟုတ်ပါဘူး။ Telepathic ဖြစ်တယ်ပေါ့..မနောစိတ်သွယ်မှုလို့ဆိုရလေမလား ..သင်ကိုယ်တိုင်က အဲထဲကိုရောက်သွားပြီးရင် ပေါ်လာတဲ့စိတ်တွေကို နောက်ခံစားမှုအသစ်နဲ့လည်း စီးမျောချိတ်ဆက်နိုင်ပါသေးတယ်။ ဒီမှာ ထူးဆန်းတာတစ်ခုက ဒီစက်ကိုတီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ယောက်က မတော်တဆနဲ့ သူမသေဆုံးခင်ချိန်လေးကို မှတ်တမ်းတင်ထားခဲ့မိတော့ အဲ့ဒီ အဖြစ်အပျက် အတွေ့အကြုံတွေကို သူရဲ့ သူငယ်ချင်းတွေ ပြန်စမ်းကြည့်တဲ့အခါမှာ ..သူတို့က သူဘယ်လို သေဆုံးခဲ့လဲ..ဘာတွေခံစားခဲ့ရလဲဆိုတာကို အတိအကျခံစားရမလား..ဆိုတာတွေကတော့ ကိုယ့်လူတို့ ဆက်ကြည့်ဖို့ တာဝန်ပါဗျို့....
ကြည့်ပြီးရင်လည်း Comment မှာမျှဝေခဲ့ပါဦးဗျို့...
ကြည့်ရှုရန် Link: https://moviesjoy.to/watch-movie/brainstorm-7687.5362465