Blue Box
တစ်ခါတစ်လေကျရင် မမျှော်လင့်ထားဘဲနဲ့ ကိုယ်ချစ်ရတဲ့သူနဲ့ နီးစပ်လာတာမျိုး၊ တစ်ခါတစ်လေကျရင် ကိုယ်ချစ်ရတဲ့သူကြောင့် ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ချင်လာတာမျိုး၊ တစ်ခါတစ်လေကျရင်လည်း ဘဝမှာ ရွေးချယ်ရခက်တဲ့အချိန်တွေ၊ ဆုံးဖြတ်ရခက်တဲ့အချိန်တွေနဲ့ မပြတ်သားတဲ့အချိန်တွေ ရှိတတ်ပါတယ်။
ဒီ Blue Box Anime လေးထဲမှာတော့ မနက်စောစောကျောင်းကို နေ့တိုင်းလာပြီး Basketball လေ့ကျင့်လေ့ရှိတဲ့ Chinatsu-senpai ရဲ့ နတ်သမီးလေးတစ်ပါးလို လှပတဲ့ရုပ်ဆင်းသွင်ပြင်၊ နတ်ဘုရားမလေးတစ်ပါးလို ကြင်နာတတ်တဲ့နှလုံးသားနဲ့ ဇွဲလုံ့လဝီရိယအပြည့်ရှိတဲ့ ပုံရိပ်တွေအောက်မှာ Taiki တစ်ယောက် တဖြည်းဖြည်းလွှမ်းမိုးခံလာရပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် Chinatsu က Taiki တို့အိမ်မှာ သွားနေရတဲ့အခါ သူသဘောကျရတဲ့သူနဲ့ ပိုပြီးနီးစပ်ခွင့်ရလာတဲ့ Taiki တစ်ယောက်ဟာ Chinatsu-senpai ကြောင့် Motivation ရလာပြီး သူနဲ့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာပါတော့တယ်။
ဒါပေမယ့် အိပ်မက်နဲ့အချစ်ကြားမှာ ရွေးချယ်ရမယ့်အချိန်တွေ၊ ကိုယ့်ခံစားချက်ကိုယ် မပြတ်သားနိုင်တဲ့အချိန်တွေလည်း ရှိနေပါသေးတယ်။
ဒီလိုနဲ့ Taiki တစ်ယောက် သူ့ရဲ့အိပ်မက်ကို ဘယ်လိုဆက်ပြီး အကောင်အထည်ဖော်သွားမလဲ၊ Chinatsu-senpai နဲ့ရော ဘယ်လိုဆက်ပြီး နီးစပ်သွားမလဲဆိုတာကိုတော့ Blue Box Anime လေးထဲမှာ လှပတဲ့ Animation တွေနဲ့အတူ ရသပေါင်းစုံခံစားပြီး ကြည့်ရှုနိုင်ပါတယ်။
Romance, Sportsနဲ့ Slice of Life ကြိုက်တဲ့သူတွေအတွက်တော့ တကယ်ကို Recommend ပေးချင်တဲ့ Anime လေးတစ်ကားပါ။